ပညာ
ပညာသည် အသိဉာဏ် ပညာဟူသော အနက်သာမညကို ဟောသော်လည်း ထိုပုဒ်၏အရ ဒေသနာဉာဏ်၊ ဝိပဿနာပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာ၊ အရဟတ္တမဂ်ပညာ၊ အရဟတ္တဖိုလ်ပညာ၊ လောကီလောကုတ္တရာပညာ စသည်တို့ကို အရာအားလျော်စွာ ကောက်ယူရသည်။
အထူးထူးအပြားပြားအားဖြင့်-ဝေဘန်-ပိုင်းခြား—စဉ်းစား ဆင်ခြင်-သိမြင်တတ်သော သဘောတရား၊ အသိ၊ အလိမ္မာ၊ ဉာဏ်၊ ပညာ၊ ပညိန္ဒြေ စေတသိက်။ [၁]
လက္ခဏာ, ရသ စသည်
ပြင်ဆင်ရန်ပညာသည် အကောင်းအဆိုး အကြောင်းအကျိုးအမျိုးမျိုးသော သဘောတရားတို့ကို အထူးထူး အပြားပြားအားဖြင့် ထိုးထွင်း သိမြင်ခြင်း လက္ခဏာရှိသည်။
ဆီးမီးကဲ့သို့ အာရုံ၏ သဘောမှန်ကို ထွန်းပြခြင်းကိစ္စရှိသည်။
မတွေမဝေ သိတတ်သော တရားအဖြစ်ဖြင့် ရှေးရှုထင်လာမှုအခြင်းအရာ အာကာရပစ္စုပဋ္ဌာန်ရှိသည်၊
သမာဓိဟူသော နီးသော အကြောင်း ပဒဋ္ဌာန်ရှိသည်[၂]။ ဝိညာဉ်သည် အာရုံကို ရအောင်ယူ၍ သညာသည် အမှတ်ပြုသည်၊ ပညာကား ထိုအာရုံ၏ သဘောမှန်ကို သိသည်။ ယင်းတို့၏ထူးခြားပုံ အကျယ်ကို ဤအဘိဓာန် အတွဲ-၈ ဉာဏပုဒ်နှင့် ဆိုင်ရာကျမ်းတို့၌ ကြည့်။ [၁]
ပညာအမျိုးမျိုး
ပြင်ဆင်ရန်ယင်းပညာသည် အသေးစားဖြစ်သော လူမှုကိစ္စမှစ၍ သစ္စာ ၄-ပါး တရားတိုင်အောင် မိမိအစွမ်းသတ္တိအားလျော်စွာ အမျိုးမျိုး သိစွမ်းနိုင်သည်။ အဋ္ဌကထာ([၃]တို့၌ ပညာ၏ ဗျုပ္ပတ်ကို ဖွင့်ပြရာဝယ် သစ္စာ ၄-ပါးတို့ကို အပြားအားဖြင့် သိတတ်သောကြောင့် ပညာမည်၏ဟု မိန့်ဆိုခြင်းကား မဟာဝေဒလ္လသုတ် [၄]စသည်နှင့်အညီ ဥက္ကဋ္ဌနည်းအားဖြင့် ဆိုခြင်းသာဖြစ်သည်။ ထို့ကြောင့် ဝိဘင်းပါဠိတော်[၅]၌ အသက်မွေးကြောင်းဖြစ်သည့် လယ်လုပ်မှု ကုန်သွယ်မှု စသော ကမ္မာယတန၊ ယက်ကန်းအတတ် အိုးထိန်းသည်အတတ် စသော သိပ္ပါယတန၊ မြွေဆိပ်ချမန္တန်စသော ဝိဇ္ဇာဌာနတို့၌ တတ်သိနားလည်မှုကိုလည်း ပညာ ဟု ဟောတော်မူသည်။ [၁]
ပညာအစစ်နှင့်အတု
ပြင်ဆင်ရန်လောကရေးရာ လိမ္မာပါးနပ်မှုနှင့် စပ်၍ ပညာအစစ်, ပညာအတုဟု ခွဲထားပြုခဲ့ကြသည်။ အဋ္ဌကနိပါတ် သုလသာဇာတ် [၆]၌ ပစ္စုပ္ပန်ဝတ္ထုနှင့် အတိတ်ဝတ္ထုတို့ဝယ် လက်ဝတ်တန်ဆာများကို ယူလို၍ လူကို သတ်ရန် အကောက်ကြံသော ခိုးသူလင်ယောက်ျားကို ဥပါယ်တံမျဉ်ဖြင့် ပြန်လည် လှည့်ပတ်ကာ သတ်ဖြတ် အနိုင်ယူလိုက်သော ကျွန်မနှင့် ပြည့်တန်ဆာမတို့အား ဘုရားရှင်နှင့် အလောင်းတော် နတ်သားတို့က စူးစမ်းဆင်ခြင်တတ်သောပညာ ရှိသည် ဟု ချီးကျူးကြသည်။ ထို့အတူပင် ကုဏ္ဍလကေသီထေရီဝတ္ထု [၇]၌ ထေရီလောင်းလျာ ဘဒ္ဒါမယ်အား တောင်စောင့်နတ်က ချီးကျူးလေသည်။
