မြိတ်ရိုးရာမင်္ဂလာပွဲ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသတွင် ရိုးရာမင်္ဂလာပွဲ ဆင်ယင်ကျင်းပရာ၌ လက်ထပ်ထိမ်းမြားသည်ဆိုခြင်းထက် အိမ်တက်သည်ဟု ခေါ်ဝေါ်သည်။ မင်္ဂလာဆောင်သည်ဟုသော အသုံးအနှုံးမှာ ဒုတိယလိုက်သော မွေးစားစကားလုံးနှင့် တူသည်။ မင်္ဂလာပွဲကို အိမ်တက်ပွဲဟု ခေါ်ဝေါ်သည်။ အိမ်တက်ပွဲ ကျင်းပပုံသည် မြန်မာပြည်အရပ်ရပ်တွင် ကျင်းပသော ထုံးစံနှင့် မတူကွဲပြားမှု ရှိပြီး ရိုးရာဓလေ့ ခိုင်မာခဲ့သည်။ အိမ်တက်ပွဲတွင် မျက်နှာကြက်၊ ကွမ်းမအုပ်ပွဲနှင့် လူပျိုဆောင်၊ အပျိုဆောင်တို့ ပါရှိရသည်။
တောင်းရမ်းခြင်း
ပြင်ဆင်ရန်လက်ထပ်မင်္ဂလာ အခမ်းအနား မဆောင်ရွက်မီ ရှေးဦးစွာ ငွေအပ်ခြင်း မင်္ဂလာ ပြုသည်။ ယောက်ျားလေးဘက်က မိန်းကလေးရှင်ဘက်သို့ မည်၍မည်မျှသော ငွေဖြင့် လာရောက်တောင်းရမ်းပါမည်ဟု အတိအလင်း သွားရောက်စေ့စပ်ခြင်းကို ငွေအပ်သည်ဟု ခေါ်သည်။ နှစ်ဦးနှစ်ဘက် သဘောတူညီသည် ရှိလျှင် မြို့မျက်နှာဖုံး လူကြီးလူကောင်း ရပ်မိရပ်ဖများကို ဖိတ်ခေါ်၍ သူတို့သမီးအိမ်၌ ငွေအပ်ကြကာ ထိုနေ့၌ပင် မင်္ဂလာဆောင်မည့် ရက်ကို ရွေးချယ်သတ်မှတ်ကြသည်။
မင်္ဂလာမဆောင်မီ
ပြင်ဆင်ရန်ကွမ်းမအုပ်ထည့်ခြင်း
ပြင်ဆင်ရန်ရက်သတ်မှတ်ပြီးသော် အိမ်မတက်မီ သုံးလေးရက် ကြိုတင်၍ ရက်မြတ်မင်္ဂလာ ရွေးချယ်ကာ ဘိသိက်မင်္ဂလာ သွန်းမည့်အခန်း၌ ခမ်းနားကြီးကျယ်စွာ မျက်နှာကြက် ပြင်ဆင်သည်။ ကွမ်းမအုပ်ပွဲကို အမိအဖအုပ်၊ ဆရာအုပ်၊ ဆွေမျိုးအုပ် ဟူ၍ ၃ ပွဲ ပြင်ဆင်သည်။ မင်္ဂလာမဆောင်မီ တရက်အလို၌ သူတို့သား မိဘတို့က အသင့်ပြင်ဆင်ပြီး ဖြစ်သော သူတို့သမီး အိမ်သို့ သွားရောက် ကြည့်ရှုသည်။ ဘိသိက်ဆရာက ဂါထာမန္တန်များ ရွတ်၍ ကွမ်းထည့်၊ ဆရာမက ဆွေမျိုးများ ရှေ့၌ ကွမ်းမအုပ်ထဲ ကွမ်းရွက်၊ ကွမ်းသီး၊ ဆေး၊ မြေစာမြက်၊ အောင်သပြေများကို ထည့်၍ ပြင်ဆင်ထားသည်။ ကွမ်းမအုပ်၏ လက်ယာဘက် စားပွဲတလုံးပေါ်၌ ရေချမ်းအိုး ၁ လုံး၊ ကွမ်းအစ် ၁ လုံး၊ ရေဖလား တခွက်၌ ရေ တပိဿာထည့်ကာ ဖလားနှုတ်ခမ်း၌ ပျားဖယောင်းတိုင် ထွန်းညှိရသည့် နဝရတ်အိုင်တခု ထားသည်။ လက်ဝဲဘက်၌ ငှက်ပျောသီး ၄ ဖီး၊ အုန်းသီး ၄ လုံး တတွဲပါ အုန်းခိုင် ၁ ခိုင်၊ ငှက်ပျော ၁ ခိုင်၊ ထန်းသီး ၁ ခိုင်၊ မျောက်ခေါင်းပင်ပေါက်၊ အုန်းပင်ပေါက် အစို့ကြီးကြီးကို ထားသည်။ သစ်သီးတပွဲကို စုံဂဏန်း တွက်၍ ထည့်သည်။ ၎င်း ကွမ်းမအုပ်ပွဲသည် အိမ်တက်ပြီးပါက မိဘအုပ်ကို မိန်းကလေး မိဘကိုလည်းကောင်း၊ ဆရာအုပ်ကို ဘိသိက်ဆရာနှင့် ကွမ်းမအုပ်ပွဲ ပြင်ပေးသော ဆရာမကိုလည်းကောင်း၊ ဆွေမျိုးအုပ်ကို သူတို့သမီးမိဘက ဆွေမျိုးကိုလည်းကောင်း ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ကွမ်းမအုပ်စောင့်ခြင်း
ပြင်ဆင်ရန်မင်္ဂလာမဆောင်မီ ညချမ်းခါ၌ သူတို့သမီးအိမ်ရှိ ကွမ်းမအုပ်ကို သူတို့သားနှင့် မိတ်ဆွေသူငယ်ချင်းများက ည ခုနစ်နာရီမှ ကိုးနာရီထိ သွားရောက် စောင့်ပေးသည်။
လူပျိုဆောင်နှင့် အပျိုဆောင်
ပြင်ဆင်ရန်အပျို၊ လူပျိုဆောင် လုပ်မည့်သူများသည် မိဘစုံညီ သဘောတူသည့်အပြင် မင်္ဂလာဆောင်နှင်းပြီးနောက် သားဦးကို အထိအခိုက်မရှိ မွေးဖွားထားသူများသာ အရွေးချယ်ခံခွင့် ရှိသည်။
အိမ်တက်ခြင်း
ပြင်ဆင်ရန်အိမ်တက်မင်္ဂလာ ဆင်နွဲရာ၌ သူတို့သားသည် ဘိသိက်မင်္ဂလာအခမ်းအနားသို့ တန်းမသွားရဘဲ၊ သူတို့သမီးအိမ်၏ တဖက်ခန်းတွင် သူတို့သားနှင့် လူပျိုဆောင်နေရန် အသင့်ပြင်ထားသော သီးသန့်အခန်းသို့ အလျင် သွားရပြီး၊ သူတို့သမီးကလည်း အပျိုဆောင်များနှင့်အတူ သူတို့သမီး အခန်းတွင် သီးသန့် နေနေသည်။ ဘိသိက်ဆရာက သူတို့သား၊ သူတို့သမီး ထွက်လာရန် သုံးကြိမ်တိတိ ခေါ်ငင်မှ လူပျိုဆောင်၊ အပျိုဆောင်များက သူတို့သား၊ သူတို့သမီးများကို လမ်းပြ၍ ဘိသိက်ခန်းမသို့ ထွက်လာကြပြီး၊ ဘိသိက်ဆရာ ရှေ့ဝယ် သူတို့သားက လက်ယာဘက်၊ သူတို့သမီးက လက်ဝဲဘက်၌ အသီးသီး နေရာယူကြသည်။ ၎င်းနောက် ဘိသိက်ဆရာက ကွမ်းမအုပ်ပွဲပေါ်၌ ဖယောင်းတိုင်ကို ထွန်းညှိ၍ ဘိသိက်မင်္ဂလာ ဩဘာစာ ရှည်လျားစွာ ဖတ်ကြားပြီး အိမ်တက်မင်္ဂလာပွဲကို ပြီးမြောက်အောင်မြင်စေသည်။
မင်္ဂလာဆောင်ပြီးနောက်
ပြင်ဆင်ရန်အိမ်တက်ပွဲ ပြီးသည့်ည၌ သူတို့သားနှင့် သူတို့သမီးတို့သည် ခဲကြေး ပေးသည်။ ထိုကိစ္စ ပြီးလျှင်ကား မြိတ်နယ်တဝိုက်၏ ရိုးရာအစဉ်အလာအရ လက်ထပ်သော ယဉ်ကျေးမှုမင်္ဂလာပွဲ ကျင်းပမှု ပြီးမြောက်ခြင်းသို့ ရောက်ရသည်။
မျက်မှောက်ခေတ်
ပြင်ဆင်ရန်ယခုအခါ၌မူ အိမ်တက်ပွဲကျင်းပရာ၌ ပွဲထိုင်မျှသာ အကျဉ်းချုံး ပြုလုပ်လာကြသည်။[၁]