ရေနံချောင်းတက္ကသိုလ် (အင်္ဂလိပ်: Yenangyaung University) သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးရေနံချောင်းမြို့တွင် တည်ရှိသည့် တက္ကသိုလ်တစ်ခု ဖြစ်သည်။[၁] ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်တွင် ပါဝင်သည်။

ရေနံချောင်းတက္ကသိုလ်
တည်ထောင်မေ ၂၃၊ ၁၉၇၇; ၄၆ နှစ် အကြာက (၁၉၇၇-၀၅-23)
နှီးနွယ်အဖွဲ့အစည်းပညာရေး ဝန်ကြီးဌာန
ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်
တည်နေရာရေနံချောင်းမြို့, မကွေးတိုင်းဒေသကြီး, မြန်မာနိုင်ငံ
ပရဝုဏ်(၅၂.၇၅) ဧက

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၇၇ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ရေနံချောင်းဒေသကောလိပ်ကို BOC‌ဆေးရုံဟောင်း နေရာတွင် စတင်ဖွင့်လှစ်ခဲ့သည်။

ဒေသကောလိပ်များကို ၁၉၈၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ပညာရေးဝန်ကြီးဌာနက လွှဲပြောင်းယူခဲ့ပြီး ရေနံချောင်းဒေသကောလိပ်ကို ရေနံချောင်းကောလိပ် အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၂၀၀၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ရေနံချောင်းကောလိပ်ကို ရေနံချောင်းဒီဂရီကောလိပ်အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ (၃၁)ရက်တွင် ရေနံချောင်းတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။

တည်နေရာနှင့်အကျယ်အဝန်း ပြင်ဆင်ရန်

ရေနံချောင်းတက္ကသိုလ်သည် ရေနံချောင်းမြို့၏တောင်ဘက် ရန်ကုန်-မန္တလေးပြည်‌ထောင်စုလမ်းမကြီး၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ၅၂.၇၅ ဧက (၂၁.၃၅ ဟက်တာ) ကျယ်ဝန်းသည်။

သင်တန်းများ ပြင်ဆင်ရန်

​ရေနံ​ချောင်းတက္ကသိုလ်တွင် ဝိဇ္ဇာဘွဲ့ (BA)၊ သိပ္ပံဘွဲ့ (BSc) သင်တန်းများကို လေးနှစ်ကာလနှင့်၊ ဂုဏ်ထူးတန်းဘွဲ့များအတွက် ငါးနှစ်ကာလဖြင့် သင်တန်းများ ပို့ချပေးသည်။

သင်တန်း ဘွဲ့ မဟာဘွဲ့
မြန်မာစာ BA MA
အင်္ဂလိပ်စာ BA MA
ပထဝီဝင် BA MA
သမိုင်း BA MA
ဒဿနိကဗေဒ BA MA
ရုက္ခဗေဒ BSc MSc
ဓာတုဗေဒ BSc MSc
သင်္ချာ BSc MSc
ရူပဗေဒ BSc MSc
သတ္တဗေဒ BSc MSc
ဘူမိဗေဒ BSc MSc

ချီးမြှင့်အပ်နှင်းသည့်ဘွဲ့များ ပြင်ဆင်ရန်

ဝိဇ္ဇာအထူးပြုဘာသာတွဲများ ပြင်ဆင်ရန်

  • ဝိဇ္ဇာဘွဲ့ - BA
  • ဝိဇ္ဇာဂုဏ်ထူးဘွဲ့ - BA (Hons;)
  • မဟာဝိဇ္ဇာဘွဲ့ - MA

သိပွံအထူးပြုဘာသာတွဲများ ပြင်ဆင်ရန်

  • သိပ္ပံဘွဲ့ - BSc
  • သိပ္ပံဂုဏ်ထူးဘွဲ့ - BSc (Hons;)
  • မဟာသိပ္ပံဘွဲ့ - MSc

ပညာသင်နှစ် ပြင်ဆင်ရန်

ပညာသင်ကာလမှာ ၄ နှစ်ဖြစ်သည်။ နေ့ကျောင်းသားများအတွက် ပထမပညာသင်ကာလ သင်တန်းကို ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ပြီး ဒုတိယပညာသင်ကာလ သင်တန်းကို ဇွန်လတွင် စတင်ဖွင့်လှစ်သည်။

ကိုးကား ပြင်ဆင်ရန်