ဤဝတ္ထုတို့၌ လာသော လိမ္မာပါးနပ်မှုကို ပညာအစစ်ဟူ၍လည်းကောင်း၊ ပညာ အစစ်မဟုတ်၊ အတုသာဖြစ်သည်ဟူ၍လည်းကောင်း ကျမ်းပြုပုဂ္ဂိုလ်တို့ အမျိုးမျိုးမိန့်ဆို ကြသည်[၈]။ ဤနှင့်စပ်၍ အဘိဓမ္မာဝိနိစ္ဆယကျမ်း [၉]၌ အပိုင်း ၄-ပိုင်း ခွဲကာ ဤသို့ ဆုံးဖြတ်သည်။
(၁) မိမိအသက်ဘေးမှ လွတ်မြောက်အောင် ကြံစည်ခိုက် ကျွန်မနှင့် ကုဏ္ဍလကေသီတို့ သန္တာန်၌ ဉာဏသမ္ပယုတ်ဝီထိဖြစ်၌ ပညာအစစ်ဖြစ်သည်။ ဤကိုရည်၍ ဘုရားရှင်နှင့် တောင်စောင့်နတ်တို့က ပညာရှိပါပေသည် ဟု ချီးကျူးကြခြင်းဖြစ်သည်။
(၂) ခိုးသူယောက်ျားကို မသတ်မီ လှည့်ပတ် ဖျားယောင်းနေခိုက် ပညာနှင့် အလားတူသည့် မိစ္ဆာဉာဏ်ခေါ် မောဟသာဖြစ်သည်။
(၃) ခိုးသူယောက်ျားကို သတ်ဖြတ် အဆုံးစီရင်လိုက်သောအခါ ဝဓကစေတနာပြဓာန်းသော [၁၀] ဖြစ်သည်။
(၄) လက်ဝတ်တန်းများကို ရယူလို၍ ခိုးသူယောက်ျား၏ လှည့်ပတ်ဖျားယောင်းမူသည် ပညာနှင့်အလားတူသော မာယာခေါ် လောဘသာဖြစ်သည်။ ဤသို့ ဆုံးဖြက်တော်မူသည်။ အကျယ်ကို ထိုကျမ်းတို့၌ ကြည့်။
ဤအဆုံးအဖြတ်သည် စိတ်တို့၏ အလွန်လျင်မြန်စွာ ဖြစ်ပျက် ပြောင်းလဲတတ်သာ နိယာမ သဘောတရားနှင့် ကိုက်ညီသဖြင့် ယုတ္တိရှိလှပေသည်။ ထို့ကြောင့် ယခုကာလ အလွန်ဆန်းကြယ်သော သိပ္ပံပညာနှင့် နက်နဲလှသော ဝိဇ္ဇာပညာရပ်များကို ကြံစည်တီထွင် စီရင်ပြုလုပ်ကြသော သူတို့သန္တာန်၌ (တိုက်ခိုက် ဖျက်ဆီးလိုစိတ် မရှိပါလျင်) ပညာစစ် ပညာမှန် ဧကန် ဖြစ်ပေလိမ့်မည်။ [၁]
ပညာ၏ဂုဏ်ကျေးဇူး
ပြင်ဆင်ရန်ကျမ်းဂန်တို့၌ ပညာ၏ ဂုဏ်ကျေးဇူးကို အမျိုးမျိုး ချီးကျူးမိန့်ဆိုကြသည်။ သတ္တဝါတို့တွင် ဘုရားရှင်သည် အမြတ်ဆုံး ဖြစ်သကဲ့သို့ ရုပ်နာမ်သင်္ခါရတို့တွင် ပညာသည် အမြတ်ဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပညာပြီးမြောက်လျှင် အပြစ်မရှိသော တရားအားလုံး ပြီးမြောက်သောကြောင့်တည်း[၁၁]။
အမြိုက်နိဗ္ဗာန်သို့ ရောက်စေတတ်သောတရားတို့တွင် ပညာသည် အမြတ်ဆုံးဖြစ်၍ ကြွင်းတရားတို့သည် ပညာ၏အခြံအရံများဖြစ်သည်[၁၂]။
