မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း)


မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း) သည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်တစ်ခု ဖြစ်သည်။

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း)
University of Veterinary Science, Yezin
မွေးမြူဆေးကု တိုင်းပြည်ပြု
{{{အမည်}}}
တည်ထောင်ခုနှစ် ၁၉၅၇
ပါမောက္ခချုပ် ဒေါက်တာ မာမာဝင်း
တည်နေရာ ရေဆင်း၊ နေပြည်တော်
အမျိုးအစား အများသူငါနှင့်ဆိုင်သော
ပိုင်ဆိုင်မှု စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဝဘ်ဆိုတ် http://www.uvsyezin.edu.mm

သမိုင်းကြောင်း ပြင်ဆင်ရန်

(၁၉၅၇) ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ မဟာဌာနဖြစ်သော တိရစ္ဆာန်ဆေးကု ပညာမဟာဌာနအမည်ဖြင့် စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်။ (၁၉၆၄) ခုနှစ်တွင် တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်အဖြစ် တိုးမြှင့်ခဲ့ပြီး အင်းစိန်မြို့နယ်( ရန်ကုန်)သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ (၁၉၈၁) ခုနှစ်တွင် ရန်ကုန်မှ ဇေယျာသီရိမြို့နယ်၊ ရေဆင်းသို့ ပြောင်းရွှေ့ခဲ့ပြီး (၁၉၉၄) ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနလက်အောက်မှ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန(ယခု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန) လက်အောက်သို့ ရောက်ရှိခဲ့သည်။ (၁၉၉၇) ခုနှစ်မတိုင်မီက ၆ နှစ်သင်တန်း ကာလဖြစ်ပြီး (၁၉၉၇) ခုနှစ်နောက်ပိုင်းတွင် ၅ နှစ်သင်တန်းသို့ ပြောင်းလဲခဲ့သည်။ (၁၉၉၇) ခုနှစ်တွင် တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်မှ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အဖြစ် ပြောင်းလဲခေါ်တွင်ခဲ့သည်။[၁]

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်အား ပါမောက္ခချုပ်ရုံးနှင့် ဌာနခွဲ ၁၈ ခုဖြင့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိသည်။[၁]

လုပ်ငန်းတာဝန်များ ပြင်ဆင်ရန်

ပါမောက္ခချုပ်ရုံး ပြင်ဆင်ရန်

  • တက္ကသိုလ်မှ ဌာနခွဲများနှင့် ဝန်ကြီးရုံးမှ ရုံးစာများ ထုတ်ပြန်ခြင်း နှင့် လက်ခံခြင်း
  • စီမံခန့်ခွဲရေးနှင့် သင်ကြားရေးဝန်ထမ်းများ၏ မှတ်တမ်းများ ထိန်းသိမ်းထားရှိခြင်း
  • ပါမောက္ခချုပ်ရုံး၏ ကိစ္စရပ်များအား ဆောင်ရွက်ခြင်း

မြန်မာစာဌာန ပြင်ဆင်ရန်

  • ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား မြန်မာစာ ဘာသာရပ်အား သင်ကြားခြင်း။

အင်္ဂလိပ်စာဌာန ပြင်ဆင်ရန်

  • ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား အင်္ဂလိပ်စာ ဘာသာရပ်အား သင်ကြားခြင်း။

သင်္ချာဌာန ပြင်ဆင်ရန်

ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား သင်္ချာ ဘာသာရပ်အား သင်ကြားခြင်း။

ရူပဗေဒဌာန ပြင်ဆင်ရန်

ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား ရူပဗေဒ ဘာသာရပ်အား သင်ကြားခြင်း။

ဓာတုဗေဒဌာန ပြင်ဆင်ရန်

ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား ဓာတုဗေဒဘာသာရပ်အား သင်ကြားခြင်း။

သတ္တဗေဒဌာန ပြင်ဆင်ရန်

ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား သတ္တဗေဒ ဘာသာရပ်အား သင်ကြားခြင်း။

ရုက္ခဗေဒဌာန ပြင်ဆင်ရန်

ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား ရုက္ခဗေဒ ဘာသာရပ်အား သင်ကြားခြင်း။

