လာအိုနိုင်ငံ

အရှေ့တောင်အာရှ ရှိ နိုင်ငံ


လာအိုနိုင်ငံ သို့မဟုတ် လောနိုင်ငံ (/ˈlɑːs/ ( ),[၁] /ls, ˈlɑːɒs, ˈlɒs/;[၂][၃] လာအို: ລາວ, Lāo [láːw]) တရားဝင် အမည်အားဖြင့် လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သည် ဆိုရှယ်လစ်နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး အရှေ့တောင်အာရှ၏ တစ်ခုတည်းသော ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။ အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အလယ်တွင် တည်ရှိသော လာအိုနိုင်ငံသည် အနောက်မြောက်ဘက်တွင် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ ၊ အရှေ့ဘက်တွင် ဗီယက်နမ်နိုင်ငံ၊ အရှေ့တောင်ဘက်တွင် ကမ္ဘောဒီးယားနိုင်ငံ နှင့် အနောက်ဘက်နှင့် အနောက်တောင်ဘက်တွင် ထိုင်းနိုင်ငံ တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျှက်ရှိသည်။[၄] မြို့တော်နှင့် အကြီးဆုံးမြို့မှာ ဗီယင်ကျန်းမြို့ ဖြစ်သည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတော်
ສາທາລະນະລັດ ປະຊາທິປະໄຕ ປະຊາຊົນລາວ
Sathalanalat Paxathipatai Paxaxon Lao
လာအိုနိုင်ငံ၏ အလံတော်
လာအိုနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အလံတော် အမှတ်တံဆိပ်
ဆောင်ပုဒ်: ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီ၊ ညီညွတ်ရေးနှင့် ကြီးပွားရေး
နိုင်ငံတော် သီချင်း: ဖန် ဆပ် လာအို
("လာအို ပြည်သူတို့၏ ဂုဏ်ပြုသီချင်း")
လာအိုနိုင်ငံ ၏ တည်နေရာ
မြို့တော်ဗီယင်ကျန်းမြို့
အကြီးဆုံးမြို့ဗီယင်ကျန်း
ရုံးသုံး ဘာသာစကားများလာအို
လူမျိုးစုလော့လုမ်း (၆၇%)၊ လော့သွန်း(၁၄%)၊ လော့စောင်(၉%)၊ ဗီယက်နမ်(၂%)
ကိုးကွယ်မှုဗုဒ္ဓ (၉၈%)ခရစ်ယာန်ဘာသာ (၁.၅%)၊ အခြား (၀.၅%)
အမျိုးအစားတစ်ပါတီစနစ်
အစိုးရ
• သမ္မတ
သောင်လွန်း ဆီဆိုလစ်
• ဝန်ကြီးချုပ်
ဖန်ခမ် ဗိဖာ့ဗန်
• ဒုသမ္မတ(များ)
ဘောင်သွန်း ချစ်မာနီ
ပါနီ ယာသိုတိုး
တည်ထောင်
• လွတ်လပ်ရေး (ပြင်သစ်)
၁၉ ဇူလိုင် ၁၉၄၉
ဧရိယာ
• စုစုပေါင်း
၂၃၆,၈၀၀ km² (၉၁,၄၂၉ sq mi) (အဆင့်: ၈၃)
• ရေထု (%)
၂.၀
လူဦးရေ
• ခန့်မှန်း
၇,၁၂၃,၂၀၅ (၂၀၁၉) (အဆင့် - ၁၀၅)
• သိပ်သည်းမှု
၂၆.၇/km² (အဆင့် - ၁၅၁)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
USD $၁၃.၇၅ သိန်းကုဋေ (အဆင့် - ၁၂၉)
• Per capita
USD $၂,၂၀၀ (အဆင့် - ၁၃၈)
HDI၀.၆၀၁
အလယ် · ၇၈
ငွေကြေးလော့ကစ် (LAK "₭")
တယ်လီဖုန်းကုဒ်+၈၅၆
Internet TLD.la

ယနေ့ခေတ် လာအိုနိုင်ငံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဝိသေသတို့ကို ၁၄ရာစုမှ ၁၈ ရာစု အထိ အရှေ့တောင်အာရှတွင် အကြီးဆုံးတိုင်းပြည် အဖြစ် တည်ရှိခဲ့သော လင်းဇင်းပြည် သို့ ပြန်လည် ခြေရာကောက်နိုင်သည်။[၅]အရှေ့တောင်အာရှ အတွင်း ပထဝီအနေအထားအရ အလယ်ဗဟိုတွင် ကျရောက်သဖြင့် တိုင်းပြည်သည် ကုန်းတွင်း ကုန်သွယ်ရေး၏ ဗဟိုဌာန ဖြစ်ခဲ့ပြီး စီးပွားရေး အရအပြင် ယဉ်ကျေးမှု အရပါ ကြွယ်ဝခဲ့သည်။ [၅] ပြည်တွင်း ပဋိပက္ခများ ဖြစ်ပွားပြီးနောက် လင်းဇင်းပြည် သည် လွမ်ပရာဘွမ် ၊ ဗီယန်ကျင်း နှင့် ချမ်ပါဆက် တိုင်းပြည် ၃ ခု အဖြစ် ပြိုကွဲခဲ့သည်။ ၁၈၉၃ ခုနှစ်တွင် ထိုနယ်မြေ ၃ ခုသည် ပြင်သစ်တို့၏ အစောင့်အရှောက်ခံနယ်မြေ ဖြစ်လာခဲ့ပြီး ယခု လာအိုဟု သိကြသော တိုင်းပြည်အဖြစ် ပြန်လည် ပေါင်းစည်းခဲ့သည်။ ဂျပန်တို့၏ ကျူးကျော်မှု ပြီးဆုံးပြီးနောက် ၁၉၄၅ ခုနှစ်တွင် ခဏတာမျှ လွတ်လပ်ရေး ရခဲ့သော်လည်း ပြင်သစ်တို့က ကိုလိုနီ အဖြစ် ပြန်လည်သိမ်းပိုက်ခဲ့ကာ ၁၉၄၉ ခုနှစ်တွင်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့သည်။ လာအိုနိုင်ငံသည် ၁၉၅၃ ခုနှစ်တွင် ဆီဆာဗန် ဗောင်း၏ လက်အောက်တွင် စည်းမျဉ်းခံ ဘုရင်စနစ်ဖြင့် လွတ်လပ်ရေး ရခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် ပြည်တွင်းစစ် စတင်ခဲ့ပြီး ကွန်မြူနစ်တို့မှ ဆိုဗီယက်ပြည်ထောင်စု၏ အထောက်အပံ့ အဖြင့် နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စုမှ အထောက်အပံ့ပေးထားထားသော စစ်အစိုးရဖြစ်လာသည့် ဘုရင် ကို တိုက်ခိုက်ခဲ့သည်။ ၁၉၇၅ ခုနှစ် ဗီယက်နမ် စစ်ပွဲ ပြီးဆုံးပြီးနောက် ဒိုဝိုပါဘူညာ ကွန်မြူနစ် ပသက် လာအို အဖွဲ့ အာဏာရရှိလာခဲ့ပြီး ပြည်တွင်းစစ် ပြီးဆုံးခဲ့သည်။ လာအိုသည် ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသည့် အချိန် အထိ စစ်ရေး နှင့် စီးပွားရေး အထောက်အပံ့များ ဆိုဗီယက်မှ ရယူခဲ့သည်။

လာအိုနိုင်ငံသည် အာရှပစိဖိတ် ကုန်သွယ်ရေးသဘောတူညီချက် အဖွဲ့၊ အာဆီယံ၊ အရှေ့အာရှထိပ်သီးအဖွဲ့၊ လာဖရန်ကိုဖုန်းနီအဖွဲ့ တို့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ လာအိုသည် ၁၉၉၇ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ အဖြစ် လျှောက်ထားခဲ့ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် အပြည့်အဝ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ [၆] လာအိုနိုင်ငံသည် တစ်ပါတီစနစ် ကျင့်သုံးသော ဆိုရှယ်လစ် သမ္မတနိုင်ငံဖြစ်ပြီး မာ့စ်ခ်ဝါဒ နှင့် လီနင်ဝါဒကို ကျင့်သုံးကာ လာအိုပြည်သူ့တော်လှန်ရေးပါတီက အုပ်ချုပ်ပြီး ၎င်းတို့၏ အုပ်ချုပ်မှုအောက်တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ အမြဲဆိုသလိုပင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာရှိသည်ဟု မှတ်ချက်ပြုကြပြီး ညှဉ်းပမ်းနှိပ်စက်ခြင်း၊ ပြည်သူတို့၏ လွတ်လပ်မှုကို ကန့်သတ်ခြင်း နှင့် လူမျိုးစုငယ်များကို ဖိနှိပ်အုပ်ချုပ်ခြင်းတို့ကြောင့် ဖြစ်သည်။

နိုင်ငံရေးအရနှင့် ယဉ်ကျေးမှုအရ ကြီးစိုးသော လာအိုလူမျိုးတို့သည် လူဦးရေ၏ ၅၃.၂% မျှရှိပြီး အများအားဖြင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည်။ မွန်-ခမာလူမျိုးစုများ၊ မုန်းလူမျိုးများ နှင့် အခြားသော ဒေသခံ တောင်ပေါ်တိုင်းရင်းသားများသည် တောင်ခြေနှင့် တောင်တန်းများပေါ်တွင် နေထိုင်ကြသည်။ လာအို၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမှာ မြစ်များမှ လျှပ်စစ်ထုတ်လုပ်ပြီး အိမ်နီးချင်းနိုင်ငံများ ဖြစ်သော ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့သို့ ရောင်းချခြင်း ပေါ်တွင် အခြေခံပြီး ကုန်းတွင်း ဆက်သွယ်ရေးနိုင်ငံ ဖြစ်လာစေရန်လည်း စတင်လုပ်ဆောင်နေကြောင်း လာအိုနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများသို့ ဆက်သွယ်ထားသော မီးရထားလမ်း ၄ ခု ဆောက်လုပ်နေခြင်းက သက်သေပြနေသည်။[၇][၈] လာအိုနိုင်ငံအား အရှေ့တောင်အာရှ နှင့် ပစိဖိတ်ဒေသ၏ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း အမြန်ဆုံးနိုင်ငံ တစ်နိုင်ငံ အဖြစ် ကမ္ဘာ့ဘဏ်မှ ရည်ညွှန်းလေ့ရှိပြီး နှစ်စဉ် ဂျီဒီပီ တိုးတက်နှုန်းမှု ၂၀၀၉ ခုနှစ်မှစ၍ ပျမ်းမျှ ၇.၄% မျှ ရှိသည်။[၉][၁၀]

အမည်ရင်းမြစ်ပြင်ဆင်

အင်္ဂလိပ်အမည် "လာအို" ကို ပြင်သစ်တို့က ပေးခဲ့ပြီး ၎င်းတို့သည် ၁၈၉၃ ခုနှစ်တွင် လာအိုပြည် ၃ ခုကို စုပေါင်း၍ ပြင်သစ်အင်ဒိုချိုင်းနား အောက်သို့ ထည့်သွင်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ အမည်ကို နိုင်ငံအတွင်း အဓိကအကျဆုံး နှင့် အထင်ရှားဆုံး လူမျိုးဖြစ်သော လာအိုလူမျိုးများ၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။[၁၁] အင်္ဂလိပ် ဘာသာစကားတွင် 's' အသံကို မဖျောက်ပဲ အသံထွက်တွင် ထည့်သွင်းရွတ်ဆိုကြသည်။[၁၁][၁၂][၁၃][၁၄][၁၅]လာအိုဘာသာစကားတွင် နိုင်ငံ၏ အမည်ကို မွမ်လာအို သို့မဟုတ် ပသက် လာအို ဟု ခေါ်ကြပြီး နှစ်ခုစလုံးမှာ လာအိုနိုင်ငံဟု အဓိပ္ပာယ်ရသည်။ [၁၆]

