ရော်ဘတ်တို ကားလို့စ် ဒ ဆီးလ်ဗား ရော့ရှား (ပေါ်တူဂီ: Roberto Carlos da Silva Rocha)[မှတ်စု ၁] သည် ရော်ဘတ်တို ကားလို့စ် အဖြစ်အသိများ၍ ဘရာဇီးဘောလုံးသမားဟောင်း တစ်ဦးဖြစ်ကာ လက်ရှိတွင် ဘောလုံးအားကစား သံတမန်တစ်ဦးအဖြစ် လုပ်ဆောင်လျက် ရှိသည်။[၃] ဘရာဇီးအသင်း၌ ရှေ့တန်းလူအဖြစ် စတင်ခဲ့ပြီး ၎င်း၏ ကစားသမားသက်တမ်းအများစု၌ ဘယ်စွယ်နောက်ခံလူ နေရာတွင် ကစားမှုများ၍ ကစားနည်းသမိုင်းတစ်လျှောက်တွင် 'ဘယ်ဝင်းမှ တိုက်စစ်အထက်သန်ဆုံး နောက်ခံလူ'အဖြစ် ဖော်ပြကြသည်။ [၄] ကားလို့စ်ကို အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် ယူဆကြကာ ၎င်းကစားသည့် သက်တမ်းတစ်လျှောက် ကစားကွက်ပုံဖော်ကစားသော ကျွမ်းကျင်သူတစ်ဦးအဖြစ်လည်း သိရှိကြသည်။[၅][၆] ၁၉၉၇တွင် ဖီဖာ တစ်နှစ်တာအကောင်ဆုံးဆု ဒုတိယရရှိကာ ဖီဖာ ကမ္ဘာ့ဖလား အိပ်မက်အသင်း တွင် ရွေးချယ်ခံရသည်။ ၂၀၀၄ တွင် သက်ရှိထင်ရှား ကြီးကျယ်ဆုံး 'ဖီဖာ (၁၀၀)' တွင် ပါဝင်ခဲ့သည်။[၇][၈]

ရော်ဘတ်တို ကားလို့စ်
Roberto Carlos in 2011
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ ရော်ဘတ်တို ကားလို့စ် ဒ ဆီးလ်ဗား ရော့ရှား[၁]
မွေးသက္ကရာဇ် (1973-04-10) ၁၀ ဧပြီ၊ ၁၉၇၃ (အသက် ၅၁)
မွေးရပ်ဇာတိ ဂါစာမြို့ ၊ ဆောင် ပေါလူး ပြည်နယ်၊ ဘရာဇီး။
အရပ်အမြင့် ၁.၆၈ မီတာ[၁]
ကစားသည့်နေရာ ဘယ်နောက်ခံလူ
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
၁၉၉၁–၁၉၉၃ União São João Esporte Clube (၀)
၁၉၉၂ → Clube Atlético Mineiro (အငှား) (၀)
၁၉၉၃–၁၉၉၅ Sociedade Esportiva Palmeiras ၄၄ (၃)
၁၉၉၅–၁၉၉၆ Inter Milan ၃၀ (၅)
၁၉၉၆–၂၀၀၇ Real Madrid ၃၇၀ (၄၇)
၂၀၀၇–၂၀၀၉ Fenerbahçe ၆၅ (၆)
၂၀၁၀–၂၀၁၁ Corinthians ၃၅ (၁)
၂၀၁၁–၂၀၁၂ Anzhi Makhachkala ၂၅ (၄)
၂၀၁၅ Delhi Dynamos (၀)
စုစုပေါင်း ၅၇၅ (၆၆)
နိုင်ငံကိုယ်စားပြုအသင်း
၁၉၉၂–၂၀၀၆[၂] ဘရာဇီး အမျိုးသား ဘောလုံးအသင်း ၁၂၅ (၁၁)
အုပ်ချုပ်ခဲ့သော အသင်းများ
၂၀၁၂ Anzhi Makhachkala (နည်းပြ)
၂၀၁၃–၂၀၁၄ Sivasspor
၂၀၁၅ Akhisarspor
၂၀၁၅ Delhi Dynamos

