(၁) သင့်–သင့်လျော်-မှန်ကန်-သော-အကြောင်းနည်းလမ်း-အားဖြင့်-(အကြောင်း-နည်းလမ်း-မှန်အားဖြင့်) ဖြစ်သော နှလုံးသွင်းခြင်းရှိသော (ပညာ)။ (ပု)

(၂) (သစ္စာလေးပါးကိုသိခြင်းအား)သင့်သော-သင့်လျော်သော-အသင့်-အလျော်အားဖြင့် နှလုံးသွင်းခြင်း (ဘဝင်စိတ်ကို လည်စေတတ်သော-အာဝဇ္ဇန်း-မနောဒွါရိကဇော-စိတ်)

(၃) သင့်-သင့်လျော်-မှန်ကန်-သော-အကြောင်း-နည်းလမ်း-အားဖြင့်-(အကြောင်း-နည်းလမ်း-မှန်အားဖြင့်)နှလုံးသွင်းခြင်း(အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘ-ဟု -အားဖြင့်-နှလုံးသွင်း-ရှုမှတ်−ခြင်း။)

(၄) သင့်–သင့်လျော်-မှန်ကန်-သော-အကြောင်း-နည်းလမ်း -အားဖြင့်-(အကြောင်း-နည်းလမ်းက မှန်အားဖြင့်)-နှလုံးသွင်းရာ (အခါ,ကာလ) [၁]

(၁) တရားကိုယ် ပြင်ဆင်ရန်

ယောနိသော မနသိကာရ (= သင့်လျော် –လျောက်ပတ်စွာ ... နှလုံးသွင်းခြင်း) ဟူသည် အနုသယကိန်းသော သေက္ခပုထုဇဉ်တို့သန္တာန်၌ ခြောက်ဒွါရအား အာရုံခြောက်ပါး ထင်ခြင်းသို့ ရောက်သည့်အခါ သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အရပ်ဒေသ၌ နေထိုင်ရခြင်း စသည်တို့နှင့် ပြည့်စုံသောကြောင့် ကုသိုလ် တရားတို့၏ အကြောင်းအဖြစ်ဖြင့် ဘဝင်စိတ်ကိုလည်စေ၍ ဖြစ်ပေါ်လာသော အာဝဇ္ဇန်းစိတ် ဖြစ်သည်၊ (သို့သော် အာဝဇ္ဇန်းစိတ် အားလုံးသည် ယောနိသော မနသိကာရ မည်သည့်မဟုတ်ပေ)။ [၂]

(တနည်း) အာဝဇ္ဇန်းစိတ်၏ အကြောင်းဖြစ်၍ ယင်းအာဝဇ္ဇန်း စိတ်၏ ရှေး၌ဖြစ်သော မနောဒွါရိကဇော စိတ်သည် ဖလူပစာအားဖြင့် ယောနိသော မနသိကာရမည်၏။ [၃][၁]

(၂) အမျိုးအစား (အပြား) ပြင်ဆင်ရန်

ယောနိ-သောမနသိကာရသည် — (က) အနိစ္စ ဖြစ်သော ခန္ဓာငါးပါး၌ အနိစ္စဟု နှလုံးသွင်းခြင်း၊ (ခ) ဒုက္ခဖြစ်သော ခန္ဓာငါးပါး၌ ဒုက္ခဟု နှလုံးသွင်းခြင်း၊ (ဂ) အနတ္တဖြစ်သော ခန္ဓာငါးပါး၌ အနတ္တဟု နှလုံးသွင်းခြင်း၊ (ဃ) အသုဘဖြစ်သော ခန္ဓာငါးပါး၌ အသုဘဟု နှလုံးသွင်းခြင်း၊ ဤသို့(၄) မျိုး ရှိသည်။ [၄]

(တနည်း) သခင်(၄) မျိုး၌ သစ္စာလေးပါးကို သိခြင်းအား သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်းကိုထည့်၍ ယောနိသောမနသိကာရ (၅) မျိုးရှိသည်။ [၅][၁]