အသက်ရှင်နေသူ သတ္တဝါအပေါင်းတွင် ပညာဖြင့် အသက်ရှင်သူသည် အမြတ်ဆုံးဖြစ်သည်[၁၃]။
ပညာရှိသော သူသည် ဥစ္စာပစ္စည်း ကုန်ခန်းသွားသော်လည်း အပြစ်ကင်းသော အသက်မွေးမှုဖြင့် ကြာမြင့်စွာ အသက်မွေးနိုင်သည်၊ ပညာမရှိသော သူကား ဥစ္စာပစ္စည်း ရှိငြားသော်လည်း ပညာမရသဖြင့် အသက် မမွေးနိုင် [၁၄]၊
အမျိုးမြတ်သော မင်းသားပင်ဖြစ်သော်လည်း မင်း အဖြစ်ကို ရပြီးနောက် ပညာမရှိလျှင် မင်းစည်းစိမ်ဖြင့် ကြာမြင့်စွာ အသက်မရှည်နိုင်[၁၅]။
ပညာကို ရခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်သည် [၁၆]။
ပညာရှိသောသူသည် မျက်စိအမြင်နှင့် ပြည့်စုံသူမည်၏။ ပညာမျက်စိမရှိသူကား အကန်း သာတည်း[၁၇]။
များစွာသော လူအပေါင်းသည် ပညာမျက်စိ မရှိသောကြောင့် အကန်းသာတည်း၊ ထိုလူအပေါင်းတွင် အနည်းငယ်သော လူသည်သာ ပညာမျက်စိရှိပေသည်[၁၈]။ ဤမှတပါးသော ပညာ၏ ဂုဏ်ကျေးဇူးတို့ကို ဉာဏပုဒ်၌ ကြည့်။ [၁]
ပညာနှင့် သီလ
ပြင်ဆင်ရန်လက်တဖက်ဖြင့် လက်တဖက်ကိုလည်းကောင်း ခြေတဖက်ဖြင့် ခြေတဖက်ကိုလည်းကောင်း ဆေးကြောရာသကဲ့သို့ သီလဖြင့် ပညာကို ဆေးကြော၍ ပညာဖြင့် သီလကို ဆေးကြောရသည်။ သီလရှိသူအား ပညာရှိ၍ ပညာရှိသူအား သီလရှိသည်။ သီလနှင့် ပညာကို လောက၌ အမြတ်ဆုံးဟု ဆိုရသည် (ဒီ၊၁၊၁၁၆-၇)[၁]
ပညာနှင့်သမာဓိ
ပြင်ဆင်ရန်ပညာမရှိသောသူအား ဈာန်သမာဓိ မရှိ၊ ဈာန်သမာဓိ မရှိသော သူအားလည်း ပညာ မရှိ၊ ပညာနှင့် သမာဓိ ၂-ပါးရှိသူသည် နိဗ္ဗာန်နှင့် ဧကန်နီးတော့သည်[၁၉] [၁]
ပညာနှင့်သဒ္ဓါ
ပြင်ဆင်ရန်သဒ္ဓါ ပညာဟူသော ဣန္ဒြေ ၂-ပါးတို့ အယုတ်အလွန်မရှိဘဲ ညီမျှမှ ပညာရှိတို့ ချီးမွမ်းကြသည်။ သဒ္ဓါလွန်လျှင် ကွန့်၍ ပညာလွန်လျှင် ဆွန့်တတ်သည် [၂၀]
လောကီဂုဏ်တို့တွင် သဒ္ဓါသည် အကြီးအမှူးဖြစ်၍ လောကုတ္တရာဂုဏ်တို့တွင် ပညာသည် အကြီးအမှူးဖြစ်သည်[၂၁]။ [၁]
ပညာနှင့်ဝိတက်
ပြင်ဆင်ရန်ပညာသည် မိမိသဘောအားဖြင့် အာရုံကို အနိစ္စ, ဒုက္ခ, အနတ္တ ဟု ဆုံးဖြတ်ခြင်းငှါ မစွမ်းနိုင်၊ ဝိတက်က ထိုအာရုံကို ခေါက်၍ ခေါက်၍ ပေးမှ ဆုံးဖြတ်ခြင်းငှါ စွမ်းနိုင်သည်[၂၂]။
ပညာနှင့်စိတ်
ပြင်ဆင်ရန်ဘုရားရှင်ဒေသနာတော်၌ လောကီတရားကို ဟောရာတွင် စိတ်ကို အကြီးအမှူး အဦးထား၍ လောကုတ္တရာတရားကို ဟောရာတွင် ပညာကို အကြီးအမှူး အဦးထားသည်[၂၃]။ [၁]
ပညာနှင့်ဥစ္စာ
