ရောင်နီလာရာလမ်း (အင်္ဂလိပ်: Rays of Hope) သည် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသော ၂၀၂၃ ခုနှစ်ထွက် မြန်မာ အတ္ထုပ္ပတ္တိမှတ်တမ်းတင် ရုပ်ရှင်ကားဖြစ်သည်။ မြန်မာပြည်တွင်းစစ်ကာလအတွင်း ဒါရိုက်တာကိုပေါက်၏ အနုပညာသမားဘဝမှ တော်လှန်ရေးသမားဘဝသို့ ပြောင်းလဲလာခြင်းကို ရိုက်ကူးတင်ဆက်ထားသည်။[၁][၂][၃]

ရောင်နီလာရာလမ်း
အခြေခံအချက်အလက်
ဒါရိုက်တာကိုပေါက်
စာရေးသူကိုပေါက်
ထုတ်လုပ်ရေး
ကုမ္ပဏီ
သော်ဝန်းကြာဖြူ ထုတ်လုပ်ရေး
ကြာမြင့်ချိန်
၁၀၅ မိနစ်
နိုင်ငံမြန်မာ
ဘာသာစကားမြန်မာ
အမျိုးအစားခွဲခြင်းနှင့် ဖြန့်ဖြူးခြင်း
ဖြန့်ချိသည့်နေ့
  • ဖေဖော်ဝါရီ ၄၊ ၂၀၂၃ (၂၀၂၃-၀၂-၀၄) (ဂျပန်)

ရုပ်ရှင်ဇာတ်ကားကို ဂျပန်နိုင်ငံတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြသခဲ့သည်။[၄]

ထုတ်လုပ်ရေး ပြင်ဆင်ရန်

ရောင်နီလာရာလမ်း ကို ရုပ်ရှင်ထုတ်လုပ်သူ၊ သရုပ်ဖော်နှင့် ဂီတသမားတစ်ဦးဖြစ်သော ကိုပေါက်[၅] က မသောက်မိသော မိုးခါးရေ မှတ်တမ်းတင်ဇာတ်လမ်းတိုရိုက်ကူးပြီးနောက်တွင် ရိုက်ကူးခဲ့သည်။[၆][၄] ဤရုပ်ရှင်ဇာတ်ကားဖြင့် မြန်မာ့နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရရှိရန် ဒါရိုက်တာကိုပေါက်က ရည်ရွယ်သည်။[၇]

ဖြန့်ချိခြင်း ပြင်ဆင်ရန်

ရောင်နီလာရာလမ်း ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ရုပ်ရှင်ရုံတစ်ရုံတွင် စတင်ပြသခဲ့သည်။ NHK သတင်းဌာနက "အဖိုးမဖြတ်နိုင်သော ရုပ်ရှင်ဖြစ်ပြီး ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ထိန်းသိမ်းထားသင့်သည်" ဟု မှတ်ချက်ပြုခဲ့သည်။[၄] ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ အင်ဒီယာနာပိုလစ်မြို့တွင် ဆက်လက်ပြသခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့ တက်ရောက်ခဲ့သည်။[၈] ဩစတြေးလျနိုင်ငံ ပါတ်မြို့တွင် မတ်လ ၁၁ ရက်နေ့က ပြသခဲ့သည်။[၃]

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်


ကိုးကား ပြင်ဆင်ရန်

  1. "ဒါရိုက်တာ ကိုပေါက်ရဲ့ ရောင်နီလာရာလမ်း မှတ်တမ်းရုပ်ရှင် ဖေဖေါ်ဝါရီတွင် စတင်ပြသမည်" (in Burmese)၊ The Voice of Spring၊ 8 January 2023။ 
  2. "'မသောက်မိသောမိုးခါးရေ' ဇာတ်ကားတွင် ပါဝင်ကြသည့် ရဲဘော်များအား ဂုဏ်ပြု" (in Burmese)၊ Karen Information Center၊ 27 December 2022။ "အလားတူ တော်လှန်ရေးနှစ်နှစ်ပြည့်အဖြစ် ဒါရိုက်တာကိုပေါက်၏ တော်လှန်ရေးဘဝ နှစ်နှစ်တာ ဖြတ်သန်းမှုကိုရိုက်ကူးထားသော ‘ရောင်နီလာရာလမ်း’ ဟူသည့် မှတ်တမ်းရုပ်ရှင်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ..." 
  3. ၃.၀ ၃.၁ Nway Oo Pyi Thu။ "Myanmar's Spring Revolution News – March 02 (Morning)"၊ Daily Radio News၊ March 2, 2023။ 
  4. ၄.၀ ၄.၁ ၄.၂ "'Rays of Hope' documentary earns nearly 1000-lakh kyats from first screening in Japan"၊ Burma News International၊ 6 February 2023။ 
  5. Mohinga Matters။ "Showtime for the Resistance: Revolutionary films screening worldwide"၊ DVBဒီမိုကရက်တစ် မြန်မာ့အသံ၊ 28 April 2023။ "After the screening, Ko Pauk performed a live concert vowing to continue the fight against the military." 
  6. Tan၊ Lincoln။ "Myanmar chaos and amazing Chinese faces: Two doco films screening this Sunday open windows into different worlds"၊ The New Zealand Herald၊ NZME Publishing Limited၊ 2 November 2022။ 
  7. DVB။ "'ရောင်နီလာရာလမ်း' တော်လှန်ရေးမှတ်တမ်းရုပ်ရှင် နိုင်ငံတကာ မြို့ကြီး ၅ မြို့တွင် ပြသမည်" (in Burmese)၊ DVBဒီမိုကရက်တစ် မြန်မာ့အသံ၊ 4 February 2023။ "မြန်မာ့နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေနိုင်ဖို့ ဖန်တီးရိုက်ကူးထားတဲ့ ဒီကားကိုတော့ ဂျပန်နိုင်ငံမြို့တော် တိုကျို၊..." 
  8. ရောင်နီလာရာလမ်း (19 February 2023)။ ဖေဖေါ်ဝါရီလ ၁၈ရက်နေ့က (in Burmese)။ Meta Platforms, Inc.။ 27 December 2023 တွင် ပြန်စစ်ပြီး။