ခန္ဓာဗေဒဌာန ပြင်ဆင်ရန်

  • ဘွဲ့ကြိုနှင့် ဘွဲ့လွန် သင်တန်းသားများအား မွေးမြူရေး ခန္ဓာဗေဒဘာသာရပ် သင်ကြားပို့ချခြင်း၊
  • မွေးမြူရေး ခန္ဓာဗေဒဘာသာရပ်ဆိုင်ရာ ရှုထောင့် (သို့) ၎င်းဘာသာရပ်နှင့် ဆက်နွယ်သည့် စည်းမျဉ်းဥပဒေသများနှင့် ပတ်သက်သည့် ခေတ်မီ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
  • ဘွဲ့လွန်သင်တန်းသားသစ်များ စည်းရုံးစုဆောင်းရန်နှင့် ၎င်းတို့အား စီမံကွပ်ကဲခြင်း၊
  • ဆေးခန်းပညာရပ်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများတွင် မွေးမြူရေး ခန္ဓာဗေဒဘာသာရပ် နယ်ပယ်နှင့် ပတ်သက်၍ တိုက်ရိုက်ကူညီထောက်ပံ့မှုများ ပေးရန်နှင့် တိရစ္ဆာန်ဆေးကု ဆရာဝန်များအား အကြံဉာဏ်များ၊စီမံကွပ်ကဲမှုများပေးခြင်းလက်ရှိလုပ်ဆောင်နေသော သုတေသနလုပ်ငန်းများ၊
  • အသားစားကြက် မျိုးကွဲများနှင့် ကာကွယ်ဆေးဗိုင်းရပ်စ် မျိုးကွဲများမှ ကြက်ဆီအိတ်ရောင် ရောဂါဗိုင်းရပ်စ်နှင့် ကာကွယ်ဆေးဗိုင်းရပ်စ်အပေါ် တုံ့ပြန်မှုနှင့်ပတ်သက်၍ ရောဂါဗေဒ ပြောင်းလဲမှုများအား လေ့လာခြင်း။

ဇီဝကမ္မဗေဒနှင့် ဇီဝဓာတုဗေဒဌာန ပြင်ဆင်ရန်

  • အရည်အချင်းပြည့်ဝသော မွေးမြူဆေးကု တိရစ္ဆာန် ဆရာဝန်များ ဖြစ်စေရန် ရည်ရွယ်ပြီး ဒုတိယနှစ်၌ စာသင်ကြားနေသော ဘွဲ့ကြိုသင်တန်းသားများအား အခြေခံ ဇီဝကမ္မဗေဒနှင့် ဇီဝဓာတုဗေဒ ဘာသာရပ်များ သင်ကြားပို့ချခြင်း၊
  • နိုင်ငံ၏ မွေးမြူရေးကဏ္ဍ လိုအပ်ချက်နှင့် ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် မွေးမြူဆေးကုပညာရပ်များတွင် အရည်အချင်းပြည့်ဝသော ဘွဲ့လွန်သင်တန်းသားများ မွေးထုတ်ခြင်း။

လက်ရှိလုပ်ဆောင်နေသော သုတေသနလုပ်ငန်းများ

  • မွေးမြူသူ ပြည်သူများအား မေးမြန်း၍ တိရစ္ဆာန်အာဟာရများ လေ့လာ သုတေသန ပြလုပ်ခြင်း (သကာတုံးအသုံးပြုမှု၊ နေရာဒေသကိုလိုက်၍ ကျွေးလေ့ရှိသော တိရစ္ဆာန်အစာများ၏ အာဟာရကို လေ့လာခြင်း)
  • စားမြုံ့ပြန် သတ္တဝါများ မွေးမြူထုတ်လုပ်ခြင်းဖြင့် ၎င်းတို့မှ မီသိန်းထွက်ရှိမှုနှင့် မီသိန်းအထွက်နည်းစေနိုင်သော အစာများကို လေ့လာတိုင်းတာခြင်း စသည့်သုတေသနများပြုလုပ်ခြင်း၊
  • မွေးမြူသူများ အသုံးပြုသော အစာများကို လေ့လာခြင်း (စားမြုံ့ပြန် သတ္တဝါများအတွက် အစာဖော်မြူလာများ ပြုလုပ်နှိုင်းယှဉ်ခြင်း)
  • မင်မိုဆင်းကို ဖြိုခွဲနိုင်သော ဘက်တီးရီးယား ထုတ်လုပ်ခြင်း။

