ရခိုင်ပြည်လွတ်မြောက်ရေးပါတီ

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အင်္ဂလိပ်: Arakan Liberation Party; ALP) သည် မြန်မာနိုင်ငံရှိ ရခိုင် နိုင်ငံရေးပါတီ ဖြစ်သည်။ ပါတီ၏ လက်နက်ကိုင်တပ်မှာ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) ဖြစ်ကာ တပ်ဖွဲ့ဝင် ၇၀၀ မှ ၁,၀၀၀ ကြားရှိသည်။ ၂၀၁၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ALA သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့ပြီး[၁] ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။[၄]

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
ဥက္ကဋ္ဌခိုင်ရဲခိုင်
ဒုဥက္ကဋ္ဌ-
အထွေထွေအတွင်းရေးမှူးခိုင်ကျော်ခိုင်
တွဲဖက်အထွေထွေအတွင်းရေးမှူးခိုင်အောင်စိုးသန်း
တည်ထောင်ခြင်း၉ ဧပြီ ၁၉၆၇
ဌာနချုပ်ရခိုင်-အိန္ဒိယနယ်စပ်
အဖွဲ့ဝင်  (၂၀၂၁)၅,၀၀၀[၁]
နိုင်ငံရေး သဘောတရားရခိုင်အမျိုးသားရေး[၂]
ဖက်ဒရယ်ပြည်ထောင်စုစနစ်[၃]
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၆၈–၁၉၆၉ ပြင်ဆင်ရန်

၁၉၆၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အကူအညီဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်ကို အတူတည်ထောင်ခဲ့သည်။ ၁၉၆၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ALP ၏ ဗဟိုကော်မတီဝင်ဖြစ်သော ခိုင်ရဲခိုင်နှင့် အခြား ၉ ဦးသည် စစ်တွေမြို့တွင် ဖမ်းဆီးခံခဲ့ရသည်။ ၁၉၆၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပါတီ၏ အထွေထွေ အတွင်းရေးမှူး ခိုင်စိုးနိုင်ကို ရသေ့တောင်မြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည်။ ယင်းနောက်တွင် ALP ခေါင်းဆောင်အများအပြား ထပ်မံဖမ်းဆီးခံခဲ့ရကာ ပုဒ်အမျိုးမျိုးဖြင့် တရားစွဲဆိုခံခဲ့ရခြင်းကြောင့် ALA နှင့် ALP တို့ ပြိုကွဲခဲ့သည်။[၃]

၁၉၇၁–၁၉၇၇ ပြင်ဆင်ရန်

၁၉၇၁-၇၂ ကာလတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။ နိုင်ငံရေးအကျဉ်းသားဖြစ်သော ခိုင်မိုးလင်း လွတ်မြောက်လာပြီးနောက် ရခိုင်လွတ်မြောက်ရေးပါတီကို ပြန်လည်စတင်နိုင်ရန်အတွက် KNU ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ၁၉၇၃ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ KNU ၏ အကူအညီဖြင့် ALP ကို ပြန်လည်ထူထောင်ခဲ့ရာတွင် စစ်သည် ၃၀၀ ခန့်ကို သင်တန်းပေးခဲ့ပြီး ခိုင်မိုးလင်းသည် ALA ၏စစ်ဦးစီးချုပ်နှင့် ALP ၏ ဥက္ကဋ္ဌဖြစ်လာခဲ့သည်။[၃] အိန္ဒိယနှင့် မြန်မာ စစ်တပ်တို့နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ကျရှုံးခဲ့ပြီးနောက် ပါတီအဖွဲ့ဝင် အများအပြား ဖမ်းဆီးခံခဲ့ရကာ ALP ၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ရပြန်သည်။[၃]

၁၉၈၀–လက်ရှိ ပြင်ဆင်ရန်

၁၉၈၀ ခုနှစ်တွင် ALA နှင့် ALP အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ကြသည်။ ၁၉၈၁ ခုနှစ်တွင် KNU ၏ အကူအညီဖြင့်ပင် ALA နှင့် ALP ကို ပြန်လည်ဖွဲ့စည်းခဲ့ကာ ခိုင်ရဲခိုင်က ဦးဆောင်ခဲ့သည်။ ALP သည် လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ မြန်မာဒီမိုကရေစီမဟာမိတ် (DAB)နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) တို့နှင့် မဟာမိတ်ဖြစ်သည်။[၃]

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ALP သည် အခြားသော လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။[၄]

ပါတီတွင်း ပဋိပက္ခများ ပြင်ဆင်ရန်

၂၀၂၃ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ပါတီဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းသည် ပါတီဥက္ကဋ္ဌတာဝန်ကို ရယူလိုက်ပြီး ပါတီကို ပြန်လည်ဖွဲ့စည်းသည်။ ဒေါ်စောမြရာဇာလင်းသည် သူ့သဘောနှင့်သူ ပါတီကို ပြန်လည်ဖွဲ့စည်းခြင်းဖြစ်သည်ဟု ပါတီအတွင်းရေးမှူး ခိုင်ကျော်ခိုင်က ဆိုသည်။[၅] ဒေါ်စောမြရာဇာလင်းသည် ပါတီစည်း မျဉ်းစည်းကမ်းများအား ချိုးဖောက်ခြင်းကြောင့် ပါတီမှ ယာယီ ထုတ်ပယ်ကြောင်း မတ်လ ၂၁ ရက်နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ထုတ်ပြန်ခဲ့သည်။[၆]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Myanmar Peace Monitor - Arakan Liberation Party။ 17 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 January 2016 တွင် ပြန်စစ်ပြီး။
  2. Arakan Liberation Party Website။ 6 December 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2022 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ Arakan Liberation Party | About ALP။ 24 February 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 January 2022 တွင် ပြန်စစ်ပြီး။
  4. ၄.၀ ၄.၁ "Myanmar signs ceasefire with eight armed groups"၊ Reuters၊ 14 October 2015။ 
  5. "ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ အနာဂတ်" (in my)၊ Radio Free Asia၊ ၂၁ မတ် ၂၀၂၃။ 
  6. "ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ပါတီတွင်း အကွဲအပြဲ" (in my)၊ ဗွီအိုအေ၊ ၂၂ မတ် ၂၀၂၃။ 

{{မြန်မာ နိုင်ငံရေးပါတီ}

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်