ပန်းချီဆရာ ရာဟုလာ (ခ) ဦးအောင်မြင့်သည် မြန်မာလူမျိုး ပန်းချီဆရာတစ်ဦးဖြစ်သည်။ ပန်းချီရာဟုလာကို ၁၉၄၆-ခုနှစ်၌ အဖ ဦးတင်မောင်(စံပြဆေးလိပ်ခုံ) နှင့် အမိ ဒေါ်အုန်းကြည်(ကျောင်းဆရာမ)တို့မှ ရွှေဘိုမြို့ မုံအာတွင်းရပ်ကွက်တွင် မွေးဖွားခဲ့သည်။ [၁]

ပန်းချီရာဟုလာ
မွေးဖွားအောင်မြင့်
၁၉၄၆
ရွှေဘိုမြို့စစ်ကိုင်းတိုင်း
ကွယ်လွန်၃၁ ဇူလိုင် ၂၀၁၁
နိုင်ငံလူမျိုး မြန်မာ
မိခင်ကျောင်းမန္တလေးပန်းချီပန်းပုကျောင်း
ကျော်ကြားမှုအရင်းခံပန်းချီဆရာ
အိမ်ထောင်ဖက်(များ)ဒေါ်မြဝင်း

၁၉၆၄ ခုနှစ် တွင် မန္တလေးပန်းချီပန်းပုကျောင်း၌ တက်ရောက်ကာ ပန်းချီဆရာကြီး များဖြစ်ကြသော ဦးအေးကျော်၊ ဦး ချစ်မြဲ၊ ဦးကံညွန့်(မန္တလေး)၊ ဦး သန်းမောင်၊ ဦးသောင်းဖေ(ရွှေဘို)တို့ ထံတွင် ပန်းချီပညာသင်ယူခဲ့သည်။ မိဘများထံမှ မကြာခဏအမွေ တောင်းတတ်သောကြောင့် သူငယ်ချင်းများက ရာဟုလာဟု ခေါ်ဆိုခဲ့ကြသည်။ တစ်ကျွန်းပြန် နိုင်ငံရေးလှုပ်ရှားဖူးသူ တစ်ဦးအဖြစ်လည်း လူသိများကြသည်။ ပန်းချီဆရာ ရာဟု လာ(ခ)ဦးအောင်မြင့် အသက် ၆၅ နှစ်သည် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ မွန်း လွဲ ၁၂ နာရီ ၁၅ မိနစ်က လည်ချောင်းကင်ဆာ ရောဂါဖြင့် သူ၏နေအိမ်တွင် ကွယ်လွန်သွားခဲ့သည်။ ပန်းချီရာဟုလာ ရုပ်အလောင်း ကို ဩဂုတ်လ ၁ရက်နေ့ မွန်းလွဲ ၃ နာရီက မင်းကွန်း၊ ဈေးဆိပ်ကျေးရွာ၊ အေးချမ်းမြေသုသာန်၌ ဂူသွင်းသဂြိုဟ်ခဲ့ပြီး အုတ်ဂူပေါ်တွင် သူဆုတောင်းလေ့ရှိ သော “နောင်ဘဝမှာ သံသရာတစ်ဆက်ရှိခဲ့လို့ လူဖြစ်လာခဲ့ရင် ပန်းချီ ဆရာတစ်ယောက် ဖြစ်ရပါလို၏” ဟူသော ဆုတောင်းကို ကျောက်ပြားထွင်း ကာ ရေးထိုးထားသည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်ကိုကို (အမရပူရ) ရေးသော ခေတ်ပြိုင်ပန်းချီဆရာများ၊ ၂၀၁၅၊ ဩဂုတ်လ၊ စာ-၂၃၁

http://www.weeklyeleven.com Archived 4 August 2011 at the Wayback Machine.