မြိုလူမျိုးဘာသာစကား

မြိုမိသားစုကလေးငယ် နှစ်ယောက်ထမင်းစားပုံ

မြိုဟူသော ‌ဝေါဟာရသည် ရခိုင်တို့ ကခေါ်သော အမည်ဖြစ်ပြီး ကုလားတို့က" မြုံ"ဟုခေါ်သည်။ မိမိကိုယ် ကိုယ် ခေါ်သောအခါ "မြူ"ဟုခေါ်သည်။ ယင်းကြောင်းပင် မြိုလူမျိုးဘာသာစကား ဟူ၍ ၊ မြူဘာသာစကားဟူ၍ သုတေသနစာတမ်းများတွင်လည်းကောင်း ၊ သမိုင်းများတွင်လည်းကောင်းတွေ့ရှိခြင်းဖြစ်သည်။ သင်းကြီးငအောင်လာ အကြောင်း နှင့် မရာယု အကြောင်းရေးသားရာတွင်လည်း မြို (သို့)မြူ ဟုရေးသားထားသည်။ ရခိုင်ပြည်တွင် မင်းညီ မင်းသား အုပ်စိုးခဲ့သည့်အကြောင်းအရာရေးသားရာတွင် မြူမင်းဟူ၍ ၊ မြိုမင်းဟူ၍ ၊မြုံမင်းဟူ၍ရေးသားခြင်းကို ထောက်လျှင် ရခိုင် အခေါ် မြို မိမိ ကိုယ် ကိုယ် မြူ ဟုခေါ်သော လူမျိုးဖြစ်သည်ကို သမိုင်းက ထောက်ခံလျှက်ရှိပါသည်။

မြိုတို့၏ဘာသာစကားပြင်ဆင်

မြိုတို့၏ ဘာသာ စကားတွင် ဝါကျတည်ဆောက်ပုံသည် ရခိုင်၊ မြန်မာ၊ ခမီ တို့နှင့် ခြားနားကြောင်းတွေ့ရသည်။ ကတ္တား၊ကံ ၊ ကြိယာ ဟူသော အစီအစဉ်အတိုင်း မဟုတ်ဘဲ ကတ္တား၊ ကြိယာ၊ ကံဟူ ၍သာ တွေ့ရသည်။

ဥပမာ-

(က) မြို

- အူ - ဒေါင်

မြန်မာ - ဝတ်သည် - အဝတ်

(ခ) မြို - အော်င် - စာ့ - ဟော်မ်ကော်မ့်

မြန်မာ - ငါ - စားသည် - ထမင်းကို

(၈) မြို - တဝ - စာ့ - စာ

မြန်မာ - ကြက် - စားသည် - စပါး

(ဃ) မြို - အိုင် - ဟော်မ်ကော်မ်

မြန်မာ - ချက်သည် - ထမင်းကို

ထိုကဲ့သို့သော သဒ္ဒါ အသုံးအနှုန်းသည် တိဗက်- တရုတ် မျိုးရင်း တိဗက်-မြန်မာမျိုးနွယ်၊ တိဗက် ဟိမဝန္တာ ဘာသာစကားအုပ်စုမှ လက္ခဏာတစ်ရပ်ဖြစ်ကြောင်းကို ရန်ကုန် တကက္ကသိုလ်၊ ကျောင်းအုပ်ကြီးဟောင်း ဦးဖေမောင်တင်ရးသားသည့် တ``ဘာသာလောကကျမ်း``တွင် ရေးသားဖော်ပြထားပါသည်။ ပါမောက္ခလုစ်က`` မြိုလူမျိုးများသည် ရှေးဦးတိဗက် မြန်မာလူမျိုးများဖြစ်ဟန်ရှိပြီး အစောပိုင်း တိဗက်-မြန်မာ ဘာသာစကား ကို ပြောဆိုဟန်ရှိပါသည်``ဟုဆိုပါသည်။ ပညာရှင်ရောဘတ်ဖာကမှု ``မြိုတို့၏ ဘာသာစကားသည် ပျောက်ဆုံးနေသော တိဗက်-မြန်မာဘာသာစကားများလား``ဟုဆိုခဲ့သည်။ သို့ဖြစ်၍ မြို တို့၏ ဘာသာစကားသည် တိဗက်-မြန်မာ အုပ်စုဝင်ဘာသာစကားကို ပြောဆိုကြကြောင်းလေ့လာတွေ့ရှိရပါသည်။ ``မြို``ဘာသာ စကား၌ အချိုးသော စကားလုံးများကို အဆုံးဗျည်းသံ ပီသအောင်ရွက်ရလေ့ ရှိသည်။

