ရွှေတြိဂံအထူးစီးပွားရေးဇုံ

ရွှေတြိဂံအထူးစီးပွားရေးဇုံသည် လာအိုနိုင်ငံ၏ အမျိုးသားအဆင့် အထူးစီးပွားရေးဇုံတစ်ခု ဖြစ်သည်။ လာအို-မြန်မာ-ထိုင်း (၃) နိုင်ငံဆုံရာ မဲခေါင်မြစ်ဝှမ်းဒေသတွင် တည်ရှိသည်။ အထူးဇုံ၏ဖွံ့ဖြိုးတိုးတတ်ရေးဧရိယာသည်(၁၀,၀၀၀) ဟတ်တာရှိသည်။ စုစုပေါင်းရင်းနှီးမြှပ်နှံမှုငွေမှာ အမေရိကန်ဒေါ်လာ (၂)ဘီလီယံဖြစ်သည်။



တည်​နေရာနှင့် သမိုင်း​ကြောင်း ပြင်ဆင်ရန်

ရွှေတြိဂံအထူးစီးပွားရေးဇုံသည် လာအို၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံကြားနယ်နိမိတ် မဲခေါင်မြစ်ဝှမ်းတစ်လျှောက်တွင် တည်ရှိသည်။ ၂၀၀၇ခုနှစ်မတိုင်မီအစောပိုင်းကာလများတွင် မူးယစ်ဆေးဝါးနယ်မြေအဖြစ် နာမည်ကျော်ခဲ့​​​သော ဤ​နေရာသည် မြေကွင်းပြင်နှင့်သစ်သားအိမ်အနည်းငယ်မျှသာရှိသေးသည်။ ထိုအချိန်တွင်နေထိုင်သူတို့သည် မိရိုးဖလာတောင်သူလယ်သမားအလုပ်ကို ပင်ပန်းဆင်းရဲစွာလုပ်ကိုင်ကြပြီး လမ်းများအားလုံးမှာလည်း အနီရောင်မြေလမ်းများသာဖြစ်သည်။

၂၀၀၇ခုနှစ် ဧပြီလ ၂၆ရက်နေ့တွင် လာအိုနိုင်ငံဗဟိုအစိုးရနှင့် ဟောင်ကောင်အခြေစိုက်ကျင်းမုမြင်ကုမ္ပဏီတို့ပူးပေါင်း၍ ”ရွှေတြိဂံအထူးစီးပွားရေးဇုံအာဆီယံခရီးသွားလာရေးအထူးဇုံ”တည်ထောင်ရန်စီမံကိန်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၀ပြည့်နှစ်ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် လာအိုနိုင်ငံပြုပြင်ပြောင်းလဲမှုနှင့်တံခါးဖွင့်မူဝါဒအောက်တွင် လာအိုနိုင်ငံဝန်ကြီးချုပ်သည် ရွှေတြိဂံအထူးစီးပွားရေးဇုံတည်ထောင်ခြင်းဆိုင်ရာများနှင့်စီမံခန့်ခွဲမှုဆိုင်ရာများကို ဝန်ကြီးချုပ်၏အမိန့်အမှတ် (၀၉၀)ဖြင့်လက်မှတ်ရေးထိုးခဲ့သည်။ အထူးဇုံ၏ဖွံ့ဖြိုးတိုးတတ်ရေးဧရိယာသည် (၁၀,၀၀၀)ဟတ်တာရှိသည်။ စုစုပေါင်းရင်းနှီးမြှပ်နှံမှုငွေမှာ အမေရိကန်ဒေါ်လာ (၂)ဘီလီယံဖြစ်သည်။ ပေါချောင်ပြည်နယ်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံအမျိုးသားအဆင့်ရွှေတြိဂံအထူးစီးပွားရေးဇုံတစ်ခုတည်ထောင်ရန် တရားဝင်အတည်ပြုခဲ့ပြီးစာချုပ်အား(၉၉)နှစ်သက်တမ်းတိုးမြှင့်ခဲ့သည်။


ရည်ရွယ်ချက် ပြင်ဆင်ရန်

ရွှေတြိဂံအထူးစီးပွား‌ရေးဇုံတည်ထောင်ခြင်းရည်ရွယ်ချက်မှာ ဤဒေသကိုခေတ်မှီဖွံ့ဖြိုးတိုးတတ်သောခေတ်သစ်အထူးဇုံအသစ်တစ်ခုအဖြစ် တည်ထောင်ရန်ဖြစ်ပြီး ခိုင်ခံ့သောစီးပွားရေးအခြေခံအုတ်မြစ်တစ်ခုဖြစ်လာစေရန်၊ ယဉ်ကျေးမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ အာဆီယံကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် ကမ္ဘာ့တစ်ဝှမ်းမှအခြားအထူးစီးပွားရေးဇုံများကဲ့သို့ ကမ္ဘာ့အဆင့်မီ အထူးဇုံတစ်ခုဖြစ်လာစေရန် ရည်ရွယ်ချက်တို့ဖြင့်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ဗဟိုအစိုးရ၏ညွှန်ကြားမှုနှင့် ကြီးကြပ်မှုလက်အောက်တွင် လာအိုနိုင်ငံဥပဒေစည်းမျဉ်းစည်းကမ်းများပေါ်အခြေခံ၍ ဒါရိုက်တာဘုတ်အဖွဲ့အား စီးပွားရေး၊ အုပ်ချုပ်ရေး၊ ရင်းနှီးမြှပ်နှံမှုနှင့်ဘဏ္ဍာရေးတို့ကို တာဝန်ပေးအပ်ခဲ့သည်။ စတင်တည်ထောင်ခဲ့သည့် ၂၀၀၇ခုနှစ်မှစ၍ ၂၀၂၁ခုနှစ်အတွင်း အထူးစီးပွားရေးဇုံ၏ ဖွံ့ဖြိုးတိုးတတ်မှုကို နှိုင်းယှဉ်ကြည့်ပါက စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတတ်မှုစီမံကိန်းများ သိသိသာသာဖွံ့ဖြိုးတိုးတတ်လာသည်များကို လက်တွေ့ကျကျတွေ့မြင်နိုင်သည်။

ဖွံ့ဖြိုးတိုးတတ်ရေးစီမံကိန်းများ ပြင်ဆင်ရန်

ရွှေတြိဂံအထူးစီးပွားရေးဇုံ၏ ဖွံ့ဖြိုးတိုးတတ်ရေးစီမံကိန်းများတွင် ပြည်တွင်းပြည်ပကုန်သွယ်ရေးများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ ထုတ်လုပ်ရေးလုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ ဂေါက်ကွင်းများ၊ ရုပ်ရှင်နှင့်ဂီတဖျော်ဖြေပွဲများ၊ ယဉ်ကျေးမှုအမျိုးသားပြတိုက်နှင့်ဥယျာဉ်များ၊ အမျိုးသားယဉ်ကျေးမှုထုံးတမ်းအစဉ်အလာနှင့်ဆက်နွယ်သည့်လှုပ်ရှားမှုများ၊ လျှပ်စစ်ပစ္စည်းနှင့်နည်းပညာများ၊ အာမခံအခြေခံအဆောက်အဦးများ၊ ကုန်းလမ်း၊ လေလမ်း၊ ရေလမ်းအစရှိသည်တို့ (၁၅)နှစ်အတွင်းအရှိန်လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတတ်လာသည်ကိုတွေ့မြင်နိုင်သည်။ စိုက်ပျိုးမွေးမြူရေးကိုလည်း ဖွံ့ဖြိုးတိုးတတ်စေပြီး တိရိစ္ဆာန်မွေးမြူခြင်း၊ စက်မှုလုပ်ငန်းဆိုင်ရာကုန်ပစ္စည်းများထုတ်လုပ်မှုစီမံကိန်းများလည်းပါဝင်သည်။ ထို့အပြင် ပညာရေးနှင့်နည်းပညာလုပ်ငန်းများအတွက် အထွေထွေပညာရေးနှင့်ဇီဝဗေဒတက္ကသိုလ်များ၊ နည်းပညာသုတေသနလုပ်ငန်းနှင့် ကုသမှုလုပ်ငန်းစီမံကိန်းများပါဝင်သည်။

 
လာအိုရွှေတြိဂံအထူးစီးပွာ‌ေးဇုံ
 
နှစ်သစ်ကူးညမြင်အလှမြင်ကွင်း

လက်ရှိလူမှုစီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတတ်မှုအခြေအနေ ပြင်ဆင်ရန်

ရွှေတြိဂံအထူးဇုံကို တည်ထောင်ခဲ့သော (၁၅)နှစ်တာကာလအတွင်း အရှိန်အဟုန်နှင့်လျှင်မြန်စွာဖွံ့ဖြိုးတိုးတတ်လာပြီး ယခုလက်ရှိတွင်နိုင်ငံတကာအဆင့်မီလမ်းများ၊ လေယာဉ်ကွင်း၊ ဆိပ်ကမ်းများ၊ ဟိုတယ်များ၊ ပန်းခြံများ၊ အခြေခံလူနေမှုအဆောက်အဦးများ၊ စူပါမားကတ်များ၊ ဈေးများ၊ သဲကျောက်ဘိလပ်မြေစက်ရုံများ၊ ပြည်သူများအတွက်ရေလုံလောက်စေရန်ရေသန့်စက်ရုံများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုထိန်းသိမ်းရန်မိလ္လာသန့်စင်စက်ရုံများ အစရှိသဖြင့်ဆောက်လုပ်ပြီးစီးပြီးဖြစ်သည်။ ထို့ပြင်စိုက်ပျိုးရေးနှင့်မွေးမြူရေးသည်လည်း ဖွံ့ဖြိုးတိုးတတ်ရေးစီမံကိန်းများအနက် အရေးကြီးသောစီမံကိန်းတစ်ရပ်အနေဖြင့် ပါဝင်သည်။ ဟိုတယ်လုပ်ငန်းတွင် ကမ္ဘာ့အဆင့်မီ ကြယ်ငါးပွင့်ဟိုတယ်လည်း ဆောက်လုပ်လျက်ရှိပြီး ၈၀ရာခိုင်းနှုန်းတည်ဆောက်ပြီးစီးပြီးဖြစ်သည်။ နိုင်ငံတကာမှရင်းနှီးမြှပ်နှံသူများအားဖိတ်ခေါ်ပြီးအထူးဇုံအား ယခုထက်မကဖွံ့ဖြိုးတိုးတတ်စေရန် စီမံကိန်းများချ၍ တည်ဆောက်သွားမည်ဖြစ်သည်။

 

ခရီးသွားလုပ်ငန်း ပြင်ဆင်ရန်

၂၀၂၀ပြည့်နှစ်အစောပိုင်းနှစ်များတွင် အထူးဇုံတွင် ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကားခဲ့သည်။ အထူးဇုံသို့ တရုတ်၊ ဥရောပ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံများမှခရီးသည်များ အဓိကလာရောက်လည်ပတ်ကြသည်။ မဲခေါင်းမြစ်ကိုဖြတ်၍လည်း အထူးဇုံ၏အလှအပကို ခံစားကြသည်။ အထူးဇုံအတွင်းရှိ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များ၊ လက်ပံကျွန်း၊ ချိုင်းနားတောင်း၊ စူပါမားကတ်ကြီးများနှင့် မြို့ဟောင်းအထင်ကရနေရာများ အစရှိသည်တို့သည်ခရီးသွားများကို အဓိကစွဲဆောင်သောနေရာများဖြစ်သည်။ ၂၀၂၀ပြည့်နှစ်မှစ၍ကိုဗစ်ကပ်ရောဂါကြောင့် အထူးဇုံအဝင်အထွက်များ ပိတ်ထားခဲ့သည်။ ၂၀၂၂ခုနှစ်တွင် ခရီးသွားလုပ်ငန်းများနှင့် နိုင်ငံအဝင်အထွက်လုပ်ငန်းများ ပြန်လည်လှုပ်ရှားအသက်ဝင်လာပြီဖြစ်သည်။ ကပ်ရောဂါမှာ လုံးဝပျောက်ကင်းသွားသည်မဟုတ်သေးသောကြောင့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုလည်း တင်းကြပ်ဆောင်ရွက်သည်။

ပညာရေး ပြင်ဆင်ရန်

ကျင်းမုမြင်ကုမ္ပဏီမှ လာအို၊ တရုတ်၊ မြန်မာလူမျိုးဘာသာမရွေးတတ်ရောက်နိုင်သော ကျောင်းကို အခမဲ့ဖွင့်လှစ်ပေးထားသည်။ တက်ရောက်သော ကျောင်းသားများပညာသင်ကြားရာတွင် ဘာသာစကားအတွက်အခက်အခဲမဖြစ်စေရန် မြန်မာဆရာ၊ တရုတ်ဆရာများ၊ လာအိုဆရာများဖြင့် သင်ကြားပေးသည်။ ကျောင်းတွင်မြန်မာစာ၊ တရုတ်စာ၊ အင်္ဂလိပ်စာများ သင်ကြားပေးပြီး အားကစား၊ ပန်းချီနှင့် အနုပညာများ အစရှိသည်တို့ကိုလည်းသင်ကြားပေးသည်။ ထိုကျောင်းတွင် အသက်၅နှစ်အထက်ကလေးများ လာရောက်တတ်ရောက်နိုင်ပြီး ကျောင်းဝတ်စုံနှင့် စာရေးကိရိယာအားလုံး အခမဲ့ဖြစ်သည်။

 

ဘက်စုံလယ်ယာစိုက်ပျိုးရေးစီမံကိန်း ပြင်ဆင်ရန်

ဘက်စုံလယ်ယာစိုက်ပျိုးရေးစီမံကိန်းသည် ရွှေတြိဂံအထူးစီးပွားရေးဇုံ၏ ဖွံ့ဖြိုးတိုးတတ်ရေးစီမံကိန်းများထဲမှ တစ်ခုဖြစ်သည်။ ရည်ရွယ်ချက်များမှာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရန်နှင့် ဆင်းရဲနွမ်းပါးမှုကို ​လျှော့ချနိုင်ရန်တို့အတွက်ဖြစ်သည်။ လယ်ယာထုတ်ကုန်များထဲမှ တစ်စိတ်တစ်ပိုင်းကို အထူးဇုံအတွင်းရောင်းချပြီး လက်ကျန်တချို့ကို ပြည်ပသို့တင်ပို့ရောင်းချနိုင်သည်။ ခေတ်မီစိုက်ပျိုးရေးနည်းပညာများကိုအသုံးချပြီး စိုက်ပျိုးသည့်အတွက် ဒေသခံပြည်သူများ(သို့) ဝန်ထမ်းများသည် နည်းပညာတို့ကိုသင်ယူပြီး လက်တွေ့ပြန်လည်အသုံးချနိုင်သည်။ ကပ်ရောဂါကြောင့် ခရီးသွားလာရေးနှင့် ကုန်ပစ္စည်းတင်သွင်းမှုများ အခက်အခဲဖြစ်စေခဲ့ပြီး ဟင်းသီးဟင်းရွက်များသယ်ယူပို့ဆောင်ရေးကို ပို၍အခက်အခဲဖြစ်စေခဲ့သည်။ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတတ်မှုကို အာရုံစိုက်ပြီးပြည်သူများနှင့်အတူတကွပူးပေါင်းဆောင်ရွက်ခဲ့သည်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့်မြေဧရိယာမှာ (၁,၃၃၃) ဟက်တာရှိပြီး ထိုအထဲတွင်ရာသီမရွေး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်ရန် အမိုးပါခြံငယ်များလည်း ဆောက်လုပ်ထားသည်။ ထိုခြံငယ်များထဲတွင် ငရုပ်၊ ဂေါ်ဖီ၊ မုန်ညင်းဖြူ၊ နံနံပင်အစရှိသဖြင့်စိုက်ပျိုးသည်။

 

မွေးမြူရေးလုပ်ငန်းများ ပြင်ဆင်ရန်

မွေးမြူရေးလုပ်ငန်းများတွင်နွားမွေးမြူခြင်း၊ဝက်မွေးမြူခြင်း၊ဘဲ၊ကြက်နှင့်ငန်းဘဲမွေးမြူခြင်းတို့ပါဝင်သည်။နွားမွေးမြူရေးခြံ၏မြေဧရိယာအကျယ်အဝန်းသည်40ဟက်တာရှိပြီးနွားမွေးမြူရေးခြံပေါင်း8ခြံရှိသည်။နွားအကောင်ရေ(5)ထောင်ခန့်ရှိသည်။ဝက်မွေးမြူရေးဧရိယာသည်4ဟက်တာရှိပြီးဝက်ခြံ၏ဧရိယာသည်7800စတုရန်းမီတာရှိသည်။ဝက်အကောင်ရေ(4)ထောင်ခန့်ရှိသည်။ထို့ပြင်ဘဲ၊ကြက်၊ငန်းဘဲမွေးမြူရေးခြံများလည်းရှိပြီးစုစုပေါင်းအကောင်ရေ1သောင်း2ထောင်ကျော်ရှိသည်။

ဤဘက်စုံလယ်ယာစိုက်ပျိုးရေးစီမံကိန်းကိုဒေသခံများနှင့်ပူးပေါင်းဆောင်ရွက်ပြီး၎င်းတို့ကိုလည်းများစွာထောက်ပံ့ပေးနိုင်ခဲ့သည်။ဘက်စုံလယ်ယာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထုတ်ကုန်များကိုတိုက်ရိုက်ပြန်လည်အသုံးချသည့်အတွက်အထူးဇုံအတွင်းစားနပ်ရိက္ခာလုံလောက်စေရန်နှင့်ဈေးကွက်အတွက်စိတ်ပူစရာမလိုပါ။အနာဂတ်တွင်လည်းစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုဆက်လက်ချဲ့ထွင်ပြီးဒေသခံပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်မှုအရှိန်ကိုမြှင့်တင်ပြီးပိုမိုထိရောက်စွာလုပ်ကိုင်နိင်ရန်မျှော်မှန်းထားသည်။ထိုစီမံကိန်းအတွက်ဝန်ထမ်းပေါင်းများစွာကိုအလုပ်အကိုင်များပေးထားနိုင်ပြီးအထူးဇုံအတွင်းနေထိုင်သူတို့၏အစားအသောက်အတွက်အာမခံပေးနိုင်သည်။

 

ဆက်သွယ်ရေး ပြင်ဆင်ရန်

ပို့ဆောင်ဆက်သွယ်ရေးစနစ်ဖွံ့ဖြိုးတိုးတတ်ရေးသည်ကမ္ဘာ့အဆင့်မှီအထူးဇုံတည်ဆောက်ခြင်းအတွက်အဓိကအရေးကြီးသောကဏ္ဍတစ်ရပ်ဖြစ်သည်။ဆက်သွယ်ရေးတွင်ကုန်းလမ်းရေလမ်း၊လေလမ်းတို့ဖြင့်ဆက်သွယ်နိုင်သည်။

ကုန်းလမ်း ပြင်ဆင်ရန်

ကုန်းလမ်းဆက်သွယ်ရေးအနေဖြင့်ဗီယန်ကျင်းမြို့တော်မှပေါချောင်ခရိုင်ရွှေတြိဂံအထူးစီးပွားရေးဇုံသို့ကီလိုမီတာ910ကျော်ရှိသည်။ကူမင်းမှအထူးဇုံအထိကီလိုမီတာ1240ကျော်အရှည်ရှိသောအဝေးပြေးလမ်းလည်းရှိသည်။

ရေလမ်း ပြင်ဆင်ရန်

ရွှေတြိဂံအထူးဇုံသို့အဓိကအားဖြင့်ရေလမ်းကိုအသုံးပြု၍ခရီးသည်များလာရောက်လည်ပတ်ကြသည်။ရွင်းလီဆိပ်ကမ်း(တရုတ်နိုင်ငံ၏တောင်ဘက်စွန်းဆိပ်ကမ်း)မှရွှေတြိဂံအထူးစီးပွားရေးဇုံအထိစုစုပေါင်းအကွာအ‌ဝေး265ကီလိုမီတာကွာဝေးပြီးအနက်မှာ1.5-7မီတာရှိသည်။

ရာသီဥတုအလိုက်ကွဲပြားမှုရှိသည်။ရွှေတြိဂံအထူးစီးပွားရေးဇုံဆိပ်ကမ်းမှတစ်ဆင့်ကုန်စည်များကိုဗြိတိန်၊ထိုင်း၊မြန်မာနှင့်တရုတ်ပြည်သူသမ္မတနိုင်ငံများသို့ပို့ဆောင်နိုင်သည်။

လေကြောင်းလမ်း ပြင်ဆင်ရန်

ရွှေတြိဂံအထူးစီးပွားရေးဇုံသို့လေကြောင်းလမ်းအနေဖြင့်တစ်ခါတစ်ရံအကန့်အသက်ဖြင့်ရဟတ်လေယာဉ်သွားလာမှုများရှိသည်။ယခုအခါတွင်ပေါချောင်အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ်ကိုတည်ဆောက်နေဆဲဖြစ်ပြီးရံဖန်ရံခါလေယာဉ်များစတင်ပျံသန်းနေပြီဖြစ်သည်။လေယာဉ်တည်ဆောက်မှုအတွက်ရင်းနှီးမြှပ်နှံငွေမှာအမေရိကန်ဒေါ်လာ175သန်းရှိသည်။2022ခုနှစ်တွင်၎င်းလေယာဉ်ကွင်းစီမံကိန်းပြီးစီးရန်မျှော်မှန်းထားသည်

 

ကိုးကွယ်ယုံကြည်မှု ပြင်ဆင်ရန်

လာအိုလူမျိုးများသည်ထေရဝါဒဗုဒ္ဓဘာသာကိုအဓိကကိုးကွယ်ယုံကြည်ကြပြီးရွှေတြိဂံအထူးဇုံအတွင်းတွင်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၊ဘုရားများတည်ဆောက်ကိုးကွယ်သည်။တရုတ်ဘုန်းတော်ကျောင်းများလည်းတည်ဆောက်ကိုးကွယ်သည်။လာအိုလူမျိုးတို့သည်လာအိုရိုးရာဝတ်စုံကိုမြတ်နိုးစွာဝတ်ဆင်ကြပြီးလာအိုလူမျိုးအတို့အတွက်ယဉ်ကျေးမှုနှင့်ဘာသာရေးအရအရေးပါမှုရှိသည်။

 

ယဉ်ကျေးမှုပွဲတော်များ ပြင်ဆင်ရန်

ပန်းပွဲတော်သည်လာအိုနိုင်ငံပေါချောင်ခရိုင်၏ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများကိုထိန်းသိမ်းသည်ယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်သည်။ဖေဖော်ဝါရီလဆန်းပိုင်းတွင်ကျင်းပလေ့ရှိသည်။2000ခုနှစ်မှစတင်၍တုံဖုန်ခရိုင်အတွင်းနေထိုင်သောပြည်သူများသည်ရိုးရာယဉ်ကျေးမှုထိန်းသိမ်းရန်စတင်ကျင်းပခဲ့ကြသည်။“လာအိုနိုင်ငံအတွင်းခရီးသွားခြင်း၊သမိုင်းလေ့လာခြင်း၊သဘာဝကိုခံစားရင်းဖြင့်ယဉ်ကျေးမှုကိုထိန်းသိမ်းမြှင့်တင်ခြင်း”ဟူသောဆောင်ပုဒ်နှင့်အညီသမိုင်းနှင့်ခရီးသွားလုပ်ငန်းများကိုလည်းမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။နှစ်စဉ်ကျင်းပသောပွဲတော်များတွင်းပန်းပွဲတော်များအပြင်စာပေဖျော်ဖြေပွဲများ၊နွားပွဲများ၊လက်ဝှေ့ပွဲများနှင့်အခြားလှုပ်ရှားမှုပွဲများလည်းကျင်းပကြသည်။ပြည်တွင်းထုတ်ကုန်များနှင့်နိုင်ငံတကာပြပွဲထုတ်ကုန်များပြပွဲများလည်းကျင်းပကာရောင်းချကြသည်။လူအများစိတ်ဝင်စားမှုအများဆုံးပွဲတော်မှာ Dok Ngiu Banအလှမယ်ပြိုင်ပွဲဖြစ်သည်။ထိုအလှမယ်ပြိုင်ပွဲသည်ပေါချောင်ခရိုင်အတွင်အလှမယ်များပါဝင်ယှဉ်ပြိုင်ကြသည်။နိုင်ငံများပေါင်းစုံမှလာရောက်အားပေးကြပြီးစည်ကားသိုက်မြိုက်စွာကျင်းပသည်။

ရွှေရောင်လက်ပံပွင့်များ ပြင်ဆင်ရန်

ရွှေရောင်လက်ပံပွင့်များကို ရွှေတြိဂံအထူးစီးပွားရေးဇုံ သတင်းဌာနဓာတ်ပုံဆရာတစ်ယောက်က အမှတ်မထင်တွေ့ရှိခဲ့သည်။နှစ်တစ်နှစ်အစတွင် အထူးဇုံအတွင်း လက်ပံကျွန်းတွင် လက်ပံပွင့်များပွင့်လေ့ရှိသည်။ သာမန်လက်ပံပွင့်သည် အနီရောင်ဖြစ်ပြီး ဤကဲ့သို့ ရွှေရောင်အဆင်းရှိသောလက်ပံပွင့်မျိုးကို ပထမအကြိမ်တွေ့မြင်ဖူးခြင်းဖြစ်သည်။ ပထမဆုံးရွှေ‌ရောင်လက်ပံပွင့်များနှင့် အထူးဇုံအား ကံကောင်းခြင်းများသယ်ဆောင်လာသည်ဟု မျှော်လင့်ထားကြသည်။

ကိုးကား ပြင်ဆင်ရန်

https://en.wikipedia.org/https://lo.wikipedia.org/https://ja.wikipedia.org/

ရွှေတြိဂံအထူးစီးပွားရေးဇုံဖေ့စ်ဘုတ်စာမျက်နှာ