ဖီဖာ ကမ္ဘာ့ဖလား အိပ်မက်အသင်း

ဖီဖာ ကမ္ဘာ့ဖလား အိပ်မက်အသင်း (အင်္ဂလိပ်: FIFA World Cup Dream Team) သည် ဖီဖာက စိတ်ကူးယဉ်အိပ်မက်အသင်းတစ်သင်းအား ရွေးချယ်ရန် အင်တာနက်မှ ပရိသတ်မဲများကို ကောက်ယူပြီး သက္ကရာဇ် ၂၀၀၀ တွင် ထုတ်ပြန်ခဲ့သည့် ဖီဖာကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် 'ထိပ်တန်းကြယ်ပွင့်' (all-star) အသင်းတစ်ခုဖြစ်သည်။[၁][၂] အာဂျင်တီးနားသား မာရာဒိုနာက မဲအများဆုံးရရှိခဲ့သည်။ မဲကောက်ခံမှုကို ဖီဖာ၏ တရားဝင် ဝက်ဘ်ဆိုဒ် "www.FIFAworldcup.com" တွင် ပြုလုပ်ခဲ့ကာ လူတစ်သန်း ငါးသိန်းကျော် မဲပေးခဲ့ရာ မာရာဒိုနာက ၁၁၁,၀၃၅ မဲရရှိသည်။ ဘရာဇီးသား ပီလီက ၁၀၇,၅၃၉ မဲ၊ ပြင်သစ်သား ဇီနဒင် ဇီဒန်းက ၈၀,၅၂၇ မဲဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။[၁]

ကစားသူ (၁၁)ယောက်ကို ဂိုးသမား (၁)ဦး၊ နောက်ခံလူ (၃)ဦး၊ အလယ်တန်းလူ (၄)ဦး၊ တိုက်စစ်မှူး (၃)ဦးဖြင့် ပိုင်းခြားထားကာ ကစားကွက်တည်ဆောက်ပုံမှာ '၃-၄-၃' ပုံစံဖြစ်သည်။

၃-၄-၃ ကစားကွက်ပုံစံ
ကစားသူအမည်[၁] ကစားသူ တည်နေရာ ပါဝင်ကစားခဲ့သော ကမ္ဘာ့ဖလား ခုနှစ်များ
လက်ဗ် ယဲ့ရှင် ဂိုးသမား  ဆိုဗီယက်ယူနီယံ
၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀ ဖီဖာ ကမ္ဘာ့ဖလား
ပါးအိုးလို မာလ်ဒိနီ ဘယ်ခြမ်းနှင့် ဗဟို ခံစစ်မှူး  အီတလီ
၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈၊ ၂၀၀၂ ဖီဖာ ကမ္ဘာ့ဖလား
ဖရန့်တ်စ် ဘက်ကင်ဘောင်ဝါ ဗဟို ခံစစ်မှူး  အနောက်ဂျာမနီနိုင်ငံ
၁၉၆၆၊ ၁၉၇၀၊ ၁၉၇၄ ဖီဖာ ကမ္ဘာ့ဖလား
ရော်ဘတ်တို ကားလို့စ် ဘယ်ခြမ်း ခံစစ်မှူး  ဘရာဇီး
၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆ ဖီဖာ ကမ္ဘာ့ဖလား
ရော်ဘက်တိုး ဘာဂျို (ဘက်ဂီယို) နောက်ချန် (သို့) အလယ်တန်း တိုက်စစ်မှူး  အီတလီ
၁၉၉၀၊ ၁၉၉၄၊ ၁၉၉၈ ဖီဖာ ကမ္ဘာ့ဖလား
ဇီနဒင် ဇီဒန်း အလယ်တန်း တိုက်စစ်မှူး  ပြင်သစ်
၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆ ဖီဖာ ကမ္ဘာ့ဖလား
မိရှဲ ပလတ်တီးနီ ကွင်းလယ်ဖန်တီးရှင်  ပြင်သစ်
၁၉၇၈၊ ၁၉၈၂၊ ၁၉၈၆ ဖီဖာ ကမ္ဘာ့ဖလား
ဒီယေဂို မာရာဒိုနာ နောက်ချန် (သို့) အလယ်တန်း တိုက်စစ်မှူး  အာဂျင်တီးနား
၁၉၈၂၊ ၁၉၈၆၊ ၁၉၉၀၊ ၁၉၉၄ [[[ဖီဖာ ကမ္ဘာ့ဖလား]]
ရိုမာရီယို တိုက်စစ်မှူး  ဘရာဇီး
၁၉၉၀၊ ၁၉၉၄ ဖီဖာ ကမ္ဘာ့ဖလား
ယိုဟန်း ခရပ်ဖ် ရှေ့တန်း (သို့) အလယ်တန်း တိုက်စစ်မှူး  နယ်သာလန်
၁၉၇၄ ဖီဖာ ကမ္ဘာ့ဖလား
ပီလီ ရှေ့တန်း (သို့) အလယ်တန်း တိုက်စစ်မှူး  ဘရာဇီး
၁၉၅၈၊ ၁၉၆၂၊ ၁၉၆၆၊ ၁၉၇၀ ဖီဖာ ကမ္ဘာ့ဖလား

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ FIFA DREAM TEAM: Maradona voted top player Archived 6 October 2012 at the Wayback Machine.. Reuters. 10 June 2002.
  2. Marcelo Leme de Arruda (24 July 2014)။ World All-Time Teams။ RSSSF.com။ 2 August 2017 တွင် ပြန်စစ်ပြီး။