ရန်ကုန် လျှပ်စစ်ဓာတ်အား​ပေး​ရေး ကော်ပိုရေးရှင်း

ရန်ကုန် လျှပ်စစ်ဓာတ်အား​ပေး​ရေး ကော်ပိုရေးရှင်း (အင်္ဂလိပ်: Yangon Electricity Supply Corporation) သည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ရန်ကုန် လျှပ်စစ်ဓာတ်အား​ပေး​ရေး ကော်ပိုရေးရှင်း
 မြန်မာအစိုးရအဖွဲ့အစည်း
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁ ​ဧပြီ ၂၀၀၆
ယခင်အဖွဲ့အစည်းရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့
ဌာနချုပ်​အောက်ကြည့်မြင်တိုင်လမ်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့
ဝန်ကြီးများဦး​သောင်းဟန်
ဌာနအကြီးအမှူးများ​ဦးအောင်ကျော်ဦး၊ ဥက္ကဋ္ဌ
မိခင်အဖွဲ့အစည်းလျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
ဝက်ဘ်ဆိုက်yesc.org.mm

သမိုင်း​ကြောင်း ပြင်ဆင်ရန်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနလက်ထက် ၂၀၀၆ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် မြန်မာ့ လျှပ်စစ်ဓာတ်အားလုပ်ငန်း လက်အောက်ရှိ ရန်ကုန်တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံးကို ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဟု ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအား ၂၀၀၆ ခုနှစ်၊ မေလ(၁၅)ရက်နေ့တွင် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟူ၍ ဝန်ကြီး ဌာန(၂)ခုဖွဲ့စည်းခဲ့ပြီး အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ဦးစီးဌာန(၁)ခု၊ လုပ်ငန်း(၂)ခု၊ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့(၁)ဖွဲ့ဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။၂၀၁၂ခုနှစ်၊ စက်တင်ဘာလ(၅)ရက်နေ့တွင် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန(၂)ခုကို ပြန်လည်ပူးပေါင်းပြီး လျှပ်စစ် စွမ်းအားဝန်ကြီးဌာနအဖြစ် ဦးစီးဌာန(၃)ခု၊ လုပ်ငန်း(၃)ခု၊ ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့(၁)ခုတို့ဖြင့်  ပြန်လည်ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်သမ္မတရုံး၏ (၂၉-၁-၂၀၁၅) ရက်စွဲပါစာအမှတ်၊ ၅၈(၂)/၇/သမ္မတရုံး  ဖြင့် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအဖြစ် (၁-၄-၂၀၁၅)ရက်နေ့မှ စတင်၍ ပြောင်းလဲဖွဲ့စည်းခွင့်ပြုခဲ့သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၄၄၊ လျှပ်စစ်ဥပဒေ၊ ပုဒ်မ ၈ (ဂ) နှင့် ပုဒ်မ ၇၂ (ခ) တို့အရ အပ်နှင်းထား သော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံတော်သမ္မတရုံး၏ (၂၉-၁-၂၀၁၅) ရက်စွဲပါ စာအမှတ် ၅၈(၂)/၇/ သမ္မတရုံး၏ ခွင့်ပြုချက်နှင့် (၁၃-၈-၂၀၁၅)ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့်  ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၆/၂၀၁၅) တွင် သဘောတူခွင့်ပြုခဲ့သည်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာ စာအမှတ်(၁၂၆/၂၀၁၅) ဖြင့် ပြည်ထောင်စုရန်ပုံငွေပြင်ပတွင် မိမိဝင်ငွေအပေါ် ရပ်တည်ဆောင်ရွက်နိုင်ရေး အတွက်ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအဖြစ် (၁-၇-၂၀၁၅)ရက်နေ့ တွင်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။[၁]

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

  • ဒါရိုက်တာအဖွဲ့
    • အမှု​ဆောင်အရာရှိချုပ်
      • စီမံခန့်ခွဲရေးဌာန
      • ဘဏ္ဍာရေးဌာန
      • ပစ္စည်းစီမံရေးဌာန
      • စီမံရေးဌာန
      • ဓာတ်အားဖြန့်ဖြူးရေးဌာန
      • ခရိုင်/မြို့နယ်/မြို့ရုံးများ