ပြင်ဆင်ရန်ဥစ္စာဖြင့် အသက်ရှည်မှုကို မရနိုင်၊ အိုခြင်းတရားကို မလွန်မြောက်နိုင်၊ ဥစ္စာရှိသူ ဥစ္စာမဲ့သူ ပညာရှိသူ ပညာမဲ့သူအားလုံး သေကြေ ပျက်စီးရသည်သာ ဖြစ်သည်။ ပညာမဲ့သူ လူမိုက်သည် နှလုံးမသာယာမှုဖြင့် တုန်လှုပ် တွေဝေသည်။ ပညာရှိသူကား မတုန်လှုပ် မတွေဝေ၊ ထို့ကြောင့် လောက၌ ပညာသည် ဥစ္စာထက် မြတ်သည်[၂၄]။ [၁]
ပညာပါဝင်သော တရားစု
ပြင်ဆင်ရန်ပညာသည် သာသနာတော်၌ ပဓာနအကျဆုံးတရားဖြစ်၍ အမျိုးမျိုးသော တရားတို့နှင့် တွဲဖက်ကာ အသီးသီးသော တရားအစု၌ ပါဝင်သည်။ ဓမ္မသင်္ဂဏီပါဠိတော် မဟာကုသိုလ်ပဌမစိတ်၏ ဓမ္မုဒ္ဒေသ(နှာ-၁၇)၌ တရားအမျိုးအမည်ပေါင်း ၅၆-ပါး ဟောကြားတော်မူသည်။ ယင်းတို့တွင် ပညာသည် ဣန္ဒြိယရာသိ၌ ပညိန္ဒြေ၊ မဂ္ဂပဉ္စကရာသီ၌ သမ္မာဒိဋ္ဌိ၊ ဗလရာသိ၌ ပညာဗလ၊ ဟေတုတိက်(မူလရာသိ)၌ အမောဟ၊ ကမ္မပထရာသိ၌ သမ္မာဒိဋ္ဌိ၊ ဥပကာရဒုက်၌ သမ္မဇည၊ ယုဂနဒ္ဓဒုက်၌ ဝိပဿနာဟု အမည်နာမ ၇-မျိုးဖြင့် တရားစု ၇-ပါး၌ ပါဝင်သည်[၂၅]။
ဗောဓိက္ခိယတရား ၃၇-ပါးသည် တရားစု ရာသိအားဖြင့် ၇-ပါး ရှိသည်[၂၆]။
ယင်းတို့တွင် ပညာသည် ဣဒ္ဓိပါဒ် ၄-ပါး [၂၇]၌ ဝီမံသိဒ္ဓိပါဒ်၊
ဣန္ဒြေ ၅-ပါး [၂၈]၌ ပညိန္ဒြေ၊
ဗိုလ် ၅-ပါး [၂၉]၌ ပညာဗိုလ်၊
ဗောဇ္ဈင် ၇-ပါး [၃၀]၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊
မဂ္ဂင် ၈-ပါး [၃၁]၌ သမ္မာဒိဋ္ဌိဟု တရားစု ၅-မျိုး၌ ပါဝင်သည်။
ပညာသည် သီလ, သမာဓိ, ပညာဟူသော သိက္ခာ ၃-ပါး[၃၂]၌ လည်းကောင်း၊
ဝီရိယ, သူရဘာဝ, ပညာဟူသော ရန်အောင်ကြောင်းတရား ၃-ပါး (ဇာ၊၁၊၁၄)၌ လည်းကောင်း၊
ဝီရိယ, စိတ္တ, ဝီမံသာဟူသော အဓိပတိ ၄-ပါး[၃၃]၌လည်းကောင်း၊
သစ္စာ, ပညာ, ဝီရိယ, စာဂဟူသော ရန်အောင်ကြောင်းတရား ၄-ပါး [၃၄] နှင့်
တမလွန်၌ မစိုးရိမ်ကြောင်းတရား ၄-ပါး [၃၅]၌ လည်းကောင်း၊
ဒါန, သီလ, သမာဓိ, ပညာဟူသော အနုဂါမိကနိဓိ ၄-ပါး [၃၆]၌လည်းကောင်း၊
သီလ, သမာဓိ, ပညာဝိမုတ္တိဟူသော သံသရာပြတ်ကြောင်း တရား ၄-ပါး [၃၇]၌လည်းကောင်း၊
သာသနာမှ မလျောကျကြောင်းတရား ၄-ပါး [၃၈]၌လည်းကောင်း၊
ပညာ, သစ္စာ, စာဂ, သန္တိ(ဥပသမ)ဟူသော ဆောက်တည်ရာတရား ၄-ပါး (ဒီ၊၃၊၁၉၁။ မ၊၃၊၂၀၂-၃)၌လည်းကောင်း၊
သီလ, သောစေယျ, ထာမ, ပညာဟူသော ကြာမြင့်မှ သိနိုင်သောတရား ၄-ပါး [၃၉]၌ လည်းကောင်း၊