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်သည်။

† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

ကလပ်အသင်းအနေဖြင့် ရေအား မဒရစ် (ရီးယဲလ် မဒရစ်) သို့ ၁၉၉၆ တွင် ပြောင်းရွှေ့ကာ (၁၁)ရာသီကို အောင်မြင်စွာ ကစားခဲ့သည်။ ထို၌ ပွဲပေါင်း (၅၈၄)ပွဲ၊ (၇၁) ဂိုး သွင်းယူခဲ့သည်။လာ လီဂါ ဖလား လေးကြိမ်၊ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် (၃)ကြိမ် ရရှိခဲ့သည်။ ၂၀၁၃ ဧပြီတွင် 'မာကာ' စပိန်သတင်းစာက မဒရစ်အသင်း၏ သမိုင်းတစ်လျှောက် အကောင်းဆုံး နိုင်ငံခြားသား (၁၁) ယောက်ထဲက တစ်ဦးအဖြစ် ရွေးချယ်ခဲ့သည်။[၉] ၂၀၁၂ ဩဂုတ်လ အသက် (၃၉)တွင် အနားယူခဲ့၏။[၁၀]

ရော်ဘတ်တို ကားလို့စ်သည် ဘရာဇီးအသင်းအတွက် ၁၉၉၂တွင် စတင်ပါဝင်ခဲ့ပြီး ကမ္ဘာ့ဖလား သုံးကြိမ်တိုင်တိုင် ပါဝင် ကစားခဲ့သည်။ ၁၉၉၈ တွင် အသင်းကို ဗိုလ်လုပွဲ ရောက်အောင် ကူညီကစားခဲ့၍ ၂၀၀၂ ကမ္ဘာ့ဖလားတွင် အနိုင်ရရှိစေရန်လည်း ကူညီခဲ့သည်။ ၁၉၉၈နှင့် ၂၀၀၂ ကမ္ဘာ့ဖလား ထိပ်တန်းကြယ်ပွင့် အသင်းတို့၌ ရွေးချယ်ခြင်းခံခဲ့ရသည်။ နိုင်ငံအသင်းနှင့် (၁၂၅) ပွဲကစားခဲ့ကာ ဒုတိယ ပွဲအရေအတွက်အများဆုံး ကစားသည့်သူလည်း ဖြစ်သည်။[၁၁]

၂၀၁၃ တွင် တူရကီ စုပါးလစ်ဂ် (Süper Lig) ၏ Sivasspor ကလပ်ကို နည်းပြပေးခဲ့သည်။[၁၂] ၂၀၁၄တွင် နည်းပြရာထူးမှ နုတ်ထွက်ခဲ့သည်။[၁၃] ၂၀၁၅ ဇန်နဝါရီမှ ဇွန်အထိ Akhisarspor ကလပ်တွင် နည်းပြကာ ဇူလိုင်တွင် အိန္ဒိယစူပါလိဂ် Delhi Dynamos တွင် ကစားသမား/နည်းပြ အဖြစ် ခန့်အပ်ခြင်းခံရသည်။[၁၄]

မှတ်စု ပြင်ဆင်ရန်

  1. ရော်ဘတ်တို၊ ရော့ရှား စာလုံးများမှ 'ရ' သံများသည် အင်္ဂလိပ်အက္ခရာ 'r' (ရ) သံစစ်စစ်များမဟုတ်ပါ၊ 'ရ' နှင့် 'ဟ' ကြားသံဖြစ်၏။

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ Roberto Carlos career statsFootball Database.eu။ 22 July 2012 တွင် ပြန်စစ်ပြီး။
  2. "Roberto Carlos – Century of International Appearances"၊ Rec.Sport.Soccer Statistics Foundation 
  3. Roberto Carlos is AirAsia’s new global ambassador
  4. "Most Bonito"၊ The New York Times၊ 4 June 2006။ 
  5. "Greatest Ever: Football: Top Ten Left-Backs Of All Time"၊ 11 June 2018။ 
  6. "Brazil soccer legend Roberto Carlos to have life celebrated at Riverside"၊ Daily Telegraph၊ 11 June 2018။ 
  7. "Roberto Carlos: Brazil have a great chance" Archived 24 September 2015 at the Wayback Machine.. FIFA.com. 28 November 2013.
  8. "Pele's list of the greatest"၊ BBC Sport၊ 4 March 2004။ 15 June 2013 တွင် ပြန်စစ်ပြီး 
  9. "The best foreign eleven in Real Madrid's history"၊ Marca.com၊ 12 April 2013။ 
  10. "Roberto Carlos retirement confirmed" Archived 19 November 2015 at the Wayback Machine.. FIFA. Retrieved 2 June 2014
  11. “Appearances for Brazil National Team”. Rsssf.com. Retrieved 12 June 2018
  12. Roberto Carlos named Sivasspor boss။ ESPN (4 June 2013)။ 24 December 2014 တွင် ပြန်စစ်ပြီး။
  13. "Brazil's Roberto Carlos quits Turkey's Sivasspor"၊ Yahoo! Sports၊ 21 December 2014။ 24 December 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 20 July 2020။ 
  14. "Roberto Carlos: Former Brazil left-back named Delhi player-manager"၊ BBC Sport၊ 9 July 2015။