မြေပဲကြော်သည် မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ စားသုံးသော အစားအစာတစ်မျိုးဖြစ်သည်။ လက်ဖက်ဖြင့် တွဲဖက်၍ စားသုံးလေ့ ရှိသလို အသုပ်မျိုးအမျိုးဖြင့်ဖြစ်စေ၊ သူ့ချည်းဖြစ်ေစ စားသုံးလေ့ရှိသည်။ မြေပဲကြော်ခြင်းသည် ရိုးရှင်းသော နည်းလမ်းတစ်ခုဖြစ်သော်လည်း စိတ်ရှည်ရှည်ဖြင့် သတိထား လုပ်ကိုင်ရသည်။ အဓိက သတိထားရမည်မှာ မြေပဲကြော်သည့်အခါ ကျက်အောင်ထိ မကြော်ရဘဲ ကျက်ခါနီးနေသည့် အချိန်တွင် မီးဖိုပေါ်မှချပြီး သူ့တွင်ရှိသော အပူချိန်ဖြင့် ဆက်လက်၍ ကျစေရခြင်းဖြစ်သည်။ ထို့ကြောင့် မည်သည့်အချိန်တွင် မီးဖိုပေါ်မှချရမည်ဆိုသည်ကို သိရှိရန်အတွက် အတွေ့အကြုံကောင်းလိုအပ်သည်။

မြန်မာအစားအစာ မြေပဲကြော်