အရှေ့တောင်တိုင်းစစ်ဌာနချုပ်

​မော်လမြိုင်မြို့အ​ခြေစိုက် တပ်မ​တော်တိုင်းစစ်ဌာနချုပ်
(ရတခ မှ ပြန်ညွှန်းထားသည်)

အရှေ့တောင်တိုင်းစစ်ဌာနချုပ် (အတိုကောက် ရတခ) သည် မော်လမြိုင်မြို့ အခြေစိုက် တိုင်းစစ်ဌာနချုပ် တစ်ခုဖြစ်သည်။ အဓိက တာဝန်မှာ ကရင်ပြည်နယ်မွန်ပြည်နယ် ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ လက်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် ကျော်လင်းမောင် ဖြစ်သည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်
ရတခ
အရှေ့တောင်တိုင်းစစ်ဌာနချုပ်တံဆိပ်
နိုင်ငံ မြန်မာ
တပ်မတော်
အမျိုးအစား
 တပ်မတော် (ကြည်း)
တပ်
အမျိုးအစား
တိုင်းစစ်ဌာနချုပ်
အခန်းကဏ္ဍနယ်မြေဒေသ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေး၊ နယ်မြေအတွင်းရှိ တပ်အားလုံး၏ ဦး/ရေး/ထောက်ဆိုင်ရာကိစ္စရပ်များ စီမံပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
အမည်ပြောင်မျဉ်းစောင်း
အုပ်ချုပ်သူများ
တိုင်းမှူးဗိုလ်မှူးချုပ် ကျော်လင်းမောင်
ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် ဇော်မင်းအောင်
အဆောင်အယောင်များ
အလံတော်

သမိုင်း ပြင်ဆင်ရန်

အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကို မွန်ပြည်နယ်မော်လမြိုင်မြို့၌ ၁၉၆၁ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ပထမဆုံးတိုင်းမှူးအဖြစ် ကြည်း ၃၅၂၃၊ ဗိုလ်မှူးကြီး သောင်းကြည်မှ တာဝန်ယူခဲ့သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

စစ်ဗျူဟာများ ပြင်ဆင်ရန်

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုအောက်တွင် အခြေချ စစ်ဗျူဟာ (၄) ခု၊ လှုပ်ရှား စစ်ဗျူဟာ (၃)ခုနှင့် ခြေလျင်/ခြေမြန်တပ်ရင်း (၁၆) ရင်းရှိသည်။

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မနှင့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်များ ပြင်ဆင်ရန်

အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ် ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၂၂)ခြေမြန်တပ်မ ဌာနချုပ်

အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ် ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၄၄)ခြေမြန်တပ်မ ဌာနချုပ်

အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ ပြင်ဆင်ရန်

  • ဗိုလ်ချုပ် သက်နိင်ဝင်း
  • ဗိုလ်ချုပ် ကိုကို​မောင်[၁]
  • ဗိုလ်ချုပ် မြတ်သက်ဦး(ဩဂုတ်၂၀၂၂ - မတ်၂၀၂၃) [၂]
  • ဗိုလ်မှူးချုပ်စိုးမင်း (မတ်၂၀၂၃ -မတ်၂၀၂၄ ) [၃]
  • ဗိုလ်မှူးချုပ် ကျော်လင်းမောင် (ယခင် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်) (မတ် ၂၀၂၄ - လက်ရှိ) [၄] [၅]

ကိုးကား ပြင်ဆင်ရန်

  1. "အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ ပေးအပ်ပွဲပြုလုပ်"။ Archived from the original on 9 June 2021။ 
  2. "စစ်တိုင်းမှူး ၅ ဦးကို နေရာပြောင်းရွှေ့"။ 21 August 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 21 August 2022။ 
  3. KNU နယ်မြေကို ကိုင်တွယ်တဲ့ ကစထမှူး အလဲခံရBBC Burmese (၃၁မတ်၂၀၂၃)။ 1 April 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁ဧပြီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. စစ်တိုင်းမှူးအချို့ အပြောင်းအလဲလုပ်The Irrawaddy (၂၃ မတ် ၂၀၂၄)။ 24 March 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. ကလောစစ်ဦးစီး တက္ကသိုလ်ကျောင်းအုပ် ရတခ တိုင်းမှူးဖြစ်လာ၊ ရခိုင်စစ်တိုင်းမှူး ဖြုတ်ချခံရသျှမ်းသံတော်ဆင့် (၁၉ မတ် ၂၀၂၄)။ 24 March 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။

နောက်ထပ်ကြည့်ရန် ပြင်ဆင်ရန်