ဗာဟု, ဘောဂ, အမစ္စ, အဘိဇာတိ, ပညာဟူသော ဗလ ၅-မျိုး [၄၀]၌လည်းကောင်း၊
သဒ္ဒါ, သီလ, သုတ, စာဂ, ပညာဟူသော ဂတိမြဲကြောင်းတရား ၅-ပါး (မ၊၃၊၁၄ဝ။ မ၊ဋ္ဌ၊၁၀၄)၌လည်းကောင်း၊
သဒ္ဓါ, ဟိရီ, ဩတ္တပ္ပ, သုတ, ဝီရိယ, သတိ, ပညာဟူသော သူတော်ကောင်းတရား ၇-ပါး [၄၁]၌ လည်းကောင်း၊
သဒ္ဓါ, သီလ, ဟိရီ, ဩတ္တပ္ပ, သုတ, စာဂ, ပညာဟူသော သူတော်ကောင်းဥစ္စာ ၇-ပါး [၄၂]၌လည်းကောင်း ပါဝင်သည်။ [၁]
ပညာပါရမီ
ပြင်ဆင်ရန်ဘုရားအဖြစ်ကို ပြုပေးနိုင်သည့် ပါရမီတို့သည် သရုပ်အားဖြင့် ၁၀-ပါးရှိသည်[၄၃]။ ယင်းတို့တွင် အခြားပါရမီတို့အား ကျေးဇူးမပြုတတ်သော တရားတို့ကို ပယ်၍ ကျေးဇူးပြုတတ်သောတရားတို့၌ အကြောင်းဥပါယ်ကို တတ်သိလိမ္မာသော အလွန်ခေါင်းပါးစွာ အသက်မွေးမှုကို ပြီးစေတတ်သော အသိဉာဏ်ကို ပညာပါရမီခေါ်သည်[၄၄]။ ဘုရားလောင်း သုမေဓာသည် နိယတဗျာဒိတ်ခံယူပြီးနောက် ပါရမီတို့ကို ဆင်ခြင်တော်မူရာ လေးကြိမ်မြောက်တွင် ပညာပါရမီကို တွေ့မြင်တော်မူသည်၊ ထိုအခါ ဤသို့ ဆုံးမဆောက်တည်တော်မူသည်၊ “အမောင် သုမေဓာ-အသင်သည် ယနေ့မှစ၍ ပညာပါရမီကို ဖြည့်ကျင့်ပါလော့၊ ဆွမ်းခံလှည့်လည်သော ရဟန်းသည် အယုတ် အလတ် အမြတ်မရွေးဘဲ အိမ်စဉ် မပြတ် ဆွမ်းရပ်သည်ရှိသေ၌ မျှတလောက်သော ဆွမ်းကို ရသကဲ့သို့ သင်သည်လည်း အလုံးစုံသော ပညာရှိတို့ကို ချဉ်းကပ်၍ ပြဿနာအရပ်ရပ်ကို မေးမြန်းပါလော့၊ ယင်းသို့ ပြုသည်ရှိသော် ပညာပါမီ အထွတ်အထိပ်သို့ ရောက်ကာ ဘုရားစင်စစ် ဖြစ်ပေလိမ့်မည်” [၄၅] ပညာပါရမီ၏ အခြားသော ဆင်ခြင်ဖွယ် ဂုဏ်ကျေးဇူးတို့ကို-[၄၆]တို့၌ကြည့်။ [၁]
ပညာဓိကဘုရားလောင်း
ပြင်ဆင်ရန်ဘုရားလောင်းတို့၏ ပါရမီဖြည့်ရာ ကာလသည် (က) ၄-သင်္ချေနှင့် ကမ္ဘာတသိန်း (ခ) ၈-သင်္ချေနှင့် ကမ္ဘာတသိန်း၊ (ဂ) ၁၆ သင်္ချေနှင့် ကမ္ဘာတသိန်းဟု ၃-မျိုးကွဲပြားသည်၊ ယင်းသိုကွဲပြားခြင်းကား ပညာပါရမီ၏ အစွမ်းအာနုဘော် ထက် မထက်ကြောင့် ဖြစ်သည်။ ပညာဓိက ဘုရားလောင်းတို့သည် ပညာပါရမီထက်မြက်သောကြောင့် ၄-သင်္ချေ နှင့် ကမ္ဘာတသိန်းသာ ပါရမီဖြည့်ကျင့်ကြရသည်၊ သဒ္ဓါဓိကဘုရားလောင်းတို့သည် ပညာပါရမီ အလယ်အလတ်ရှိသောကြောင့် ၈-သင်္ချေနှင့်ကမ္ဘာတသိန်း ဖြည့်ကျင့်ကြရသည်။ ဝီရိယာဓိက ဘုရားလောင်းတို့သည် ပညာပါရမီနံ့သောကြောင့် ၁၆-သင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ကျင့်တော်မူကြရသည်[၄၇]။ [၁]
