ယူဂိုစလားဗီးယား နှင့် ဘက်မလိုက်လှုပ်ရှားမှု

ဆိုရှယ်လစ် ဖက်ဒရယ် ပြည်သူ့သမ္မတ ယူဂိုစလားဗီးယားနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှု၏ တည်ထောင်သူအဖွဲ့ဝင် နိုင်ငံတခုဖြစ်သည်။ ၁၉၆၁ စက်တင်ဘာလဆန်းပိုင်းတွင် ဘက်မလိုက်လှုပ်ရှားမှု၏ ပထမဆုံး ထိပ်သီးညီလာခံကို ယူဂိုစလားဗီယားနိုင်ငံ၏ မြို့တော် ဘဲလ်ဂရိတ်မြို့၌ လက်ခံကျင်းပခဲ့သည်။ (၉) ကြိမ်မြောက် ညီလာခံကိုလည်း ၁၉၈၉ ခုနှစ် စက်တင်ဘာလတွင် ယင်းမြို့တော်၌ပင် ကျင်းပခဲ့သည်။

ဘက်မလိုက်လှုပ်ရှားမှု ပထမအကြိမ် ထိပ်သီးညီလာခံ ၊ ဘဲလ်ဂရိတ်မြို့။

ဘက်မလိုက်မှုနှင့် ထိုလှုပ်ရှားမှု၌ တက်ကြွစွာပါဝင်မှုမှာ ယူဂိုဆလဗ်၏ စစ်အေးကာလအတွင်း အုတ်မြစ် နိုင်ငံခြားရေးမူဝါဒနှင့် အတွေးအခေါ် တရပ်ဖြစ်သည်။[] စစ်အေးကာလနိဂုံးချုပ်ခြင်း နှင့် နောက်ဆက်တွဲ တည်ထောင်သူနှင့် ပင်တိုင်အဖွဲ့ဝင် ယူဂိုစလားဗီးယားနိုင်ငံပြိုကွဲခြင်းကြောင့် လှုပ်ရှားမှုဆက်လက်တည်မြဲရေးမှာ မရေမရာဖြစ်ခဲ့သော်လည်း နိုင်ငံရေးအရ လက်တွေ့ကျကျ နာယကပြုခဲ့သည့် အင်ဒိုနီးရှားနိုင်ငံကြောင့်သာ ဆက်လက်တည်မြဲနေခြင်း ဖြစ်သည်။[]

သမိုင်းကြောင်း

ပြင်ဆင်ရန်
 
ကြားနေဖင်လန်နိုင်ငံ သမ္မတ Kekkonen နှင့် တီးတိုး၏ အစည်းအဝေး
 
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ဂျဝါဟလာနေရူးအား ၁၉၅၅ ခုနှစ်၌ ယူဂိုစလားဗီးယားနိုင်ငံ၌ တွေ့ရစဉ်။

