စစ်ကိုင်းတိုင်းဒေသကြီး
စစ်ကိုင်းတိုင်းဒေသကြီးသည် ဧရိယာစုစုပေါင်း ၃၆,၅၃၄ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းဒေသကြီး ၇ ခုတို့တွင် အကျယ်ဆုံးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ပိုင်းမှ မြောက်ထိပ်စွန်းလောက်ထိ တောင်မြောက်ရှည်လျားသော တိုင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၃၀မိနစ် မှ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ မှ ၉၇ ဒီဂရီ မိနစ် အတွင်း တည်ရှိသည်။ မြို့တော်မှာ စစ်ကိုင်းမြို့ ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး | |||
---|---|---|---|
တိုင်းဒေသကြီး | |||
| |||
![]() မြန်မာနိုင်ငံတွင်း တည်နေရာ | |||
ကိုဩဒိနိတ်: 21°30′N 95°37′E / 21.500°N 95.617°Eကိုဩဒိနိတ်: 21°30′N 95°37′E / 21.500°N 95.617°E | |||
နိုင်ငံ | ![]() | ||
မြို့တော် | စစ်ကိုင်းမြို့ | ||
အစိုးရ | |||
• ဝန်ကြီးချုပ် | ဦးမြင့်နိုင် (NLD) | ||
• အစိုးရ | စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ | ||
• ဥပဒေပြုလွှတ်တော် | စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် | ||
• တရားလွှတ်တော် | စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် | ||
ဧရိယာ | |||
• စုစုပေါင်း | ၉၃၇၀၄.၅ စတုရန်းကီလိုမီတာ (၃၆၁၇၉.၅ စတုရန်းမိုင်) | ||
ဧရိယာအဆင့် | ဒုတိယ | ||
လူဦးရေ (၂၀၁၄)[၁] | |||
• စုစုပေါင်း | ၅,၃၂၅,၃၄၇ | ||
• အဆင့် | ပဉ္စမ | ||
• သိပ်သည်းမှု | ၅၇/km၂ (၁၅၀/sq mi) | ||
Demographics | |||
• လူမျိုးစုများ | ဗမာ၊ ရှမ်း၊ နာဂ၊ ချင်း | ||
• ကိုးကွယ်မှု | ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ Animism | ||
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+06:30) | ||
ISO 3166 ကုဒ် | MM-01 | ||
HDI (၂၀၁၇) | 0.547[၂] low · နဝမ | ||
ဝက်ဘ်ဆိုဒ် | sagaingregion.gov.mm |
ရာသီဥတုပြင်ဆင်
တောင်တန်းဒေသများရှိရာ အနောက်မြောက်ဖက်ဒေသများနှင့် ကျန်မြေပြန့်လွင်ပြင်ဒေသများမှာ ကွဲပြားခြားနားသည့် ရာသီဥတုများရှိကြသည်။
ပတ်ကွိုင် နှင့် နာဂတောင်တန်းများ၏ အပူချိန်မှာ ရေခဲမှတ်ထိ ရှိတတ်သည်။ ပျှမ်းမျှအပူချိန်မှာ အနိမ့်ဆုံး ၄၀ဒီဂရီ ဖာရင်ဟိုက် ထိရှိတတ်ပြီး အပူပိုင်းဒေသဖြစ်သည့် မုံရွာမြို့၏ အပူဆုံးအချိန်များတွင် ၁၁၀ ဒီဂရီဖာရင်ဟိုက်ထိ ရှိတတ်သည်။ အအေးပိုင်းဒေသများ၏ အမြင့်ဆုံးအပူချိန်မှာ ၅၀ ဒီဂရီဖာရင်ဟိုက်သာဖြစ်သည်။
မြောက်ဖက်ပိုင်းဒေသများတွင် မိုးရေချိန်မှာ ၈၀ လက်မမှ ၁၀ဝ လက်မထိ ရရှိလေ့ရှိသည်။ သို့သော် တောင်ပိုင်းဒေသများတွင်မူ ၄၀ လက်မဝန်းကျင်သာရရှိပါသည်။ မြို့ကြီးအချို့၏ နှစ်စဉ်ပျှမ်းမျှမိုးရေချိန်များမှာ မုံရွာမြို့တွင် ၃၁ လက်မ၊ စစ်ကိုင်းမြို့တွင် ၃၄ လက်မ နှင့် ရွှေဘိုမြို့တွင် ၃၆ လက်မ တို့ဖြစ်ကြသည်။ တခါတရံတွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းများကြောင့်လည်း မိုးများတတ်သည်။
မြို့တော်ပြင်ဆင်
စစ်ကိုင်းတိုင်း၏ မြို့တော်မှာစစ်ကိုင်းမြို့ဖြစ်သော်လည်း ၂၀ဝ၂ ခုနှစ်နောက်ပိုင်းတွင် တိုင်းအဆင့် အစိုးရရုံးများနှင့် အုပ်ချုပ်ရေးရုံးများကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာမြို့ သို့ပြောင်းရွှေ့ခဲ့သည်။
ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများပြင်ဆင်
စစ်ကိုင်းတိုင်းဒေသကြီးကတွင် ခရိုင် (၁၀) ခုဖြင့် ဖွဲ့စည်းထားသည်။
- ခန္တီးခရိုင်
- ကလေးခရိုင်
- ကသာခရိုင်
- ကန့်ဘလူခရိုင်
- မော်လိုက်ခရိုင်
- မုံရွာခရိုင်
- စစ်ကိုင်းခရိုင်
- ရွှေဘိုခရိုင်
- တမူးခရိုင်
- ယင်းမာပင်ခရိုင်
မြို့နယ် (၃၇) မြို့နယ်၊ မြို့ပေါင်း (၄၆)မြို့၊ ရပ်ကွက်ပေါင်း (၂၃၃) ကွက်၊ ကျေးရွာအုပ်စု (၁၇၅၈) အုပ်စုနှင့် ရွာပေါင်း (၅၉၀၇) ရွာ တည်ရှိသည်။[၃]
အခြား မြို့ရွာများပြင်ဆင်
- အလုံ
- အန့်ပေါ်
- အရာတော်
- ဗန်းမောက်
- ဘော်
- ဘုတ်ကန်
- ဘုတလင်
- ချပ်သင်း
- ချောင်းဦး
- ချင်ပစ်
- ခန္တီး
- လှတော
- ဟုမ္မလင်း
- အင်းတော်
- အင်းရွာ
- ကဒူး
- ကံထူးမ
- ကလေးမြို့
- ကလေးဝ
- ကန့်ဘလူ
- ကနီ
- ကသာ
- ကောင်းဟိန်း
- ကောလင်း
- ကင်း
- ကင်းတပ်
- ခင်ဦး
- ကုက္ကိုကုန်း
- ကူတော်
- ကွမ်းတောင်
- ကျားတတ်
- ကျောက်ကာ
- ကျောက်မြောင်း
- ကွန်းလှ
- လဟယ်
- လောသာ
- လေရှီး
- မလည်
- မံစီ
- မစိန်
- မောင်းထောင်
- မောင်းခမ်း
- မော်လိုက်
- မော်လူး
- မဲဇာ
- မင်းကင်း
- မင်းကွန်း
- မင်းတိုင်ပင်
- မိုးဒါး
- မုဆိုးချုံ
- မုံရွေး
- မြောင်
- မြေမွန်
- မြင်းမူ
- မြင်သာဆိပ်
- မြို့သာ
- မြို့သစ်
- နဘား
- နမ့်တိန်ခွန်(ဂျိတ်ဆော)
- နန်းယွန်း
- နတ်ချောင်း
- ငါန်းစွန်
- ညောင်ကန်
- အုန်းတော
- အုန်းသာ
- ပဒူ
- ပုလဲ
- ပုလွေရွှေ
- ပန်ဆောင်
- ပန်းသာ
- ဖလံဂုဏ်ရွာ
- ဖောင်းပြင်
- ပင်လည်ဘူး
- ပြောင်ဘုတ်
- ရိတုဂါး
- ဆားတောင်
- ဆားတွင်းကြီး
- ဆားလင်းကြီး
- စာရေး
- ဆွပ်ခွန်
- ရှိန်းမကား
- ရွှေတွင်း
- ဆင်ကုန်း
- ဆင်လမောင်း
- စစ်တောင်း
- ဆွမ္မရာ
- ဒီပဲယင်း
- ထမံသီ
- တတ်လွင်
- တန့်ဆည်
- တယ်ပင်
- သန
- သောင်ဝွဋ်
- သာစည်
- သက္ကယ်ကျင်း
- ထီးချိုင့်
- တုန်ဟဲ
- ဝက်လက်
- ဝန်ကြီး
- ဝန်းသို
- ရေဦး
- ယင်းမာပင်
- ရွာရှည်
- ရွာသစ်ကြီး
- စေတီ
- ဇီးကုန်း
စိတ်ဝင်စားဖွယ်နေရာများပြင်ဆင်
- မင်းကွန်းခေါင်းလောင်းတော်ကြီး (ကမ္ဘာ့အကြီးဆုံး အသံမြည်ခေါင်းလောင်းကြီး)
- ကျောက္ကာရွှေဂူနီဘုရားကြီး
- မိုးညှင်းသမ္ဗုဒေဘုရား
- လေးကျွန်းစကြာ ရပ်တော်မူဘုရားကြီး
- တွင်းတောင်
- အလောင်းတော် ကဿဖ
- နာဂနှစ်သစ်ကူးပွဲ
- ဖလံဂုဏ်ရွာ (နန်းမတော်မယ်နု ၏ဇာတိ)
== ဒေသထွက်ကုန်များ ==ပဲပြောင်း နှမ်း ဝါ ကွမ်းနှင့်ကွမ်းယာပစ္စည်းများလည်း ထွက်ရှိပါသည်
ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
တွင်းထွက်များပြင်ဆင်
ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
ကိုးကားပြင်ဆင်
- ↑ (May 2015) Census Report, The 2014 Myanmar Population and Housing Census 2. Naypyitaw: Ministry of Immigration and Population, 17။
- ↑ Sub-national HDI - Area Database - Global Data Lab (in en)။
- ↑ နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ ဦးရေ စာရင်းချုပ် (၁၆. ၂. ၂၀၁၆)
- ↑ D.P.S. MYANMAR GUIDE MAP. 2000.
- ↑ မြန်မာပြည်ဖွားဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊ ၂၀၀၀ ခုနစ်ထုတ်