ပညာ ၈-မျိုး
ပြင်ဆင်ရန်မဟာပညာ, ပုထုပညာ, ဂမ္ဘီရပညာ, ဘူရိပညာ, ဟာသပညာ, ဇဝနပညာ, တိက္ခပညာ, နိဗ္ဗေဓိကပညာတို့၏ အကျယ်မှတ်ဖွယ်ကို [၄၈]တို့၌ ကြည့်။ [၁]
ပညာရခြင်းအကြောင်း
ပြင်ဆင်ရန်ပညာရခြင်း ပညာတိုးပွားခြင်းအကြောင်းတို့ကို အမျိုးမျိုး မိန့်ဆိုကြသည်။ နေက္ခမ္မ သင်္ကပ္ပ အဗျာပါဒသင်္ကပ္ပ အဝိဟိံသာသင်္ကပ္ပ ဟု ၃-ပါး[၄၉]။
၁။ ကောင်းသော တရားတို့၌ မမှိတ် မသုန် ယုံကြည်ခြင်း သဒ္ဓါ၊
၂။ ပညာရှိတို့ထံ ဆည်းကပ်နာကြားခြင်း သုဿုသာ
၃။ မမေ့မလျော့ခြင်း အပ္ပမာဒ၊
၄။ စူးစမ်း ဆင်ခြင်ခြင်း ဝိစက္ခဏာဟု ၄-ပါး[၅၀]။
၁။ သူတော်ကောင်းကို မှီဝဲခြင်း,
၂။ သူတော်ကောင်း တရားကို နာခြင်း,
၃။ အသင့်အတင့် နှလုံးသွင်းခြင်း,
၄။ လောကုတ္တရာ တရားအားလျော်စွာကျင့်ခြင်း ဟု ၄-ပါး[၅၁]။
၁။ အလေး ပြုအပ်သော ဆရာသမားတို့ အပေါ်၌ ရှက်ကြောက် ရိုသေမြတ်နိုးမှု အားကြီးခြင်း,
၂။ အခါအခွင့်သင့်တိုင်း ဆရာသမားတို့ထံ ချဉ်းကပ် မေးမြန်းခြင်း,
၃။ ကိုယ်စိတ် ၂-ပါး ဆိတ်ငြိမ်စွာနေခြင်း,
၄။ ကိုယ်ကျင့်သီလနှင့် ပြည့်စုံခြင်း,
၅။ အစ, အလယ်, အဆုံး ကောင်းခြင်း ၃-ပါးရှိသော တရား(ကျမ်းဂန်)ကို သင်မှတ်သားခြင်း,
၆။ အကုသိုလ်ကို ပယ်၍ ကုသိုလ် တရား ပွားများရန် ကြိုးပမ်းအားထုတ်ခြင်း,
၇။ အကျိုးမရှိသော စကားကို မပြောဆိုဘဲ အကျိုးရှိသောစကားကို ပြောဆိုခြင်း,
၈။ ခန္ဓာ စသော တရားတို့၌ အဖြစ်အပျက်ကို အဖန်ဖန် ရှုမှတ်ခြင်းဟု ၈-ပါး။ [၅၂]။ ကြွင်း ပညာရကြောင်း တရားတို့ကို ဉာဏ-ပုဒ်, ပညာပဋိလာဘကာရဏ-ပုဒ်တို့၌ ကြည့်။
ပညာဆုတ်ယုတ်ကြောင်း
ပြင်ဆင်ရန်ပညာဆုတ်ယုတ်ကြောင်းကိုလည်း အမျိုးမျိုး မိန့်ဆိုကြသည်။ ကာမဝိတက် ဗျာပါဒ ဝိတက် ဝိဟိံသာဝိတက်တို့သည် ပညာမျက်စိ ကန်းအောင် ပြုတတ်ကြသည်[၅၃]။
ကာမစ္ဆန္နီ ဗျာပါဒ ထိနမိဒ္ဓ ဥစ္စဒ္ဓ ကုက္ကူ ဝိစိကိစ္ဆာ ဟူသော တရား ၅-ပါးတို့သည် ပညာအားနည်းအောင် ပြုတတ်ကြသည်[၅၄]။
ပညာပါရမီကို အကြောင်းပြု၍ ဟောသောဇာတ်များ
ပြင်ဆင်ရန်ပညာနှင့် ပညာ၏ ဝေဝုစ်တို့ကို အမည်တပ်၍ဟောသောသုတ်များ
ပြင်ဆင်ရန်ပညာ၏ လောကူပမာ
ပြင်ဆင်ရန်ပညာကို လောကဥပမာဖြင့် နှိုင်းယှဉ်၍ အမျိုးမျိုး မိန့်ဆိုတော်မူကြသည်။
ပညာမြေကြီး-[၇၆]