၁၉၄၈ တီးတိုး-စတာလင်အကွဲအပြဲ ဖြစ်ပေါ်ပြီးနောက် ယူဂိုစလားဗီးယားနိုင်ငံအနေဖြင့် ကျန်ကမ္ဘာ့အရှေ့ခြမ်းနိုင်ငံများ နှင့် ကင်းကွာနေလျက်ရှိပြီး ၁၉၄၅-၄၈ ကာလများအတွင်း စတာလင်မူများအတိုင်း လိုက်နာနေခဲ့သော နိုင်ငံခြားရေးမူဝါဒကို ပြန်လည်ပုံဖော်ရန်လိုအပ်နေကြောင်း ပေါ်လွင်လာသည်။ မူလအစ၌ နေတိုးအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဂရိဘုရင့်နိုင်ငံ ၊ တူရကီနိုင်ငံများနှင့်အတူ ၁၉၅၃ ဘော်လ်ကန်ပဋိညာဉ်ကိုလက်မှတ်ရေးထိုးပြီး ကမ္ဘာ့အနောက်ခြမ်းဘက်သို့ ရှေ့ရှုခဲ့သည်။ စတာလင် သေဆုံးပြီးနောက် ဟန်ဂေရီနိုင်ငံတွင်း ဆိုဗီယက်ဝင်ရောက်စွက်ဖက်မှု (၁၉၆၈ ချက်ကိုစလိုဗေးကီးယားနိုင်ငံ အဖြစ်နှင့် ခြားနားစွာ) အား နှုတ်အားဖြင့် ထောက်ခံခဲ့သောကြောင့်  ဆိုဗီယက်ပြည်ထောင်စုနှင့်ယူဂိုစလားဗီးယား၏ ဆက်ဆံရေးမှာ တိုးတက်ကောင်းမွန်လာသည်။ မကြာသေးခင်ကမှ ရရှိခဲ့သည့် လွတ်လပ်ရေးကို ထိန်းသိမ်းထားလိုသည့် အတွက်  ဖင်လန်နိုင်ငံကဲ့သို့ ဥရောပကြားနေနိုင်ငံများနှင့် ဆက်ဆံရေးကို ဖော်ဆောင်ခဲ့သည်။ အစိတ်စိတ်အမြွှာမြွှာကွဲနေသော ဥရောပတိုက်တွင်း အထီးကျန်မဆန်လိုသည့်အတွက် ကိုလိုနီပြုခံနိုင်ငံဟောင်းများနှင့် လုပ်ပိုင်ခွင့်ရ နယ်မြေများအကြား မဟာမိတ်အသစ်များကို ယူဂိုစလားဗီးယားက ရှာဖွေခဲ့သည်။ ဘက်မလိုက်လှုပ်ရှားမှု ထူထောင်သူအဖွဲ့ဝင်နိုင်ငံ တနိုင်ငံ ဖြစ်သည့် အီဂျစ်နိုင်ငံကို စူးအက်တူးမြောင်အရေးအခင်း၌ ယူဂိုစလားဗီးယားက ထောက်ခံခဲ့သည်။[] ၁၉၄၉ နှစ်ကုန်ပိုင်းမှ စတင်ကာ ကုလလုံခြုံရေးကောင်စီ၌ ၎င်းတို့ ၂ နိုင်ငံ တပြိုင်တည်း အခွင့်အာဏာရ ရချိန်မှစတင်၍ အခြားတည်ထောင်သူ တဦးဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးကိုလည်း ဖော်ဆောင်ခဲ့သည်။ ၁၉၅၄ ဒီဇင်ဘာလ ၂၂ ရက်နေ့ နယူးဒေလီမြို့ အစည်းအဝေးတွင် အိန္ဒိယ ဝန်ကြီးချုပ် ဂျဝါဟာလာနေရူ နှင့် ယူဂိုစလားဗီးယား သမ္မတ ဟိုဆစ်ပ် ဘရော့ဇ် တီးတိုးတို့က “ဘက်မလိုက်လှုပ်ရှားမှု၏ သက်ဆိုင်ရာနိုင်ငံများက ကျင့်သုံး လိုက်နာသည့် မူဝါဒမှာ ‘ကြားနေခြင်း’ သို့မဟုတ် ‘ကြားနေမှုဝါဒ’ မဟုတ်သည့်အတွက် ရံဖန်ရံခါ စွပ်စွဲကြသကဲ့သို့ အပြုခံသက်သက်ဖြစ်ခြင်းမဟုတ်ကြောင်း ၊ စုပေါင်း ငြိမ်းချမ်းရေးဖြစ်ပေါ်စေရန် ဖော်ဆောင်သည့် အပြုသဘောဆောင်၍ တက်ကြွပြီး အထောက်အကူဖြစ်စေသော မူဝါဒဖြစ်ကြောင်း” ပြဋ္ဌာန်းထားသည့် ပူးတွဲထုတ်ပြန်ချက် တစောင်ကို လက်မှတ်ရေးထိုးခဲ့သည်။[]

