ကံဇော် (ဒေါက်တာ)

ပြည်ထောင်စုဝန်ကြီး

ဒေါက်တာ ကံဇော် (၁၁ အောက်တိုဘာ ၁၉၅၄ မွေးဖွား[၁]) သည် ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၏ လက်ရှိ ဝန်ကြီး[၂] ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၉ ရက် မှစပြီး တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၎င်းသည် ထိုတာဝန်မထမ်းဆောင်ခင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ပေးအပ်ခြင်း ခံရသည်။  ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ ၁ရက် မှ ၂၀၂၂ခုနှစ် ဩဂုတ်လ ၁၉ရက် အထိ တာဝန်ထမ်းဆောင်သည်။


ကံဇော်
ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၉ ဩဂုတ် ၂၀၂၂
သမ္မတဦးမြင့်ဆွေ (ယာယီ)
ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ပြည်ထောင်စုစာရင်းစစ်ချုပ်
တာဝန်သက်တမ်း
၁ ဖေဖော်ဝါရီ ၂၀၂၁ – ၁၉ ဩဂုတ် ၂၀၂၂
ယခင်လူဦးမော်သန်း
ဆက်ခံသူဦးတင်ဦး
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
စက်တင်ဘာ ၂၀၁၂ – ၃၀ မတ် ၂၀၁၆
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုဝန်ကြီး
တာဝန်သက်တမ်း
မတ် ၂၀၁၁ – စက်တင်ဘာ ၂၀၁၂
ဆက်ခံသူဆက်အောင်၊ ခင်စန်းရီ၊ လဲ့လဲ့သိန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (၁၉၅၄-၁၀-၁၁) အောက်တိုဘာ ၁၁၊ ၁၉၅၄ (အသက် ၆၉)
စလင်းမြို့ ဆင်ဖြူကျွန်းမြို့နယ် မြန်မာနိုင်ငံ
လူမျိုးမြန်မာ
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
မိခင်ကျောင်းရန်ကုန် စီးပွားရေး တက္ကသိုလ်၊ International Institute of Social Studies
အလုပ်အကိုင်စီးပွားရေးပညာရှင်

ငယ်ဘဝနှင့် ပညာရေး ပြင်ဆင်ရန်

ဇာတိမှာ မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စလင်း မြို့ ဖြစ်သည်။သူသည် ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ စီးပွားရေးဘွဲ့ရရှိခဲ့ပြီး[၁] ၁၉၈၄ ခုနှစ်တွင် International Institute of Social Studies မှ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအထူးပြုဖြင့် မဟာဘွဲ့ရရှိခဲ့သည်။ပါရဂူဘွဲ့ (စီးပွားရေး)၊စီမံခန့်ခွဲမှုပညာပါရဂူဘွဲ့စသည်တို့ကို ရရှိခဲ့သည်။[၃]သူသည် စာပေဆိုင်ရာ ဒေါက်တာဘွဲ့ရရှိထားသူလည်း ဖြစ်သည်။[၁]ဒေါက်တာကံဇော်သည် ရန်ကုန် စီးပွားရေးတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့တွင် ပါမောက္ခ၊ ဌာနမှူးနှင့် ပါမောက္ခချုပ်တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။[၁]

နိုင်ငံရေးသမားဖြစ်လာခြင်း ပြင်ဆင်ရန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးဖြစ်သည်။ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ တွင် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ဒုတိယဝန်ကြီးအဖြစ်၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၂ ခုနှစ် စက်တင်ဘာလအထိ လည်းကောင်း၊ ဝန်ကြီးအဖြစ် ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[၄] အထွေထွေရွေးကောက်ပွဲ၂၀၂၀ တွင် စလင်းမြို့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်ယှဉ်ပြိုင်ခဲ့သည်။[၅]အနိုင်မရ ရှုံးနိမ့်သည်။

ပိတ်ဆို့အရေးယူခံရမှုများ ပြင်ဆင်ရန်

ဥရောပသမဂ္ဂ (EU) က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၈ ရက် တိုးချဲ့ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုထဲ ဒေါက်တာကံဇော်လည်းပါဝင်ခဲ့သည်။[၆]

၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် ၎င်းအား  အမေရိကန်၊ ဗြိတိန် နှင့် ကနေဒါ နိုင်ငံတို့က ပူးပေါင်းပြီး  ထပ်တိုး ပိတ်ဆို့အရေးယူမှုပြုလုပ်သည်။  [၇]

မိသားစုဘဝ ပြင်ဆင်ရန်

ဒေါက်တာကံဇော်သည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။၎င်း၏ ဇနီးမှာ  ဒေါ်နန္ဒာမွန်းဖြစ်ပြီး ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာန ထိုမှတဆင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ရောက်ကာ ညွှန်ကြားရေးမှူးချုပ် ယင်းနောက်  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရာထူးစသည်ဖြင့် အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းတို့၏ သမီးကြီးဖြစ်သူ ခိုင်ငွေနှင်းဇော် မှာ အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် နေထိုင်သည်။ [၈]

ရရှိခဲ့သော ဆုများ ပြင်ဆင်ရန်

၂၀၀၄ ခုနှစ်တွင် စီမံ ထူးချွန်တံဆိပ် (ပထမအဆင့်)၊၂၀၁၅ ခုနှစ်တွင် နိုင်ငံတော်သမ္မတ၏ ထူးချွန်ဆု၊၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်မှ ချီးမြှင့်သော သီရိပျံချီဘွဲ့ ရရှိထားသည့် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။[၉]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Speakers' Profiles - Dr. Kan ZawHong Kong Summit။ 22 February 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 February 2014 တွင် ပြန်စစ်ပြီး။
  2. ပြည်ထောင်စု ဝန်ကြီးအချို့အား ဌာနပြောင်းရွှေ့မှုများပြုလုပ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းEleven Media (၁၉ ဩဂုတ် ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. "Alumnus Kan Zaw (Myanmar) visits ISS"၊ International Institute of Social Studies in The Hague၊ 5 March 2013။ 17 February 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 22 February 2014။ 
  4. Win Ko Ko Latt။ "Hluttaw approves cabinet reshuffle"၊ Myanmar Times။ 17 February 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 22 February 2014။ 
  5. ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဝန်ကြီးဟောင်းများပိုင်ဆိုင်သည့် ကုမ္ပဏီများMyanmar Now (၂၃ စက်တင်ဘာ ၂၀၂၀)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. စစ်ကောင်စီအဖွဲ့နဲ့ ပုဂ္ဂိုလ် ၁၉ ဦးကို ဥရောပသမဂ္ဂ ဒဏ်ခတ်အရေးယူRFA (၈ နိုဝင်ဘာ ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. MOGE အပါအဝင် လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ ထပ်တိုးအရေးယူRFA (၃၁ အောက်တိုဘာ ၂၀၂၃)။ ၂ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ဒေါက်တာကံဇော်နွေဦးမြန်မာ၂၀၂၁ တော်လှန်ရေး (၁၈ ဖေဖော်ဝါရီ ၂၀၂၁)။ 12 December 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. CabinetAlternative Asean Network on Burma (21 November 2013)။ 20 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 February 2014 တွင် ပြန်စစ်ပြီး။