မြို - မြန်မာ

ဒု-မ် - ဆင်းပါ

ဟာ့ပ် - ဖက်ရွက်

ဟော်မ် - ထမင်း

ကိ-မ်း - အိမ်

တာပြာသ် - တော

အေ့-ပ် - တောင်း

ပါ-ရ် - တောင်းအဝကျယ်

အဆုံးဗျည်းသံများ ပီပီသသ မှန်ကန်အောင် မရွက်နိုင်သော အဓိပ္ပါယ်ကွဲလွဲသွားသည့် စကားလုံးများရှိသည်ကို တွေ့ရသည်။ ဥပမာ-

မြို - မြန်မာ

(က)ဒေါင်မ် - လှေကား

ဒေါင် - လုံချည်

ဒေါင်း - ညွတ်ကွင်း

(ခ) ကိ-မ်းလာက် - အိမ်ထဲခန်း

ကိ-န်းလာ - သိပ်ချစ်သည်

အချို့သရသံများသည် မြန်မာတွင် မရှိချေ။ ဥပမာ- အော်(င်)-ငါ ။ အချို့သော ``မြို``စကားများသည် ရခိုင်မြန်မာ ၊ ဘာသာစကားတို့နှင့် ရင်းမြစ်တူသယောင်တွေ့ရသည်။

မြို - ရခိုင်၊ မြန်မာ

ဆာမ် - ဆံ (ပင်)

နကောင် - နှာခေါင်း

အူဆာ - ဆား

ပေ - ပီး (ပေး)

တခွီး - ခွီး (ခွေး)

မြိုတို့၏ ဘာသာ စကားသည် ဝတ်စားဆင်ယင်မှု ဆင်တူ(အများအားဖြင့်) သော ခမီး တို့၏ ဘာသာ စကားနှင့် တစ်လုံး နှစ်လုံးများ ဆင်တူ သည်ကို တွေ့ရသည်။

