မွှားကြောင့်ဖြစ်သော ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး

ရောဂါကာကွယ်ဆေး

မွှားကြောင့်ဖြစ်သော ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး (အင်္ဂလိပ်: Tick-borne encephalitis vaccine)သည် မွှားကြောင့်ဖြစ်သော ဦးနှောက်ရောင်ရောဂါ (tick-borne encephalitis TBE)ကို ကာကွယ်ပေးသည့် ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။[၁] ဤရောဂါသည် ဥရောပတိုက် အလယ်ပိုင်းနှင့် အရှေ့ပိုင်း၊ အာရှတိုက်မြောက်ပိုင်းတို့တွင် အဖြစ်များသည်။ ဤကာကွယ်ဆေးထိုးပြီး (၈၇)ရာခိုင်နှုန်းခန့်တွင် ခုခံအားဖြစ်ပေါ်လာကြသည်။[၂] မွှားအကိုက်ခံရပြီးမှ ဤကာကွယ်ဆေးထိုးလျှင် အကျိုးသက်ရောက်မှုမရှိပါ။ ဤကာကွယ်ဆေးကို ကြွက်သားအတွင်းသို့ ထိုးနှံရသည်။ [၁]

မွှားကြောင့်ဖြစ်သော ဦးနှောက်ရောင်ရောဂါ အဖြစ်များသည့်နေရာတွင်နေသောလူအားလုံးကို ဤကာကွယ်ဆေးထိုးထားသင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားသည်။ ရောဂါဖြစ်ပွားလေ့မရှိသောနေရာများတွင်တော့ ရောဂါကူးစက်ခံရနိုင်ခြေရှိသူများကိုသာ ဆေးထိုးသင့်သည်။ အကြိမ်ပေါင်း(၃)ကြိမ်ထိုးပြီးလျှင် နောက်(၃-၅)နှစ်ကြာတိုင်း ထပ်ဆင့်ထိုးသင့်သည်။ ဤကာကွယ်ဆေးကို ရရှိသည့်အမျိုးအစားပေါ်မူတည်၍ ကလေးအသက်တစ်နှစ် သို့မဟုတ် သုံးနှစ်တွင် အသုံးပြုရသည်။ [၁]

မွှားကြောင့်ဖြစ်သော ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကြောင့် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။ ကိုယ်ပူခြင်း၊ ဆေးထိုးသည့်နေရာတွင် နီရဲခြင်းနှင့် နာကျဉ်ခြင်းတို့သာ ဖြစ်တတ်သည်။ ယခင်က ထုတ်လုပ်သောဆေးများသည် ဘေးထွက်ဆိုးကျိုးများ ပို၍ဖြစ်တတ်သည်။ ဤကာကွယ်ဆေးသည် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း စိတ်ချစွာ အသုံးပြုနိုင်သည်ဟု ထင်ရသည်။[၁]

ပထမဆုံး ကာကွယ်ဆေးကို (၁၉၃၇)ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည်။[၁] ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသည့် အခြေခံကျန်းမာရေးစနစ်အတွက် အဓိကလိုအပ်သောဆေးများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။[၃] ဆေးတစ်လုံးကို ဗြိတိသျှပေါင် (၅၀-၇၀)ခန့် ပေးရသည်။[၄] အမေရိကန်နိုင်ငံတွင် ဤကာကွယ်ဆေး မရရှိနိုင်ပါ။[၅]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ "Vaccines against tick-borne encephalitis: WHO position paper." (10 June 2011). Releve epidemiologique hebdomadaire / Section d'hygiene du Secretariat de la Societe des Nations = Weekly epidemiological record / Health Section of the Secretariat of the League of Nations 86 (24): 241–56. PMID 21661276. 
  2. Demicheli V, Debalini MG, Rivetti A (2009). "Vaccines for preventing tick-borne encephalitis". Cochrane Database Syst Rev (1): CD000977. doi:10.1002/14651858.CD000977.pub2. PMID 19160184. 
  3. 19th WHO Model List of Essential Medicines (April 2015)။ WHO (April 2015)။ May 10, 2015 တွင် ပြန်စစ်ပြီး။
  4. Tick-borne encephalitis - Prevention (2015-10-15)။ 15 December 2015 တွင် ပြန်စစ်ပြီး။
  5. "3: Infectious Diseases Related to Travel"။ CDC Health Information for International Travel 2016။ Oxford University Press။ June 1, 2015။ ISBN 978-0199379156