ရခိုင်မင်းသမီး ဧချင်း
အဒူမင်းညို ရေးသော ရခိုင်မင်းသမီး ဧချင်းသည် အထင်အရှား တွေ့ရှိရသော ဧချင်းများတွင် အဟောင်းဆုံးဖြစ်သည်။ ဧချင်းဖွဲ့ဆိုသော ခုနှစ်ကိုကား အတိအကျ မသိရပေ။[၁] အင်းဝဘုရင် နရပတိနှင့် ထီးပြိုင် နန်းပြိုင်ဖြစ်သော ရခိုင်ဘုရင်ဘစောဖြူ နန်းတက်သည့် မြန်မာ သက္ကရာဇ် ၈၁၇ ခုနှစ် က ထိုဧချင်းကို ဖွဲ့ဆိုထားခဲ့သည်ဟု ယူဆရသည်။
ထိုဧချင်းသည် တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်ပေါ် ဧချင်းများလောက် ရာဇဝင်ကြောင်းတွင် မပြည့်စုံလှသော်လည်း ဖွဲ့ဆိုလိုသမျှကို မကွယ်မထောင့် ရှင်းလင်းပြတ်သားစွာ ဖွဲ့ဆိုထားသည်။ သုံးနှုန်းထားသော စကားလုံးတို့သည်လည်း သုတိသာယာ၍ ပေါ်လွင်လှပေသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ဦးဖေမောင်တင် ရေး ရှေးဟောင်း မြန်မာစာပေ သမိုင်း
ဤ မြန်မာ့သမိုင်းနှင့် ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |