နိုင်ငံရေးသမား အတွက် ရဲမြင့် (ဝန်ကြီးချုပ်) ကို ကြည့်ပါ။

ဦးရဲမြင့် (၁၉၅၃ မွေးဖွား) သည် မြန်မာ ပန်းချီဆရာတစ်ဦး ဖြစ်သည်။ အမ်ပီပီရဲမြင့် အမည်ဖြင့် ပန်းချီရေးဆွဲသည်။ ၁၉၅၃ ခုနှစ်တွင် မြင်းခြံမြို့၌ မွေးဖွားခဲ့ပြီး မန္တလေးမြို့ အနုပညာကျောင်းတွင် တက်ရောက် သင်ကြားခဲ့သည်။[၁] သူသည် ၁၉၉၉ ခုနှစ် ဖီးလစ်မောရစ် အာဆီယံ အနုပညာဆုပေးပွဲတွင် တက်ရောက်ခဲ့သော မြန်မာပန်းချီဆရာနှစ်ဦးအနက် တစ်ဦးဖြစ်သည်။[၂] သူသည် မြန်မာနိုင်ငံတွင် ထင်ရှားသော ပန်းချီဆရာများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။[၃]

ဦးရဲမြင့်/ MPPရဲမြင့်
မွေးဖွား၁၉၅၃ (အသက် ၇၀–၇၁)
မြင်းခြံမြို့မြန်မာနိုင်ငံ
ကျော်ကြားမှုအရင်းခံပန်းချီ

ဦးရဲမြင့်၏ ပန်းချီကားများကို ဂျပန်နိုင်ငံ (၁၉၉၅၊ ၁၉၉၉)၊ စင်ကာပူနိုင်ငံ (၁၉၉၆၊ ၁၉၉၈၊ ၂၀၀၅)၊ ထိုင်ဝမ်နိုင်ငံ (၁၉၉၆)၊ မလေးရှားနိုင်ငံ (၁၉၉၇၊ ၁၉၉၉)၊ ဂျာမနီနိုင်ငံ (၁၉၉၉) နှင့် ဖင်လန်နိုင်ငံ (၂၀၀၁) တို့တွင် ပြပွဲများ ပြုလုပ်ပြသခဲ့သည်။ သူ၏ ဖန်တီးမှုများကို စင်ကာပူအနုပညာပြတိုက်၊ မလေးရှား အမျိုးသားအနုပညာပြခန်းနှင့် ဖူကူအိုကာ အာရှအနုပညာပြတိုက်တို့တွင် ပြသထားသည်။[၄]

တကိုယ်တော် ပန်းချီပြပွဲများကို ၂၀၁၄ ခုနှစ် ဇွန်လတွင် ခြောက်ကြိမ် အထိ ပြသခဲ့သည်။ "ကင်ဆာ"ဟု အမည်ပေးထားသော ခြောက်ကြိမ်မြောက်ပွဲကို [၁]လောကနတ် အနုပညာပြခန်း]] တွင် ပြသခဲ့သည်။ ကင်ဆာကဲ့သို့ ကုသရန် ခက်ခဲသည့် အထွေထွေ အခြေအနေများ ထပ်ဟပ်ထားသည်။[၅] [၆]

ကိုးကား ပြင်ဆင်ရန်

  1. Exposición - Obras de Arte de MPP Yei MyintPicassa Mio။ 9 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-11-113 တွင် ပြန်စစ်ပြီး။
  2. Writer's ProfilesModern Literature of Southeast Asia။ 23 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-11-13 တွင် ပြန်စစ်ပြီး။
  3. Singapore Art Gallery Guide Issue Aug 07။ Singapore Art Gallery။ 13 March 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-11-13 တွင် ပြန်စစ်ပြီး။
  4. Burmese Artists | MPP Yei Myint။ Thavibu Gallery။ 2010-11-113 တွင် ပြန်စစ်ပြီး။
  5. အမ်ပီပီ ရဲမြင့်ရဲ့ “ကင်ဆာ”
  6. အမ်ပီပီ ရဲမြင့် - သုခုမ

ဆက်လက်ဖတ်ရှုရန် ပြင်ဆင်ရန်

  • Ranard၊ Andrew (2009)။ "Fin De Siècle and Beyond"။ Burmese Painting : A Linear and Lateral History။ Silkworm Books။ pp. 295–296, 299–303။ ISBN 978-974-9511-76-3