အယူဝါဒရေးရာ

ပြင်ဆင်ရန်

လှုပ်ရှားမှု၏ ပင်တိုင်အဖွဲ့ဝင်များ

ပြင်ဆင်ရန်

ယူဂိုစလားဗီးယားနိုင်ငံသည် စစ်အေးကာလအတွင်း အရှေ့ခြမ်းရောအနောက်ခြမ်းနှင့်ပါ အလယ်အလတ်လမ်းစဉ် ရပ်တည်ခဲ့ပြီး လှုပ်ရှားမှု အဖွဲ့ဝင်အချို့၏ ဘက်မလိုက်မှုနှင့် ပတ်သက်၍ တစေ့တစောင်း မေးခွန်းထုတ်ခဲ့သည်။ ဆိုဗီယက်ဆိုရှယ်လစ်ဝါဒနှင့် အာဖရိကနှင့်အာရှ လွတ်မြောက်ရေးရုန်းကန်လှုပ်ရှားမှု၏ ကိုလိုနီများအကြားမှ အကျိုးစီးပွားဆိုင်ရာ သဘာဝလက္ခဏာနှင့်စပ်လျဉ်းသည့် လီနင်ကျမ်း အပေါ်အခြေပြု၍ ကမ္ဘာ့အရှေ့ခြမ်းနှင့် လှုပ်ရှားမှုအား ချိတ်ဆက်ရန်အတွက် ဆိုဗီယက်၏ မဟာမိတ် ကျူးဘား နှင့် ဗီယက်နမ်ယဲမန်တောင်ပိုင်း ၊ အီသီယိုးပီးယား နှင့် အန်ဂိုလာကဲ့သို့ အခြားတိုးတက်သော အဖွဲ့ဝင်များက ကြိုးပမ်းကြမည်ကို ဘဲလ်ဂရိတ်က စိုးရိမ်ခဲ့သည်။ ဥရောပနှင့်အာရှတိုက်တွင် တကြိမ်စီ နှင့် အာဖရိကတိုက် တွင် သုံးကြိမ်ကျင်းပခဲ့ပြီးဖြစ်ရာ ၁၉၇၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် လက်တင်အမေရိကအတွက် ပထမဆုံးအကြိမ် ညီလာခံ ကျင်းပရန် အခါသမယကျရောက်လာသည်။ အစည်းအဝေးအတွက် ပီရူးနိုင်ငံကို ပထမဆုံး လျာထားခဲ့သော်လည်း သမ္မတ Velasco Alvarado ကို ဖြုတ်ချပြီးနောက် ယင်းအကြံကို စွန့်လွှတ်ခဲ့ရတော့သည်။ ဟာဗားနားညီလာခံ နိဂုံးချုပ်ကြေညာချက် မူကြမ်းကို လက်ခံနိုင်စရာမရှိလောက်အောင် တဖက်သတ်ဆန်စွာ ဆိုဗီယက်လိုလားသည်ဟု ထင်မြင်သည့် အတွက် ယူဂိုစလားဗီးယားနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့်အတူ ပြင်ဆင်ချက်များစွာကို အဆိုပြုခဲ့ပြီး အောင်အောင်မြင်မြင်ပြောင်းလဲနိုင်ခဲ့သည်။[] လှုပ်ရှားမှု၏ သဘောထားတင်းမာသော အစုဟု ယူဆခံရသည့် ကျူးဘား ၊ အီရန် နှင့် အီရတ်နိုင်ငံတို့မှာ ပို၍ အလယ်အလတ်လမ်းစဉ်ကျသော နိဂုံးချုပ်စာစောင် ကျင့်သုံးနိုင်ရေး ဖြစ်ပေါ်စေသည့် ၁၉၈၉ ဘဲလ်ဂရိတ်ညီလာခံသို့ မတက်ရောက်ခဲ့ပေ။

ဘက်မလိုက်လှုပ်ရှားမှု၏ ဥရောပနှင့်မြေထဲပင်လယ် အင်္ဂါအစိတ်အပိုင်းများ

ပြင်ဆင်ရန်

ဘဲလ်ဂရိတ်မြို့ရှိ ဘက်မလိုက်လှုပ်ရှားမှု၏ ထိပ်သီးညီလာခံတွင် ကိုယ်စားလှယ် ၂၅ ဦး တက်ရောက်ခဲ့ရာ ဥရောပနှင့် မြေထဲပင်လယ်ဒေသမှ ယူဂိုစလားဗီးယား ၊ ဆိုက်ပရပ်စ်အယ်လ်ဂျီးရီးယားအာရပ်ပြည်ထောင်စုသမ္မတနိုင်ငံလက်ဘနွန်နိုင်ငံမော်ရိုကို နှင့် တူနီးရှားနိုင်ငံတို့ ပါဝင်သည်။