ရည်ရွယ်ချက်နှင့် လုပ်ငန်းများ ပြင်ဆင်ရန်

ရည်ရွယ်ချက် ပြင်ဆင်ရန်

  • လျှပ်စစ်ဓာတ်အားနှင့်သက်ဆိုင်သော လုပ်ငန်းအရပ်ရပ်တို့ကို နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီအညွတ်ဖြစ်စေရေး စီမံဆောင်ရွက်ရန်။
  • အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားကို ပြည်သူများသို့ ဖြန့်ဖြူးပေး နိုင်ရေး၊ ဓာတ်အားလုံလောက်စွာရရှိရေးနှင့် ရာနှုန်းပြည့်ဓာတ်အားသုံးစွဲခွင့်ရရှိရေး တို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အား စီမံရန်။
  • လျှပ်စစ်ဆိုင်ရာလုပ်ငန်းများတွင် တိုးချဲ့ရင်းနှီးမြှုပ်နှံနိုင်ရေးကို စီမံရန်။
  • ကော်ပိုရေးရှင်းအား အောင်မြင်သော စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဖြစ်ထွန်း ပေါ်ပေါက်လာရေးကို စီမံရန်။
  • ကော်ပိုရေးရှင်းအား နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းအဖြစ်မှ အများနှင့် သက်ဆိုင်သော ကော်ပိုရေးရှင်းအဖြစ်သို့ (၅)နှစ်အတွင်း ဖြစ်ပေါ်လာစေရေး စီမံရန်။
  • ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ လုပ်ငန်းများကို ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ စီးပွားရေးဆန်ဆန် အောင်မြင်စွာဆောင်ရွက် နိုင်ရန်။

လုပ်ငန်းများ ပြင်ဆင်ရန်

  • မြန်မာနိုင်ငံမြောက်ပိုင်းရှိစက်ရုံများမှ ထုတ်လုပ်ပေးသော ဓာတ်အားများကို ၂၃၀ ကေဗွီ ဗို့အားမြင့်ဓာတ်အားလိုင်းများမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူနှင့် စက်မှုသုံးလုပ်ငန်းများ အသုံးပြုနိုင်ရန် ဗို့အားနိမ့် ဓာတ်အားလိုင်း (၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ၊ ၆.၆ ကေဗွီနှင့် ၀.၄ ကေဗွီ)များဖြင့် ဓာတ်အား ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိသည်။
  • ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်စဉ်တိုးတက်သုံးစွဲလာသည့် ဝန်အားများကို ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရန်ဖြစ်သည်။
  • ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုးတက်သုံးစွဲလာသည့် ဝန်အားကို အချိန်ကိုက် ဖြည့်ဆည်းပေးနိုင်ရန်အတွက် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ရသည်
    • System Development Plan (ဓာတ်အားစနစ်အတွင်း ၆၆ ကေဗွီ၊ ၃၃ ကေဗွီ၊ ၁၁ ကေဗွီ၊ ၆.၆ ကေဗွီနှင့် ၀.၄ ကေဗွီ အစရှိသော ဗို့အားနိမ့် လိုင်း/ခွဲရုံ များတိုးတက်ဖြန့်ဖြူးနိုင်ရေးအတွက် အစီအမံများ ရေးဆွဲခြင်း)
    • System Improvement Plan (ဓာတ်အားစနစ်အတွင်းဗို့အားနိမ့် ဓာတ်အား လိုင်းများတွင် တိုးတက်သုံးစွဲလာသည့် ဓာတ်အားများကို တည်ငြိမ်စွာ ဖြန့်ဖြူးနိုင်ရေးအတွက် လိုအပ်သောနေရာများတွင် ကြိုး၊ ကြွေသီး၊ ဝန်အား နိမ့် ထရန်စဖော်မာ                         များအား ဝန်အားမြင့်ပစ္စည်းများဖြင့် အစားထိုးလဲလှယ် ပေးခြင်း)
    • Operation and Maintenance (ဓာတ်အားစနစ်အတွင်းရှိ ဗို့အားနိမ့် လိုင်း/ခွဲရုံများအား ထိန်းသိမ်းခြင်းနှင့်ပြုပြင်ခြင်း)
    • ရန်ကုန်တိုင်းဒေသကြီးအတွင်း အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားကို ပြည်သူများသို့ ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားလုံလောက်စွာ ရရှိရေးနှင့် ရာနှုန်းပြည့် ဓာတ်အားသုံးစွဲခွင့်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း။
    • ရေတို၊ ရေရှည်လုပ်ငန်းစီမံချက်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
    • လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး စီမံဆောင်ရွက်ခြင်း။
    • လျှပ်စစ်ဓာတ်အားခ အပြည့်အဝရရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခြင်း။
    • လျှပ်စစ်ဥပဒေနှင့်နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီလိုက်နာဆောင်ရွက်စေရေး။
    • လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး ရင်းနှီးမြှုပ်နှံမှုများတွင် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်ရန်နှင့် လက်ရှိတွင် Franchise ကုမ္ပဏီ (၁၂)ခုဖြင့် မြို့/မြို့နယ်(၁၉)မြို့နယ်အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်။ မြို့/ မြို့နယ်(၃၉)ခုအား ဌာနမှတာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။[၁]

ကိုးကား ပြင်ဆင်ရန်