ရတနာမိုင်
ရတနာမိုင် (၁၉၈၉ ဩဂုတ် ၁၇ မွေးဖွား) သည် ရခိုင်လူမျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် ရုပ်ရှင်မင်းသမီးနှင့်အဆိုတော်တစ်ဦးဖြစ်သည်။
ရတနာမိုင် | |
---|---|
မွေးဖွား | သံတွဲမြို့၊ ရခိုင်ပြည်နယ် | ၁၇ ဩဂုတ်၊ ၁၉၈၉
နိုင်ငံလူမျိုး | မြန်မာ |
အလုပ်အကိုင် | တေးသံရှင်၊ သရုပ်ဆောင် |
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၀၆–လက်ရှိ |
အစောပိုင်းဘဝနှင့် ပညာရေး
ပြင်ဆင်ရန်ရတနာမိုင်ကို ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ၁၉၉၈ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူမသည် တစ်ချိန်က ကျော်ကြားခဲ့သည့် အမျိုးသမီးအဆိုတော် မိုင် ၏ သမီးဖြစ်သည်။ သူမသည် လသာ (၂) မှ ထူးချွန်နှင့် ဒဂုံ (၁) သို့ ပြောင်းခဲ့သည်။[၁][၂]
အနုပညာလှုပ်ရှားမှုများ
ပြင်ဆင်ရန်၂၀၀၆ ခုနှစ်တွင် စီးတီးအက်ဖ်အမ် ၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲတွင် မိခင်ဖြစ်သူ မိုင်နှင့် သီချင်းအတူဆိုကာ အနုပညာလောကသို့ ဝင်ရောက်လာခဲ့သည်။ သူမသည် တေးစီးရီး ငါးခု ဖြန့်ချိခဲ့ပြီး "အလွမ်းသင့်ပန်းချီ"၊ "Good Night"၊ "သူသိစေ"၊ "ပြောသားပဲ"၊ "မမေးပါနဲ့ ရိုးရိုးလေး"၊ "လိုရာသုံး" သီချင်းများမှ ထင်ရှားသည်။ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးခဲ့သော အနာဂတ်ရဲ့ ကြယ်ပွင့်လေးများအမည်ရှိ ရုပ်ရှင်တွင်လည်း ကျောင်းသူ ရတနာမိုင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ [၃]
တေးအယ်လ်ဘမ်များ
ပြင်ဆင်ရန်- မရှိလို့မဖြစ်
- ပ ဖ ဗ ဘ မ
- Good Night, Lover
- သူသိစေ
- ပြောသားပဲ
- Who are you[၄]
ရရှိသော ဆုတံဆိပ်များ
ပြင်ဆင်ရန်- Female Singer Award of Most Requested Song (ရွှေအက်ဖ်အမ် 7th Anniversary)
- Female Singer Award of Most Popular Requested Song (စီးတီးအက်ဖ်အမ် 16th Anniversary)
ကိုးကား
ပြင်ဆင်ရန်- ↑ လသာ (၂) ကျောင်းကနေ ထူးချွန်နဲ့ အ.ထ.က(၁)ဒဂုံကို ပြောင်းခဲ့ပါတယ်။
- ↑ "တေးသံရှင် ရတနာမိုင်နှင့် တွေ့ဆုံခြင်း" (in my)၊ Eleven Media Group Co., Ltd။
- ↑ Part 3။ 3 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 4 July 2014 တွင် ပြန်စစ်ပြီး။
- ↑ "ရတနာမိုင်၏ Who Are You တေးစီးရီး မိတ်ဆက်ပွဲ" (in en)၊ Golden Place။ 14 March 2022 တွင် ပြန်စစ်ပြီး။ Archived from the original on 14 June 2021။