တွင်းထွက်တစ်ခု၏ မှတ်ရောင်ဆိုသည်မှာ ရာသီဥတုတိုက်စားခြင်းမခံရသေးသော မျက်နှာပြင်တစ်ခုနှင့် ပွတ်ဆွဲသောအခါ ထွက်ပေါ်လာသောအမှုန့်၏အရောင်ကိုဆိုလိုခြင်းဖြစ်သည်။ တွင်းထွက်များ၏အပေါ်ယံသွင်ပြင်အရောင်နှင့်မတူဘဲ၊ တွင်းထွက်အများစုတွင် သိသိသာသာကွဲပြားနိုင်သည်၊ မှုန့်ညက်သွားသောအမှုန့်များ၏ပွတ်ဆွဲရာလမ်းကြောင်းရှိအရောင်သည်ယေဘုယျအားဖြင့် ပိုမိုတသမတ်တည်းဖြစ်သောဝိသေသလက္ခဏာရှိသည်။ ထို့ကြောင့်တွင်းထွက်များကိုခွဲခြားရာတွင်မှတ်ရောင်ဖြင့်လည်း အဓိကထားခွဲခြားကြသည်။ မှတ်ရောင် သည် မှတ်ကျောက်ပေါ်၌မထင်လျှင် ၎င်းတွင်းထွက်၏ မှတ်ရောင် သည်အဖြူရောင်သို့မဟုတ်အရောင်မရှိဟုဆိုနိုင်သည်။ အလင်းပိတ်တွင်းထွက်နှင့်အရောင်ရှိတွင်းထွက်များကို ခွဲခြားရာ၌ မှတ်ရောင်သည် အထူးအရေးပါသည်၊ဆီလီကိတ်ကြွယ် တွင်းထွက်များတွင် အဖြူရောင်မှတ်ရောင် သို့မဟုတ် မာဆင့်မြင့်သဖြင့် အလွယ်တကူအမှုန့်မဖြစ်နိုင်သဖြင့် မှတ်ရောင်သည် သိပ်အသုံးမဝင်ပေ။

မှတ်ကျောက်ပြား နှင့်အတူ ဗဟန်းရွှေဝါ (ဘယ်ဘက်) နှင့် Rhodochrosite (ညာ)

တွင်းထွက်တစ်ခု၏ အပေါ်ယံသွင်ပြင်အရောင်သည်ဓာတုလက်ကျန် မသန့်စင်မှုများသို့မဟုတ် ပုံပျက်သွားသော ပုံဆောင်ခဲ၏ပုံသဏ္ဌာန်များကြောင့်အမျိုးမျိုးကွဲပြားနိုင်သည်။ လှိုင်းအလျားတစ်ခုအားပြင်းထန်စွာစုပ်ယူသော ဓာတုလက်ကျန်မသန့်စင်မှု ပမာဏအနည်းငယ်သည် တွင်းထွက်နမူနာမှရောင်ပြန်ဟပ်နေသောလှိုင်းအလျားများကိုအကြီးအကျယ်ပြောင်းလဲစေပြီး တွင်းထွက်၏အပေါ်ယံသွင်ပြင်အရောင်ကိုပြောင်းလဲစေနိုင်သည်။ သို့သော်ယင်းနမူနာတစ်ခု မှတ်ကျောက်ပေါ်တွင် ပွတ်ဆွဲပြီး မှတ်ရောင်တင်ကြည့်သောအခါ ပွတ်ဆွဲသောနေရာမှ သေးငယ်သော တွင်းထွက်ပုံဆောင်ခဲများသည် ကျပန်း ကျိုးပဲ့ထွက်လာပြီး ဓာတုလက်ကျန်မသန့်စင်မှု ပမာဏအနည်းငယ်သည်အလင်း၏ စုပ်ယူမှုကို သက်ရောက်မှုမရှိပေ။

