ရေမွန်
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
ဝေမွန်ဦး (၁၉၈၈-၂၀၂၁) သည် ရေမွန် (Raymond) အမည်ဖြင့် လူသိများသော မြန်မာနိုင်ငံသား တေးရေး၊ တေးဆို၊ ဂီတပညာရှင်ဖြစ်သည်။
ငယ်ဘဝနှင့် ပညာရေးပြင်ဆင်
ဂီတနယ်၌ ကျော်ကြားသူများဖြစ်သည့် တေးရေးတေးဆို စောခူဆဲနှင့် အဆိုတော် ခင်မြတ်မွန်တို့မှ ၁၉၈၈ ခု၌ ရန်ကုန်၌ မွေးသည်။ ငယ်အမည်မှာ တွတ်ပီဖြစ်ပြီး မွေးချင်းညီမ တစ်ယောက်ရှိသည်။ ငယ်စဉ်ကပင် မိဘများ ကွာရှင်းကြပြီး ရေမွန်ကို မိခင်က စောင့်ရှောက်သည်။
ဒဂုံ (၁) ၌ အထက်တန်းအောင်မြင်သည်အထိ ပညာသင်သည်။
ဂီတခြေလှမ်းပြင်ဆင်
အထက်တန်းဖြေဆိုပြီးနောက် ယခင်ကပင် အစပျိုးရင်းဖြစ်သော အီးဒီးရော့တ်စ် (Idiots) အမည်ရှိ ရော့ခ်ဂီတဝိုင်းကို အောင်ရဲ၊ ဖိုးလုံး၊ ကျော်ခိုင်တို့နှင့်အတူ ပေါင်းထောင်သည်။ ရေမွန်က ဂစ်တာနှင့်တေးဆိုအဖြစ် ပါဝင်သည်။
အက်ဆိုင်အာ ရော့ခ်ဟောက်စ် (SIR Rock House) အမည်အောက်တွင် အီးဒီးရော့တ်စ်၊ ရီဇင်န် (Reason)၊ ဝမ့်တက်ဒ် (Wanted)၊ ဘစ်ဂဘက်ဂ်ဟူသော ရော့ခ်အနွယ်ဝင် ဂီတဝိုင်းများ ပေါင်းကာ ရှိုးပွဲများ၊ သီချင်းခွေများ ထုတ်ခဲ့သည်။
အီးဒီးရော့တ်စ်အဖွဲ့အမည်အောက်တွင် လူအဂီတ (၂၀၁၁)၊ ေခတ်သစ်ကျောက် (၂၀၁၆) တေးစီးရီးများ ထုတ်သည်။ ဘာလိုေနသေးလဲ၊ ချန်ခဲ့၊ ဝမ်းနည်းတတ်တဲ့ချစ်သူ သီချင်းများမှာ အထူးထင်ရှားသည်။
ပရဟိတလှုပ်ရှားမှုပြင်ဆင်
ကလင်းရန်ကုန် (Clean Yangon) အကျိုးအမြတ်မယူအဖွဲ့၏ အဖွဲ့ဝင်ဖြစ်ပြီး ကိုဗစ်ကာလ၌ အသွားအလာကန့်သတ်ချက်ကြောင့် စားဝတ်နေရေးအဆင်မပြေသော မိသားစုများကို ဆန်နှင့်ဟင်းချက်စရာများ လှူသည်။[၁]
ဘဝနိဂုံးပြင်ဆင်
၂၀၂၁ အာဏာသိမ်းမှုဖြစ်သည်နောက် မြို့ပြဆန္ဒပြပွဲများတွင် ပေါ်ပေါ်ထင်ထင်ပါဝင်သည့်အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ၅၀၅ (က) ဖြင့် ဖမ်းမိန့် အထုတ်ခံရသည်တွင် လွတ်မြောက်နယ်မြေခေါ်သော တော်လှန်ရေးအင်အားစုတို့ရှိရာသို့ ပူးပေါင်းသည်။
၂၀၂၁ ခုနှစ်၊ဇွန်လ ၂၃ ရက်နေ့မနက်တွင် အစာအိမ်သွေးကြောပေါက်ကာ ရုတ်တရက်ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၃၂ နှစ်သာရှိသေးသည်။
ကိုးကားပြင်ဆင်
- ↑ "Clean Yangon အဖွဲ့မှာ လုပ်အားပေးခဲ့တဲ့ အဆိုတော်ရေမွန်"။ ၂၀၂၀-၀၆-၀၁
ပြင်ပလင့်များပြင်ဆင်
- ဖေ့စ်ဘွတ်ခ် ပေါ်ရှိ ရေမွန်
- SoundCloud ပေါ်ရှိ ရေမွန်
- Youtube ပေါ်ရှိ Idiot Band