သမိုင်းပြင်ဆင်

သမိုင်းမတင်မီခေတ် နှင့် အစောပိုင်း သမိုင်းပြင်ဆင်

 
ဖသတ်လွမ် သည် ဗီယင်ကျန်းမြို့ ရှိ လာအိုနိုင်ငံ၏ နိုင်ငံတော်ပြယုဂ်ဖြစ်သည်။

ရှေးဟောင်းလူ၏ ဦးခေါင်းကို ၂၀၀၉ ခုနှစ်တွင် လာအိုနိုင်ငံမြောက်ပိုင်း အန်းနမိုက်တောင်တန်းရှိ တမ်ပါလင်းလှိုဏ်ဂူတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ထိုဦးခေါင်းခွံသည် အနည်းဆုံး နှစ်ပေါင်း ၄၆,၀၀၀ မျှ သက်တမ်းကြာမြင့်ပြီ ဖြစ်သဖြင့် အရှေ့တောင်အာရှတွင် ယနေ့အထိ ရှေးအကျဆုံး ရှာဖွေတွေ့ရှိသော ယနေ့ခေတ်လူတို့၏ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်သည်။ [၁၇] လာအိုနိုင်ငံမြောက်ပိုင်းတွင် ပလေစတိုဆင်းခေတ် နှောင်းပိုင်းမှ နေရာများတွင် ကျောက်လက်နက်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ဟိုဘင်ယဉ်ကျေးမှု အမျိုးအစားများလည်း ပါဝင်သည်။ [၁၈] ရှေးဟောင်းသုတေသန တွေ့ရှိချက်များမှ သက်သေပြနေသည်မှာ ဘီစီ ၄ ထောင်စုကပင် စိုက်ပျိုးမွေးမြူရေး လူ့အဖွဲ့အစည်းများ ဖွံဖြိုးတိုးတက်ခဲ့ကြောင်း ဖြစ်သည်။ [၁၉] မြှုပ်နှံရာတွင် အသုံးပြုသော ခရားအိုးများနှင့် ဂူသင်္ချိုင်းများကို တွေ့ရှိပြီး ဘီစီ ၁၅၀၀ ခန့်က ကြေးထည်များနှင့် ဘီစီ ၇၀၀ ခန့်က သံထည်ကိရိယာများကြောင့် ရှုပ်ထွေးသည့် လူ့အဖွဲ့အစည်းတစ်ခု တည်ရှိခဲ့ကြောင်း ညွှန်ပြနေသည်။ စာရေးသားမှု မပေါ်ပေါက်မီခေတ်က တရုတ်နှင့် အိန္ဒိယ ယဉ်ကျေးမှုလောကများနှင့် ထိတွေ့ဆက်ဆံမှု ရှိခဲ့သည့် လက္ခဏာများကို တွေ့ရသည်။ ဘာသာရပ်ဆိုင်ရာနှင့် သမိုင်းကြောင်းဆိုင်ရာ အထောက်အထားများအရ တိုင်း ဘာသာ ပြောကြားသော လူမျိုးများသည် တရုတ်နိုင်ငံ ကွမ်းရှိးမှ အနောက်တောင်ပိုင်း လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ ၈ ရာစု နှင့် ၁၀ ရာစု အတွင်း ပြောင်းရွှေ့ခဲ့သည်ဟု သိရှိနိုင်သည်။ [၂၀]

လင်းဇင်းခေတ် (၁၃၅၃-၁၈၉၃)ပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - လင်းဇင်းပြည်
 
လင်းဇင်းပြည်ကို တည်ထောင်သူ ဖငွန်

လာအိုနိုင်ငံ၏သမိုင်းသည် လင်းဇင်း(ဆင်တစ်သန်း)ဘုရင့်နိုင်ငံမှ အစပြုခဲ့ပြီး ၁၄ရာစုနှစ်တွင် လာအိုမင်းသားတစ်ဦးဖြစ်သော ဖငွန်[၂၁] က တည်ထောင်ခဲ့ပြီး သူနှင့်သူ၏ မိသားစုအား သူ၏ဖခင်က ခမာအင်ပိုင်ယာမှ နှင်ထုတ်လိုက်ခြင်း ဖြစ်သည်။ ဖငွန်သည် ခမာစစ်သည် တစ်သောင်းဖြင့် မဲခေါင်မြစ်ဝှမ်းရှိ လာအိုနယ်များစွာကို အောင်မြင်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ဗီယင်ကျန်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ဖငွန်သည် ခွန်ဘိုလွန်[၂၂] မှ စတင်ခဲ့သော လာအိုမင်းမျိုးများမှ ဆင်းသက်လာသူတစ်ဦးတစ်ဖြစ်သည်။ သူသည် ထေရဝါဒဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေညာကာ တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော ဖငွန်ကို သူ၏မှူးမတ်များက သည်းမခံနိုင်သဖြင့် ယနေ့ခေတ် ထိုင်းနိုင်ငံ နန်ပြည်နယ်သို့ ၁၃၇၃တွင် နှင်ထုတ်ခဲ့ပြီးနောက် [၂၃] ထိုဒေသတွင်ပင် ကွယ်လွန်ခဲ့သည်။ ဖငွန်၏သားအကြီးဆုံးဖြစ်သူ အွန်ဟွမ် က ဆမ်ဆင်ထိုင်း ဟုဘွဲ့အမည်ခံကာ တိုင်းပြည်ကို ၄၃နှစ်ကြာ အုပ်ချုပ်ခဲ့သည်။ ဆမ်ဆင်ထိုင်းလက်ထက်တွင် လင်းဇင်းပြည်သည် ကုန်သွယ်ရေးအချက်အချာ ဖြစ်လာခဲ့သည်။ ၁၄၂၁ခုနှစ် ဆမ်ဆင်ထိုင်း ကွယ်လွန်ပြီးနောက်တွင် လင်းဇင်းပြည်ပြိုကွဲပျက်စီးကာ စစ်မက်ဖြစ်ပွားသော ပြည်ထောင်ငယ်များ အဖြစ် ရာစုနှစ် ၁ ခုကြာမျှ တည်ရှိနေခဲ့သည်။[၂၄]

မြန်မာတို့၏ ကျူးကျော်တိုက်ခိုက်ခြင်းမှ ရှောင်ရှားနိုင်ရန်အလို့ငှာ ၁၅၂၀တွင် နန်းတက်လာသော ဖိုတီဆာရပ် ဘုရင်သည် မြို့တော်ကို လွမ်ပရာဘွမ်မြို့မှ ဗီယင်ကျန်းသို့ ပြောင်းရွှေ့ခဲ့သည်။ ဖိုတီဆာရပ်လုပ်ကြံခံရပြီးနောက် ၁၅၄၈တွင် သားဖြစ်သူ ဆက်သာသီရပ် နန်းတက်လာခဲ့ကာ လာအိုနိုင်ငံ၏ ပြယုဂ်ဖြစ်လာမည့် ဖာ့သက်လွမ် ကို တည်ဆောက်ရန် အမိန့်ပေး စေခိုင်းခဲ့သည်။ ဆက်သာသီရပ်သည် ကမ္ဘောဒီးယားသို့ စစ်ချီရာမှ အပြန်လမ်း တောင်တန်းပေါ်တွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် လင်းဇင်းပြည်သည် နှစ် ၇၀မျှ မတည်မငြိမ် ဖြစ်ခဲ့ပြီး မြန်မာတို့ ကျူးကျော်ခြင်း ခံခဲ့ရသည့် အပြင် ပြည်တွင်းစစ်လည်း ဖြစ်ပွားခဲ့သည်။[၂၅]

၁၆၃၇ခုနှစ်တွင် နန်းတက်လာသော ဆိုရီငါဗောင်ဆာ လက်ထက်တွင် လင်းဇင်းပြည်သည် နယ်မြေ ချဲ့ထွင်နိုင်ခဲ့ပြီး သူအုပ်စိုးသောအချိန်ကာလကို လာအိုတို့၏ရွှေခေတ်ဟုဆိုနိုင်သည်။ သူသေဆုံးပြီးနောက် ဆက်ခံမည့်သူမရှိသည့်အတွက် လင်းဇင်းတိုင်းပြည်သည် သုံးခြမ်းကွဲခဲ့သည်။ ၁၇၆၃မှ ၁၇၆၉ခုနှစ်များတွင် လာအိုမြောက်ပိုင်းသည် မြန်မာတပ်တို့၏ သိမ်းပိုက်အုပ်ချုပ်ခြင်းခံရပြီး လွမ်ပရာဘွမ်သည် မြန်မာတို့၏ လက်အောက်ခံ ပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။ ချမ်ပါဆက်မှာလည်း ထိုင်းတို့၏ ဩဇာခံတိုင်းပြည် ဖြစ်ခဲ့သည်။[၂၆]

ထိုင်းတို့က ချောင်အနုဗောင်ကို ဗီယင်ကျန်း၏ ရုပ်သေးဘုရင်အဖြစ် ခန့်အပ်ခဲ့သည်။ ထိုမင်းသည် လာအိုအနုပညာ၊ စာပေတို့ကို ပြန်လည်ထုတ်ဖော်ရန် အားပေးခဲ့ပြီး လွမ်ပရာဘွမ်နှင့်လည်း ဆက်ဆံရေးတိုးတက်အောင် ကြိုးပမ်းခဲ့သည်။ ဗီယက်နမ်တို့၏ ဖိအားပေးမှုကြောင့် ၁၈၂၆ တွင် ထိုင်းတို့ကို ပုန်ကန်ခြားနားခဲ့သည်။ ပုန်ကန်မှု မအောင်မြင်ပဲ ဗီယင်ကျန်းအား ဝင်ရောက်ဖျက်စီးခြင်း ခံရသည်။[၂၇] အနုဗောင်အား ဘန်ကောက်သို့ အကျဉ်းသား အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဘန်ကောက်တွင်ပင် ကွယ်လွန်ခဲ့သည်။ [၂၈]

၁၈၇၆ လာအိုရှိ ထိုင်းတို့၏ စစ်ရေးလှုပ်ရှားမှုကို ဗြိတိသျှတစ်ဦးမှ လေ့လာသူနေရာမှ ဖော်ပြခဲ့ရာတွင် "ကျွန်အကြီးအကျယ်ရှာဖွေ ဖမ်းဆီးခြင်း အဖြစ် ပြောင်းလဲသွားသည်" ဟု ဖော်ပြခဲ့သည်။ [၂၉]

ပြင်သစ် လာအို (၁၈၉၃-၁၉၅၃)ပြင်ဆင်

 
ပြင်သစ်ကိုလိုနီ အစောင့်အဖြစ် တွေ့ရသော လာအိုစစ်သားများ c. ၁၉၀၀

၁၉ရာစုနှောင်းပိုင်းတွင် လွမ်ပရာဘွမ်သည် တရုတ်အလံနက်တပ်တို့၏ ဖျက်ဆီးခြင်းကိုခံခဲ့ရသည်။ [၃၀]ပြင်သစ်တို့က လာအိုဘုရင် အွန်ခမ် ကို ကယ်တင်ခဲ့ပြီး လွမ်ပရာဘွမ်အား ပြင်သစ်အင်ဒိုချိုင်းနား၏ အစောင့်အရှောက်ခံနိုင်ငံ အဖြစ် သတ်မှတ်ထည့်သွင်းခဲ့သည်။ မကြာမီမှာပင် ချမ်ပါဆက်ပြည်နှင့် ဗီယင်ကျန်းနယ်မြေတို့ကိုပါ ပြင်သစ်အစောင့်အရှောက်ခံနိုင်ငံ အဖြစ် ထည့်သွင်းခဲ့သည်။လွမ်ပရာဘွမ် ဘုရင် ဆီ‌ဆာဗန်ဗောင်သည် ပြန်လည်စုစည်းထားသော လာအိုနိုင်ငံ၏ အုပ်ချုပ်သူ ဖြစ်လာခဲ့ပြီး ဗီယင်ကျန်းသည် မြို့တော် တဖန်ပြန်လည် ဖြစ်လာခဲ့သည်။ [၃၁] လာအိုသည် ပြင်သစ်တို့အတွက် မည်သည့်အခါမျှ အရေးပါသော နေရာ မဖြစ်ခဲ့ပေ။[၃၂] ထိုင်းနိုင်ငံနှင့် စီးပွားရေး အရ အရေးပါသော အန်နန်းနယ်နှင့် တုံကင်းနယ်တို့ကြားတွင် ကြားခံနယ်မျှသာ ဖြစ်ခဲ့သည်။