ပညာထမ်းပိုး၊ ပညာထွန်ထုံး-[၇၇]
ပညာနှင်တံ-[၇၈]
ပညာပြာသာဒ်-[၇၉]
ပညာမှန်ကင်း-[၈၀]
ပညာတံခါးမုခ်၊ ပညာလမ်းဆုံ-[၈၁]
ပညာဥစ္စာ-[၈၂]
ပညာရတနာ-[၈၃]
ပညာကွန်ယက်-[၈၄]
ပညာလက်နက်−[၈၅]
ပညာဝရဇိန်-[၈၆]
ပညာသန်လျက်-[၈၇]
ပညာလှံမ– [၈၈]
ပညာ(သင်တုန်း)ဓား-[၈၉]
ပညာဦးခေါင်း-[၉၀]
ပညာမျက်စိ-[၉၁]
ပညာနား-[၉၂]
ပညာနှလုံးသား-[၉၃]
ပညာနှုတ်သီး-[၉၄]
ပညာဆင်စွယ် [၉၅]
ပညာကိုယ်ဝန်-[၉၆]
ပညာမီးလျှံ-[၉၇]
ပညာအလင်း၊ ပညာအရောင်၊ ပညာတန်ဆောင်-[၉၈]
ပညာသော့-[၉၉]
ဆက်လက်ဖတ်ရှုရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ၁.၁၃ ၁.၁၄ ၁.၁၅ တိပိဋကအဘိဓာန် အတွဲ-၁၃
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၆၅-၆။ ဝိသုဒ္ဓိ၊၂၊၆၈။ ဣတိဝုတ်၊ဋ္ဌ၊၁၉၇)
- ↑ အဘိ၊ဋ္ဌ၊၁၊၁၆၅ ဣတိဝုတ်၊ဋ္ဌ၊၁၉၇)
- ↑ (မ၊၁၊၃၆၆)
- ↑ (အဘိ၊ဝိ၊၃၃၇)
- ↑ (ဇာ၊၁၊၁၇၇။ ဇာ၊ဋ္ဌ၊၃၊၄၁၃-၄၁၇)
- ↑ (အပ၊၂၊၂၄၂။ ထေရီ၊ဋ္ဌ၊၁၁၄။ ဓမ္မ၊ဋ္ဌ၊၁၊၄၁)
- ↑ (မဟာဗုဒ္ဓပင်၊ ပ-တွဲ၊ ပ-ပိုင်း၊ အနုဒီပနီ၊ ဗု-ချပ်။ သင်္ဂြိုဟ်ဘာသာဋီကာ၊ နှာ ၁၅၆)
- ↑ (နှာ-၂၅၂-၂၅၇)
- ↑ ဒေါသမူစိတ္တုပ္ပါဒ်
- ↑ (ဣတိဝုတ်၊၂၁၉။ ဣတိဝုတ်၊ဋ္ဌ၊၁၄၉)
- ↑ (ဇာ၊၂၊၁၀။ ဇာ၊ဋ္ဌ၊၃၊၃၂၇။ ဇာ၊ဋ္ဌ၊၅၊၁၅၇-၈)
- ↑ (သံ၊၁၊၂၁၆။ သုတ္တနိ၊၃၀၆)
- ↑ (ထေရ၊၂၉၅၊ ၃၀၂)
- ↑ (ဇာ၊၂၊၄)
- ↑ (ဓမ္မ၊၆၁)
- ↑ (ဓမ္မ၊ဋ္ဌ၊၁၊၂၀၀။ ဓမ္မဋ္ဌ၊၂၊၁၁၄)
- ↑ (ဓမ္မ၊၃၉)
- ↑ (ဓမ္မ၊၆၆)
- ↑ (ဒီ၊ဋ္ဌ၊၂၊၃၇၇။ မ၊ဋ္ဌ၊၁၊၂၉၅။ သံ၊ဋ္ဌ၊၃၊၁၉၄။ အံ၊ဋ္ဌ၊၁၊၃၉၁။ အဘိ၊ဋ္ဌ၊၂၊၂၆၄)၊
- ↑ (သာရတ္တ၊၁၊ ၄၁၂။ ဒီ၊ဋီ၊၁၊၂၇၄။ သီ၊ဋီ၊သစ်၊၂၊၁၆၇။ မ၊ဋီ၊၁၊၂၃၁။ အံ၊ဋီ၊၂၊၁၅)
- ↑ (ဝိသုဒ္ဓိ၊၂၊၁၄၆)
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၁၀)
- ↑ (မ၊၂၊၂၆၁)
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၇၉။ အဘိ၊ ဝဘာရ၊ဋီ၊၁၊၂၇၇)
- ↑ (ဝိသုဒ္ဓိ၊၂၊၃၁၈။ သင်္ဂဟ၊၁၂၃-၄)
- ↑ (အဘိ၊ဝိ၊၂၂၅-၈)
- ↑ (သံ၊၃၊၁၇၀။ ပဋိသံ၊၁၉၀)
- ↑ (အဘိ၊ဓ၊၁၇)
- ↑ (အဘိ၊ဝိ၊၂၄၆)
- ↑ (အဘိ၊ဝိ၊၂၄၄)
- ↑ (အံ၊၁၊၂၃၃-၂၃၆)
- ↑ (ပဋ္ဌာန၊၁၊၂)
- ↑ (ဇာ၊၁၊၁၄၊၆၁)
- ↑ (သံ၊၁၊၂၁၇။ သုတ္တနိ၊၃၀၇)
- ↑ (ခုဒ္ဒက၊၉)
- ↑ (ဒီ၊၂၊၁၈၂)
- ↑ (အံ၊၁၊၃၀၈)
- ↑ (သံ၊၁၊၇၈–၉။ ဥဒါန၊၁၅၆-၇)
- ↑ (ဇာ၊၂၊၃)
- ↑ (ဒီ၊၃၊၂၁၈)
- ↑ (ဒီ၊၃၊၂၀၈။ အံ၊၂၊၃၉၈-၉)
