ကိမ်းဘရစ်ချ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း
ကိမ်းဘရစ်ချ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း သည် ကိမ်းဘရစ်ချ်တက္ကသိုလ်၏ ဌာနတစ်ခုဖြစ်သည်။ ကမ္ဘာလုံးအနှံ့ ပညာရပ်ဆိုင်ရာ၊ ပညာရေးဆိုင်ရာ ပုံနှိပ်လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး ပညာရေးဆိုင်ရာ စစ်ဆေးအကဲဖြတ်ခြင်းများကို ဦးဆောင်ပံ့ပိုးနေသော အဖွဲ့လည်းဖြစ်၏ ။ ထုတ်ဝေသူအနေဖြင့် လုပ်ငန်းသည် နိုင်ငံပေါင်း လေးဆယ်ထက်မနည်းသော နေရာများတွင် ကမ္ဘာလုံးဆိုင်ရာ ရောင်းချသောနေရာများ၊ ထုတ်ဝေရာ၏ ဗဟိုချက်များ၊ ရုံးခန်းများ တည်ရှိသည်။ နိုင်ငံပေါင်း (၁၀၀) ကျော်မှ စာရေးဆရာများစွာတို့၏ ခေါင်းစဉ်ပေါင်း ၅၀,၀၀၀ ကျော်ကို ဖြန့်ချိပြီးဖြစ်သည်။ ထုတ်ဝေရာ၌လည်း တက္ကသိုလ်ပညာရပ်ဆိုင်ရာ ဂျာနယ်၊ အကြောင်းအရာတစ်ရပ်ကို အသေးစိတ်ပြုထားသော စာတမ်းများ (monograph) ၊ ရည်ညွှန်းကိုးကား စာအုပ်/ကျမ်းများ ၊ ကျောင်း/တက္ကသိုလ် ပြဋ္ဌာန်းစာအုပ်များ၊ အင်္ဂလိပ်ဘာသာစကားဆိုင်ရာ သင်ကြား/သင်ယူရေး စာအုပ်များ စသဖြင့် မြောက်မြားစွာ ထုတ်ဝေခဲ့သည်။ ပညာရေးဆိုင်ရာ စစ်ဆေးအကဲဖြတ်ခြင်းကို ပံ့ပိုးသူအနေဖြင့် နိုင်ငံ (၁၇၀) မှ လေ့လာသူ ရှစ်သန်းကျော်ကို စစ်ဆေး၊ စိစစ်၊ အကဲဖြတ်ပေးပြီးဖြစ်သည်။[၁][၂] စစ်ဆေးအကဲဖြတ်ခြင်းအဖွဲ့အစည်းအချို့ကိုလည်း စီမံဆောင်ရွက်ရာ "Oxford, Cambridge and RSA Examinations" (OCR) ၊ "Cambridge Assessment International Education" ၊ "Cambridge Assessment Admissions Testing" များအပြင် အင်္ဂလိပ်စာ လေ့လာသင်ယူသူများအတွက် "Cambridge Assessment English" ကိုလည်း ဆောင်ရွက်သည်။
ဖွဲ့စည်းခြင်း | ၂၀၂၁ |
---|---|
Merger of | ကိမ်းဘရစ်ချ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်း ကိမ်းဘရစ်ချ် စစ်ဆေးအကဲဖြတ်ခြင်း |
တည်နေရာ |
|
ဝန်ဆောင်မှုဒေသ | ကမ္ဘာအနှံ့ |
ဝန်ဆောင်မှုများ | ထုတ်ဝေရေး၊ စာမေးပွဲများ၊ ပညာရပ်ဆျုင်ရာ အကဲဖြတ်မှုများ၊ ပညာရေးဆိုင်ရာ သုတေသန |
အမှုဆောင်အရာရှိချုပ် | ပီတာ ဖိလစ် |
မိခင်အဖွဲ့အစည်း | ကိမ်းဘရစ်ချ်တက္ကသိုလ် |
ဝက်ဘ်ဆိုဒ် | cambridge.org |
ကိုးကား
ပြင်ဆင်ရန်- ↑ Inside the secret location that's home to 8 million exam papers။ Cambridge News။ 23 September 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 August 2021 တွင် ပြန်စစ်ပြီး။
- ↑ Who we are။ cambridgeassessment.org.uk။
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |