ရဲလှေဝန်ကို တစ်ခါတစ်ရံ ရဲလှေတိုက်ဝန်ဟု တွေ့ရှိရတက်ပါသည်။ ရဲလှေဝန်သည် စစ်ဘက်ဆိုင်ရာ ရေကြောင်းလိုင်းများကို ကြီးကြပ်ကွပ်ကဲ ရသူဖြစ်သည်။ ရဲလှေသည် မြန်မာဘုရင်၏ ရေတပ်တော်တွင် အရေးပါလှသည့် လှေတစ်မျိုး ဖြစ်သည် ။ ညောင်ရမ်းခေတ်ကပင် ရဲလှေများကို အသုံးပြုခဲ့ကြ၏ ။

ဟံသာဝတီရောက်ရဲလှေ ပြင်ဆင်ရန်

ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးဘုရင် မဟာဓမ္မရာဇာဓိပတိ ( ၁၇၃၃ - ၁၇၅၂ ) ကို ဟံသာဝတီပါမင်းဟု ရာဇဝင်ဆရာတို့က ဆိုကြသည် ။ ပဲခူး ဟံသာဝတီသားတို့က အင်းဝကိုသိမ်းပိုက်ကာ မင်း၊ မိဖုရား၊ သားတော်၊ သမီးတော်တို့ကို ခေါ်ဆောင်သွားသဖြင့် ယင်းသို့အမည်တွင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မဟာဓမ္မရာဇာဓိပတိမင်းလက်ထက် မုဆိုးဘိုမြို့သူကြီးဖြစ်ခဲ့သူ ဦးအောင်ဇေယျက အလောင်းမင်းတရားကြီး အဖြစ် နန်းတက်လာသောအခါ ဟံသာဝတီပါမင်းဟု ပြောဆိုသူအား အာကိုဖဲ့ဟု အမိန့်တော်ထုတ်ပြန် တားမြစ်ခဲ့သည်။ မဟာဓမ္မရာဇာဓိပတိမင်း ဟံသာဝတီသို့ လိုက်ပါသွားရစဉ်က ရဲလှေများကိုလည်း တစ်ပါတည်း သယ်ယူသွားကြ၏။ ဤအကြောင်းကို မြန်မာရာဇဝင်ကျမ်းတစ်ဆောင်၌ လှော်ကား၊ သမ္ဗန်ရဲလှေ၊ စသောပြည်ကြီး၏ ကိရိယာအလုံးဆုံနှင့် တကွ မဟာဓမ္မရာဇာဓိပတိအမည်တော်ရှိသော ရွှေနန်းရှင်မင်းတရားနှင့် မင်း၊ မိဖုရား၊ သားတော်၊ သမီးတော်၊ ညီတော်၊ မှူးမတ်ပြည်သူအပေါင်းတို့ကို ဖောင်၊ လှေနှင့် ဟံသာဝတီသို့ ပို့လေသည် ။ ဟူ၍ ရေးသားဖော်ပြထားသည်။

ကုန်းဘောင်ခေတ်ဦးကာလ ပြင်ဆင်ရန်

ရဲလှေဝန်ရာထူးကို ကုန်းဘောင်းခေတ်ဦးကာလ၌သာ တွေ့ရှိရသည်။ ခေတ်နှောင်းကာလတွင် လှေသင်းဝန်ရာထူး ပေါ်ပေါက်လာသောအခါ ရဲလှေဝန်ရာထူးကို ဖျက်သိမ်းပစ်ခဲ့ဟန်ရှိ၏။ ကုန်းဘောင်ခေတ်ဦးကာလ ဘွဲ့မည်သိရှိရသူ ရဲလှေဝန်တစ်ဦးမှာ နန္ဒဥဒိန်ကျော်ထင်ဖြစ်သည် ။ သူသည် ၁၅ စတင်ဘာ ၁၇၆၄ ခုနှစ် မြေဒူးမင်း( ဆင်ဖြူရှင် ) လက်ထက်တွင် ဖွဲ့စည်းခဲ့သည့် ၅၀ တော်သွေးသော်အဖွဲ့ဝင် တစ်ဦးဖြစ်၏။ ၁၇⁠၇၆ ခုနှစ် မြေဒူးမင်း ယိုးဒယားစစ်ပွဲ့ဆင်နွှဲနေချိန်၌မူ ရဲလှေဝန်ကို ရဲလှေတိုက်ဝန်ဟူ၍ ဖော်ပြပါသည် ။ သို့ဖြစ်၍ သာမန်အခြေအနေတွင် ရဲလှေဝန်ဟုခေါ်ဆိုပြီး စစ်ထွက်သည့်စစ်မက်ကာလအတွင်း ရဲလှေတိုက်ဝန်ဟု တွေးဆမိပါသည်။

ဗဒုံမင်းလက်ထက် ပြင်ဆင်ရန်

ဘိုးတော်ဘုရား(ဗဒုံမင်း) နန်းတက်လာပြီးနောက် ဗုဒ္ဓါဘိသိက်အခမ်းအနားအပြီး ၁၂ ဇွန် ၁၇၈၄ ခုနှစ်တွင် ရဲလှေတိုက်ဝန်အား နေမျိုးကျော်ခေါင်ဘွဲ့ ပေးအပ်ခဲ့၏ ။ ယင်းနောက်ပိုင်း ရဲလှေဝန်ရာထူးကို မတွေ့ရတော့ပေ ။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