မြွေညံ့
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Reptilia
မျိုးစဉ်: Squamata
မျိုးစဉ်သေး: Serpentes
မျိုးရင်း: Elapidae
မျိုးစု: Bungarus
မျိုးစိတ်:
B. niger
ဒွိနာမ
Bungarus niger
Wall, 1908

မြွေညံ့သည် ငန်းမြွေမျိုးဖြစ်ပြီး အဆိပ်ရှိသော မြွေမျိုးစိတ်တစ်မျိုးဖြစ်သည်။ မြွေညံ့များအား တောင်အာရှဒေသများတွင် အများအပြားတွေ့ရှိရသည်။

ပုံပန်းသွင်ပြင် ပြင်ဆင်ရန်

မြွေညံ့သည် ခန္ဓာကိုယ် အတန်အသင့် ရှည်လျားပြီး တြိဂံပုံသဏ္ဍာန်ရှိသည့် သေးသွယ်သော ကိုယ်လုံးနှင့် တိုတောင်း၍ ချွန်သော အမြီးရှိသည့် မြွေဖြစ်သည်။ မြွေညံ့သည် ခန္ဓာကိုယ်အရှည် (အမြီးအပါအဝင်) ၁.၃ မီတာ (၄.၃ ပေ) ခန့်အထိ ကြီးထွားနိုင်သည်။ သို့ရာတွင် အရွယ်ရောက်ပြီး အကောင်အများစုသည် ပျမ်းမျှအားဖြင့် ၀.၈ မီတာ (၂.၆ ပေ) ဝန်းကျင်သာ တွေ့ရလေ့ရှိသည်။

တွေ့ရှိရသော ကျက်စားရာ ဒေသများနှင့် ဒေသရင်းနယ်မြေများ ပြင်ဆင်ရန်

မြွေညံ့များအား အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်နှင့် မြောက်ပိုင်းဒေသများ (အာသံဆစ်ကင်း၊ Arunachal Pradesh၊ Uttarakhand)၊ နီပေါနိုင်ငံဘူတန်နိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် တွေ့ရှိရသည်။[၂][၃][၄]

ပြုမူပုံ အလေ့အထနှင့် ဂေဟဗေဒ ပြင်ဆင်ရန်

မြွေညံ့သည် ညအချိန်တွင် ကျက်စားသော ကုန်းနေမြွေမျိုးဖြစ်ပြီး အရိုင်းစိတ်ရှိသည်။ နှောက်ယှက်ခံရသောအခါတွင် ၎င်း၏ ခန္ဓာကိုယ်အား ဖြည်းညှင်းစွာခွေ၍ ခန္ဓာကိုယ်အောက်တွင် ခေါင်းကို ဝှက်ထားတတ်သည်။ အဆက်မပြတ် နှောက်ယှက်နှိုးဆွခံရသည့် အချိန်မျိုးမှလွဲ၍ ပေါက်ခဲသည်။ ၎င်းသည် မြွေများ၊ နို့တိုက်သတ္တဝါငယ်များ၊ တွားသွားသတ္တဝါငယ်များ၊ ဖားများနှင့် ငါးများအား ဖမ်းယူစားသောက်လေ့ရှိသည်။[၅]

အဆိပ် ပြင်ဆင်ရန်

မြွေညံ့၏အဆိပ်တွင် အကိုက်ခံရချိန်နှင့် အကိုက်ခံရချိန်နောက်ပိုင်း နှစ်မျိုးလုံးတွင် လက္ခဏာပြသော neurotoxins အဆိပ်နှစ်မျိုးလုံးပါဝင်ပြီး myotoxins အဆိပ်လည်းပါဝင်နိုင်သည်။ ဤမြွေမျိုးစုအား လူအများစုမှ သတိမူမိလေ့ မရှိသော်လည်း မကြာခဏအကိုက်ခံရခြင်းကြောင့် ဆေးပညာအရ အရေးကြီးသော မြွေမျိုးစိတ်ဖြစ်သည်။ ၎င်းနှင့်ဆက်စပ်သော သေဆုံးမှုနှုန်းကို မသိရသေးသော်လည်း အလွန်မြင့်မားသည်ဟု ဆိုနိုင်သည်။[၅][၄]

ကိုးကား ပြင်ဆင်ရန်

  1. Das, A. (2022). "Bungarus niger". IUCN Red List of Threatened Species 2022. IUCN. doi:10.2305/IUCN.UK.2022-2.RLTS.T127914430A219117076.en. 
  2. Bungarus niger at the Reptarium.cz Reptile Database. Accessed 16 August 2020.
  3. Whitaker, Romulus; Captain, Ashok (2004)။ Snakes of India, The Field Guide။ Chennai: Draco Books. 495 pp.။ ISBN 81-901873-0-9
  4. ၄.၀ ၄.၁ Ghose A။ Black snakes at night Bungarus niger, an overlooked cause of snakebite envenoming in South Asia။ 2016-11-16 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 April 2012 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ Bungarus niger – General DetailsClinical Toxinology Resource။ University of Adelaide။ 17 April 2012 တွင် ပြန်စစ်ပြီး။

နောက်ထပ်ဖတ်ရှုလေ့လာရန် ပြင်ဆင်ရန်

  • Das I (2002). A Photographic Guide to Snakes and other Reptiles of India. Sanibel Island, Florida: Ralph Curtis Books. 144 pp. ISBN 0-88359-056-5. (Bungarus niger, p. 51).
  • Grosselet O, Vauche M, Gupta A, Gupta S (2004). "Bungarus niger Wall, 1908 (Reptilia: Serpentes: Elapidae): Extension of range to Cachar district, Assam, India". Russian J. Herpetol. 11 (1): 10-11.
  • Slowinski JB (1994). "A phylogenetic analysis of Bungarus (Elapidae) based on morphological characters". Journal of Herpetology 28 (4): 440-446.
  • Smith MA (1943). The Fauna of British India, Ceylon and Burma, Including the Whole of the Indo-Chinese Sub-region. Reptilia and Amphibia. Vol. III.—Serpentes. London: Secretary of State for India. (Taylor and Francis, printers). xii + 583 pp. (Bungarus niger, p. 417).
  • Tillack, Frank; Grossmann, Wolfgang (2001). "Ein neuer Nachweis zur Schlangenfauna Nepals: Bungarus niger Wall, 1908 (Reptilia: Serpentes: Elapidae) ". Sauria 23 (1): 3-9. (in German).
  • Wall F (1908). "A Popular Treatise on the Common Indian Snakes. Part VIII". J. Bombay Nat. Hist. Soc. 18 (4): 711-735 + Plate VIII. (Bungarus niger, new species, pp. 715–716).