မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ

မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ (Muslim Free Hospital ) သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် တည်ရှိသည့် ဆေးရုံတစ်ခု ဖြစ်သည်။ ၁၉၃၇ ခုနှစ်တွင် သေးငယ်သည့် ဆေးကုခန်းအနေဖြင့် စတင်ခဲ့သည်။ တဖြည်းဖြည်းတိုးတက်လာကာ ယနေ့ကာလတွင် ကုတင် ၁၆၀ ရှိ ဆေးရုံအဖြစ်သို့ ရောက်ရှိခဲ့သည်။[၁]

မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ
Muslim Free Hospital
Map
ပထဝီဝင်ဆိုင်ရာ
တည်နေရာ၁၉၆-၂၀၀၊ မဟာဗန္ဒုလပန်းခြံလမ်း၊ ရန်ကုန်မြို့, မြန်မာနိုင်ငံ
ကိုဩဒိနိတ်16°46′36″N 96°09′38″E / 16.776533°N 96.160539°E / 16.776533; 96.160539ကိုဩဒိနိတ်: 16°46′36″N 96°09′38″E / 16.776533°N 96.160539°E / 16.776533; 96.160539
အဖွဲ့အစည်း
ငွေကြေးအထောက်အပံ့Voluntary
ဆေးရုံအမျိုးအစားအထွေထွေကု

ဆေးရုံ၏ အဓိကရည်မှန်းချက်မှာ ဆင်းရဲသူများ၊ ချို့တဲ့သူများနှင့် ဖျားနာသူများကို လူမျိုး၊ ဘာသာ၊ အသားအရောင် ခွဲခြားမှုမရှိဘဲ အကူအညီပေးရန် ဖြစ်သည်။ ဆေးရုံသည် လုပ်အားပေးကူညီသူများနှင့် အလှူငွေများဖြင့် လူများကို ပြုစုစောင့်ရှောက်လျက်ရှိသည်။

ဆေးရုံသည် အဆောက်အဦသုံးခုပါဝင်ဖွဲ့စည်းထားသည်။ အဓိကအဆောက်အဦးသည် မဟာဗန္ဓုလပန်းခြံလမ်းတွင် တည်ရှိပြီး အခြားနှစ်ခုသည် ၃၅ လမ်းတွင် တည်ရှိကာ အပေါ်မှ တံတားဖြင့် ဆက်သွယ်ထားသည်။

စာရေးဆရာနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ စာရေးဆရာမ မသီတာ (စမ်းချောင်း) သည် ဤဆေးရုံတွင် ဆရာဝန်တစ်ဦးနေဖြင့် လုပ်ကိုင်လျက်ရှိသည်။[၂][၃]

ကိုးကား ပြင်ဆင်ရန်

  1. What you should know about the Muslim Free Hospital that everyone is rooting for။ June 20, 2020 တွင် ပြန်စစ်ပြီး။
  2. Mita Kapur (February 27, 2010)။ ‘I write from my heart'The Hindu။ 16 February 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 9, 2013 တွင် ပြန်စစ်ပြီး။
  3. Myanmar Muslim hospital offers hope in troubled times။ June 20, 2020 တွင် ပြန်စစ်ပြီး။