မြန်မာ - မြို - ခမီး

မီး - မိုင် - မိုင်

ရေ - တွီ - တွီ

အခြေခံစကားများ ခြားနားသည် ကို တွေ့ရသည်။

မြန်မာ - မြို - ခမီး

ငါ - အော်င် - ကာန့်

ဦးခေါင်း - လို - အာလုကော့

ဆံပင် - ဆာမ် - အဆောင်း

သွား - ယို့န် - အဖာ

ခါး - ကေး - ကိန်း

လ - ပလား(လမာ) - ခါမော်င်

ဆား - အူဆာ - မကွမ်း

စကားအသုံးနှုန်းတွင်လည်း မတူကြသည်များ ရှိသည်။

မြန်မာ - မြို - ခမီး

အမည်ဘာလဲ။ ယောင့်မိနာ(မိန့်နာ) ။ အယ်အပကော်ဒုံး။

ဘယ်သွားလဲ ။ ယောင့်ကေ့နာ။ နဖာလိုးဒုံ။

ဘာလုပ်နေလဲ။ ယောင့်လိုနာ ။ တီ်ွချာဒေ့မ်မေိတ်။

ရေကိုအမြန်ယူခဲ့ပါ။ ဥပေါလေတွီ ။ တွီမဟေ့န်။

ပန်းမခူးရ။ ခန့်ခတေလေ့(ပါမ့်)။ အပက်ကယွေတ်န။

ဒေသန္တရစကားပြင်ဆင်

ဒေသန္တရစကားရပ် အနေနှင့် ``မြို``တိုင်းရင်းသားတို့တွင် အချင်းချင်း တစ်မျိုးနှင့် တစ်မျိုး ဘာသာစကား အနည်းငယ် ကွဲပြားသည်များရှိကြသည်။ မျိုးနွယ်ကွဲများပြားသည့်အလျောက် နေရာဒေသကို လိုက်၍ စကားပြောဆိုရာတွင် နောက်ဆာ၊ ဒိုင်မ်မြောင်၊ တင်မ်ဆာ ၊ နောက်ကော၊ ရိုင်းမာ ၊ နှင့် ဆိန်မာ ဟူ၍ (၆) အုပ်စုရှိသည်။`` နောက်ဆာ ``အုပ်စုသည် ရခိုင်ပြည် မောင်တောမေယုတောင်တန်းဒေသနှင့် စစ်တကောင်းတောင်တန်းဒေသ၊ အရှေ့ပါကစ္စတန် ၊ ဘင်ဒရိုဘင်(Bandarban) ၊ဗိုလ်မင်းထောင် (Bohmong Circle)၊အရပ်ဒေသတွင်နေထိုင်သူများဖြစ်သည်။ ``နောက်ကော``အုပ်စုသည် ကျောက်တော်မြို့နယ် ယိုးချောင်း အထက်ပိုင်းဒေသနှင့် ချင်းပြည်နယ် ချင်းလက်ဝ ဒေသတွင် (အနည်းငယ်) တို့တွင် နေထိုင်သူများဖြစ်သည်။ ``ရိုင်းမာ``နှင့် ``ဆိန်မာ ``အုပ်စုသည် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်း (စိုင်းဒင်ရေတံခွန်) အထက်ပိုင်းတစ်ဝိုက် နှင့် ထောဖျားချောင်း တစ်ဝိုက်တွင် လူဦးရေအများဆုံး နေထိုင်ကြသည်။ ``ဒိုင်မ်မြောင်``အုပ်စုသည် ရီးချောင်းဖျား အရပ်ဒေသတွင် နေထိုင်ကြပြီး လူဦးရေအနည်းဆုံးဖြစ်သည်။``တင်မ်ဆာ``အုပ်စုသည် ပုဏ္ဏားကျွန်းမြို့နယ် စမ်းပတီချောင်း ဒေသတစ်ဝိုက် နေထိုင်သူများကိုခေါ်ဆိုသည်။ ယင်းတို့၏ဘာသာ စကားအနည်းငယ်ကွဲပြားမှုမှာ-

မြန်မာ - အနောက်ဆာ - ရိုင်းမာ၊ ဆိန်မာ

ငရုပ်သီး - အွီတိ - လိန်းကို

ပရွက်ဆိတ် - တလောင်(မ်) - လောင်(မ်)စရိစာ

ကြွက် - တအု - အတို

- -

ဒိုင်မ်မြောင် - နောက်ကော - တင်မ်ဆာ

အွီတိ - လိန်ကို့ - လိန်းကို့

တလောငမ် - လောင်မ် - လောင်(မ်)စရိစာ

တအူ - အတု - ဝတို

အချိုးသော ဝေါဟာရတွင် အနောက်ဆာနှင့် ဒိုင်မ် မြောင် တို့က ရှေ့စကား``တ``ပါလျှင် ``ရိုင်းမာ၊ နောက်ကော၊ဆိန်မာ နှင့် တင်မ်ဆာတို့က ဖြုတ်လေ့ရှိပါသည်။ (ပြည့်စွပ်ထားသည်)

မြန်မာ -အနောက်ဆာ၊ဒိုင်မြောင် -ရိုင်းမာ၊ တင်မ်ဆာ၊နောက်ကော၊ ဆိန်မာ

ခွေး -တကွီး -ကွီး

ဝက် -တပါ့ -ပါ့

ကြက် -တဝါ့ -ဝါ့

ယင် - တဝိန် -ဝိန်

ခြင် - တဆင် - စာင်

စကားအသုံးနှုန်းတို့၌ တစ်မျိုးနှင့် တစ်မျိုး အပြောအတူသည်ကို တွေရပါသည်။

ကိုးကားပြင်ဆင်

[၁][၂][၃][၄]

  1. မယ်ယုတောင်စွယ်ကြားမှ သွေးချင်းမောင်မယ်များ(သျှင်ထွေးယဉ်)
  2. History of Burma ,1883,pg,43,45
  3. LINGUISTIC SURVERY OF INDIA.VOL.III. TIBETO-BURMAN FAMILY PART.III.P.387.
  4. LUCE.G.H.Phase of Old Burma Ancient Arakan p.-10.