လာအိုနိုင်ငံသည် ခဲမဖြူ၊ ရာဘာနှင့် ကော်ဖီတို့တွက်ရှိသော်လည်း ပြင်သစ်အင်ဒိုချိုင်းနားမှ ပို့ကုန်၏ ၁ ရာခိုင်နှုန်းထက် မပိုခဲ့ပေ။ ၁၉၄၀ ခုနှစ်တွင် ပြင်သစ်နိုင်ငံသား ၆၀၀ ခန့်မျှ လာအိုတွင် နေထိုင်ကြသည်။ [၃၃] ပြင်သစ်တို့၏ အုပ်ချုပ်မှုအောက်တွင် ဗီယက်နမ်တို့အား လာအိုသို့ ပြောင်းရွှေ့ရန် တိုက်တွန်းကြပြီး ထိုသို့လုပ်ဆောင်ခြင်းမှာ ပြင်သစ်ကိုလိုနီပြုသူများအတွက် အင်ဒိုချိုင်းနားတစ်ခုလုံးစာ ကျယ်ပြန့်သော ကိုလိုနီနယ်မြေ ကွက်ကွက်ကလေးအတွင်း အလုပ်သမား မလုံလောက်မှုကို ဖြေရှင်းရန် ဓမ္မဓိဌာန်ကျသော အဖြေ အဖြစ် ရှုမြင်ကြသည်။[၃၄] ၁၉၄၃ ခုနှစ်သို့ ရောက်သော အခါ ဗီယက်နမ် ဦးရေမှာ ၄၀,၀၀၀ ခန့်မျှ အထိရှိလာပြီး လာအိုရှိ မြို့ကြီးများတွင် အဓိက ဖြစ်လာကာ ကိုယ်ပိုင်ခေါင်းဆောင် ရွေးချယ်နိုင်ခွင့်ကို ခံစားရရှိသည် အထိ ဖြစ်လာသည်။[၃၅] ရလာဒ်အနေဖြင့် ဗီယင်ကျန်း လူဦးရေ၏ ၅၃% ၊ သာခက်မြို့ လူဦးရေ၏ ၈၅% နှင့် ပါ့ခ်စီမြို့ လူဦးရေ၏ ၆၂% မှာ ဗီယက်နမ် လူမျိုးများ ဖြစ်လာခဲ့ကာ ခြွင်းချက်အနေနှင့် လွမ်ပရာဘွမ်မြို့ တစ်မြို့တည်းသာ လာအိုလူမျိုးများ အများဆုံး လူဦးရေ အဖြစ် ရှိနေခဲ့သည်။ [၃၅] ၁၉၄၅ ခုနှစ်အထိပင် ပြင်သစ်တို့သည် အဓိကဒေသ သုံးခုဖြစ်သော ဗီယင်ကျန်းလွင်ပြင်၊ ဆာဗန်နာခက်ဒေသ နှင့် ဘိုလာဗန်ကုန်းမြေမြင့် သို့ ဗီယက်နမ် လူမျိုးအများအပြားကို ပိုမိုရွှေ့ပြောင်းရန်အတွက် အစီအစဉ်ကြီးတစ်ခုကို ချမှတ်ခဲ့ပြီး ဂျပန်တို့၏ အင်ဒိုချိုင်းနားအား ကျူးကျော်မှုကြောင့်သာ အစီအစဉ် ပြောင်းသွားခဲ့ရသည်။ မာတင် စတူးဝပ်ဖောက်၏ အဆိုအရ ထိုသို့ မဟုတ်ပါက လာအိုတို့ အနေနှင့် သူတို့တိုင်းပြည်အား ထိန်းချုပ်နိုင်တော့မည် မဟုတ်ဟု ဆိုသည်။[၃၅]

ဒုတိယကမ္ဘာစစ်အတွင်း ဗိုင်ချီပြင်သစ်၊ ထိုင်း၊ ဂျပန် နှင့် လွတ်လပ်သောပြင်သစ် တို့က လာအိုနိုင်ငံအား သိမ်းပိုက်ခဲ့သည်။[၃၆] ၁၉၄၅ ခုနှစ် မတ်လ ၉ ရက်တွင် မျိုးချစ်အဖွဲ့က လာအိုနိုင်ငံအား တဖန် လွတ်လပ်ရေး ရပြီဟု ကြေငြာခဲ့ကာ လွမ်ပရာဘွမ်အား မြို့တော် အဖြစ် သတ်မှတ်ခဲ့သည်။ သို့သော်လည်း ၁၉၄၅ ခုနှစ် ဧပြီလ ၇ ရက်တွင် ဂျပန် တပ်မ ၂ ခုမှ မြို့တော်အား ဝင်ရောက်သိမ်းပိုက်ခဲ့သည်။[၃၇] ဂျပန်တို့က လွမ်ပရာဘွမ်၏ ဘုရင်ဖြစ်သော ဆီဆာဗန်ဗောင်အား ဖိအားပေး၍ လာအိုနိုင်ငံ လွတ်လပ်ရေးကို ကြေငြာစေခဲ့သော်လည်း ဧပြီလ ၈ ရက်တွင် သူက လာအိုသည် ပြင်သစ်၏ အစောင့်အရှောက်ခံနိုင်ငံ မဟုတ်တော့ကြောင်းသာ ကြေငြာခဲ့သည်။ ထို့နောက် ဘုရင်သည် ကင်းဒါဗောင်မင်းသား အား မဟာမိတ်တပ်တို့ထံသို့ ကိုယ်စားလှယ်အဖြစ် လျို့ဝှက်စေလွှတ်ခဲ့ပြီး ဆီဆာဗန် မင်းသားအား ဂျပန်တို့ထံသို့ ကိုယ်စားလှယ် အဖြစ် စေလွှတ်ခဲ့သည်။[၃၇] ဂျပန်တို့ လက်နက်ချပြီးနောက် အချို့သော လာအို မျိုးချစ်ပုဂ္ဂိုလ်များ (ဖတ်စာရတ်မင်းသား အပါအဝင်) သည် လာအို၏ လွတ်လပ်ရေးကို ကြေငြာခဲ့သည်။ သို့သော်လည်း ၁၉၄၆ ခုနှစ် အစောပိုင်းတွင် ပြင်သစ်တပ်များက နိုင်ငံတွင်း ပြန်လည်ကျူးကျော်ခဲ့ပြီး လာအိုတို့အား အကန့်အသတ်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်သာ ပေးခဲ့သည်။[၃၈]

ပထမ အင်ဒိုချိုင်းနား စစ်ပွဲအတွင်းတွင် အင်ဒိုချိုင်းနား ကွန်မြူနစ်ပါတီမှာ ပါသတ်လာအို လွတ်မြောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ပါသတ်လာအိုသည် ပြင်သစ်ကိုလိုနီတပ်တို့အား ဆန့်ကျင်တိုက်ခိုက်သော စစ်ပွဲကို ဗီယက်နမ်လွတ်မြောက်ရေးအဖွဲ့ဖြစ်သော ဗီယက်မင်းတို့၏ အကူအညီဖြင့် စတင်ခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် ပြင်သစ်တို့ အနေနှင့် လာအိုအား ပြင်သစ်ပြည်ထောင်စုအတွင်း "တွဲဖက်တိုင်းပြည်" အနေနှင့် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပေးခဲ့ရသည်။ ပြင်သစ်တို့သည် အမည်ခံအားဖြင့် အုပ်ချုပ်သူ အဖြစ်ရှိနေသည်မှာ ၁၉၅၃ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် လာအိုတို့ အနေနှင့် စည်းမျဉ်းခံဘုရင်စနစ်ဖြင့် အပြည့်အဝ လွတ်လပ်ရေး ရသည့်အချိန်အထိ ဖြစ်သည်။[၃၉][၃၈]

လွတ်လပ်ရေးရပြီးခေတ်နှင့် ကွန်မြူနစ်အုပ်ချုပ်ခြင်း (၁၉၅၃-ယခု)ပြင်ဆင်

 
ပြင်သစ် ဗိုလ်ချုပ်ကြီး ဆာလန် နှင့် မင်းသား ဆီဆာဗန် ဗတ်သာနာတို့အား လွမ်ပရာဘွမ်တွင် တွေ့ရပုံ၊ ၁၉၅၃ မေလ ၄ ရက်

ပထမ အင်ဒိုချိုင်းနား စစ်ပွဲသည် ပြင်သစ်အင်ဒိုချိုင်းနား တခွင်တွင် ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် ပြင်သစ်တို့ ရှုံးနိမ့်ခဲ့ကာ လာအိုနှင့် ငြိမ်းချမ်းရေးစာချုပ်ကို ၁၉၅၄ ခုနှစ် ဂျီနီဗာကွန်ဖရင့်တွင် လက်မှတ်ရေးထိုးခဲ့ရသည်။ ၁၉၆၀ ခုနှစ်တွင် လာအိုပြည်တွင် ပုန်ကန်မှုများ ဆက်တိုက်ဖြစ်ပွားပြီးနောက် တော်ဝင်လာအိုတပ်မတော် နှင့် မြောက်ဗီယက်နမ်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့မှ ကျောထောက်နောက်ခံ ပေးထားသော ပါသတ်လာအိုပြောက်ကျား တို့ စစ်ဖြစ်ပွားခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဆိုဗန်နာ ဖိုမာ မင်းသားမှ ဒုတိယ အမျိုးသားညီညွတ်ရေး ယာယီအစိုးရကို ဖွဲ့စည်းခဲ့သော်လည်း မအောင်မြင်ခဲ့ပဲ အခြေအနေသည် တစ်စထက်တစ်စ ပို၍ ယိုယွင်းလာကာ တော်ဝင်လာအိုအစိုးရ နှင့် ပါသတ်လာအိုတို့ အကြား ပြည်တွင်းစစ် အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ ပါသတ်လာအိုတို့အား စစ်ရေးအားဖြင့် ပြည်သူ့ဗီယက်နမ်တပ်မတော် (ပီအေဗီအင်န်) နှင့် ဗီယက်ကောင်းတို့မှ ကျောထောက်နောက်ခံပေးခဲ့သည်။[၃၉][၃၈]

 
ရှန်ခိုအန်းပြည်နယ်၏ ယခင်မြို့တော်ဟောင်း မွမ်ခေါင်း၏ အပျက်အစီးများသည် ၁၉၆၀ ခုနှစ်များ နှောင်းပိုင်းတွင် အမေရိကန်တို့၏ လာအိုသို့ ဗုံးကြဲမှုကြောင့် ပျက်စီးခဲ့ရခြင်း ဖြစ်သည်။

မြောက်ဗီယက်နမ်က တောင်ဗီယက်နမ်နှင့် စစ်ပွဲတွင်း ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုရန် လာအို၏ နယ်မြေအစိတ်အပိုင်းများကို ကျူးကျော်ကာ သိမ်းပိုက်ခဲ့သဖြင့် လာအိုသည် ဗီယက်နမ်စစ်ပွဲ၏ အဓိက အစိတ်အပိုင်း ဖြစ်ခဲ့သည်။ တုံ့ပြန်သည့် အနေနှင့် အမေရိကန်တို့သည် ပီအေဗီအင်န်တို့၏ တပ်စွဲထားသော နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လာအိုနိုင်ငံတွင်း ပုံမှန်နှင့် ပုံမှန်မဟုတ်သော ကွန်မြူနစ်ဆန့်ကျင်ရေးတပ်များကို ထောက်ပံ့ခဲ့ကာ ဗီယက်နမ်သမ္မတနိုင်ငံ စစ်တပ်၏ လာအိုသို့ ကျူးကျော်မှုအား ထောက်ပံ့ပေးခဲ့သည်။[၃၉][၃၈]

၁၉၆၈ ခုနှစ်တွင် ပီအေဗီအင်န် တို့မှ ပါသတ်လာအို တို့ တော်ဝင်လာအိုတပ်မတော်ကို တိုက်ခိုက်မှုကို ကူညီသည့် အနေနှင့် တပ်ရင်းပေါင်းများစွာနှင့် တိုက်ခိုက်မှုကို စတင်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် တော်ဝင်လာအိုတပ်မတော် အနေနှင့် တပ်အများအပြားကို ဆွဲထုတ်ခဲ့ရပြီး စစ်ပွဲအား အမေရိကန် နှင့် ထိုင်းတို့မှ ကျောထောက်နောက်ခံပေးထားသော ဗိုလ်ချုပ်ကြီး ဗန်ပေါင်း ဦးဆောင်သော မုံလူမျိုးတပ်များ၏ "လျို့ဝှက်စစ်တပ်" ဖြင့်သာ ချန်ထားခဲ့ရသည်။

လာအိုပြည်ဗဟိုအစိုးရ ပြိုလဲသွားမည့် အရေးမှ ကာကွယ်ရန် နှင့် တောင်ဗီယက်နမ်တွင် ရှိသော အမေရိကန်တပ်များအား တိုက်ခိုက်နိုင်မည့် ဟိုချီမင်းလမ်းကြောင်းအား အသုံးမပြုနိုင်စေရန်အတွက် အမေရိကန်တို့သည် ပီအေဗီအင်န်နှင့် ပါသတ်လာအို တပ်များအား လေကြောင်းမှ အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ [၃၉] ၁၉၆၄ ခုနှစ်မှ ၁၉၇၃ ခုနှစ်အတွင်း အမေရိကန်တို့သည် လာအိုနိုင်ငံပေါ်သို့ ဗုံးတန်ချိန် ၂ သန်းခန့် ကြဲချခဲ့သဖြင့် ဒုတိယကမ္ဘာစစ်တစ်ခုလုံး အမေရိကန်တို့က ဥရောပနှင့် အာရှပေါ်တွင် ကြဲချခဲ့သည့် စုစုပေါင်း ဗုံးတန်ချိန် ၂.၁ သန်းနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုရင် လာအိုသည် သမိုင်းတလျှောက်တွင် သူ၏ လူဦးရေနှင့် နှိုင်းယှဉ်ပါက ဗုံးအကြီးအကျယ် ကြဲချခံရဆုံး နိုင်ငံ ဖြစ်လာစေခဲ့သည်။ နယူးယောက်တိုင်းမ် သတင်းစာမှ ဖော်ပြသည်မှာ ထိုသို့ကြဲချခြင်းသည် "လာအိုရှိ လူတစ်ဦး တစ်ယောက်စီအတွက် ၁ တန်စာမျှဗုံး" ဖြစ်သည် ဟု မှတ်ချက်ပေးခဲ့သည်။[၄၀] ဗုံးအလုံးရေ သန်း ၈၀ ကျော်သည် မပေါက်ကွဲနိုင်ခဲ့ပဲ နိုင်ငံအနှံ့ပြားတွင် နေရာအနှံ့အပြား ရှိနေဆဲ ဖြစ်ကာ ကျယ်ပြန့်လှသော မြေများအား စိုက်ပျိုးရန် မဖြစ်နိုင်သော အခြေအနေ ဖြစ်ပေါ်စေပြီး နှစ်စစ်နှစ်တိုင်း လာအိုပြည်သူ ၅၀ ခန့်ကို သေဆုံးစေခြင်း သို့မဟုတ် ခြေပြတ်လက်ပြတ် ဖြစ်စေခြင်းတို့ ဖြစ်ခဲ့သည်။[၄၁] စစ်ပွဲအတွင်း ပဒေသာမိုင်းတို့၏ အကြီးအကျယ် ထိခိုက်စေမှုကို ခံခဲ့ရသောကြောင့် လာအိုနိုင်ငံသည် ပဒေသာလက်နက်များအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များမှ ပဒေသာမိုင်းကို တားမြစ်ရန် အချက်ကို အပြင်းအထန် ထောက်ခံသည့် နိုင်ငံ ဖြစ်ခဲ့ကာ ၂၀၁၀ ခုနှစ်တွင် နိုဝင်ဘာလတွင် နိုင်ငံကိုယ်စားပြုများကို ဖိတ်ခေါ်၍ ညီလာခံကို ပထမဆုံး အကြိမ် ကျင်းပခဲသည်။ [၄၂]

 
[ဗီယန်ကျင်းတွင် တွေ့ရသော ပါသတ် လာအိုစစ်သားများ၊ ၁၉၇၂

၁၉၇၅ ခုနှစ်တွင် ပါသတ်လာအိုတို့သည် ဘုရင်ကိုသစ္စာခံသော အစိုးရကို ဖြုတ်ချခဲ့ပြီး ၁၉၇၅ ဒီဇင်ဘာ ၂ ရက်တွင် ဆာဗန် ဗတ်သာနာ ဘုရင်ကို ဖိအားပေး၍ နန်းစွန့်စေခဲ့သည်။ သူသည် ပြန်လည်ပညာပေးစခန်းတွင် မသင်္ကာစရာ ကောင်းသော အခြေအနေတစ်ခုဖြင့် သေဆုံးခဲ့သည်။ ပြည်တွင်းစစ်အတွင်းတွင် လာအိုပြည်သူ ၂၀,၀၀၀ မှ ၆၀,၀၀၀ ကြား သေဆုံးခဲ့သည်။[၃၉][၄၃] ဘုရင်ကိုသစ္စာခံသူတို့သည် အမေရိကန်ပြည်ထောင်စုတွင် ပြည်ပရောက် အစိုးရတစ်ခုကို ဖွဲ့စည်းခဲ့သည်။

၁၉၇၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် နိုင်ငံကို ထိန်းချုပ်နိုင်ပြီးနောက် ကေဆုန် ဖုန်ဗီဟိန်း ဦးဆောင်သော ပါသတ်လာအို အစိုးရသည် နိုင်ငံအား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အဖြစ် နာမည် ပြောင်းလဲခဲ့ပြီး ဗီယက်နမ် စစ်တပ်များကို လာအိုနိုင်ငံအတွင်း အခြေချခွင့်နှင့် နိုင်ငံကို အုပ်ချုပ်ရာတွင် ကူညီရန်အတွက် ဗီယက်နမ် အကြံပေးများ ထားရှိခွင့်တို့အတွက် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော စာချုပ်ကြောင့် လာအိုနှင့် ဗီယက်နမ်တို့၏ နီးကပ်မှုကို တရားဝင် ဖြစ်စေခဲ့ပြီး ထိုစာချုပ်သည် လာအိုတို့၏ နိုင်ငံခြားရေးမူဝါဒများအတွက် လမ်းညွှန်ချက်ပေးသည်သာမက ဗီယက်နမ်တို့အား လာအိုတို့၏ နိုင်ငံရေးနှင့် စီးပွားရေးဘဝတို့အတွင် အဆင့်ဆင့်တို့၌ ဝင်ရောက်ပတ်သက်ခွင့်အတွက် အခြေခံ ဖြစ်စေခဲ့သည်။[၃၉][၄၄] ၁၉၇၉ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ဆက်ဆံရေးကို အဆုံးသတ်ရန်အတွက် လာအိုတို့အား ဗီယက်နမ်တို့မှ တောင်းဆိုခဲ့သဖြင့် တရုတ်၊ အမေရိကန်ပြည်ထောင်စု နှင့် အခြားနိုင်ငံတို့နှင့် ကုန်သွယ်ရေးပြတ်တောက်ကာ သင်းကွဲဖြစ်ရန်အတွက် လမ်းစ ဖြစ်စေခဲ့သည်။[၄၅] ၁၉၇၉ ခုနှစ်တွင် လာအိုနိုင်ငံ၌ ဗီယက်နမ် တပ်သားပေါင်း ၅၀,၀၀၀ ကျော် တပ်စွဲထားခဲ့ပြီး ဗီယက်နမ် အရပ်သား အရာရှိ ၆,၀၀၀ အထိ ရှိကာ ဗီယန်ကျင်းရှိ ဝန်ကြီးဌာနများတွင် တိုက်ရိုက်တွဲဖက်တာဝန်ပေးထားသော အရာရှိ ၁,၀၀၀ ပါဝင်သည်။ [၄၆][၄၇]

မုန်သူပုန်တို့နှင့် ပဋိပက္ခမှာ အဓိကဒေသများတွင် ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ဗီယင်ကျန်းပြည်နယ် အနီးရှိ ဆေဆာဗောင်း ကန့်သတ် စစ်ဇုံနှင့် ဇိုင်ဆမ်ဗောင်း ကန့်သတ်စစ်ဇုံ တို့အပြင် ရှန်ခိုအန်းပြည်နယ်တို့ ပါဝင်သည်။ ၁၉၇၅ မှ ၁၉၉၆ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုသည် ထိုင်းနိုင်ငံမှ လာအိုဒုက္ခသည် ၂၅၀,၀၀၀ ကို ပြန်လည်နေရာချထားပေးခဲ့ပြီး မုန်လူမျိုး ၁၃၀,၀၀၀ အပါအဝင်ဖြစ်သည်။[၄၈]

ပထဝီဝင်ပြင်ဆင်

 
မဲခေါင်မြစ် သည် လွမ်ပရာဘွမ်မြို့အား ဖြတ်သန်းစီးဆင်းနေပုံ
 
လာအိုနိုင်ငံရှိစပါးခင်းများ

လာအိုနိုင်ငံသည် အရှေ့တောင်အာရှရှိ တစ်ခုတည်းသော ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။ မြောက်လတ္တီကျု ၁၄° နှင့် ၂၃° အကြား (၁၄° ၏ တောင်ပိုင်းတွင် နယ်မြေအနည်းငယ်မျှပါဝင်သည်။) အရှေ့လောင်ဂျီကျု ၁၀၀° နှင့် ၁၀၈° အကြားတွင် တည်ရှိသည်။ မြေမျက်နှာသွင်ပြင် အနေအထားမှာ သစ်တောထူထပ်ပြီး ကြမ်းတမ်းမြင့်မားသော တောင်ကုန်းများရှိကာ အမြင့်ဆုံး နေရာမှာ ဖိုဘီယာတောင် ဖြစ်၍ ၂,၈၁၈ မီတာ (၉,၂၄၅ ပေ) မြင့်သည်။ မဲခေါင်မြစ်သည် နိုင်ငံ၏ အနောက်ဖက်တွင် ထိုင်းနိုင်ငံ နှင့် နယ်နိမိတ်အဖြစ် နေရာအတော်များများတွင် တည်ရှိနေပြီး အရှေ့ဖက်တွင် အန်နာမိုက်တောင်တန်းသည် ဗီယက်နမ်နှင့် နယ်ခြားအဖြစ် တည်ရှိကာ လွမ်ပရာဘွမ်တောင်တန်းသည် ထိုင်းကုန်းမြေမြင့်နှင့် အနောက်မြောက်နယ်စပ် အဖြစ် တည်ရှိသည်။ မြောက်ဘက်တွင် ရှန်ခိုအန်းကုန်းမြေမြင့် နှင့် တောင်ပိုင်းတွင် ဘိုလာဗန်ကုန်းမြေမြင့် ဟူ၍ ကုန်းမြေမြင့် ၂ ခု ရှိသည်။ လာအိုနိုင်ငံကို ပထဝီဝင်အနေအထားအရ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း ဟူ၍ သုံးပိုင်း ခွဲခြားနိုင်သည်။ [၄၉] လာအိုသည် ၂၀၁၉ ခုနှစ် သစ်တောမြင်ကွင်းရှင်းလင်းမှုညွှန်းကိန်းအရ ပျမ်းမျှအမှတ်အနေနှင့် ၅.၅၉/၁၀ ရရှိပြီး နိုင်ငံပေါင်း ၁၇၂ နိုင်ငံတွင် အဆင့် ၉၈ ရှိသည်။[၅၀]

