ရပ်ပြစ်ရှစ်ပါး
မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့်မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ဒေသများဖြစ်ကြသည့်
- (၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ ၊ တိရစ္ဆာန် ၊ပြိတ္တာ စသော အပါယ်အရပ် ( အသူရကာယ် ကို ပြိတ္တာမျိုး၌ယူ ) ၊
- (၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိဉာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိဉာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့် ဒီဃာယုနတ်တို့အရပ် ၊
- (၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စန္တရာဇ်အရပ် ၊
- (၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊
- (၇) ဘုရားပွင့်ဆဲအခါ တရားနားလည်လောက်သော ဉာဏ်မရှိသူ ၊
- (၈) တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်း
အထက်ပါ အချက် (၈)ချက် ကို ရပ်ပြစ်ရှစ်ပါးဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ဘုရားပွင့်၍ သာသနာတွင်းကာလ ဗုဒ္ဓဘာသာ ခံယူထားသော်လည်း အလှူဒါန မပြုသူ သီလမစောင့်သူ ဘာဝနာတရားမပွားများသူများလဲပါ ပါသည်