ရောဂါဗေဒနှင့် အဏုဇီဝဗေဒဌာန ပြင်ဆင်ရန်

  • တတိနှစ် ကျောင်းသား၊ ကျောင်းသူများအား ရောဂါဗေဒနှင့် အဏုဇီဝဗေဒဘာသာရပ်အား သင်ကြားပေးခြင်း၊
  • ဘွဲ့လွန်သင်တန်းသားများအား ကြီးကြပ်ဆောင်ရွက်ခြင်း။

လက်ရှိလုပ်ဆောင်နေသော သုတေသနလုပ်ငန်းများ

  • "Isolation, Identification and Plasmid Profile of E. coli O157 isolated from Cattle" ခေါင်းစဉ်ဖြင့် တိရစ္ဆာန်ဆေးသိပ္ပံပါရဂူဘွဲ့ (အဏုဇီဝ ဗေဒဘာသာရပ်အထူးပြု) အတွက် သုတေသနလုပ်ငန်း။
  • "Study on the Gross and Histopathological Lesions of Kidneys, Liver, Spleen, Lungs, Heart and Lymph Nodes in Antivenom Producing Sheep Hyperimmunized with Viper Venom" ခေါင်းစဉ်ဖြင့် တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့ (ရောဂါဗေဒဘာသာရပ် အထူးပြု)အတွက် သုတေသန လုပ်ငန်း။
  • "Histopathological Changes of Adrenal Gland, Thyroid Gland, Lymph Nodes and Thymus in Hyperimmunized Horses Experimentally Induced with Viper Venom, Cobra Venom and Tetanus Toxin"ခေါင်းစဉ်ဖြင့် တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့ (ရောဂါဗေဒဘာသာရပ် အထူးပြု) အတွက် သုတေသနလုပ်ငန်း။

ဆေးဝါးဗေဒနှင့် ကပ်ပါးဗေဒဌာန ပြင်ဆင်ရန်

  • တတိယနှစ် ကျောင်းသား၊ ကျောင်းသူများအား ဆေးဝါးဗေဒနှင့် ကပ်ပါးဗေဒဘာသာရပ်များအား သင်ကြားပေးခြင်းနှင့် စတုတ္တနှစ် ကျောင်းသား၊ ကျောင်းသူများအား တိရစ္ဆာန်ဆေးကု ဆိုင်ရာ ပြည်သူ့ကျန်းမာရေးပညာနှင့် ရောဂါပျံ့နှံ့မှုဗေဒ ဘာသာရပ်များအား သင်ကြားပေးခြင်း၊
  • ဆေးဝါးဗေဒ၊ ကပ်ပါးဗေဒ၊ တိရစ္ဆာန်ဆေးကုဆိုင်ရာ ပြည်သူ့ကျန်းမာရေးပညာနှင့် ရောဂါပျံ့နှံ့မှုဗေဒ ဘာသာရပ်များနှင့် ပတ်သက်သည့် ဘွဲ့လွန်သင်တန်းသားများအား ကြီးကြပ်ဆောင်ရွက်ခြင်း။

လက်ရှိလုပ်ဆောင်နေသော သုတေသနလုပ်ငန်းများ

  • ပဋိဇီဝဆေးများ၏ ဘက်တီးရီယားပိုးများအပေါ် ယဉ်ပါးလာမှုကို လေ့လာခြင်း၊
  • အစာမှတဆင့် ကူးစက်သော ရောဂါပိုးများအား လေ့လာခြင်း၊
  • ဆေးဖက်ဝင်အပင်များ၏ ကပ်ပါးပိုးများအပေါ် နှိမ်နင်းနိုင်စွမ်းကို လေ့လာခြင်း၊
  • သွေးစုပ်သည့် အင်းဆက်များ၏ ရာသီအလိုက် ပွားများမှုကို လေ့လာခြင်း၊
  • အိမ်မွေးကြောင်များတွင် Toxoplasma ကပ်ပါးပိုးများအား လေ့လာခြင်း၊
  • သားသတ်ရုံမှ ဝက်သားတွင် Trichinella ကပ်ပါးပိုးအား လေ့လာခြင်း၊
  • ကျွဲ၊ နွားနှင့် နွားနောက်များတွင် အသည်းသန်ကောင် ဖြစ်ပွားမှုကို လေ့လာခြင်း၊
  • စားမြုံ့ပြန်သတ္တဝါများမှ လူသို့ကူးစက်စေသည့် ရောဂါများကို လေ့လာခြင်း၊
  • ခွေး၏နှလုံးသန်ကောင်ရောဂါအား လေ့လာခြင်း။

