ကိုမြအေး( ၁၀ မတ် ၁၉၆၆ ဖွား) [၁]သည် မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူဖြစ်ပြီး ၈၈၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သည်။

ကိုမြအေး
မွေးဖွား (1966-03-10) ၁၀ မတ်၊ ၁၉၆၆ (အသက် ၅၇)
ရန်ကုန်မြို့
ပညာရေးရန်ကုန်တက္ကသိုလ်
အဖွဲ့အစည်း၈၈ မျိုးဆက် ကျောင်းသားများ ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း
နိုင်ငံရေး လှုပ်ရှားမှုရှစ်လေးလုံး အရေးအခင်း

သမိုင်းကြောင်း ပြင်ဆင်ရန်

ကိုမြအေးသည် မင်းကိုနိုင် ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ၁၉၈၉ ခုနှစ်တွင် ပထမဆုံး ဖမ်းဆီးခံခဲ့ရပြီး ၁၉၈၈ ခုနှစ် အရေးအခင်းတွင် ကျောင်းသားခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့မှုကြောင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသည်။ ၁၉၉၆ တွင် လွတ်မြောက်လာပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် ဆက်လက်လှုပ်ရှားခဲ့သည်။ ရွှေဝါရောင် ၂၀၀၇ ခုနှစ်တွင် ကျောင်းသားခေါင်းဆောင်များနှင့်အတူ ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ် ၆၅ နှစ်နှင့် ၆ လ ချမှတ်ခံခဲ့ရသည်။[၂] ၎င်း၏သမီးမှာ မြန်မာ့ဒီမိုကရေစီရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ကြိုးပမ်းခဲ့သူ ဝေနှင်းပွင့်သုန် [၃] ဖြစ်သည်။၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မင်းကိုနိုင်၊ နီလာသိန်းနှင့် ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် တစိတ်တပိုင်းအဖြစ် ကိုမြအေးကို ပြန်လွတ်လာသည်။

ထောင်မှပြန်လွတ်လာပြီးနောက် ဖြတ်သန်းမှုများ ပြင်ဆင်ရန်

၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ တိုင်းရင်းသားရေးရာကဏ္ဍ တွင် အင်တိုက်အားတိုက် ပါဝင်ခဲ့သည်။ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ခရီးလှည့်လည် တွေ့ဆုံမှုများတွင်လည်း ပါဝင်ခဲ့ပြီး အဖွဲ့၏ ငြိမ်းချမ်းရေးတာဝန်ခံတဦးအဖြစ် တစ်တပ်တစ်အားလှုပ်ရှားပေးခဲ့သည်။[၄]

၂၀၂၁ နောက်ပိုင်းဖြစ်ရပ်များ ပြင်ဆင်ရန်

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်း သည့် ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းမှာပင် ကိုမြအေး သည် ဖမ်းခံခဲ့ရသည်။[၅] ယင်းနောက် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်၂၀၁၄ ခုနှစ်က တရုတ်နိုင်ငံသားဖြစ်သူ မင်းသိမ်း ဆိုသူနှင့် အီးမေးလ် (E-mail) က တဆင့် ဆက်သွယ် ပြောဆိုခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ် ဒုရဲမှူး ဇော်မင်းသူက တရားလိုလုပ်၍ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅- ဂ အမှုဖြင့် တရားစွဲသည်။ ကိုမြအေးက စွပ်စွဲချက်များအား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အချက်အလက်များအား သက်သေထားကာ ၎င်းတွင် အပြစ်မရှိကြောင်း ထုချေခဲ့သော်လည်း[၆] ၂၀၂၁ မတ်လ ၁၀ရက်တွင် အင်းစိန်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်သည်။[၇] ၂၀၂၂ နိုဝင်ဘာ ၁၇ရက်တွင် ကိုမြအေးသည် အခြားသော နိုင်ငံရေးတက်ကြွသူအချို့နှင့်အတူ ထောင်မှ လွတ်ငြိမ်းဖြင့်ပြန်လွတ်လာကာ[၈] မြန်မာ ပြည်သူများနှင့် အမြဲအတူတူရှိကြောင်း ပြောခဲ့သည်။[၉]

မိသားစုဘဝ ပြင်ဆင်ရန်

ကိုမြအေးသည် အိမ်ထောင်သည် တစ်ဦးဖြစ်ကာ ဝေနှင်းပွင့်သုန် နှင့် ဝတ်ရည်ရနံ့ ဆိုသည့် သမီးနှစ်ဦးရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. ဦးမြအေး၏ ပြင်ပကမ္ဘာကို ကြောင် ၃၇ ကောင်ပါ မျှော်နေသည်Myanmar Now (၁၅ မတ်၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. မင်းကိုနိုင်နှင့် ကျောင်းသား ခေါင်းဆောင်များကို နိုင်ငံ အစွန်အဖျား ထောင်များသို့ ပြောင်းရွှေ့VOA (၁၆ နိုဝင်ဘာ၂၀၀၈)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဝေနှင်းပွင့်သုန်ရဲ့ ကြိုးပမ်းချက်VOA (၁ အောက်တိုဘာ၂၀၁၀)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ၈၈ မျိုးဆက် ရဲ့ ငြိမ်းချမ်းရေး မူဝါဒBBC (၁၁ စက်တင်ဘာ၂၀၁၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ‘နိုင်ငံရေးဓားစာခံ’ အဖြစ် စစ်ခေါင်းဆောင်က အာဃာတဖြင့် ဖမ်းဆီးခဲ့သူများMyanmar Now (၁၈ သြဂုတ်၂၀၂၁)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. NCA သက်သေထားပြီး ကိုမြအေး ကိုယ်တိုင် ထုချေထွက်ဆိုဧရာဝတီ (၁၆ ဖေဖော်ဝါရီ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ကိုမြအေးကို ထောင် ၂ နှစ် ချဧရာဝတီ (၁၀ မတ်၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ကိုမြအေး၊ ဒေါက်တာမျိုးညွန့်၊ ရွှေညဝါဆရာတော်၊ စာရေးဆရာမောင်သာချိုတို့ ပြန်လွတ်RFA (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. ထောင်ကလွတ်လာတဲ့ ဦးမြအေး ဘာပြောလဲMyanmar Now News (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၁ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။