၁၉၉၃ ခုနှစ်တွင် လာအိုအစိုးရမှ နိုင်ငံ၏ မြေဧရိယာ ၂၁% ကို တောရိုင်းတိရစ္ဆာန် စားကျက်မြေ ထိန်းသိမ်းရေးအတွက် ပိုင်းခြားသတ်မှတ်ပေးခဲ့သည်။ [၅၁] လာအိုနိုင်ငံသည် "ရွှေတြိဂံ" ဟု ခေါ်ဆိုကြသော ဘိန်းစိုက်ပျိုးရာ ဒေသအတွင်း နိုင်ငံ ၄ ခုမှ တစ်ခု အပါအဝင် ဖြစ်သည်။[၅၂] ၂၀၀၇ ခုနှစ် အောက်တိုဘာလ ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇဝတ်မှုရုံး အချက်အလက်စာအုပ်ဖြစ်သည့် "အရှေ့တောင်အာရှရှိ ဘိန်းစိုက်ပျိုးမှု" စာအုပ်တွင် ဘိန်းစိုက်ပျိုးသည့် ဧရိယာမှာ ၁၅ စတုရန်း ကီလိုမီတာ (၅.၈ စတုရန်းမိုင်)ဖြစ်သဖြင့် ၂၀၀၆ ခုနှစ် {{convert|၁၈|km2|sqmi}မှ ကျဆင်းသွားခဲ့သည်။[၅၃]

ရာသီဥတုပြင်ဆင်

 
လာအို၏ ကော့ခ်ပန် ရာသီဥတု အမျိုးအစားပြ မြေပုံ

လာအိုနိုင်ငံ၏ ရာသီဥတုမှာ အများအားဖြင့် အပူပိုင်း ဆာဗားနား ရာသီဥတုမျိုး ဖြစ်ပြီး မုတ်သုံ ပုံစံ လွှမ်းမိုးမှု ရှိသည်။ [၅၄] မေလမှ အောက်တိုဘာလ အထိ မိုးရာသီ ဖြစ်ပြီး နောက်ပိုင်းတွင် နိုဝင်ဘာလမှ ဧပြီလ အထိသည် ခြောက်သွေ့သော ရာသီဥတု ဖြစ်သည်။ ရိုးရာအရ သုံးရာသီ (မိုးရာသီ၊ ဆောင်းရာသီ၊ နွေရာသီ) ရှိသည်ဟု သတ်မှတ်ကြပြီး ခြောက်သွေ့သော ရာသီဥတု အဖြစ် ရာသီဥတုပညာ အရ သတ်မှတ်ထားသော အချိန် အပိုင်းအခြား၏ နောက်ဆုံး ၂ လမှာ အစောပိုင်း ၄ လ ထက် သိသာစွာ ပူပြင်းလေ့ ရှိသည်။[၅၄]

အုပ်ချုပ်ရေးဒေသများပြင်ဆင်

လာအိုနိုင်ငံကို ပြည်နယ် (province or qwang) ၁၇ခု၊ ဗီယင်ကျန်းမြို့တော်ပါဝင်သော ပရီဖက်ချာ တစ်ခုတို့ဖြင့် ဖွဲ့စည်းထားသည်။ [၅၅]ပြည်နယ် အသစ်ဖြစ်သော ဆိုင်စောင်ဘွန် ပြည်နယ်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်တွင် တည်ထောင်ခဲ့သည်။[၅၆] ပြည်နယ်များကို ခရိုင်များ အဖြစ် ထပ်မံ ခွဲခြားပြီး ခရိုင်များကို ရွာများ အဖြစ်ထပ်မံ ခွဲခြားသည်။ မြို့ပြ ကျေးရွာမှ မြို့ ဖြစ်သည်။[၄၉]

စဉ် ပြည်နယ် မြို့တော် ဧရိယာ (km²) လူဦးရေ
အတ္တပူး အတ္တပူး (ဆာမက်ခီဆေး ခရိုင်) ၁၀,၃၂၀ ၁၁၄,၃၀၀
ဘိုကို ဘန်ဟောက်ဆေး (ဟောက်ဆေးခရိုင်) ၆,၁၉၆ ၁၄၉,၇၀၀
ဘော်လိခမ်စိုင် ပါ့ခ်စန် (ပါ့ခ်စိန်းခရိုင်) ၁၄,၈၆၃ ၂၁၄,၉၀၀
ချမ်ပါဆပ် ပါ့ခ်စီ (ပါ့ခ်စီခရိုင်) ၁၅,၄၁၅ ၅၇၅,၆၀၀
ဟွာဖန် ဇမ်နွာ (ဇမ်နွာခရိုင်) ၁၆,၅၀၀ ၃၂၂,၂၀၀
ခမ်မိုးနီး သားခက် (သားခက်ခရိုင်) ၁၆,၃၁၅ ၃၅၈,၈၀၀
လွမ်နမ်းသား လွမ်နမ်းသား (နမ်းသားခရိုင်) ၉,၃၂၅ ၁၅၀,၁၀၀
လွမ်ပရာဘွမ် လွမ်ပရာဘွမ်မြို့ (လွမ်ပရာဘွမ်ခရိုင်) ၁၆,၈၇၅ ၄၀၈,၈၀၀
အိုဒွမ်ဆေး မွမ်ဆေး (ဆေးခရိုင်) ၁၅,၃၇၀ ၂၇၅,၃၀၀
၁၀ ဖုန်ဆလီ ဖုန်ဆလီ (ဖုန်ဆလီခရိုင်) ၁၆,၂၇၀ ၁၉၉,၀၀၀
၁၁ စိန္တဗျူလီ ဆာယာဘိုလီ (ဇေယျပူရီခရိုင်) ၁၆,၃၈၉ ၃၈၂,၂၀၀
၁၂ ဆာလဗန် ဆာလဗန် (ဆာလဗန်ခရိုင်) ၁၀,၆၉၁ ၃၃၆,၆၀၀
၁၃ ဆာဗန်းနားခေတ် ဆာဗန်းနားခေတ် (ခန်သဘိုလီခရိုင်) ၂၁,၇၇၄ ၇၂၁,၅၀၀
၁၄ စီးခေါင် စီးခေါင် (လာမန်းခရိုင်) ၇,၆၆၅ ၈၃,၆၀၀
၁၅ ဗီယင်ကျန်း ပရီဖက်ချာ ဗီယင်ကျန်းမြို့ (ချမ်းသာဘိုလီခရိုင်) ၃,၉၂၀ ၇၂၆,၀၀၀
၁၆ ဗီယင်ကျန်းပြည်နယ် ဖုန်ဟောင်း (ဖုန်ဟောင်းခရိုင်) ၁၅,၉၂၇ ၃၇၃,၇၀၀
၁၇ ရှန်ခိုအန်း ဖုန်ဆဗန် (ပက်ခရိုင်) ၁၅,၈၈၀ ၃၇,၅၀၇
လာအိုနိုင်ငံ ပြည်နယ်များ၏ မြေပုံ (၂၀၁၄ ခုနှစ်)

အစိုးရ နှင့် နိုင်ငံရေးပြင်ဆင်

အထွေထွေအတွင်းရေးမှူးနှင့် သမ္မတ
သောင်လွန်း ဆီဆိုလစ်

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသည် ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော ဆိုရှယ်လစ်နိုင်ငံဖြစ်ပြီး ကွန်မြူနစ်ဝါဒကို အတိအလင်း ထောက်ခံသောနိုင်ငံ ဖြစ်သည်။ တစ်ခုတည်းသော တရားဝင် နိုင်ငံရေးပါတီမှာ လာအိုပြည်သူ့တော်လှန်ရေးပါတီ ဖြစ်သည်။ လာအိုသည် တစ်ပါတီနိုင်ငံ ဖြစ်သဖြင့် အထွေထွေအတွင်းရေးမှူး (ပါတီခေါင်းဆောင်) သည် နိုင်ငံနှင့် အစိုးရ အပေါ်တွင် အဆုံးစွန်ဆုံး အာဏာနှင့် အုပ်ချုပ်ပိုင်ခွင့် ယူထားပြီး ထိပ်တန်းခေါင်းဆောင် အဖြစ် ဆောင်ရွက်သည်။[၃၉] ၂၀၁၂ ခုနှစ် မတ်လ ၂၂ ရက်တွင် နိုင်ငံ၏ ခေါင်းဆောင်မှာ သမ္မတ သောင်လွန်း ဆီဆိုလစ် ဖြစ်သည်။ သူသည် လာအိုပြည်သူ့တော်လှန်ရေး ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သဖြင့် သူ့အား လာအိုနိုင်ငံ၏ အလိုအလျောက် ခေါင်းဆောင်အဖြစ် ၂၀၂၁ ဇန်နဝါရီလမှ စတင် သတ်မှတ်ပြီး ဖြစ်သည်။ [၅၇][၅၈] အစိုးရ၏ ပေါ်လစီများကို အာဏာအရှိဆုံး အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် လာအိုပြည်သူ့တော်လှန်ရေးပါတီ၏ ပေါလစ်ဗျူရို နှင့် အဖွဲ့ဝင် ၆၁ ဦးပါဝင်သော လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီမှ ဆုံးဖြတ်သည်။

လာအိုနိုင်ငံ၏ ပထမဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်သစ်ဘာသာဖြင့် ရေးထားပြီး ၁၉၄၇ခုနှစ် မေလ ၁၁ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအရ ပြင်သစ်ပြည်ထောင်စုအတွင်းမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းပြည်တစ်ခု အဖြစ်ကြေငြာခဲ့သည်။ ၁၉၅၇ ခုနှစ် မေလ ၁၁ ရက်တွင် ပြန်လည် ပြင်ဆင်ပြဌာန်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်သစ်ပြည်ထောင်စု အား ရည်ညွှန်းချက်ကို ဖြုတ်ပစ်ခဲ့သော်လည်း ယခင် ကိုလိုနီအုပ်ချုပ်သူနှင့် ပညာရေး၊ ကျန်းမာရေး နှင့် နည်းပညာ အရ ဆက်ဆံမှုများမှာ နီးကပ်စွာ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ ၁၉၅၇ ဥပဒေကို ၁၉၇၅ ဒီဇင်ဘာတွင် ကွန်မြူနစ် ပြည်သူ့ သမ္မတနိုင်ငံအဖြစ် ကြေငြာသောအခါတွင် ရုပ်သိမ်းခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ကို ၁၉၉၁ တွင် ပြဌာန်းခဲ့ပြီး ထိုဥပဒေတွင် လာအိုပြည်သူ့တော်လှန်ရေးပါတီ၏ ဦးဆောင်မှု အခန်းကဏ္ဍကို မီးမောင်းထိုး ဖော်ပြထားခဲ့သည်။[၃၉]

 
အုပ်ချုပ်သူ လာအိုပြည်သူ့တော်လှန်ရေးပါတီ၏ အလံ

နိုင်ငံခြားဆက်ဆံရေးပြင်ဆင်

 
ဝန်ကြီးချုပ် သောင်လွန်း ဆီဆိုလစ်အား အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ၊ အာဆီယံ နိုင်ငံ့ခေါင်းဆောင်များနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၅ တွင် နယူးဒေလီတွင် တွေ့ရပုံ

၁၉၇၅ ခုနှစ် ဒီဇင်ဘာလတွင် ပါသတ်လာအိုတို့ အာဏာရယူပြီးနောက် လာအိုနိုင်ငံ၏ နိုင်ငံခြား ဆက်ဆံရေးမှာ အနောက်တိုင်းနိုင်ငံများနှင့် တင်းမာမှုကို ပြသပြီး လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ အစိုးရသည် ဆိုဗီယက်ဘက် ယိမ်းသောနိုင်ငံများနှင့် အတူ ရပ်တည်ကာ ဆိုဗီယက်ပြည်ထောင်စုနှင့် နီးကပ်သော ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး နိုင်ငံခြား အကူအညီများနှင့် ပတ်သက်၍ ဆိုဗီယက်တို့အပေါ်တွင် အလွန်အမင်း မှီခိုနေခဲ့သည်။[၅၉] လာအိုသည် ဗီယက်နမ်နှင့်လည်း အထူး ဆက်ဆံရေးရှိပြီး ၁၉၇၇ ခုနှစ် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို တရားဝင် ချုပ်ဆိုခဲ့သဖြင့် တရုတ်နှင့် တင်းမာမှု ဖြစ်ခဲ့သည်။

 
ဝန်ကြီးချုပ် သောင်လွန်း ဆီဆိုလစ် အား ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် နှင့်အတူ ၂၀၁၆ တွင် တွေ့ရပုံ

