ယွန်းစုကောင်းဟန်ဝန်၏ တာဝန်ဝတ္တရားများကို တိကျသေချာစွာ မသိရသေးပေ ။ ယွန်းစုဝန်နှင့် ကောင်းဟန်ဝန်၏ တာဝန်ဝတ္တရားများအားပေါင်စပ်ကာ ယွန်းစုကောင်းဟန်ဝန်ဟူ၍ သီးခြားခန့်အပ်ထားခြင်း ဖြစ်ဟန်ရှိသည်။ သို့သော် ယွန်းစုကောင်းဟန်ဝန်ရာထူးကို ကုန်းဘောင်ခေတ်ဦးကာလ မြေဒူးမင်းလက်ထက်တွင်သာ တွေ့ရှိရသည်။ ကုန်းဘောင်ခေတ်နှောင်းကာလတွင် ယွန်းစုဝန်ရာထူးနှင့် ရောနှောပျောက်ကွယ်သွားဟန်ရှိသည်။

ယွန်းစုကောင်းဟန်ဝန် နေမျိုးနော်ရထာ ပြင်ဆင်ရန်

မြေဒူးမင်း ( ၁၇၆၃ - ၁၇⁠၇၆ ) လက်ထက် ဘွဲ့မည်သိရှိရသူ ယွန်းစုကောင်းဟန်ဝန်မှာ နေမျိုးနော်ရထာဖြစ်သည်။ မြေဒူးမင်း နန်းတက်စ ၁၇၆၄ ခုနှစ်တွင် ယိုးဒယားသို့ စစ်ချီစဉ် ယွန်းစုကောင်းဟန်ဝန်နေမျိုးနော်ရထာ ဦးစီသော တပ်တစ်တပ် ပါဝင်ခဲ့၏ ။ အလားတူ ၁၇၆၉ ခုနှစ် တရုတ်မြန်မာစစ်ပွဲကာလ အတွင်း၌လည်း ယွန်းစုကောင်းဟန်ဝန်နေမျိုးနော်ရထာ လိုက်ပါစစ်မှုထမ်းခဲ့ရသည်။ ၅ စတင်ဘာ ၁၇၆၉ ခုနှစ်တွင် စန္ဒပူရီ (လင်းဇင်း)မှ သမီးကညာဆက်သလာရာ အခမ်းအနားဖြင့် ကြိုယူကြရ၏ ။ ထိုစဉ် ကြိုဆိုရေးအဖွဲ့တွင် ယွန်းစုကောင်းဟန်ဝန်နေမျိုးနော်ရထာ ပါဝင်ခဲ့သည်။ လင်းဇင်းအရေးကိစ္စြဖစ်၍ ယွန်းစုကောင်းဟန်ဝန်နှင့် ပက်သက်မှုရှိသည်ဟု မှတ်ယူနိုင်သည်။ မြေဒူးမင်းလက်ထက် နောက်ပိုင်းကာလတွင် ကောင်းဟန်ဝန် ၊ ဝင်းကောင်းဟန်ဝန်နှင့် ယွန်းစုကောင်းဟန်ဝန် ရာထူးများမှာ ကွဲပြားခြားနားမှုရှိနေပြီး ဝန်တစ်ဦးစီအား သီးခြားစီ ခန့်အပ်ထားကြောင်း တွေ့ရှိရ၏ ။ ၁၃ ဒီဇင်ဘာ ၁၇၆၉ ခုနှစ်တွင် နန်းတွင်းအရာရှိအချို့ တက်ရောက်ခဲ့ကြရာ၌ ကောင်းဟန်ဝန် ရွှေတောင်ရဲခေါင်နော်ရထာ ၊ ဝင်းကောင်းဟန်ဝန် ပျံချီသီရိကျော်ထင်နှင့် ယွန်းစုကောင်းဟန်ဝန် နေမျိုးနော်ရထာ တို့ ပါဝင်ခဲ့ကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