ခွဲစိတ်ကုနှင့် မျိုးပွားပညာဌာန ပြင်ဆင်ရန်

  • စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများအား အထွေထွေခွဲစိတ်ကု ဘာသာရပ်နှင့် မျိုးပွား ပညာရပ်များအား သင်ကြားပေးခြင်းနှင့် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ခွဲစိတ်ကု ဘာသာရပ်များအား သင်ကြားပေးခြင်း၊
  • တက္ကသိုလ်သင်ကြားရေး ဆေးရုံဖြစ်သော တိရစ္ဆာန်ကုဆေးရုံတွင် တိရစ္ဆာန် ခွဲစိတ်မှုများအား လက်တွေ့ပြသခြင်း၊
  • ဘွဲ့လွန်သင်တန်းသားများအား ကြီးကြပ် ဆောင်ရွက်ခြင်း။

လက်ရှိလုပ်ဆောင်နေသော သုတေသနလုပ်ငန်းများ

  • Studies Related to Bovine Cervico-Vaginal Mucous for Estrus Detection
  • Studies Related to the Semen Characteristics of Local Goats

ဆေးပညာဌာန ပြင်ဆင်ရန်

  • ပဉ္စမနှစ်ကျောင်းသား၊ ကျောင်းသူများအား ဆေးခန်းဆိုင်ရာ ဆေးပညာနှင့် ငါး၊ ပုစွန်မွေးမြူရေးနှင့် ငါး၊ ပုစွန် ရောဂါဘာသာရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအား ရောဂါကာကွယ်ရေးဆိုင်ရာ ဆေးပညာနှင့် ပတ်သက်၍လည်းကောင်း စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးလျက် ရှိသည်။
  • ဆေးခန်းဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချရာတွင် တက္ကသိုလ်သင်ကြားရေး ဆေးရုံဖြစ်သော တိရစ္ဆာန်ကုဆေးရုံတွင် တိရစ္ဆာန်များအား စစ်ဆေး၍ ရောဂါ ရှာဖွေဖော်ထုတ်ခြင်း၊ တိရစ္ဆာန်များအား ဆေးကုသခြင်းနှင့် ပတ်သက်၍ ကျွမ်းကျင် တတ်မြောက်စေရန် လက်တွေ့ သင်ကြားပေးခြင်း၊
  • ဆင်စခန်းသို့ လေ့လာရေးခရီးသွားခြင်း၊ ငါးဆေးထိုးသားဖောက်ခြင်းအား ကိုယ်တိုင်ပြုလုပ်စေခြင်းနှင့် လူမှုဆက်ဆံရေး အရည်အသွေးတိုးမြင့်စေရန်နှင့် မိမိတို့စိတ်ဝင်စားရာ တိရစ္ဆာန်ရောဂါ တစ်မျိုးမျိုးအား အသေးစိတ် လေ့လာတတ်စေရန် ကျောင်းသား၊ ကျောင်းသူများအား အုပ်စုများခွဲ၍ စာတမ်းများ ရေးသားခြင်းနှင့် ဖတ်ကြားစေခြင်း။

