(ဤဆောင်းကို ပါဝင်ပြည့်ပေးရန်နှင့် တည်းဖြတ်ပေးရန်)

ရိုးရာဝတ်စုံရဲ့ အစိတ်အပိုင်းတိုင်းကို ရိုးရာဂျပ်ခုတ်ရက်ကန်းနဲ့ ရက်လုပ်တဲ့ မြိုရိုးရာ ဝတ်စုံဟာ အသေးစိတ်ပြီး ကျစ်လစ်လှပတဲ့ ဒီဇိုင်းဖွဲ့စည်းပုံရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးများရဲ့ အိမ်တွင်းလက်မှုဖြစ်တာကြောင့် မြိုရိုးရာ ဝတ်စုံဟာ ရိုးရာအစဉ်အလာရဲ့ ပြယုဂ်ဖြစ်တဲ့အပြင် မြိုအမျိုးသမီးတို့ရဲ့ အနုပညာအမြင်၊ စိတ်ရှည်အသေးစိတ်မှုနဲ့ နူးညံ့တဲ့ စိတ်ထားတွေကိုပါ မြင်နိုင်တဲ့ ဝတ်စုံလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ရာ အချို့မှာ လူဦးရေ အနည်းစုသာကျန်ရှိ၍ တိမ်မြုပ်လုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုသို့ လူဦးရေ နည်းပါးသော်လည်း ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာထုံးတမ်းနှင့် ကိုယ်ပိုင်စာပေရှိသော လူမျိုးတစ်မျိုးမှာ ‘မြို’ လူမျိုးပင် ဖြစ်သည်။ လူမျိုးကွဲများစွာရှိသည့်အတွက် ဝတ်စားနေထိုင်ပုံလည်း အတန်ငယ်ကွဲပြားကြရာမှ ရှေးမြိုအမျိုးသားတို့သည် အပြာရောင်အဝတ်ရှည်ကိုခါးတောင်းကျိုက်၍ ဝတ်ဆင်ကြ၍ အမျိုးသမီးများမှာ အကျၤီဝတ်ကြရိုးထုံးစံမရှိဘဲ၊ နက်ပြာရောင် အဝတ်စကို ဒူးဆစ်အထိ ရစ်ပတ်ဝတ်ဆင်ကြသည်။ အဆင်တန်ဆာအဖြစ် ပုတီးစေ့ကြိုးများနှင့် ကြေးနီခွေများကို ဝတ်ဆင်လေ့ရှိကြသည်။ ငွေထည်များကိုလည်းအဆင်တန်ဆာအဖြစ် ဝတ်ဆင်လေ့ရှိကြသည်။ မြိုအမျိုးသမီးတို့သည် အိမ်တွင်းမှုလုပ်ငန်းအဖြစ် ဂျပ်ခုတ်ရက်ကန်းရက်ခြင်းကို လုပ်ကိုင်ကြပြီး ၎င်းတို့အစုအဖွဲ့အတွင်းမှာပင် ရက်လုပ်ရောင်းချလေ့ရှိကြသည်။ မြိုရိုးရာ ရက်ကန်းထည်တစ်ထည် ရရှိရန်အတွက် အနည်းဆုံး (၁၀) ရက်မှ နှစ်ပတ်ထိ ကြာမြင့်တတ်သည်။ ရှားပါး၍ ရက်လုပ်သူ အလွန်ရှားပါးနေပြီဖြစ်သော မြိုရိုးရာ ရက်ကန်းထည်တစ်မျိုးမှာ ရက်လုပ်ချိန် (၁)လ အထိကြာမြင့်၍ အလွန်သေးငယ်လှပသော အကွက်စိတ်များဖြင့် လှပလွန်းလှသည်။[၁]

ကိုးကားပြင်ဆင်

  1. မယ်ယုတောင်စွယ်ကြားမှ သွေးချင်းမောင်မယ်များ(သျှင်ထွေးယဉ်)