လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Electricity and Energy) သည် ၂၀၁၆ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ ဖွဲ့စည်းထားရှိခဲ့သော မြန်မာအစိုးရ ဝန်ကြီးဌာနဖြစ်သည်။

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန
Ministry of Electricity and Energy
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်မတ် ၃၀၊ ၂၀၁၆ (၂၀၁၆-၀၃-၃၀)
ယခင်အဖွဲ့အစည်းလျှပ်စစ်စွမ်းအား ဝန်ကြီးဌာန
စွမ်းအင်ဝန်ကြီးဌာန
ဖျက်သိမ်းခြင်း၂ ​မေ ၂၀၂၂
ဌာနချုပ်ရုံးအမှတ် (၂၇)၊ နေပြည်တော်
ဝက်ဘ်ဆိုက်moee.gov.mm

သမိုင်းကြောင်း ပြင်ဆင်ရန်

၂၀၁၆ခုနှစ်တွင် အစိုးရအသစ် တက်လာချိန်၌ သမ္မတဦးထင်ကျော်က ဝန်ကြီးဌာန အရေအတွက်ကို လျှော့ချဖွဲ့စည်းခဲ့သည်။ ထို့နောက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့ကို ပူးပေါင်းကာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအဖြစ် ပြောင်း၍ ဖွဲ့စည်းခဲ့သည်။ ၂၀၂၂ခုနှစ် မေလတွင် နစကအိမ်စောင့်အစိုးရမှ လျှပ်စစ်စွမ်းအားနှင့် စွမ်းအင် ဝန်ကြီးဌာနများအဖြစ် ပြန်လည်ခွဲထုတ်ခဲ့သည်။[၁]

အကြီးအကဲများ ပြင်ဆင်ရန်

ပြည်ထောင်စုအစိုးရသစ်စတင်ဖွဲ့စည်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါသောဝန်ကြီးဌာန ၄ခု ကိုကိုင်တွယ်ခဲ့သည်။ ၎င်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူး စတင်ပြီးနောက် ပညာရေးနှင့် လျှပ်/စွမ်း ကို လွှဲပြောင်းပေးခဲ့ရာ ဦးဖေဇင်ထွန်းမှာ ဝန်ကြီးဖြစ်လာသည်။ ဦးဖေဇင်ထွန်း အနားယူပြီးနောက် ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်မှ ပူးတွဲတာဝန်ယူခဲ့သည်။၂၀၁၈ခုနှစ် ဇန်နဝါရီတွင် ​ဆောက်လုပ်​ရေးကိုမကိုင်တွယ်​တော့ဘဲ လျှပ်စစ်စွမ်းအင်ကိုသာ ကိုင်တွယ်ခဲ့သည်။[၂][၃]

ပြည်ထောင်စုဝန်ကြီးများစာရင်း (၂၀၁၁ - လက်ရှိ) ပြင်ဆင်ရန်

ဒုတိယဝန်ကြီးများစာရင်း ပြင်ဆင်ရန်

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်