ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(အင်္ဂလိပ်: Directorate of Investment and Company Administration) (ခေါ်) DICA သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ရှိ မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ကုမ္ပဏီများကို ကြီးကြပ်ထိန်းသိမ်းသော ဦးစီးဌာနဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် စီးပွားရေးအဖွဲ့အစည်းများ၊ ကုမ္ပဏီများအား မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ ဖွဲ့စည်းမှတ်ပုံတင်ခြင်းများ ဆောင်ရွက်သော ဌာနဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် အောက်ပါ ကုမ္ပဏီနှင့် အဖွဲ့အစည်းအမျိုးအစားများအား မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်သည်။ လက်ရှိဌာနအကြီးအမှူးမှာ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ဖြစ်သည်။

  • အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သော ကုမ္ပဏီ၊
  • အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့် သက်ဆိုင်သောကုမ္ပဏီ၊
  • ခံဝန်ချက်အားဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီ၊
  • တာဝန်ကန့်သတ်မထားသည့်ကုမ္ပဏီ၊
  • စီးပွားရေးလုပ်ငန်းအသင်းအဖွဲ့၊
  • ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီ၊
  • ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေအရ အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ်ထားသည့် အများနှင့်မသက်ဆိုင်သောကုမ္ပဏီ၊
  • ပြည်ပကော်ပိုရေးရှင်း
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
 မြန်မာအစိုးရအဖွဲ့အစည်း
Directorate of Investment and Company Administration (DICA)
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁၉၉၃၊ အောက်တိုဘာ ၁၃
ဌာနချုပ်နေပြည်တော်
ဝန်ကြီးများဒေါက်တာကံဇော်
ဌာနအကြီးအမှူးများဦးသန့်စင်လွင်၊ ညွှန်ကြားရေးမှူးချုပ်
မိခင်အဖွဲ့အစည်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ဝက်ဘ်ဆိုက်dica.gov.mm


လုပ်ငန်းတာဝန်များ ပြင်ဆင်ရန်

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများအတွက် စည်းမျဉ်းထိန်းသိမ်းသူအနေဖြင့်လည်းကောင်း၊ ကုမ္ပဏီ မှတ်ပုံတင် ဌာနအဖြစ်လည်းကောင်း ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အေဂျင်စီအနေဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ အတွင်းရေးမှူးရုံးအနေဖြင့် လည်းကောင်း တာဝန်ယူဆောင်ရွက်သည်။

ထို့အပြင် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ သဘောတူညီချက်များအား မူကြမ်းပြုစုခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းနှင့် အတည်ပြုခြင်းများအား တာဝန်ယူဆောင်ရွက်လျက် ရှိသည့်အပြင့် အာဆီယံ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့် ကိစ္စရပ်များ (ဥပမာ- အာဆီယံ နိုင်ငံများ ပါဝင်သော ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်၊ အာဆီယံနှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ) နှင့် ပတ်သက်၍လည်း အဓိက ဆက်သွယ်ရမည့် ဌာနအနေဖြင့် တာဝန်ယူသည်။

ကိုးကား ပြင်ဆင်ရန်