ရခိုင်ရာဇဝင်သစ် (ရခိုင်အသံထွက်: [ɹəkʰàiɴ ɹàzəwàɴ ðɪʔ]) သည် မြန်မာရာဇဝင်ကျမ်းတစ်ခုဖြစ်ပြီး ရခိုင်သမိုင်းကြောင်းကို မှတ်တမ်းမတင်မီအချိန်မှ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ (၁၈၂၄–၁၈၂၆) အထိ ပါဝင်ဖော်ပြထားသည်။ ရေးသားသူမှာ ကိုလိုနီခေတ်ရမ်းဗြဲကျွန်းရှိ ဒက္ခိဏဝိဟာရရာမ ကျောင်းတိုက်မှ ဆရာတော် အရှင် စန္ဒမာလာလင်္ကာရ ဖြစ်သည်။ ၁၉၃၁ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး ယခင်ရှိနှင့်ပြီး ရခိုင်ရာဇဝင်ကျမ်းများကို ဇာတ်ကြောင်းတစ်ခုတည်းအနေဖြင့် ရေးသားဖော်ပြထားသည်။[၁] ၁၉၃၁ ခုနှစ်ထုတ် မူလကျမ်းတွင် အတွဲ ၇ တွဲ ပါဝင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ပထမ လေးတွဲကို တစ်တွဲတည်းအနေဖြင့် ထပ်မံထုတ်ဝေခဲ့သည်။ ကျန်သုံးတွဲကို နောက်ထပ်တစ်တွဲတည်းအနေဖြင့် ၁၉၉၉ ခုနှစ်တွင် ထပ်မံပုံနှိပ်ဖြန့်ချိခဲ့သည်။[၂]

ရခိုင် ရာဇဝင်သစ်
၁၉၉၇ ခုနှစ်ထုတ် ပထမတွဲ မျက်နှာဖုံး
စာရေးသူစန္ဒမာလာလင်္ကာရ
ဘာသာစကားမြန်မာ
အတွဲရခိုင်ရာဇဝင်ကျမ်းများ
အမျိုးအစားရာဇဝင်ကျမ်းသမိုင်း
ထုတ်ဝေသည့်ရက်
၁၉၃၁
မီဒီယာ အမျိုးအစားပုံနှိပ်
စာမျက်နှာအတွဲ ၇ တွဲ

ကိုးကား ပြင်ဆင်ရန်

  1. စန္ဒမာလာလင်္ကာရ အတွဲ ၁၊ ၁၉၉၇: စာ ၁၂–၁၃
  2. ၁၉၉၇ ခုနှစ်နှင့် ၁၉၉၉ ခုနှစ်ထုတ်များမှ ပုံနှိပ်မှတ်တမ်း

ကျမ်းပြုစာစုစာရင်း ပြင်ဆင်ရန်

  • စန္ဒမာလာလင်္ကာရ၊ အရှင် (၁၉၃၁)။ ရခိုင်ရာဇဝင်သစ်ကျမ်း၁–၂ (၁၉၉၇–၁၉၉၉ ed.)။ ရန်ကုန်မြို့: တက်လမ်းစာပေ။