(၃) ရှင်းလင်းချက် ပြင်ဆင်ရန်

[၆] ဤပါဠိ, အဋ္ဌကထာတို့အရ ယောနိသော မနသိကာရသည် အလုံးစုံသော ကာမာဝစရကုသိုလ်၏ နီးသော အကြောင်း ဖြစ်ကြောင်းထင်ရှားသည်၊ ထို့ကြောင့် ယခင်အဋ္ဌကထာ, ဋီကာတို့၌ ဖော်ပြအပ်သော ယောနိသောမနသိကာရ (၄) မျိုး (၅) မျိုးသည် အထွတ်အထိပ်သို့ ရောက်သော ယောနိသောမနသိကာရ အတွက်သာ ဖြစ်သည်ဟု ယူဆသင့်သည်။[၁]

(၄) လူသားတို့အား ကျေးဇူးများပုံ ပြင်ဆင်ရန်

ယောနိသောမနသိကာရ ဖြစ်သည် ရှိသော် အကျော်အစောမဲ့ခြင်း, စည်းစိမ်ဥစ္စာ မရခြင်း, စည်းစိမ်ဥစ္စာ ဆုတ်ယုတ်ပျက်စီးခြင်း ရာထူးဌာနန္တရ မရရှိခြင်း, ရာထူးဌာနန္တရမှ လျှောကျခြင်း, မင်းပြစ် မင်းဒဏ်သင့်ခြင်း စသော အနိဋ္ဌရုပ် ဒုက္ခဝေဒနာအမျိုးမျိုးကို ဖြစ်စေတတ်သည့် အကုသိုလ်တရားများ ဆုတ်ယုတ်ပျက်စီး၍ ထင်ပေါ်ကျော်စောခြင်း, စည်းစိမ်ဥစ္စာ ရရှိခြင်း, စည်းစိမ်ဥစ္စာ တိုးတက်ပြန့်ပွား–တည်မြဲ–ခြင်း, ရာထူး-ဌာနန္တရ ရရှိခြင်း, မင်းပြစ်မင်းဒဏ် မသင့်ခြင်း စသော စည်းစိမ်ချမ်းသာအမျိုးမျိုးကို ဖြစ်စေတတ်သည့် ကုသိုလ်တရားများ ဖြစ်ထွန်းယောနိသောမနသိကာရ ပေါ်ပေါက်လာရသည်။ ယင်း ယောနိသောမနသိကာရနှင့် ပြည့်စုံသူသည် အရှင်ပုဏ္ဏထေရ်မြတ်ကဲ့သို့ မိမိကို သတ်သူ၌သော်လည်း အပြစ် မမြင် ကျေးဇူးတင်ပေလိမ့်မည်။ ထို့ကြောင့် ယောနိသောမနသိကာရသည် လူသားတို့အား အလွန်ကျေးဇူးများသော တရားဖြစ်ပေသည်။ [၇] [၁]

(၅) ရဟန်းအလုပ် ၆-မျိုးတွင် ပါဝင်ပုံ ပြင်ဆင်ရန်

ယောနိသောမနသိကာရသည်—(က) သင်္ခါရတရားတို့ကို – သုံးသပ်–ရှူ–ဆင်ခြင်-ခြင်း၊ (ခ) သင့်လျော်-လျောက်ပတ်-စွာ နှလုံးသွင်းခြင်း၊ (ဂ) သတိပဋ္ဌာန် တရားတို့ကို -အဖန်ဖန်-အထပ်ထပ်-ရှူခြင်း၊ (ဃ) အာရုံ အထွတ်အမြတ်ကို –ယူ-လက်ဆုပ်လက်ကိုင် ပြုထား–ခြင်း၊ (င) ကိလေသာနှင့် စစ်တိုက်ခြင်း၊ (စ) အရဟတ္တဖိုလ်ဟူသော မိမိအကျိုးအတွက် လုံ့လ ကြိုးကုတ် အားထုတ်ခြင်းဟူသော ရဟန်းတော်တို့ မချွတ်ပြုလုပ်သင့်သော အလုပ် ၆-မျိုးတွင် ပါဝင်သောတရား ဖြစ်သည်။ [၈]

ကြက်သည်ခဲ, တုတ်စသည်တို့ဖြင့် ပစ်ခတ်သော်လည်း မိမိအိမ် (နေရာအရပ်)ကို မစွန့်သကဲ့သို့၊ ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အဝတ်သင်္ကန်းချုပ်ခြင်းစသော အလုပ်ကိစ္စများကို ပြုလုပ်ဆဲပင်ဖြစ်သော်လည်း မိမိအိမ် သဖွယ်ဖြစ်သည့် ယောနိသော မနသိကာရကို မစွန့်သင့်ပေ။ သင့်လျော်-လျောက်ပတ်-စွာ နှလုံးသွင်းလျှက်သာ အလုပ်ကိစ္စကို ပြုလုပ် သင့်ပေသည်။ [၉][၁]

(၆) ယောဂီပုဂ္ဂိုလ်များ မစွန့်သင့်ပုံ ပြင်ဆင်ရန်

စက္ကဝါက် ငှက်သည် အသက်ဆုံးသည် တိုင်အောင် အဖော်ကို မစွန့်သကဲ့သို့ ထို့အတူ ယောဂီပုဂ္ဂိုလ်သည် အဖော်ကောင်းသဖွယ်ဖြစ်သည့် ယောနိသောမနသိကာရကို အသက်ဆုံးသည့် တိုင်အောင် မစွန့်သင့်ပေ။ အဖော်ကောင်း သဖွယ်ဖြစ်သည့် ယောနိသောမနသိကာရနှင့် အမြဲတစေ အတူတကွ နေထိုင်သင့်ပေသည်။ [၁၀][၁]

(၇) ယောဂီပုဂ္ဂိုလ်များ ယောနိသောမနသိကာရဖြင့် သိက္ခာသုံးပါး ရဟန်းတရားကို စောင့်ရှောက်သင့်ပုံ ပြင်ဆင်ရန်

မိုးသည် ဥတုကြောင့် ဖြစ်ပေါ်၍ မြေအပြင်မှာ ပေါက်ရောက် ကြသည့် မြက်သစ်ပင်စသည်တို့ကို စောင့်ရှောက်သကဲ့သို့၊ ထို့အတူ ယောဂီပုဂ္ဂိုလ်သည် (အလုံးစုံသော ကုသိုလ်တရားတို့၏ ယောနိ သောမနသိကာရလျှင် အကြောင်းရင်းရှိသောကြောင့်) ယောနိသောမနသိကာရကို ဖြစ်ထွန်းပေါ်ပေါက်စေ၍ ထိုယောနိသောမနသိကာရဖြင့်-သီလ, သမာဓိ, ပညာ သိက္ခာသုံးပါး ရဟန်းတရားကို စောင့်ရှောက် သင့်ပေသည်။ [၁၁][၁]

(၈) ဗောဇ္ဈင် တရား၏ အကြောင်းဖြစ်ပုံ ပြင်ဆင်ရန်

ယောနိသောမနသိကာရသည် မဖြစ်ထွန်း မပေါ်ပေါက်သေးသည့် ဗောဇ္ဈင်ခုနစ်ပါး တရားတော် ဖြစ်ထွန်း ပေါ်ပေါက်ကြောင်းဖြစ်သည့်ပြင် ဖြစ်ထွန်းပေါ်ပေါက်ပြီး ဗောဇ္ဈင်ခုနစ်ပါး တရားတော်၏ ပွားများမှု ပြည့်စုံကြောင်းလည်း ဖြစ်ပေသည်။ သင့်လျော်-လျောက် ပတ်-စွာ နှလုံးသွင်းသူအား မဖြစ်ထွန်း မပေါ်ပေါက်သေးသည့် ဗောဇ္ဈင် ခုနစ်ပါး တရားတော်ကိုလည်း ဖြစ်ထွန်းပေါ်ပေါက် လာ၍ ဖြစ်ထွန်းပေါ်ပေါက်ပြီး ဗောဇ္ဈင် ခုနစ်ပါး တရားတော်လည်း ပွားများမှုပြည့်စုံ ခြင်းသို့ ရောက်ရတာ့သည်။ [၁၂][၁]

(၉) အရုဏ်ရောင်နှင့် တူပုံ ပြင်ဆင်ရန်

အရုဏ်တက်ခြင်းသည် နေထွက်မည့် ပုဗ္ဗနိမိတ် (ရှေးဦးဖြစ်ပေါ်သည့် အကြောင်း) ဖြစ်သကဲ့သို့၊ ထို့အတူ ယောနိသောမနသိကာရ ဖြစ်ခြင်းသည် ဗောဇ္ဈင်ခုနစ်ပါး တရားတော် ဖြစ်ပေါ်မည့် ပုဗ္ဗနိမိတ် (ရှေးဦးဖြစ်ပေါ်သည့် အကြောင်း) ဖြစ်သည်။ [၁၃][၁]

