ယွန်း ဘေ့ဂန် (ပြင်သစ်: Jean Béguin) သည် ဓာတုဆေးပညာရှင်တစ်ဦးဖြစ်၍ ၁၆၁၀ က ၎င်း၏ လက်ရာ Tyrocinium Chymicum (ဓာတုဗေဒ စတင်ခြင်း) ဖြင့် လူသိများထင်ရှားသူဖြစ်သည်။ ထိုစာအုပ်သည် ပထမဆုံး ဓာတုဗေဒ ပြဋ္ဌာန်းစာအုပ်များထဲက တစ်ခုဟု အများကယူဆကြသည်။ ၁၆၁၅ ခုနှစ် ထုတ်မူတွင် ဘေ့ဂန်က ပထမဆုံး ဓာတုဗေဒ ညီမျှခြင်း (သို့) အခြေခံသဘောလောက်သာပါသော ဓာတုတုံ့ပြန်ခြင်းပုံများကို ဖန်တီးခဲ့၍ ဓာတ်စမ်းပစ္စည်းနှစ်ခု (သို့) နှစ်ခုထက်ပို၍ပါသော ဓာတ်ပြုတုံ့ပြန်ခြင်း ရလဒ်များပါဝင်ခဲ့သည်။[၁] ဤနာမည်ကြီးခဲ့သောပုံကို ခေတ်ပေါ်ပြန်လည် သရုပ်ဖော်ချက်ကို အောက်တွင် ပြသထားသည်။ တိုက်စားတတ်၍ အားပျော့သော (HgCl2) နှင့် ခနောက်စိမ်းသတ္တု၏ ကန့်ဒြပ်ပေါင်း ဆာလဖိုဒ် (Sb2S3) တို့၏ ဓာတ်ပြုတုံ့ပြန်ခြင်းများ အသေးစိတ်ဖော်ပြထားသည်။[၂]

ပထမဆုံးဟုဆိုရမည့် ဓာတုဗေဒ ညီမျှခြင်း၊ ဘေ့ဂန်၏ ၁၆၁၅ ဓာတ်ပြုတုံ့ပြန်ခြင်းပုံ။

ကိုးကား ပြင်ဆင်ရန်

  1. Bergman၊ Torbern (1775)။ Dissertation Elective။ Routledge။ ISBN 0-7146-1592-7
  2. Crosland, M.P. (1959). "The use of diagrams as chemical 'equations' in the lectures of William Cullen and Joseph Black". Annals of Science 15 (2): 75–90. doi:10.1080/00033795900200088.