တွင်းထွက်များဖြင့် ပွတ်ဆွဲစမ်းသပ်ကြည့်သောမျက်နှာပြင်ကို“မှတ်ကျောက်ပြား” ဟုခေါ်ဆိုပြီး ယေဘူယျအားဖြင့် မချောမွေ့၊ အရောင်မတင်ရသေးသော ကြွေကျောက် ပြားများဖြင့်ပြုလုပ်ထားသည်။ မှတ်ကျောက်ပြားမရှိလျှင် ကြွေပန်းကန်လုံး (သို့) ပန်းအိုး (သို့) ချောမွေ့၊ အရောင်တင်ပြီးသွားသောကြွေပြား ၏အနောက်ဘက်တွင် မချောမွေ့၊ အရောင်မတင်ရသေးသောဖက်တွင် စမ်းသပ်ကြည့်နိုင်သည်။ တစ်ခါတစ်ရံ မှတ်ရောင် တစ်ခုကိုအခြား မှတ်ကျောက်ပြားပေါ်၌ ပွတ်ဆွဲစမ်းသပ်ထားသော "မှတ်ရောင်" နှင့်နှိုင်းယှဉ်ခြင်းအားဖြင့်ပိုမိုလွယ်ကူစွာသို့မဟုတ်တိကျစွာနှိုင်းယှဉ်နိုင်သည်။

မှတ်ရောင်တင်ထားသောလမ်းကြောင်းမှ တွင်းထွက်များကို အမှုန့်များအဖြစ်ကြေမွစေခြင်းဖြင့် စမ်းသပ်ရသောကြောင့် စမ်းသပ်ရမည့် တွင်းထွက်၏ မာဆင့်သည် Mohs စကေးသတ်မှတ်ချက် ၇ အောက်၌ရှိသော တွင်းထွက်များကိုသာ မှတ်ရောင်တင်ကြည့်နိုင်သည်။ ပိုမိုမာကြောသောတွင်းထွက်များအတွက်မူ နမူနာတစ်ခုအားတူတစ်ချောင်းဖြင့် ထုခြင်းသို့မဟုတ်ကြေမွစေခြင်းကာ အမှုန့်အရောင်ကိုကြည့်ခြင်းဖြင့်ဆုံးဖြတ်နိုင်သည်။ အလွန့်အလွန်မာကြောလွန်းသောတွင်းထွက်အများစု၏ မှတ်ရောင်သည် အဖြူရောင်များဖြစ်ကြပြီး မှတ်ရောင်ဖြင့်ခွဲခြားမရှိပါ။

တွင်းထွက်အချို့သည် ဖြစ်သော cinnabar, lazurite နှင့် ဇာတိ ရွှေ တို့ကဲ့သို့ မှတ်ရောင်များသည်ယင်းတို့၏သဘာဝအရောင်များနှင့်ဆင်တူကြသည်။ အခြားသော တွင်းထွက်များသည် အံ့ဩဖွယ်ကောင်းသောအရောင်များရှိကြသည်။ ဥပမာ မိုးကုတ်ပုလဲ သည် အဖြူရောင် မှတ်ရောင်ရှိပြီး ၎င်းကိုခရမ်း၊ အပြာ၊ အဝါရောင်သို့မဟုတ်အစိမ်းရောင်ပုံဆောင်ခဲများအဖြစ်တွင်တွေ့နိုင်သည်။ ရေသံ၏ပုံသဏ္ဌာန်အရောင်သည် အနက်ရောင် ရှိသောငြား ယင်းသည်“ သွေး” ဟုအဓိပ္ပာယ်ရှိသောဂရိစကားလုံး“ ဟိုင်မာ” မှဆင်းသက်လာသည် အတိုင်း အနီရောင်မှတ်ရောင်ပေးသည်။ ရေသံနှင့် အသွင်အပြင်နှင့်ဆင်တူနိုင်သည့် ခဲပုတ် ကို၎င်း၏မီးခိုးရောင် မှတ်ရောင်ဖြင့်အလွယ်တကူခွဲခြားနိုင်သည်။

ကိုးကားစာအုပ်၊ စာတမ်းများ

ပြင်ဆင်ရန်
  • Bishop၊ A.C.; Woolley၊ A.R.; Hamilton၊ W.R. (1999)။ Cambridge Guide to Minerals, Rocks and Fossils (2nd ed.)။ Cambridge: Cambridge University Press။ pp. 12–13။
  • Holden၊ Martin (1991)။ The Encyclopedia of Gemstones and MineralsNew York: Facts on File။ p. 251ISBN 1-56799-949-2
  • Schumann၊ Walter (1992)။ Minerals of the WorldNew York: Sterling Publishing။ pp. 18–16။ ISBN 0-00-219909-2

ပြင်ပသက်ဆိုင်နိုင်သော လင့်များ

ပြင်ဆင်ရန်