(၁၀) ပါမောဇ္ဇစသော အကျိုးတရားကိုးပါး ရနိုင်ပုံ ပြင်ဆင်ရန်

ယောနိသောမနသိကာရနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် (ပါမောဇ္ဇ စသော တရား ကိုးမျိုးတို့၏ ယောနိသောမနသိကာရလျှင် အကြောင်းရင်းရှိသည်၏ အဖြစ်ကြာင့်) ပါမောဇ္ဇ = ဝမ်းမြောက်ခြင်း၊ (၂) ပီတိ = နှစ်သက်ခြင်း၊ (၃) ပဿဒ္ဓိ = ငြိမ်းအေးခြင်း၊ (၄) သုခ = ချမ်းသာခြင်း၊ (၅) သမာဓိ တည်ကြည်ခြင်း၊ (၆) ယထာဘူတဉာဏဒဿန-ဟုတ်မှန်စွာ မြင်ခြင်း၊ (၇) နိဗ္ဗိဒါ-ငြီးငွေ့ခြင်း၊ (၈) ဝိရာဂ = အရိယမဂ်၊ (၉) ဝိမုတ္တိ = အရိယဖိုလ်၊ ဤတရားကိုးမျိုးကို ရရှိနိုင်သည်။ [၁၄]စသည်တို့၌ ကြည့်။)[၁]

(၁၁) ဖိုလ်လေးပါးနှင့် ပညာ တစ်ဆယ့်ခြောက်မျိုး ရနိုင်ပုံ ပြင်ဆင်ရန်

ယောနိသောမနသိကာရကို ပွားများစေသော သူသည် သောတာပတ္တိဖိုလ်စသော ဖိုလ်လေးပါးကို ရနိုင်သည့်ပြင် ပညာတစ်ဆယ့်ခြောက်မျိုးကိုလည်း ရရှိနိုင်သည်။ [၁၅] [၁]

