ရေဥ

ရေညှိပင် မျိုးစိတ်များ
Marimo
Marimo in Lake Akan in Japan
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
(unranked): Viridiplantae
မျိုးပေါင်းစု: Chlorophyta
မျိုးပေါင်း: Ulvophyceae
မျိုးစဉ်: Cladophorales
မျိုးရင်း: Pithophoraceae
မျိုးစု: Aegagropila
မျိုးစိတ်:
A. linnaei
ဒွိနာမ
Aegagropila linnaei
Kützing

ရေဥ (Aegagropila linnaei) သည် ရေညှိမျိုးဖြစ်၍ ကမ္ဘာ့မြောက်ပိုင်းရှိ ရေကန်အချို့တွင် တွေ့ရှိရသည်။ ရေဥသည် အစိမ်းရောင်ဘောလုံးကလေးများအဖြစ် ရှားပါးသည့် ပုံစံဖြင့် စုဝေးနေလေ့ရှိသည်။ ဂျပန်တွင် မာရိမို ဟုခေါ်၍ အမျိုးသားရတနာတစ်ရပ်အဖြစ် အထူးထိန်းသိမ်းစောင့်ရှောက်ကာ ပွဲတော်များ ကျင်းပကြသည်။ မြန်မာနိုင်ငံတွင် ကသာခရိုင် ဗန်းမောက်မြို့နယ်ရှိ နောင်လုံရွာနှင့် နန်းစားရွာအနီးရှိ အင်းများတွင် တွေ့ရလေ့ရှိကာ ကဒူးနှင့် ကဏန်းလူမျိုးတို့ကအစားအစာအဖြစ် စားသုံးကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ကသာ-သင်းမွှေး၊ ၁၉၆၅-ခုနှစ်၊ အမှတ်(၂၂၈) ဇန်နဝါရီလထုတ် သွေးသောက်မဂ္ဂဇင်း စာမျက်နှာ (၁၅၁)