ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေး ဦးစီးဌာန
ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေး ဦးစီးဌာန (အင်္ဂလိပ်: Oil and Gas Planning Department) သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ စွမ်းအင်ဆိုင်ရာ ဦးစီးဌာနတစ်ခုဖြစ်သည်။
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဌာနချုပ် | နေပြည်တော် |
ဝန်ကြီးများ | ဦးဝင်းခိုင် |
ဌာနအကြီးအမှူးများ | ၊ ညွှန်ကြားရေးမှူးချုပ် |
မိခင်အဖွဲ့အစည်း | လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန |
ဝက်ဘ်ဆိုက် | moee.gov.mm |
ဖွဲ့စည်းပုံ
ပြင်ဆင်ရန်- စီမံကိန်းနှင့် စီးပွားရေးရာစီမံခန့်ခွဲရေးဌာနခွဲ
- ဥပဒေစိစစ်ရေးနှင့်ထုတ်လုပ်မှုစီမံခန့်ခွဲရေးဌာနခွဲ
- အထွေထွေစီမံခန့်ခွဲရေးဌာနခွဲ
လုပ်ငန်းတာဝန်များ
ပြင်ဆင်ရန်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသော အဓိကလုပ်ငန်းတာဝန်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။
- ဝန်ကြီးဌာန၏ မူဝါဒလုပ်ငန်းစဉ်၊ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြီးကြပ်ခြင်း၊
- စွမ်းအင်မူဝါဒကို အကောင်အထည်ဖော်ရေးဆွဲရာတွင်ပါဝင်ဆောင်ရွက်ခြင်း၊
- ဥပဒေ၊ နည်းဥပဒေများကို ဦးဆောင်၍ ဆွေးနွေးခြင်း၊ ရေးဆွဲပြုစုခြင်း၊
- စွမ်းအင်ဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း၊
- ရေနံစာချုပ်စာတမ်းများ ပြုစုရေးဆွဲချုပ်ဆိုနိုင်ရေး ညှိနှိုင်းကြီးကြပ်ဆောင်ရွက်ခြင်း၊
- ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခြင်း၊
- ကုန်းပိုင်းရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းတွင် ဘဏ္ဍာရေးနှစ် အလိုက် တွင်းသစ်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေကို စိစစ်ခြင်း၊
- စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုကို စဉ်ဆက်မပြတ် စောင့်ကြည့် တည့်မတ်ပေးခြင်း၊
- နှစ်စဉ်ဘဏ္ဍာရေး လျာထားချက်များ၊ ရငွေ၊ သုံးငွေစာရင်းဇယားများကို လုပ်ငန်းဌာန များနှင့် ညှိနှိုင်းပူးပေါင်းရေးဆွဲ ဆောင်ရွက်ခြင်း၊
- စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုရေရှည်အစီအစဉ်များ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊
- ပုဂ္ဂလိကကဏ္ဍတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊
- စွမ်းအင်ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များပြုစုခြင်းနှင့် အနာဂတ်စွမ်းအင် လိုအပ် ချက်နှင့် ဖြန့်ဖြူးပေးနိုင်မှုများကို ခန့်မှန်းတွက်ချက်ခြင်း၊
- စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊
- တင်ဒါလုပ်ငန်းများ မှန်ကန်မှုရှိစေရေး ကြီးကြပ်ကွပ်ကဲခြင်း၊
- လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်နိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊
- သဘာဝပတ်ဝန်းကျင်နှင့် လူမှု့စီးပွားလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်ခြင်း၊
- စွမ်းအင်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကိစ္စများကို ဆောင်ရွက်ခြင်း၊
- စွမ်းအင်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရေး ကြီးကြပ်ဆောင်ရွက်ခြင်း။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ "ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေး ဦးစီးဌာန"၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန။ Archived from the original on 28 April 2019။