(၁၂) ပဋိစ္စသမုပ္ပါဒ် ဝဋ်တရား ကင်းပြတ်ကြောင်းဖြစ်ပုံ ပြင်ဆင်ရန်

ယောနိသော မနသိကာရသည် ပဋိစ္စသမုပ္ပါဒ်ဝဋ်တရား -ကင်းပြတ်-ချုပ်ငြိမ်း—ပျက်စီးရခြင်း၏အကြောင်း ရင်းဖြစ်သည်။ အဘယ်သို့ ဖြစ်သနည်းဟူမူ-ယင်း ယောနိသောမနသိကာရ ပွားများ တိုးတက်လာသည့်အခါ သမ္မာဒိဋ္ဌိအမှူးရှိသော မဂ္ဂင်ရှစ်ပါး ဖြစ်ပေါ်လာရသည်။ ၎င်းမဂ္ဂင် ရှစ်ပါးအနက် သမ္မာဒိဋ္ဌိဟူသည် ဝိဇ္ဇာ = အလင်းဓာတ်ဖြစ်သည်။ ယင်းသမ္မာဒိဋ္ဌိဟူသော ဝိဇ္ဇာ အလင်းဓာတ် ဖြစ်ပေါ်မှုကြောင့် အဝိဇ္ဇာ = (အမှောင်ဓာတ်) ချုပ်-ငြိမ်း-ကွယ်ပျောက်-ပျက်စီး-ရသည်။ အဝိဇ္ဇာ (—အမှောင် ဓာတ်) ချုပ်-ငြိမ်း-ကွယ်ပျောက်-ပျက်စီး-မှုကြောင့် သင်္ခါရ (= ပြုပြင်-စီရင်-ဖန်တီး-ရမှု) ချုပ်-ငြိမ်း-ကွယ်ပျောက်-ပျက်စီး-ရသည်၊ သင်္ခါရအစ ဇာတိအဆုံးရှိသော ပဋိစ္စသမုပ္ပါဒ်ဝဋ်တရားတို့ချုပ်-ငြိမ်း-ကွယ်ပျောက်-ပျက်စီး-မှုကြောင့် ဝိညာဏ် အစ အိုရခြင်း, သေရခြင်း, စိုးရိမ်ရခြင်း, ငိုကြွေးမြည်တမ်းရခြင်း, ကိုယ်ဆင်းရဲရခြင်း, စိတ်ဆင်းရဲရခြင်း, ပြင်းစွာ ပင်ပန်းရခြင်း, အဆုံးရှိသော ပဋိစ္စသမုပ္ပါဒ်ဝဋ်တရားတို့ ချုပ်-ငြိမ်း-ကွယ်ပျောက် = ပျက်စီး-ကြရုလေသည်။ ဤသို့ ယောနိသောမနသိကာရသည် ပဋိစ္စသမုပ္ပါဒ်ဝဋ်တရား – ကင်းပြတ် ချုပ်-ငြိမ်း-ပျက်စီး-ရခြင်း၏ အကြောင်းရင်း ဖြစ်ပေသည်။ ဤကားအကျဉ်းမျှသာ၊ အကျယ်ကို ညွှန်းပြီးကျမ်းများနှင့်တကွ [၁၆] စသည်တို့၌ကြည့်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ တိပိဋကအဘိဓာန် အတွဲ-၁၇
  2. အဘိ၊ဝတာရ၊ဋီ၊သစ်၊၁၊၁၇၅။) မဏိမဉ္ဇူ၊၁၊၃၈၂။
  3. ဒီ၊ဋ္ဌ၊၂၊၂၃၆။ မ၊ဋ္ဌ၊၁၈၆၆။ ဒီ၊ဋီ၊၂၊၂၁၂။ မ၊ဋီ၊၁၊၁၄၉။
  4. ဒီ၊ဋ္ဌ၊၂၊၃၆၈။ မ၊ဋ္ဌ၊၁၊၂၇၆။ အံ၊ဋ္ဌ၊၁၊၃၆။ အဘိ၊ဋ္ဌ၊၂၊၂၅၇။ ဒီ၊ဋီ၊၂၊၃၁၆။ မ၊ဋီ၊၁၊၃၇၃။ အံ၊ဋီ၊၁၊၈၃။ မူလဋီ၊၂၊၁၅၇။
  5. ဒီ၊ဋ္ဌ၊၂၊၂၃၆။ မ၊ဋ္ဌ၊၁၊၆၆။
  6. နာဟံ ဘိက္ခဝေ အညံ ဧကဓမ္မမ္မိ သမနုပဿာမိ၊ ယေန အနုပ္ပန္နာ ဝါ ကုသလာ ဓမ္မာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ ဝါ အကုသလာ ဓမ္မာ ပရိဟာယန္တိ၊ ယထယိဒံ ဘိက္ခဝေ ယောနိသော မနသိကာရော။ အံ၊၁၊၁၂။ (တဒေတံ ကုသလံ) ယောနိသောမနသိကာရ ပဒဋ္ဌာနံ။ အဘိ၊ဋ္ဌ၊၁၊၁၀၅။ အဘိ၊ဝတာရ၊၂။
  7. မ၊၃၊၃၁၂-၃။ အံ၊၁၊၁၂၊ ၅၆၈။
  8. မိလိန္ဒ၊၁၇၇။
  9. မိလိန္ဒ၊၃၅၀။
  10. မိလိန္ဒ၊၃၈၆။
  11. မိလိန္ဒ၊၃၉၆။
  12. အံ၊၁၊၁၃။
  13. သံ၊၃၊၇၁။
  14. ဒီ၊၃၊၂၅၂။ ပဋိသံ၊၈၃။ (ပါမောက္စစသည်၏ တရားကိုယ်ကို-ဝိ၊ဋ္ဌ၊၄၊၂၀၈။ ပဋိသံ၊ဋ္ဌ၊၁၊၂၇၄-၅။ သာရတ္ထ၊၁၊၁၉၃-
  15. သံ၊၃၊၃၅၉-၆၁။ ပဋိသံ၊၃၇၀-၈၁၊
  16. -အံ၊၁၊၄၊ ၃၃၊ ၂၀၁၊ ၅၆၇။ ဣတိဝုတ်၊၂၀၁-၂။ နေတ္တိ၊၁၀၆။ မိလိန္ဒ၊၃၁၊ ၁၀၀၊ ၁၈၄၊ ၃၀၉-၁၀၊ ၃၅၁၊ ၃၆၁၊ ၄၀၁။ ဣတိဝုတ်၊ဋ္ဌ၊၅၇၊ ၆၁။ အနုဋီ၊၁၊၂၈။