ဟယ်လန်စကီး သဘောတူညီချက်များ၏ ရလဒ်များကို ထိန်းသိမ်းနိုင်ရန် ကြိုးစားသည့်အနေဖြင့် ဥရောပတိုက်တွင်း လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ (CSCE) အတွင်း အခြား ဘက်မလိုက်နှင့် ကြားနေ ဥရောပနိုင်ငံများနှင့် ယူဂိုစလားဗီးယားက ပူးပေါင်းခဲ့သည်။ ၁၉၇၇ ဘဲလ်ဂရိတ်မြို့၌ ဒုတိယအကြိမ် CSCE ထိပ်သီးညီလာခံ ကျင်းပစဉ် ကမ္ဘာ့အရှေ့ခြမ်းနှင့်အနောက်ခြမ်းတို့အကြား စေ့စပ်ဖျန်ဖြေရာတွင် ယူဂိုစလားဗီးယားက ဩစတြီးယား ၊ ဖင်လန်နိုင်ငံတို့နှင့် ဤမူဘောင်အတွင်းမှ  ပူးပေါင်းခဲ့ပြီး လူနည်းစုအခွင့်အရေးများဆိုင်ရာ OSCE ပြဋ္ဌာန်းချက်များ၏ ယခုတိုင် တရားဝင်ပြီး ပဓာနကျသော အစိတ်အပိုင်းဖြစ်သည့် နိုင်ငံ့လူနည်းစုများ အကာအကွယ်ပေးရေး မူကြမ်းများကို အဆိုပြုခဲ့သည်။ ယူဂိုစလားဗီးယား နိုင်ငံခြားရေးဝန်ကြီး Miloš Minić က “ယူဂိုစလားဗီးယားနိုင်ငံမှာ မြေထဲပင်လယ်ဒေသရှိ ဘက်မလိုက်သော ဖွံ့ဖြိုးဆဲ ဥရောပနိုင်ငံ တခုဖြစ်သည်”[] ဟု ပြောကြားခဲ့သည်။ အခြား ဘက်မလိုက်အဖွဲ့ဝင်နိုင်ငံများသို့ သွားရောက်သော နိုင်ငံတကာခရီးစဉ်များတွင် သမ္မတတီးတိုးက မြေထဲပင်လယ်ဒေသမှာ ငြိမ်းချမ်းရေးဇုန်တခုဖြစ်လာရန် လိုအပ်ကြောင်း အသားပေးပြောကြားလေ့ရှိသည်။[]

အောက်ပါတို့ကို ဖတ်ရှုရန်

ပြင်ဆင်ရန်
  • Yugoslavia and the United Nations
  • Yugoslavia and the European Economic Community
  • India and the Non-Aligned Movement
  • Informbiro period
  • Titoism
  • World War II in Yugoslavia
  • Ministry of Foreign Affairs (Yugoslavia)
  • Diplomatic Archive of the Ministry of Foreign Affairs of the Republic of Serbia
  • Breakup of Yugoslavia
  • Institute of International Politics and Economics

အကိုးအကားများ

ပြင်ဆင်ရန်
  1. "Foreign Policy of Yugoslavia" (1983). Pakistan Horizon 36 (1): 28–31. 
  2. Schiavone၊ Giuseppe (2008)။ International Organizations: A dictionary and directory (Seventh ed.)။ Palgrave Macmillan။ p. 250ISBN 978-0-230-57322-2
  3. Trültzsch၊ Arno။ An Almost Forgotten Legacy: Non-Aligned Yugoslavia in the United Nations and in the Making of Contemporary International Law
  4. "The Pre-history of the Non-Aligned Movement: India's First Contacts with the Communist Yugoslavia, 1948–50" (2009). India Quarterly 65 (2): 185–200. doi:10.1177/097492840906500206. 
  5. "Note of the Month" (1979). The World Today 35 (10): 387–390. 
  6. "Yugoslavia without Tito" (1980). The World Today 36 (6): 204–208. 
  7. "Yugoslavia's Foreign Policy Under Tito (1945-1980) - II" (1981). Pakistan Horizon 34 (4): 62–103.