ရေဝပ်ဒေသ
(ရေဝပ်ဒေသများ မှ ပြန်ညွှန်းထားသည်)
ရေဝပ်ဒေသ သို့မဟုတ် ရေဝပ်တော ဆိုသည်မှာ တနှစ်ပတ်လုံး၊ သို့မဟုတ် ရက်သတ္တပတ်၊ လနှင့်ချီ၍ ရေလွှမ်းထားသော သို့မဟုတ် ရေဖြင့်ဝိုင်းရံထားသော တမူထူးသည့် ဂေဟစနစ်တခုဖြစ်သည်။ ရေဝပ်တောများကို ကုန်းမြေ သို့မဟုတ် ရေထုနှင့် ကွဲပြားစေသည့် အဓိကအချက်မှာ ရေနေအပင်များ ယင်းဒေသရှိမြေလွှာတွင် လိုက်လျောညီထွေ ရှင်သန်နိုင်သည့်အချက်ဖြစ်သည်။[၁] ရေဝပ်တောများသည် ဂေဟစနစ်အားလုံးရှိ ဇီဝမျိုးစုံမျိုးကွဲအများထဲတွင် ပါဝင်သည်ဟု ယူဆရသည်။ အပင်အမျိုးအစားများစွာနှင့် တိရစ္ဆာန် မျိုးစိတ်များ၏ နားခိုရာဖြစ်သည်။ ရေဝပ်တောများသည် ကမ္ဘာ့တိုက်ကြီးများတိုင်းတွင် သဘာဝအလျောက် ဖြစ်ထွန်းကြသည်။[၂] ရေဝပ်တောရှိ ရေသည် ရေချို၊ ရေငန်နှင့် တပိုင်းရေချို တခုခုဖြစ်နိုင်သည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ Official page of the Ramsar Convention။ 2011-09-25 တွင် ပြန်စစ်ပြီး။
- ↑ Davidson, N.C. (2014). "How much wetland has the world lost? Long-term and recent trends in global wetland area". Marine and Freshwater Research 65 (10): 934–941. doi: .