လက်ရှိလုပ်ဆောင်နေသော သုတေသနလုပ်ငန်းများ

  • နို့စားနွားမများအတွက် အဟာရဗေဒ၏ နို့အုံကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုကို လေ့လာခြင်း၊
  • နို့စားနွားမများတွင် ဖြစ်ပွားလေ့ရှိသော နို့အုံရောင်ရောဂါနှင့် ပတ်သက်၍ ရောဂါရှာဖွေ ဖော်ထုတ်ခြင်းနှင့် ကုသခြင်း၊
  • စီးပွားဖြစ် အသားစားကြက် မွေးမြူရေးတွင် အသုံးပြုရန် သင့်တော်ကိုက်ညီသော ကာကွယ်ဆေးပေး အစီအစဉ်အား စူးစမ်းရှာဖွေဖော်ထုတ်ခြင်း၊
  • ဂမ်ဘိုရိုရောဂါအား တိကျတုံ့ပြန်သည့် ခုခံစွမ်းအားအပေါ် အသားစားကြက်မျိုးများနှင့် ဂမ်ဘိုရိုရောဂါ ကာကွယ်ဆေးကွဲများ၏ သက်ရောက်မှုနှင့် ဂမ်ဘိုရို ရောဂါကာကွယ်ဆေး ထဲတွင် ပါဝင်သည့် ဗိုင်းရပ်စ်ပိုး၏ လင့်ဖ်အကျိတ်များ အပေါ်တွင် ဖြစ်ပေါ်သော ရောဂါဗေဒဆိုင်ရာ ပြောင်းလဲချက်များအား လေ့လာခြင်း၊
  • မြန်မာ့ဆင်များ၏ ကိုယ်အလေးချိန် ခန့်မှန်းတွက်ချက်နိုင်သည့် ပုံသေနည်း ဖော်မြူလာ ဖော်ထုတ်နိုင်ရေးအတွက် သုတေသနပြုလုပ်ခြင်း၊
  • ဆင်များတွင် ရာသီအလိုက် ဖြစ်ပွားတတ်သော အူလမ်းကြာင်းရှိ ကပ်ပါးရောဂါစွဲကပ်မှု နှင့် သံချဆေးများ၏ အူလမ်းကြာင်းရှိ သံကောင်များအပေါ် အကျိုးသက်ရောက်မှုအား လေ့လာခြင်း။

မွေးမြူရေးပညာဌာန ပြင်ဆင်ရန်

  • ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများအား တိရစ္ဆာန်မျိုးနှင့် တိရစ္ဆာန်အပြုအမူ လေ့လာရေးပညာ ဘာသာရပ်အား သင်ကြားပေးခြင်း၊
  • တတိယနှစ် ကျောင်းသား၊ ကျောင်းသူများအား မျိုးရိုးဗီဇနှင့် တိရစ္ဆာန်သားစပ်ပညာ ဘာသာရပ်အား သင်ကြားပေးခြင်း၊
  • စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများအား မွေးမြူရေးတိရစ္ဆာန် အာဟာရဗေဒပညာနှင့် တောရိုင်း၊ ရေနေနှင့် အိမ်မွေးတိရစ္ဆာန် အာဟာရဗေဒပညာ ဘာသာရပ်အား သင်ကြားပေးခြင်း၊
  • နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအား ဝက်မွေးမြူထုတ်လုပ်ရေးပညာ၊ ကြက်မွေးမြူ ထုတ်လုပ်ရေးပညာ (မွေးမြူရေးတိရစ္ဆာန် အထူးပြု နှင့် တောရိုင်း၊ ရေနေနှင့် အိမ်မွေးတိရစ္ဆာန်အထူးပြု)၊ စားမြုံပြန်တိရစ္ဆာန် မွေးမြူထုတ်လုပ်ရေးပညာ (မွေးမြူရေးတိရစ္ဆာန်အထူးပြု နှင့် တောရိုင်း၊ရေနေ နှင့်အိမ်မွေးတိရစ္ဆာန် အထူးပြု) မွေးမြူရေးဘောဂဗေဒနှင့် တိရစ္ဆာန်ဆေးကုဆိုင်ရာ ဥပဒေ၊ လူထုပညာပေးရေး ပညာဘာသာရပ်များအား သင်ကြားပေးခြင်း၊
  • ဘွဲ့လွန်သင်တန်းသားများအား ကြီးကြပ်ဆောင်ရွက်ခြင်း၊
  • စတုတ္ထနှစ်နှင့် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ် သရုပ်ပြခြံများတွင် ကြက်မွေးမြူရေးပညာ၊ စားမြုံပြန်တိရစ္ဆာန် မွေးမြူရေးပညာရပ်များအား လေ့ကျင့်သင်ကြားပေးခြင်း။