လာအိုသည် ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ တရုတ်၊ တူရကီ၊ ဩစတြေးလျ၊ ပြင်သစ်၊ ဂျပန် နှင့် ဆွီဒင်တို့ဖြင့် တိုးတက်ပြီး ချဲ့ထွင်သော ဆက်ဆံရေးကို ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတကာတွင် သင်းကွဲဖြစ်နေခြင်းကို ကျော်လွန်နိုင်ခဲ့သည်။ [၆၀] ၂၀၀၄ ခုနှစ် နိုဝင်ဘာလတွင် ကွန်ဂရက်မှ အတည်ပြုသော ဥပဒေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေး ပုံမှန် ပြန်ဖြစ်ခဲ့သည်။[၆၁] လာအိုသည် အာဆီယံသို့ ၁၉၉၇ ဇူလိုင်လတွင် ဝင်ရောက်ခဲ့ပြီး ၂၀၁၆တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။[၆၂] ၂၀၀၅ ခုနှစ်တွင် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို ပထမဆုံး အကြိမ် တက်ရောက်ခဲ့သည်။ [၆၃]

စစ်ရေးပြင်ဆင်

၂၀၁၄ ခုနှစ် မေလ ၁၇ ရက်တွင် ကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ် ဖြစ်သော ဒေါင်ချေး ဖီချစ် သည် အခြားသော အဆင့်မြင့် အရာရှိကြီးများနှင့် အတူ လေယာဉ်ပျက်ကျ၍ သေဆုံးခဲ့သည်။ [၆၄] အရာရှိများသည် ယခင် တော်ဝင်လာအိုအစိုးရ တပ်များလက်အောက်မှ ဂျားလွင်ပြင် လွတ်မြောက်မှု အထိမ်းအမှတ် အခမ်းအနားကို ပါဝင်တက်ရောက်ရန် သွားရောက်ကြခြင်း ဖြစ်သည်။ [၆၅] လူ ၂၀ ဦး လိုက်ပါစီးနင်းလာသော ရုရှားထုတ် အန်တိုနော့ဗ် အေအင်န် ၇၄-၃၀၀ လေယာဉ်မှာ ရှန်ခိုအန်းပြည်နယ် အတွင်း ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။[၆၆]

မုံလူမျိုး ပဋိပက္ခပြင်ဆင်

လာအိုပြည်တွင်းစစ်ဖြစ်ပွားခဲ့စဉ်က မုံလူမျိုးအချို့သည် စီအိုင်အေ၏ ကျောထောက်နောက်ခံဖြင့် လာအိုဘုရင့်တပ်မတော်ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ပါသက်လာအိုများ ၁၉၇၅ ခုနှစ်တွင် အာဏာရပြီးနောက်တွင် မုံလူမျိုးပဋိပက္ခ ဆက်လက်ဖြစ်ပွားခဲ့ပြီး ၁၉၇၇တွင် ကွန်မြူနစ်သတင်းစာမှတဆင့် အမေရိကန်အားကိုးများအား အမြစ်ပါမကျန် တိုက်ထုတ်ပစ်မည်ဟု ကြွေးကြော်ခဲ့သည်။ [၆၇]မုံလူမျိုး ၂ဝဝ,၀၀၀ ခန့်သည် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အများစုမှာ အမေရိကန်ပြည်ထောင်စုသို့ပြောင်းရွှေ အခြေချနေထိုင်ကြသည်။ အခြားသော မုံလူမျိုးစု သူပုန်များသည် နှစ်ပေါင်းများစွာကြာသည်အထိ ရှန်ခိုအန်းပြည်နယ်ရှိ တောတောင်များထဲတွင် ပုန်းအောင်းတိုက်ခိုက်နေဆဲ ဖြစ်ပြီး လက်ကျန်အချို့မှာ ၂၀၀၃ ခုနှစ်တွင် တောထဲမှ ထွက်လာခဲ့ကြသည်။[၆၇]

၁၉၈၉ ခုနှစ်တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ အမေရိကန် အစိုးရ၏ အကူအညီဖြင့် အသေးစိတ်လုပ်ဆောင်မည့်လုပ်ငန်းစဉ် ကိုရေးဆွဲ၍ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားမှ အင်ဒိုချိုင်းနား ဒုက္ခသည်များ အလုံးအရင်းဖြင့် လက်ခံမည့် အစီအစဉ်ကို စတင်ခဲ့သည်။ ထိုအစီအစဉ်အရ ဒုက္ခသည်အဖြစ် သတ်မှတ်ချက်ကို စစ်ဆေးရေးလုပ်ငန်းစဉ်ဖြင့် အကဲဖြတ်သည်။ ခိုလှုံခွင့် ရရှိသူအဖြစ် သတ်မှတ်ခြင်း ခံရသူမှာ ပြန်လည်နေရာချထားရန် အခွင့်အလမ်း ရရှိပြီး အခြားသော ဒုက္ခသည်များကို အသက်အန္တရာယ်လုံခြုံရန် အာမခံ၍ ပြန်ပို့ပေးသည်။ ယူအင်န်အိတ်ချ်စီအာရ် နှင့် ထိုင်းအစိုးရတို့နှင့် ဆွေးနွေးပြီးနောက် လာအိုတို့သည် ထိုင်းတွင် နေထိုင်သော ဒုက္ခသည် ၆၀,၀၀၀ ကို ပြန်လည် လက်ခံရန် သဘောတူခဲ့ပြီး မုံလူမျိုး ထောင်ပေါင်းများစွာလည်း ပါဝင်သည်။ သို့သော်လည်း လာအိုဒုက္ခသည် အနည်းငယ်သာ မိမိတို့ သဘောဆန္ဒဖြင့် အိမ်ပြန်လိုကြသည်။ [၆၈] ထိုင်းအစိုးရမှ ကျန်ရှိနေသော ဒုက္ခသည်စခန်းများကို ပိတ်သိမ်းရန် လုပ်ဆောင်သော အခါတွင် ဒုက္ခသည်များကို ပြန်လည်အခြေချရန် ဖိအား များလာခဲ့သည်။ အချို့သော မုံလူမျိုးများ ယူအင်န်အိတ်ချ်စီအာရ်မှ ဖွံဖြိုးရေး အထောက်အကူများဖြင့် လာအိုသို့ မိမိတို့သဘောဆန္ဒဖြင့် ပြန်သွားကြပြီးနောက် အတင်းအကြပ် နေရပ်ပြန်ခိုင်းခြင်းများ ပြန်လည်ကြားသိလာခဲ့ရသည်။ [၆၉]လာအိုသို့ ပြန်သွားသော မုံလူမျိုးများထဲမှ အချို့မှ ထိုင်းသို့ အလျှင်အမြန် ထွက်ပြေး လွတ်မြောက်လာကြပြီး ခွဲခြားဆက်ဆံခံရခြင်းနှင့် လာအိုအာဏာပိုင်တို့၏ လက်တွင် ရက်စက်စွာ ဆက်ဆံခံရခြင်းတို့ကို ပြန်လည်ပြောပြကြသည်။ [၇၀]

 
မုံ မိန်းကလေးများကို လာအိုတွင် တွေ့ရပုံ၊ ၁၉၇၃

၁၉၉၃ ခုနှစ်တွင် ယခင်က မုံ စစ်သားဟောင်း တစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံရှိ အကြီးဆုံး မုံ ဒုက္ခသည်စခန်း၏ ခေါင်းဆောင်ဖြစ်သော ဗူးမိုင် အား ဘန်ကောက်ရှိ အမေရိကန်သံရုံးမှ နေရပ်ပြန်လည်စေလွှတ်ခြင်း အစီအစဉ် အောင်မြင်ကြောင်း ပြသရန် အတွက် လာအိုသို့ ပြန်သွားရန် တာဝန်ပေးခြင်းခံရပြီးနောက် ဗီယန်ကျင်းတွင် ပျောက်ကွယ်သွားခဲ့သည်။ အမေရိကန် ဒုက္ခသည် ကော်မတီ၏ အဆိုအရ သူ့အား လာအို လုံခြုံရေးတပ်များမှ ဖမ်းဆီးသွားပြီး နောက်တစ်ဖန် ပြန်မတွေ့ရတော့ပေ။[၇၁] ဗူးမိုင်၏ အဖြစ်အပျက် ဖြစ်ပွားပြီးနောက်တွင် လာအိုသို့ မုံလူမျိုးများ နေရပ်ပြန်ပို့မည့် အစီအစဉ်နှင့် ပတ်သက်၍ အငြင်းအခုံများ အလွန်ပင် ရေချိန်မြင့်တက်လာခဲ့ပြီး အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ကာ အမေရိကန်တွင် ကွန်ဆာဗေးတစ်များနှင့် အချို့သော လူ့အခွင့်အရေးလှုပ်ရှားသူများမှ ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသည်။ ၁၉၉၅ ခုနှစ် အောက်တိုဘာ ၂၃ ခုနှစ်တွင် နေရှင်နယ်ရီဗြူး မဂ္ဂဇင်းတွင် ပါရှိသော ယခင် ဟယ်ရီတေ့ချ်ဖောင်ဒေးရှင်း၏ နိုင်ငံခြားရေးရာ ပေါ်လစီကျွမ်းကျင်သူနှင့် ရီပတ်ဘလစ်ကင် အိမ်ဖြူတော် အကူ ဖြစ်ခဲ့သူ မိုက်ကယ်ဂျွန်၏ ဆောင်းပါးတွင် ကလင်တန် အစိုးရ၏ မုံ နေရပ်ပြန်လည်ပို့ဆောင်ရေး ပေါ်လစီကို သစ္စာဖောက်မှု အဖြစ် တံဆိပ်ကပ်ပြီး မုံလူမျိုးများအား "အမေရိကန်တို့၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားကို ကာကွယ်ရင်း သွေးမြေကျသူများ" ဟု ဖော်ပြခဲ့သည်။ [၇၂] ထိုပြဿနာနှင့် ပတ်သက်၍ ငြင်းခုံဆွေးနွေးမှုများ အလျှင်အမြန်ပင် အရှိန်တက်လာခဲ့ပြီး ရီပတ်ဘလစ်ကင် ဦးဆောင်သော အမေရိကန် ဆီးနိတ်လွှတ်တော် နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးမှ ထိုင်းနိုင်ငံအခြေစိုက် မုံလူမျိုးများကို အမေရိကန်ပြည်ထောင်စုတွင် အလျှင်အမြန် နေရာချထားပေးရန် ဘဏ္ဍာငွေကို ချပေးခဲ့သည်။ ကလင်တန်ကမူ ထိုဥပဒေကို ဗီတိုအာဏာဖြင့် ပယ်ဖျက်မည်ဟု တုံ့ပြန်ခဲ့သည်။

နေရပ်ပြန်ပို့မည့် အစီအစဉ်ကို ဆန့်ကျင်သည့် အနေဖြင့် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကင် ကွန်ဂရက်လွှတ်တော် အမတ်တို့သည် လာအိုတို့၏ အစိုးရအနေနှင့် မုံလူမျိုးတို့၏ လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက်နေခြင်း မဟုတ်ဆိုသည့် ကလင်တန်အစိုးရ၏ ရပ်တည်မှုကို စိမ်ခေါ်ခဲ့ကြသည်။ အမေရိကန် ကိုယ်စားလှယ် စတိဗ်ဂန်းဒါဆင် က ဥပမာ အနေနှင့် မုံတို့ စုဝေးရာတွင် ပြောကြားခဲ့သည်မှာ "ကျွန်တော့် အနေနဲ့ ကျွန်တော်တို့အစိုးရကို ဆန့်ကျင်ပြီး ခင်ဗျားတို့ အမှန်အတိုင်း မပြောဘူး ဆိုတာ ပြောနေရတာကို ပျော်နေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အမှန်တရားနဲ့ တရားမျှတမှုကို ခုခံကာကွယ်ဖို့ လိုအပ်တယ် ဆိုရင်တော့ လုပ်ရမှာပဲ။" ဟူ၍ ဖြစ်သည်။[၇၂] ရီပတ်ဘလစ်ကင် တို့အနေနှင့် မုံလူမျိုးတို့ ဖိနှိပ်ခံနေရကြောင်း စွပ်စွဲချက်များကို ကွန်ဂရက်ကြားနာမှုများ မကြာခဏ ပြုလုပ်ခဲ့ပြီး မုံလူမျိုးတို့ကို နေရပ်သို့ပြန်ပို့သည်ကို သူတို့အနေနှင့် ဆန့်ကျင်ရာတွင် ထောက်ခံမှုများ ပိုမိုရရှိစေရန် ကြိုးစားခဲ့ကြောင်း ထင်ရှားသည်။

အချို့သော ဖိအားပေး၍ နေရပ်ပြန်ပို့သည့် စွပ်စွဲချက်များမှာ ငြင်းပယ်ခဲ့သော်လည်း[၇၃] မုံလူမျိုး ထောင်ပေါင်းများစွာသည် လာအိုသည် ပြန်ရန် ငြင်းဆန်ခဲ့ကြသည်။ ၁၉၉၆ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများ ပိတ်သိမ်းရန် နောက်ဆုံးရက်သို့ ချဉ်းကပ်လာသည့် အခါတွင် ပိုမိုမြင့်တက်လာသော နိုင်ငံရေးဆိုင်ရာ ဖိအားအောက်တွင် အမေရိကန်ပြည်ထောင်စု အနေနှင့် စစ်ဆေးမှုလုပ်ငန်းစဉ် အသစ်ကို အောင်မြင်သော မုံ ဒုက္ခသည်များကို ပြန်လည်နေရာချထားရန် သဘောတူညီခဲ့ရသည်။[၇၄] ဒုက္ခသည်စခန်း ပိတ်သိမ်းချိန်တွင် ပြန်လည်နေရာချထားခြင်း မပြုရသေးသော မုံလူမျိုး ၅,၀၀၀ ခန့်မှာ ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ခု ဖြစ်သော ဝပ်သမ်ခရာဘောက် တွင် ခိုလှုံခွင့် တောင်းခံခဲ့ပြီး ထိုနေရာတွင် မုံလူမျိုး ဒုက္ခသည် ၁၀,၀၀၀ ကျော် ရှိနှင့်နေပြီး ဖြစ်သည်။ ထိုင်းအစိုးရမှ ထိုဒုက္ခသည်များကို နေရပ်ပြန်ပို့ရန် ကြိုးစားသော်လည်း ဝပ်သမ်ခရာဘောက်ရှိ မုံလူမျိုးများမှ ထွက်ခွာရန် ငြင်းဆန်ကြပြီး လာအိုအစိုးရမှလည်း သူတို့အား တရားမဝင် မူးယစ်ဆေးရောင်းဝယ်မှုတွင် ပါဝင်သည် ဆိုသော အချက်နှင့် လာအိုမှ လူများမဟုတ်ဟူသော အကြောင်းပြချက်များဖြင့် ပြန်လည်လက်ခံရန် ငြင်းဆန်ခဲ့သည်။ [၇၅] သူတို့အား အင်အားသုံး၍ ဖယ်ရှားမည်ဆိုသော ထိုင်းအစိုးရ၏ ခြိမ်းခြောက်မှု အပြီးတွင် မုံတို့၏ သိသာသော အောင်ပွဲအနေနှင့် အမေရိကန်ပြည်ထောင်စုမှ ဒုက္ခသည် ၁၅,၀၀၀ ကို လက်ခံရန် သဘောတူညီခဲ့သည်။[၇၆] ထောင်ဂဏန်းမျှ ရှိသော မုံလူမျိုးအချို့မှာ သူတို့အား အမေရိကန်အစိုးရမှ ပြန်လည်အခြေချရန် လက်မခံပါက လာအိုသို့ အတင်းအကြပ် ပြန်ပို့မည်ကို ကြောက်ရွံ့ကြသဖြင့် ဒုက္ခသည် စခန်းမှ ထွက်ပြေးပြီး ၁၉ရာစုမှစ၍ မုံလူမျိုးများ သိသာသော ပမာဏရှိနေသော ထိုင်းနိုင်ငံ၏ အခြားနေရာများတွင် သွားရောက်နေထိုင်ကြသည်။ .[၇၇] ၂၀၀၄ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်တွင် ထောင်ဂဏန်းမျှ ရှိသော မုံလူမျိုးများသည် လာအို၏ တောနက်များအတွင်းမှ ထိုင်းနိုင်ငံ ဖက်ချာဘွန် ပြည်နယ်တွင်ရှိသော ယာယီ ဒုက္ခသည်စခန်းသို့ ထွက်ပြေးလာခဲ့ကြသည်။[၇၈]

လာအိုအစိုးရ အနေနှင့် မုံလူမျိုးတို့အား ဖိနှိပ်အုပ်ချုပ်သည်ဆိုသော အစောပိုင်းအဆိုကို ထပ်မံထောက်ခံမှု ပြသည့်အနေနှင့် ရုပ်ရှင်ရိုက်ကူးသူ ရဘက်ကာ ဆမ်းမားမှ သူ၏ မှတ်တမ်းရုပ်ရှင်ဖြစ်သော "တိရစ္ဆာန်ကဲ့သို့ အမဲလိုက်ခံရသူများ" တွင် ကိုယ်တိုင်ကြုံတွေ့သူများမှ ပြောပြချက်များကို မှတ်တမ်းတင်ခဲ့ပြီး [၇၉] ဒုက္ခသည်တို့၏ ပြောဆိုချက်များ အကျဉ်းချုပ်ပါဝင်သော အသေးစိတ် အစီရင်ခံစာကို ကုလသမဂ္ဂသို့ ၂၀၀၆ ခုနှစ် မေလတွင် တင်သွင်းခဲ့သည်။[၈၀]

ဥရောပသမဂ္ဂ [၈၁]၊ ယူအင်န်အိတ်ချ်စီအာရ် နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထိုအချိန်မှစ၍ အတင်းအကြပ် နေရပ်ပြန်စေမှုအား ထုတ်ဖော် ပြောဆိုခဲ့ကြသည်။ [၈၁][၈၂][၈၃][၈၄] ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောဆိုသည်မှာ မုံလူမျိုးတို့အား ဩစတြေးလျ၊ ကနေဒါ၊ နယ်သာလန် နှင့် အမေရိကန်ပြည်ထောင်စုတို့တွင် ပြန်လည်အခြေချပေးရန် ဆွေးနွေးမှုများ ပြုလုပ်နေသည့် အချိန်၌ ၎င်းတို့အနေနှင့် နောင်ခိုင် အကျဉ်းထောင်တွင် ထိန်းသိမ်းထားသော မုံဒုက္ခသည်များကို ပြန်ပို့ခြင်းအား ရပ်တန့်ထားမည် ဟူ၍ ဖြစ်သည်။ [၈၅]မုံဒုက္ခသည်များကို အမေရိကန်ပြည်ထောင်စုတွင် ပြန်လည်နေရာချထားမည့် အစီအစဉ်မှာ သမ္မတ ဂျော့ရှ် ဒဗလျူ ဘုရှ်၏ မျိုးချစ်ဥပဒေနှင့် အိုင်ဒီအစစ်အမှန် ဥပဒေတို့ကြောင့် ရပ်တန့်နေခဲ့ရပြီး ထိုဥပဒေများကြောင့် လျို့ဝှက်စစ်ပွဲတွင် အမေရိကန်ပြည်ထောင်စုဘေးမှ ရပ်တည်၍ တိုက်ခိုက်ခဲ့သော မုံစစ်မှုထမ်းဟောင်းများ အား လက်နက်ကိုင်တိုက်ပွဲများအတွင်း သမိုင်းကြောင်းအရ ပါဝင်မှုကြောင့် အကြမ်းဖက်သမားများ အဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်သည်။[၈၆]

လူ့အခွင့်အရေးပြင်ဆင်

လူ့အခွင့်အရေး ချိုးဖောက်မှုသည် လာအိုနိုင်ငံအတွက် သိသာထင်ရှားသည့် စိုးရိမ်ဖွယ်ရာကိစ္စတစ်ခု ဖြစ်သည်။[၈၇][၈၈] အီကော်နောမစ် မဂ္ဂဇင်း၏ ၂၀၁၆ ခုနှစ် ဒီမိုကရေစီ ညွှန်းကိန်းတွင် လာအိုနိုင်ငံအား "အာဏာရှင် အစိုးရ" ဟု သတ်မှတ်ထားပြီး လေ့လာမှုတွင် ပါဝင်သည့် အာဆီယံ ကိုးနိုင်ငံတွင် အနိမ့်ဆုံးအဆင့် အဖြစ်သတ်မှတ်ဖော်ပြထားသည်။[၈၉][၉၀] ထင်ရှားသော အရပ်ဖက်လူ့အဖွဲ့အစည်းများမှ အကြံပေးများ၊ လူ့အခွင့်အရေး ကာကွယ်သူများ၊ နိုင်ငံရေးနှင့် ဘာသာရေး ဆန့်ကျင်လှုပ်ရှားသူများ နှင့် မုံဒုက္ခသည်များသည် လာအို စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များ၏ လက်တွင် ပျောက်ဆုံးသွားခဲ့ခြင်းများ ရှိသည်။[၉၁]

အတိအလင်းပြဌာန်းပြီး တကယ်မဟုတ်သည်မှာ ၁၉၉၁ ခုနှစ်တွင် ပြဌာန်းခဲ့သော လာအို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ၎င်းကို ပြင်ဆင်သော ၂၀၀၃ ဥပဒေတို့တွင် လူ့အခွင့်အရေးအတွက် အဓိက ကာကွယ်ထားမှုများ ပါဝင်သည်။ ဥပမာအားဖြင့် ပုဒ်မ ၈ တွင် လာအိုသည် လူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံဖြစ်ပြီး လူမျိုးစုများအကြား တန်းတူညီမျှမှုကို အာမခံချက်ပေးသည် ဟု ထင်ရှားစွာ ဖော်ပြထားသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ကျားမ ညီမျှမှု၊ ဘာသာရေး လွတ်လပ်မှု၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းစာ လွတ်လပ်ခွင့် နှင့် လွတ်လပ်စွာ စုဝေးခွင့်တို့အတွက် ပြဌာန်းချက်များလည်း ပါဝင်သည်။ [၉၂] ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၅ တွင် လာအိုနိုင်ငံသည် နိုင်ငံတကာ ပြည်သူ့ဆိုင်ရာ နှင့် နိုင်ငံရေး အခွင့်အရေးများ သဘောတူညီချက် တရားဝင်သဘောတူခဲ့ပြီး စာချုပ်လက်မှတ်ရေးထိုးပြီး ကိုးနှစ်အကြာတွင် ဖြစ်သည်။ လာအို အစိုးရနှင့် နိုင်ငံတကာ လှူဒါန်းသူများ၏ ဖော်ပြထားသော ပေါ်လစီ ရည်ရွယ်ချက်မှာ ဆက်လက်ထိန်းသိမ်းထားနိုင်မည့် စီးပွားရေးဖွံ့ဖြိုးမှုများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် နှင့် ဆင်းရဲမွဲတေမှုကို လျော့ချရန်တို့အပေါ် ဆက်လက်၍ အာရုံစိုက် ဦးတည်ချက်ထားဆဲ ဖြစ်သည်။ [၉၃][၉၄]

သို့သော်လည်း လာအိုအစိုးရသည် သူတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နှင့် တရားဥပဒေစိုးမိုးမှုကို ကိုယ်တိုင်ချိုးဖောက်လေ့ ရှိပြီး တရားရေးဝန်ထမ်းများနှင့် တရားသူကြီးများမှ အုပ်ချုပ်သူ ကွန်မြူနစ်ပါတီမှ ခန့်အပ်ထားခြင်း ဖြစ်သည်။ သီးခြားရပ်တည်ပြီး အကျိုးအမြတ်အတွက် အလုပ်လုပ်ခြင်း မဟုတ်သည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ ဖြစ်သော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့[၉၅] ၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ [၉၆]စသည့် အဖွဲ့များ၊ ပြည်သူ့ရေးရာ အခွင့်အရေးအတွက် ကာကွယ်ရပ်တည်သူများ[၉၇] တို့နှင့် အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန [၉၈]တို့၏ အဆိုအရ အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်သည့် လက်လွတ်စပါယ် ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပျောက်ကွယ်ခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ခြင်း၊ အကျဉ်းထောင်အတွင်း မတရားမှုများ ပြုလုပ်ခြင်း နှင့် အခြားသော ချိုးဖောက်မှုများမှာ ဆက်လက်ရှိနေဆဲ ပြဿနာများ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က လာအိုအစိုးရ၏ လူ့အခွင့်အရေးစံနှုန်းအပေါ် လိုက်နာကျင့်သုံးမှု မှတ်တမ်း နှင့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေး လုပ်ငန်းစဉ် နှင့် ဥပဒေဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ခြင်း နှစ်ခုစလုံးသည် လူ့အခွင့်အရေးအပေါ် မကောင်းသော သက်ရောက်ရိုက်ခတ်မှု ရှိသည်ဟု သူတို့၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုခဲ့သည်။[၈၈] ထိုအဖွဲ့အစည်းမှ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ အကျဉ်းထောင်အတွင်း ဆိုးရွားသော အခြေအနေများ၊ ဘာသာရေး လွတ်လပ်မှုကို ကန့်သတ်ခြင်း၊ ဒုက္ခသည်နှင့် ခိုလှုံခွင့် လျှောက်ထားသူများကို ဆက်ဆံခြင်း နှင့် သေဒဏ်ပေးမှုတို့ အပေါ်တွင်လည်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။[၉၅]

