(မြန်မာစကားရှိ အနောက်ဆက်ဝိဘတ်များ အနက်) ဆိုင်ရာကြိယာက ညွှန်းသည့် လုပ်ရပ်သည် မည်သည့်နာမ်အတွက် ရည်စူးကြောင်းကို ဖော်ရန်၊ ထိုနာမ်၏ အနောက်ကပ်လျက်၌ တွဲဆက်လိုက်ပါသည့် နာမ်ဝိဘတ်ကို ရည်စူးချက်ပြ နာမ်ဝိဘတ် (သို့) ရည်စူးချက်ပြဝိဘတ် ဟုခေါ်သည်။

သာဓက - "အမေသည် ညီလေးအတွက် အရုပ် ဝယ်လာသည်။"
ဝါကျ၏ အဓိပ္ပါယ်၌ အရုပ်ဝယ်လာခြင်းမှာ ညီလေးအတွက် ဖြစ်ကြောင်းကို ညွှန်းရန် ရည်စူးချက်ပြဝိဘတ် "အတွက်" က "ညီလေး" ဟူသော နာမ်စကားလုံးနောက်မှ ကပ်လျက် လိုက်တွဲပေးထားသည်။

အကိုးအကား ပြင်ဆင်ရန်