လက်ရှိလုပ်ဆောင်နေသော သုတေသနလုပ်ငန်းများ

  • ကြက်စာထဲတွင် ပါဝင်သော စွမ်းအင်နှင့် အသားဓာတ်အချိုး အမျိုးမျိုးတို့၏ အသားစားကြက် အထီးအမပေါ်မူတည်၍ ထုတ်လုပ်မှုနှင့် အသားအရည်အသွေးပေါ် အကျိုးသက်ရောက်ပုံကို လေ့လာခြင်း၊
  • အသားစားဘဲမျိုးအစာတွင် အသုံးပြုသော နှမ်းဖတ်နေရာ၌ ဘဲစာမှော်(Duckweed)အား အချိုးအစား အမျိုးမျိုးဖြင့် အစားထိုး စမ်းသပ်အသုံးပြုခြင်း၊
  • အသီးအနှံမှ ရရှိသော ပရိုတင်းအမျိုးမျိုးနှင့် အလင်းပေးခြင်းစနစ် အမျိုးမျိုးသည် အသားစား ကြက်မျိုးများ၏ အစာစားနှုန်း၊ အသားတိုးနှုန်း နှင့် အသားအရည်အသွေးတို့ အပေါ်တွင် သက်ရောက်သော အကျိုးတရားများအား လေ့လာစမ်းသပ်ခြင်း။

စာကြည့်တိုက်ဌာန ပြင်ဆင်ရန်

  • ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားရေးဝန်ထမ်းများ အသုံးပြုနိုင်ရန် ပုံနှိပ်စာအုပ်များ၊ ဂျာနယ်များနှင့် မဂ္ဂဇင်းများ စုဆောင်းသိမ်းဆည်းခြင်း။

ငွေစာရင်းဌာန ပြင်ဆင်ရန်

  • တက္ကသိုလ် ဝန်ထမ်းများ၏ လစာငွေ စာရင်းကိစ္စများ ဆောင်ရွက်ခြင်း၊
  • ရသုံးမှန်းခြေ ငွေစာရင်းကိစ္စများ ဆောင်ရွက်ခြင်း။

ကျောင်းသားရေးရာဌာန ပြင်ဆင်ရန်

  • ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲနှင့် ဘွဲ့နှင်းသဘင်ကိစ္စရပ်များအတွက် စီစဉ်ဆောင်ရွက်ခြင်း။

အင်ဂျင်နီယာဌာန ပြင်ဆင်ရန်

  • မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာဌာန၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

အပ်နှင်းသောဘွဲ့များ ပြင်ဆင်ရန်

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း)တွင် ဘွဲ့လွန်သင်တန်းများအား (၁၉၉၂) ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မဟာဒဿနဘွဲ့ နှင့် တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့များ အပ်နှင်းခဲ့သည်။ ပထမနှစ်သင်တန်း ဝင်ခွင့်စာမေးပွဲများကို (၂၀၀၆) ခုနှစ်မှ စတင်၍ ကျင်းပခဲ့ပြီး ရေးဖြေနှင့် နှုတ်ဖြေ စာမေးပွဲအား ဖြေဆိုရသည်။ (၂၀၁၂) ခုနှစ်အထိ ဘွဲ့ရရှိသူ ၄၄၀၉ ဦးရှိခဲ့ပြီးဖြစ်သည်။ အပ်နှင်းသောဘွဲ့များမှာ တိရစ္ဆာန်ဆေးသိပ္ပံဘွဲ့(BVS, BVSc)၊ Dip. LISဘွဲ့၊ တိရစ္ဆာန်ဆေးပညာ မဟာဒဿနဘွဲ့ (MPhil)၊ တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့ (MVSc) နှင့် ပါရဂူဘွဲ့(PhD) ဘွဲ့များဖြစ်ကြသည်။[၁]

အကိုးအကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ နောက်ခံသမိုင်း။ University of Veterinary Science, Yezin။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၄-၁၀-၂၁ တွင် ပြန်စစ်ပြီး။

ပြင်ပအဆက်အသွယ် ပြင်ဆင်ရန်