- ↑ (ဗုဒ္ဓဝံ၊၃၀၆။ စရိယာ၊ဋ္ဌ၊၂၇၀)
- ↑ (စရိယာ၊ဋ္ဌ၊၂၇)
- ↑ (ဗုဒ္ဓဝံ၊၃၁၆-၇၊ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၃၂)။
- ↑ စရိယာ၊ဋ္ဌ၊၂၈၈-၉၊ ဒီ၊ဋီ၊၁၇၈-၉။ သီ၊ဋီ၊သစ်၊၁၊၂၆၅-၆-
- ↑ (သုတ္တနိ၊ဋ္ဌ၊၁၊၄၃။ ထေရ၊ဋ္ဌ၊၁၊၁၁။ ပဋ္ဌ၊ ၁၈.၁၅၅။ စရိယာ၊ဋ္ဌ၊၃၂။ အံ၊ဋီ၊၁၊၁၃၅။ သမန္တစက္ခု။ ပုစ္ဆာနံပါတ်-၁၁၈)
- ↑ ပဋိသံ၊ ၃၇၁-၃၈၁။ ဒီ၊ဋ္ဌ၊၃၊၁၁၃-၁၁၅။ မ၊ဋ္ဌ၊၄၊၅၆-၅၇။ ပဋိသံ၊ဋ္ဌ၊၂၊၂၄၇-၂၆၃-
- ↑ (ဣတိဝုတ်၊၂၅၁)
- ↑ (သံ၊၁၊၂၇၊ သုတ္တနိ၊၃၇)
- ↑ (အံ၊၁၊၅၆၇။ ပဋိသံ၊ ၇၁)
- ↑ (အံ၊၃၊၂-၅)
- ↑ (ဣတိဝုတ်၊၂၅၁)
- ↑ (မ၊၁၊၂၃၉။ သံ၊၃၊၈၆၊၁၃၉။ အံ၊၁၊၅၃၁။ နေတ္တိ၊၇၈)
- ↑ -ဇာ၊ဋ္ဌ၊၂၊၁၅။
- ↑ ဇာ၊ဋ္ဌ၊၂၊၂၇၀
- ↑ ဇာ၊ဋ္ဌ၊၃၊၃၂၁။
- ↑ ဇာ၊ဋ္ဌ၊၄၊၂၂၄။
- ↑ ဇာ၊ဋ္ဌ၊၅၊၅၀။
- ↑ ဇာ၊ဋ္ဌ၊၅၊၂၄၀။
- ↑ ဇာ၊ဋ္ဌ၊၆၊၁၆၃။
- ↑ ဇာ၊ဋ္ဌ၊၇၊၁၅၁။
- ↑ အံ၊၁၊၄၉၇။
- ↑ သံ၊၁၊၂၈၈၊ ၂၉၀။
- ↑ အံ၊၁၊၅၄၈၊ ၅၅၀။
- ↑ သံ၊၃၊၈၈။
- ↑ အံ၊၃၊၂၊၂၀၂။
- ↑ အံ၊၃၊၂၄၅။
- ↑ ဣတိဝုတ်၊၂၁၉။
- ↑ အံ၊၁၊၅၆၇။
- ↑ အံ၊၁၊၄၅၂။
- ↑ သံ၊၃၊၁၃။
- ↑ သံ၊၂၊၁၃၂။ အံ၊၃၊၂၆၆၊ ၄၂၉။ ဣတိဝုတ်၊၂၁၁။
- ↑ အံ၊၂၊၂၉၄။
- ↑ မ၊၁၊၅၇။ အံ၊၁၊၃၈၈၊ ၄၀၁။
- ↑ မဟာနိ၊၇၃။ အဘိ၊ဋ္ဌ၊၁၊၁၉၂။ ပဋိသံ၊ဋ္ဌ၊၁၊၃၄၃။ ဓမ္မ၊ဋ္ဌ၊၂၊၆၄။
- ↑ သံ၊၁၊၁၇၅။ သုတ္တနိ၊၂၉၁။
- ↑ အဘိ၊ဓ၊၂၀၊ ပဋိသံ၊၁၁၄။ နေတ္တိ၊၈၈။ ဝိသုဒ္ဓိ၊၁၊၂၇၆။
- ↑ အဘိ၊ဓ၊၂၀။ ဓမ္မ၊၁၇။ နေတ္တိ၊၈၈။ အဘိ၊ဋ္ဌ၊၁၊၁၉၂။ သာရတ္ထ၊၃၊၁၅၆၊
- ↑ ပဋိသံ၊၃၇၇။ မဟာနိ၊၃၉၃။ စူဠနိ၊၂၁၃-၅။ အံ၊ဋ္ဌ၊၁၊၄၁၄။
- ↑ အပ၊၁၊၄၈။
- ↑ ဒီ၊၃၊၂၀၈။ အံ၊၂၊၃၉၉။ စူဠနိ၊၁၀၂။
- ↑ သံ၊၁၊၃၃။ အဘိ၊ဓ၊၂၀။ ပဋိသံ၊၁၁၄။ နေတ္တိ၊၈၈။ မိလိန္ဒ၊၃၂၁။
- ↑ ထေရ၊ဋ္ဌ၊၁၊၁၁၈၊
- ↑ အဘိ၊ဓ၊၂၀။ ပဋိသံ၊၁၁၄။ နေတ္တိ၊၈၈။ ဇာ၊ဋ္ဌ၊၁၊၂၉၂။
- ↑ အဘိ၊ဓ၊၁၃၊၂၅၅။ ဇာ၊ဋ္ဌ၊၁၊၂၉၂။
- ↑ နေတ္တိ၊၈၈။ မိလိန္ဒ၊ ၃၇၉။
- ↑ ဗုဒ္ဓဝံ၊၃၇၉။
- ↑ ဓမ္မ၊ဋ္ဌ၊၁၊၄၃၆။
- ↑ အံ၊၂၊၃၀၄။ ဓမ္မ၊ဋ္ဌ၊၃၂၆။
- ↑ သံ၊၃၊၄၁၅။ အံ၊၁၊၃၇။ ဣတိဝုတ်၊၂၃၁။ မဟာနိ၊ဋ္ဌ၊၃၈၉။
- ↑ ဇာ၊၁၊၆၈။ မ၊ဋ္ဌ၊၁၊၆၀၊ ဇာ၊ဋ္ဌ၊၂၊၂၃၈။
- ↑ ဇာ၊၂၊၃၀၈။
- ↑ မ၊ဋ္ဌ၊၂၊၁၈၁။
- ↑ မ၊ဋ္ဌ၊၂၊၁၂၁။ နေတ္တိ၊ဋ္ဌ၊၆၀။
- ↑ သာရတ္ထ၊၁၊၄၄၈။
- ↑ မဟာနိ၊၄၀။ မ၊ဋ္ဌ၊၁၊၆၀။ ဇာ၊ဋ္ဌ၊၂၊၂၃၈။ မ၊ဋီ၊၂၊၁၉၆။ အံ၊ဋီ၊၃၊၃၆၇။
- ↑ အဘိ၊ဓ၊၂၀၊ ပဋိသံ၊၁၁၄။ နေတ္တိ၊၈၈။
- ↑ အပ၊၁၊၃၆၄၊
- ↑ အဘိ၊ဓ၊၁၃၊ ၂၅၅။