မြို့ချောင်းမြို့ဟောင်း

မြို့ချောင်း ဟူသည့်အမည်ဖြင့် ဟံသာဝတီ (၃၂)မြို့စာရင်း၌ မတွေ့ရပေ။ အဘယ်ကြောင့် ဆိုသော် စာရေးသူ ခေတ္တကင်ပွန်းတပ်ထားသည့် အမည်မျှသာဖြစ်သည်။ မြို့ဟောင်းများတည်နေရာ ပြမြေပုံကို ကြည့်လျှင်းမင်းရဲလှမြို့ဟောင်း၏ အနောက်မြောက်ဘက် ကျောက်စရစ်မြို့ကို တွေ့ရသည်။

မြို့ချောင်းကို ဘိုင်းဒါး မြို့ဟောင်း သို့မဟုတ် တုံးကန်း မြို့ဟောင်းတစ်ခုခုများဖြစ်နိုင်ဖွယ်ရှိ သလောဟုလည်း စောကြောမိပါသည်။ မြို့ချောင်းအရာဟောင်းသည် ရဲနွဲ့ချောင်းကမ်းကို မေးတင် လျက် တည်ရှိသည်။ ဘိုင်းဒါး မြို့ဟောင်းဖြစ်နိုင်ဖွယ်မရှိပါ။ ဘိုင်းဒါးချောင်းသည် ရဲနွဲ့ချောင်း၏ တောင်ဘက်၌သာရှိသည်။ ဘိုင်းဒါးဝန်းကျင်၌ မြို့ဟောင်းရာမတွေ့ခဲ့ရပေ။

တစ်ဖန် တုံးကန်းမြို့ဟောင်းဖြစ်နိုင်သလောဟု စောကြောကြည့်ပြန်လျှင်လည်း တုံးကန်းသည် ပဲနွယ်ကုန်းမြို့၏ အနောက်ဘက်စူးစူးတွင်ရှိနေပြီး၊ ကျောက်စရစ်မြို့ဟောင်းထက်များစွာ မြောက်ဘက်သို့ကျရောက်နေပြန်သည်။ တုံးကန်းလည်းဖြစ်နိုင်ဖွယ်မရှိပါ။ သို့ဖြစ်၍ ဤမြို့ဟောင်း နှင့်ကပ်လျက်ရှိသည့် မြို့ချောင်းရွာကိုပင် အမှီပြု၍ မြို့ချောင်းမြို့ဟောင်းဟုပင် သမုတ်ထားခြင်းဖြစ်သည်။

တည်နေရာ ပြင်ဆင်ရန်

မြို့ချောင်းသည် ရဲနွဲ့ချောင်း၏ အနောက်ဘက်ကမ်းမြို့တွင်းရွာ အနီး၌ တည်ရှိသည့် မြို့ဟောင်းတစ်ခုဖြစ်သည်။ မြောက်ဘက်လတ္တီတွဒ် ၁၈ဒီဂရီ ၁.၅မိနစ်နှင့် လောင်ဂျီတွဒ် ၉၆ဒီဂရီ ၂၉.၅မိနစ်ခန့်တွင် တည်ရှိ၏။ ရန်ကုန်-မန္တလေးမီးရထားလမ်းရှိ ပိန်းဇလုပ်မှ အနောက်ဘက်သို့ ဂုံမင်းတား၊ တံခွန်တိုင်၊ ကင်းရွာ၊ သဲဝရွာနှင့် သင်္ဘောတိုက်ကျေးရွာတို့မှ တစ်ဆင့် မြို့ချောင်းရှိရာ ရဲနွဲ့ချောင်း၏ အနောက်ဘက်ကမ်းသို့ ကူး၍သွားရောက်နိုင်သည်။

ပုံသဏ္ဌာန် ပြင်ဆင်ရန်

မြို့ချောင်းသည် စတုဂံပုံသဏ္ဌာန်ရှိသည့် မြို့ဟောင်းတစ်ခုဖြစ်သည်။ သို့တစေ မြို့ထောင့် များမှာ ထောင့်ချွန်းများမဟုတ်၊ ထောင့်ဝိုင်းများဖြစ်သည်။ သို့ဖြစ်၍ ပို၍စိတ်ဝင်စားမိသည်။ ထောင့် လေးဘက်စလုံးမှာ ထောင့်ချွန်းများမဟုတ်ပေ။ ကွေးဝိုင်းသည့်ထောင့်များ ဖြစ်သည်။ မြို့တံတိုင်းများ မှာ ပီပြင်ထင်ရှားစွာရှိသေးသည်။ ရဲနွဲ့ချောင်းကိုကပ်မြှောင်လျက်ရှိသည့် အရှေ့ဘက်မြို့ရိုးနှင့် မြောက်ဘက်မြို့ရိုးများသည်ပင် ကုန်းမို့မို့ရှိနေသေးသည်။ အနောက်ဘက်မြို့ရိုးမှာ ရွာနှင့်လည်း ကပ်လျက်ရှိသဖြင့် ပို၍ပျက်စီးမှုရှိသည်။

