မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ပတ်သက်၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော်လက်ထက်တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန | |
Seal of the Ministry of Livestock, Fisheries and Rural Development | |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
ဌာနချုပ် | ရုံးအမှတ် ၃၆၊ နေပြည်တော် |
19°46′59″N 96°08′30″E / 19.783009°N 96.141763°E | |
ဝက်ဘ်ဆိုက် | mlfrd.gov.mm |
သမိုင်းကြောင်း
ပြင်ဆင်ရန်မြန်မာနိုင်ငံ၏ သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းများကို ၁၉၈၂-၁၉၈၃ ဘဏ္ဍာရေးနှစ်အထိ လယ်ယာနှင့် သစ်တောဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ခဲ့ရာမှ လယ်ယာနှင့် သစ်တောဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းရန် ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပသော နိုင်ငံတော် ကောင်စီ၏ (၃/၆) ကြိမ်မြောက် အစည်းအဝေးက ဆုံးဖြတ်ခဲ့သဖြင့် ၁၉၈၃ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနကို သီးခြားဖွဲ့စည်းခဲ့သည်။ ယခင်စီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာန ကို ၁၉၈၃ ခုနှစ် ၊ မေလ(၁) ရက်နေ့တွင် အရာထမ်း (၁၀) နေရာ ၊ အမှုထမ်း (၇၄) နေရာ ၊ စုစုပေါင်း ရာထူး (၈၄) နေရာဖြင့် ဖွဲ့စည်းခဲ့သည်။ စီမံကိန်း နှင့် စာရင်းအင်းဦးစီးဌာနကို ၁၉၉၇ ခုနှစ် မေလ ၁၅ ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၁၉/၉၇) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ မွေးမြူရေးနှင့် ရေလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ (၉) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၆၇/၂၀၁၃) ဖြင့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး၏ သဘောတူညီချက်အရ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (Ministry of Livestock and Fisheries) ကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန (Ministry of Livestock, Fisheries and Rural Development) အဖြစ် အမည်ပြောင်းလဲ သတ်မှတ်ခဲ့သည်။[၁]
ဦးစီးဌာနများ
ပြင်ဆင်ရန်မျှော်မှန်းချက်
ပြင်ဆင်ရန်ထောင်စုနှစ် ရည်မှန်းချက်နှင့်အညီ ကျေးလက်ဒေသများ ဖွံ့ဖြိုးလာစေရန်၊ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးမြင့်မားစေရန်နှင့် ကျေးလက် မြို့ပြဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းလာစေရန် မျှော်မှန်းသည်။
မူဝါဒ
ပြင်ဆင်ရန်ကျေးလက်ဒေသစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အစားအစာ ဘေးကင်းမှု ရှိစေရန်ဆောင်ရွက်ရေး။
ရည်မှန်းချက်
ပြင်ဆင်ရန်- နိုင်ငံတော်၏ရည်မှန်းချက်ဖြစ်သော ပြည်သူလူထုကို အခြေပြုပြီး ဆင်းရဲမှု နှုန်းအား ၂၀၁၅ ခုနှစ်တွင် (၁၆%) အထိ လျော့ချနိုင်ရန် အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရန်နှင့်ရေရှည် တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်ရန်၊
- ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန် လူထုအခြေပြု အဖွဲ့အစည်းများ အားကောင်းလာစေရန်နှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ်များ ဖြစ်ပေါ်လာစေရန်။
- မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက ကျေးလက်ဒေသများ၌ တုံ့ပြန်ဆောင်ရွက်နိုင်မှု အားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်။
- သားငါးကဏ္ဍ၏ စုစုပေါင်းထုတ်လုပ်မှု တန်ဖိုးကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပုံမှန်ဈေးနှုန်းအရ အခြေခံနှစ်အပေါ် (၁.၃၁)ဆ ဖြစ်ပေါ်ရန်နှင့် ယခင်နှစ် အပေါ် (၇.၈%) တိုးတက်ရေး ဆောင်ရွက်ရန်။
- ပုဂ္ဂလိက အသားထုတ်လုပ်မှုကို (၉.၅%) တိုးတက် ဖြစ်ပေါ်အောင် ဆောင်ရွက်ရန်။
- ပုဂ္ဂလိက ငါးပုစွန်ထုတ်လုပ်မှုကို (၆.၁%) တိုးတက် ဖြစ်ပေါ်အောင် ဆောင်ရွက်ရန်။
လုပ်ငန်းစဉ်
ပြင်ဆင်ရန်- ကျေးလက်ဒေသစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်မဟာဗျူဟာ မူဘောင်(၅) ချက်အတိုင်းဆောင်ရွက်သွားမည်။
- ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်။
- လူထုဗဟိုပြုစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားမည်။
- ကျေးလက်လူငယ်များ ဖွဲ့စည်း၍ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ သင်တန်းများပို့ချ၍ လေ့ကျင့် ပျိုးထောင်ပေးသွားမည်။
- Public Private Partnership စနစ်များ ကျင့်သုံး၍ အရင်းအနှီး၊ နည်းပညာနှင့် ဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်။
- နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား ပြည်တွင်း၊ပြည်ပရင်းနှီးမြှုပ်နှံမှုများ ခေါ်ယူ၍ ဖက်စပ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။
- လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက် နေသည့် ပုဂ္ဂလိကနှင့်အဖွဲ့အစည်းများ အကာအကွယ်ပေးသည့် ဥပဒေနှင့် နည်းဥပဒေများ ညှိနှိုင်းရေးဆွဲသွားမည်။
- အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသန ဓာတ်ခွဲခန်းများကို ISO အဆင့်နှင့် BSL 2 အဆင့်သို့ မြှင့်တင်ရန် နည်းပညာ လိုအပ်ချက်နှင့် နိုင်ငံတကာ အကူအညီများရရှိရေး ညှိနှိုင်းဆောင်ရွက်သွားမည်။
- ငါးလုပ်ငန်းစစ်ဆေးရေးနှင့်အရည်အသွေးထိန်းသိမ်းရေးဓာတ်ခွဲခန်းများကို အဆင့်မြှင့် တိုးချဲ့ဆောင်ရွက်သွားမည်။
- ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အခြေခံအဆောက်အဦ လိုအပ်ချက်ဖြစ်သော ကျေးလက်လမ်း၊ရေ၊ အိမ်ရာနှင့်မီးလင်းရေးစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်။
- Focal Ministry ဖြစ်သည်နှင့်အညီ မြို့ပြကျေးလက်ဖွံ့ဖြိုးရေး ကျဉ်းမြောင်း စေရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့များနှင့် ညှိနှိုင်းဆက်စပ်ပူးပေါင်း၍ ကောင်းမွန်သောအုပ်ချုပ်မှု၊ ပွင့်လင်း မြင်သာမှု၊ သတင်းများဖြန့်ချိခြင်း လုပ်ငန်းများအား ဆောင်ရွက်သွားမည်။
- ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံစာရင်းဇယား အချက်အလက်များ စုစည်းခြင်း၊သုံးသပ်ခြင်းအား ဆက်စပ်ဝန်ကြီးဌာန များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်။
အကိုးအကား
ပြင်ဆင်ရန်- ↑ ဌာနအကြောင်း။ 21 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၂ တွင် ပြန်စစ်ပြီး။
ပြင်ပအဆက်အသွယ်
ပြင်ဆင်ရန်- မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ Archived 21 October 2014 at the Wayback Machine.