ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန
ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန (အင်္ဂလိပ်: Department of Hydropower Implementation) သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ လျှပ်စစ်စွမ်းအားဆိုင်ရာ ဦးစီးဌာနတစ်ခုဖြစ်သည်။
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ဌာနချုပ် | ရုံးအမှတ် (၂၇)၊ နေပြည်တော် |
ဝန်ကြီးများ | ဦးဝင်းခိုင် |
ဌာနအကြီးအမှူးများ | ဦးဟိန်းထက်၊ ညွှန်ကြားရေးမှူးချုပ် |
မိခင်အဖွဲ့အစည်း | လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန |
ဝက်ဘ်ဆိုက် | moee.gov.mm |
ဖွဲ့စည်းပုံ
ပြင်ဆင်ရန်- စီမံခန့်ခွဲရေးဌာနခွဲ(ရုံးချုပ်)
- စီမံကိန်းနှင့်လုပ်ငန်းဌာနခွဲ(ရုံးချုပ်)
- ငွေစာရင်းဌာနခွဲ(ရုံးချုပ်)
- ပစ္စည်းဖြည့်တင်းရေးဌာနခွဲ(ရုံးချုပ်)
- ဒီဇိုင်းနှင့်ပုံထုတ်ဌာနခွဲ(ရုံးချုပ်)
- စူစမ်းလေ့လာရေးဌာနခွဲ(ပျဉ်းမနား)
- ဘူမိဗေဒဌာနခွဲ(ပျဉ်းမနား)
- စက်မှုယန္တရားဌာနခွဲ(ပျဉ်းမနား)
- စက်မှုလျှပ်စစ်တပ်ဆင်ရေးဌာနခွဲ(ပျဉ်းမနား)
- ထိန်းသိမ်းရေးဌာနခွဲ(မန္တလေး)
- သဘာ၀ပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံ(ကျောက်ပန်းတောင်း)
- အမှတ်(၁)တည်ဆောက်ရေး(ပျဉ်းမနား)
- အမှတ်(၂)တည်ဆောက်ရေး(မန္တလေး)
- အမှတ်(၃)တည်ဆောက်ရေး(ပြင်ဦးလွင်)
- အမှတ်(၄)တည်ဆောက်ရေး(မကွေး)
- အမှတ်(၅)တည်ဆောက်ရေး(အေးသာယာ)
လုပ်ငန်းတာဝန်များ
ပြင်ဆင်ရန်- ရေအားလျှပ်စစ်အရင်းအမြစ်များကို စူးစမ်းလေ့လာရှာဖွေခြင်း၊ တိုင်းတာခြင်း၊ တွက်ချက် စိစစ်ခြင်းနှင့် ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာများကိုပြုစု၍ ဝန်ကြီးဌာနသို့ တင်ပြခြင်း။
- အထက်အဆင့်နှင့်ဝန်ကြီးဌာနတို့က ရွေးချယ်သတ်မှတ်ပေးသော စီမံကိန်းသစ်များနှင့် စပ်လျဉ်း ၍အသေးစိတ်လေ့လာခြင်း၊ စိစစ်တင်ပြခြင်း၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်
- မိမိဌာနအတွင်းရှိ သက်ဆိုင်ရာပညာရှင်များ၊ ကျွမ်းကျင်သူများဖြင့် ကာလတို၊ကာလရှည် အသေးစိတ် စူးစမ်းလေ့လာခြင်း၊ အချက်အလက်များစုဆောင်းရယူခြင်း၊
- မိမိနိုင်ငံအတွင်း ပြည်တွင်းနှင့်ပြည်ပမှ ပညာရှင်များ၊ လက်ရှိပူးပေါင်းဆောင်ရွက် လျက်ရှိသော အတိုင်ပင်ခံအဖွဲ့များနှင့် ဆက်သွယ်ညှိနှိုင်းပေါင်းစပ်လျက်ဖြစ်မြောက် နိုင်စွမ်းအစီရင်ခံစာများ ပြုစုထားရှိခြင်း၊
- မိမိတို့ကျွမ်းကျင်မှုနယ်ပယ်ထက်ကျော်လွန်သော နည်းပညာရပ်များအတွက် ပြည်ပ အတိုင်ပင်ခံအဖွဲ့များနှင့် ဆက်သွယ်တာဝန်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် အထက် အဖွဲ့အစည်းများသို့ စနစ်တကျတင်ပြခွင့်ပြုချက်ရယူဆောင်ရွက်ခြင်း၊
- စီမံကိန်းအလိုက် ခန့်မှန်းခြေစာရင်းများ စနစ်တကျပြုစုခြင်း၊ နှစ်အလိုက် ဘဏ္ဍာရေး နှစ်အတွင်း ကုန်ကျမည့်ရန်ပုံငွေများ တွက်ချက်တင်ပြခြင်း၊
- အပိုဒ်(၂) ပါလုပ်ငန်းနှင့် နောင်တွင် အကျုံးဝင်လာမည့် လုပ်ငန်းတာဝန်များဆောင်ရွက် ခြင်း။
- စီမံကိန်းလုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သုံးသပ်စိစစ် ခြင်း၊ အထက်အဆင့်ရုံးများသို့ တင်ပြအစီရင်ခံခြင်း။
- မိမိဌာနတွင်းရှိ အဆင့်ဆင့်ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားစေရန် ပြည်တွင်း/ ပြည်ပ လေ့ကျင့်ရေးသင်တန်းများ ပုံမှန်ဖွင့်လှစ်ဆောင်ရွက်ခြင်း။
- နှစ်စဉ်ရသုံးမှန်းခြေငွေစာရင်းများ ပြုစုခြင်း။
- တည်ဆောက်ပြီးသော ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းပေးခြင်း။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ "မော်ကွန်းတင်ပြီးမိတ္တူ"၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန။ Archived from the original on 17 April 2019။