ပွန်းတီးမှု ပြင်ဆင်ရန်

မြို့ရိုးများအတော်အတန် ပွန်းတီးမှုရှီနေခဲ့စေကာမူ ပီပြင်ထင်ရှားသေးသည်။ အထူးသဖြင့် ယခုလက်ရှိမြို့ချောင်း ကျေးရွာတည်ရှိသည့် အနောက်ဘက်မြို့ရိုးပိုင်းမှာမူ ပွန်းတီးပျက်စီးမှု အများ ဆုံးဖြစ်သည်။ အနောက်နှင့်တောင်မြို့ရိုးဘက် တို့တွင်မူ ကျုံးဟောင်းရာများ၊ တွေ့မြင်နိုင်သော်လည်း အရှေ့ဘက်နှင့်မြောက်ဘက်မြို့ရိုးတွင်မူ ကျုံးရာဟောင်းမျိုးကိုမတွေ့ရ။ ရဲနွဲ့ချောင်းကို မျက်နှာမူလျက် ရှိသဖြင့်လည်း ကျုံးလိုအပ်ဖွယ်မမြင်ပါ။ မြို့ချောင်းမြို့ဟောင်းသည်ပင်လ ျှင် ရဲနွဲ့ချောင်း၏ အနောက် ဘက်ကမ်း၌ မှီနေသည့် မြို့ရာဟောင်းတစ်ခုဖြစ်နေသဖြင့် ရဲနွဲ့မြို့ဟောင်းဟုခေါ်လျှင်ပင် သင့်တင့် မည်ဟု ထင်ရပေသည်။ သို့ရာတွင်ဤစာတမ်း၌မူ မြို့ချောင်းမြို့ဟောင်းဟုပင် ခေါ်ထားသေးသည်။

မြို့ဟောင်းအတွင်းဖက်၌ လယ်ယာမြေများများစားစားမတွေ့ရ။ ချုံနွယ်ပိတ်ပေါင်းများပေါ သည်။ မြို့ဟောင်းခွင်အတွင်း၌ မည်သူမျှနေထိုင်ပုံမရပါ။ အိမ်ခြေရာခြေလည်းမရှိပေ။ မြို့ချောင်း မြို့ဟောင်းသည် အကြမ်းဖျင်းအားဖြင့် မျက်နှာချင်းဆိုင်အနား ၂ ဖက်ညီကြသည်။ အရှေ့ဘက်နှင့် အနောက်ဘက်မြို့ရိုးတို့မှာ မီတာ ၅၅၀ခန့်မျှ စီရှိပြီး၊ တောင်ဘက်နှင့် မြောက်ဘက်မြို့ရိုးတို့မှာ အနည်းငယ်ရှည်ကြသည်။ မီတာ ၆၅၀န့်စီရှိကြလေသည်။ မြို့အရာဟောင်း၏ နယ်ကုန်ကို ခန့်မှန်း တိုင်းတာထားခြင်းဖြစ်၏။ မြို့ရိုးခွင်၏ အတွင်းဖက်၌ စတုဂံပုံသဏ္ဌာန်အကွက်တစ်ကွက်ဓာတ်ပုံထဲ၌ တွေ့ရှိသေးရာ နန်းရာဟောင်း သို့မဟုတ် တည်ဖွဲ့မှု ရာဟောင်းတစ်ခုခု ဖြစ်နိုင်ပေသည်။ မြို့ဟောင်း ၏ ပုံမှာ လေးထောင့်ကျကျရှိသည့် စတုရန်းပုံမျိုးမဟုတ် မသိမသာအနည်းငယ်မျှယိုင်သည်။ မြောက် ဘက်မြို့ရိုးမှာ အထူးသဖြင့်ရှေ့နောက်တည့်တည့် မဟုတ် မြောက်ဘက်မြို့ရိုး၏ အရှေ့ဘက်ပိုင်း သည် (၁၂)ဒီဂရီခန့် အနည်းငယ်မျှတောင်ဘက်သို့ စောင်းနေလေသည်။ အရာဟောင်း၏ နယ်ကုန် ခန့်မှန်းဧရိယာမှာ (၈၈)ဧကခန့် (၃၅ဟက်တာ)ရှိမည်ဟု တိုင်းတာခန့်မှန်းပါသည်။

မြိုရိုးထောင့်ပုံသဏ္ဌာန်အရ မြို့ချောင်းမြို့ဟောင်းသည် ဘုရားကြီး၊ မင်းရဲလှ၊ ကောလိယ စသည့် မြို့ဟောင်းများထက် တည်ဆောက်မှုစောသည့် မြို့ဟောင်းတစ်ခုဖြစ်ဟန် လက္ခဏာရှိပေသည်။

ကိုးကား ပြင်ဆင်ရန်