၁၉၉၉ ခုနှစ် အောက်တိုဘာလတွင် လူငယ် အယောက် ၃၀ သည် လာအိုနိုင်ငံတွင် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး ငြိမ်းချမ်းစွာ ပြောင်းလဲရန် တောင်းဆိုသော ပိုစတာများ ကိုင်ဆောင်ပြသရန် ကြိုးစားသည့်အတွက် အထိန်းသိမ်းခံ ခဲ့ရသည်။ သူတို့ထဲမှ လူငယ် ၅ ယောက်မှာ အဖမ်းခံခဲ့ရပြီး နောက်ဆက်တွဲ အနေနှင့် နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည်။ သူတို့အား ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ပြန်လည် လွှတ်ပေးရမည် ဖြစ်သော်လည်း သူတို့ ဘယ်ရောက်နေသည်ကို မည်သူမျှ မသိပေ။ [၉၅] နောက်ပိုင်း သတင်းများသည် ထိုအချက်နှင့် ဆန့်ကျင်နေပြီး သူတို့အား ထောင်ဒဏ် အနှစ် ၂၀ အပြစ်ပေးခဲ့သည် ဟု ဆိုသည်။ [၉၉]၂၀၁၇ ဖေဖော်ဝါရီ နှောင်းပိုင်းတွင် သူတို့ထဲမှ နှစ်ဦးကို လွှတ်ပေးခဲ့ပြီး ၁၇ နှစ်ကျော် ကြာမြင့်ခဲ့သည်။ [၁၀၀]

အမေရိကန် အခြေစိုက် အစိုးရမဟုတ်သော ပြည်သူ့ရေးရာ မူဝါဒ သုတေသန အဖွဲ့ဖြစ်သည့် ပြည်သူ့ရေးရာ မူဝါဒ ခွဲခြမ်းစိတ်ဖြာရေး ဌာန ၏ အဆိုအရ လာအိုနှင့် ဗီယက်နမ် စစ်တပ်များသည် ၂၀၁၁ ခုနှစ်၌ ရှန်ခိုအန်းပြည်နယ်တွင် ခရစ်ယာန် မုံလူမျိုး အမျိုးသမီးများကို အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သည်ဟု ဆိုပြီး အခြားသော ခရစ်ယာန်၊ လွတ်လပ်သော ဗုဒ္ဓဘာသာ နှင့် ရိုးရာနတ်ကိုးကွယ်မှု ယုံကြည်သူတို့မှာလည်း ဖိနှိပ်ချုပ်ချယ်ခြင်း ခံကြရသည်ဟု ဆိုသည်။ [၁၀၁][၁၀၂]

လူ့အခွင့်အရေး လှုပ်ရှားသူများဖြစ်သော ဗန်ပေါ့ဇပ်၊ ကယ်ရီ နှင့်ကေ ဒိန်း နှင့် အခြားသူများတို့မှလည်း လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးချုပ်နှောင်ခြင်း တို့အပြင် နိုင်ငံခြား အကျဉ်းသားများကို ဗီယင်ကျန်းရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော ဖုန်သောင်အကျဉ်းထောင် အပါအဝင် အကျဉ်းထောင်များတွင် ချုပ်နှောင်ခြင်း စသည်တို့နှင့် ပတ်သက်၍ စိုးရိမ်မကင်းမှုများကို ထုတ်ဖော်ခဲ့ကြသည်။

ခန့်မှန်းချက်များအရ လူပေါင်း ၃၀၀,၀၀၀ ခန့်သည် အစိုးရ၏ ဖိနှိပ်မှုကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ ၎င်းတို့ထဲတွင် မုံလူမျိုး ၁၀၀,၀၀၀ ပါဝင်ပြီး မုံလူဦးရေ စုစုပေါင်း၏ ၃၀% မျှ ဖြစ်ကာ ၉၀% မျှသော လာအိုရှိ ပညာရှင်၊ အထူးပြုကျွမ်းကျင်သူများနှင့် အစိုးရ အရာရှိများ ဖြစ်သည်။ ထို့အပြင် ပြည်တွင်းစစ်ကြောင့် လူပေါင်း ၁၃၀,၀၀၀ သေဆုံးခဲ့ရသည်။ [၁၀၃] လာအိုသည် လိင်ကုန်ကူးခံရသူများ မြစ်ဖျားခံရာ နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။[၁၀၄] လူမျိုးစု အမျိုးမျိုးမှ အမျိုးသမီးနှင့် မိန်းကလေးများ ဖြစ်ကြသော လာအိုနိုင်ငံသားများသည် လာအိုတွင် လိင်ကုန်ကူးခြင်း၏ သားကောင် ဖြစ်ခဲ့ကြရသည်။ [၁၀၅][၁၀၆][၁၀၇]

စီးပွားရေးပြင်ဆင်

 
လာအိုလူဦးရေ၏ ၈၀% သည် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးကို လုပ်ကိုင်ကြသည်။
 
လာအိုနိုင်ငံ၏ ပို့ကုန်ကို အချိုးကျ ပြသထားပုံ ၊ ၂၀၁၉

လာအိုနိုင်ငံ၏ စီးပွားရေးသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံ တို့၏ ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှုတို့ အပေါ်တွင် မှီခိုနေပြီး အထူးသဖြင့် မြောက်ဘက်တွင် ရှိသော တရုတ်နိုင်ငံနှင့် ဖြစ်သည်။ ပါ့ခ်ဆီမြို့သည် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကြောင့် တိုးတက်မှုကို ခံစားနေရသည်။ ၂၀၀၉ ခုနှစ်၌ လာအိုအစိုးရသည် တရားဝင်အားဖြင့် ကွန်မြူနစ် အစိုးရ ဖြစ်နေဆဲပင် ဖြစ်သော်လည်း အမေရိကန်ရှိ အိုဘားမားအစိုးရမှ လာအိုသည် မာ့ခ်စ် ဝါဒနှင့် လီနင်ဝါဒ ကျင့်သုံးသောနိုင်ငံ မဟုတ်တော့သဖြင့် လာအိုကုမ္ပဏီများ အနေနှင့် အမေရိကန် ထုတ်ကုန်သွင်းကုန်ဘဏ်မှ ငွေကြေးအထောက်အပံ့ ရယူခြင်းအား တားမြစ်ထားသည်ကို ပယ်ဖျက်ပေးခဲ့သည်။[၁၀၈][၁၀၉]

၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံသည် လာအိုစီးပွားရေး၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး လာအို စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံရေး ဝန်ကြီးဌာန၏ ၁၉၈၉-၂၀၁၄ အစီရင်ခံစာအရ ၁၉၈၉ ခုနှစ်မှစ၍ အမေရိကန်ဒေါ်လာ ၅.၃၉၅ ဘီလီယံမျှ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ (အမေရိကန်ဒေါ်လာ ၄.၄၈၉ ဘီလီယံ ရင်းနှီးမြှုပ်နှံသူ) နှင့် ဗီယက်နမ်နိုင်ငံ (အမေရိကန်ဒေါ်လာ ၃.၁၀၈ ရင်းနှီးမြှုပ်နှံသူ) တို့မှာ ဒုတိယနှင့် တတိယ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူများ ဖြစ်ကြသည်။ [၁၁၀]နိုင်ငံ၏ စီးပွားရေးသည် နိုင်ငံတကာ ငွေကြေးအဖွဲ့၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် နှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများမှ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ရရှိခဲ့ပြီး လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှု၊ ရေအားလျှပ်စစ် နှင့် သတ္တုတွင်းလုပ်ငန်း (အထူးသဖြင့် ကြေးနီနှင့် ရွှေ) တို့အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ရရှိခဲ့သည်။

တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးသည် ဂျီဒီပီ၏ တစ်ဝက်မျှ ရှိနေသေးပြီး အလုပ်အကိုင် အခွင့်အလမ်း ၈၀% ကို ဖန်တီးပေးထားသည်။ နိုင်ငံ၏ မြေ ၄% မျှသာ စိုက်ပျိုးနိုင်သော မြေဖြစ်ပြီး ၀.၃% သာလျှင် အမြဲတမ်း စိုက်ပျိုးနိုင်သော မြေ ဖြစ်သဖြင့် [၁၁၁] မဟာမဲခေါင်ဒေသခွဲ အတွင်း ရာခိုင်နှုန်းအားဖြင့် အနည်းဆုံး ဖြစ်သည်။ [၁၁၂] ဆည်မြောင်းရေသွယ်ထားသော စိုက်ပျိုးဧရိယာမှာ စုစုပေါင်း စိုက်ပျိုးဧရိယာ၏ ၂၈% မျှသာရှိပြီး စိုက်ပျိုးမွေးမြူရေးမြေ အားလုံးအတွက် ဆိုပါက ၂၀၁၂ ခုနှစ်တွင် ၁၂% မျှသာ ရှိသည်။ [၁၁၃] စိုက်ပျိုးမွေးမြူရေးတွင် ဆန်စပါးသည် အဓိက ဖြစ်ပြီး ၈၀% မျှသော စိုက်ပျိုးနိုင်သောမြေများအား စပါးစိုက်ပျိုးရန် အသုံးပြုကြသည်။ [၁၁၄] ခန့်မှန်းခြေအားဖြင့် ၇၇% မျှသော လာအိုလယ်သမား မိသားစုများမှာ ဝမ်းစာဖူလုံသည့် စပါး ရှိကြသည်။ [၁၁၅] လာအိုသည် မဟာမဲခေါင်ဒေသခွဲတွင် ဆန်စပါးအမျိုးအစား အများဆုံး ရှိသည့်နိုင်ငံ ဖြစ်သည်။ လာအိုအစိုးရသည် ဖိလစ်ပိုင်နိုင်ငံရှိ နိုင်ငံတကာ ဆန်စပါးသုတေသန အင်စတီကျု နှင့် အတူတကွ လုပ်ဆောင်ခြင်းဖြင့် လာအိုတွင်တွေ့ရသော ထောင်ပေါင်းများစွာသော ဆန်စပါးမျိုးများ၏ မျိုးစေ့ဥပမာကို စုဆောင်းရန် ကြိုးစားလျှက် ရှိသည်။[၁၁၆]

 
ဗီယင်ကျန်းရှိ နံနက်ခင်းဈေး

လာအိုနိုင်ငံသည် သတ္တုတွင်းထွက် ကြွယ်ဝသော နိုင်ငံဖြစ်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားမှ တင်သွင်းရသည်။ သတ္တုလုပ်ငန်းသည် အရေးပါသော လုပ်ငန်းဖြစ်ပြီး အစိုးရအနေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်၍ များပြားလှစွာသော ကျောက်မီးသွေး၊ ရွှေ၊ ဘောက်ဆိုက်၊ ခဲမဖြူ၊ ကြေးနီနှင့် အခြားသော အဖိုးတန်သတ္တုများကို တူးဖော်နိုင်ရန် မျှော်လင့်လျှက် ရှိသည်။ ထိုကဏ္ဍသည် လာအိုနိုင်ငံ၏ စီးပွားရေးအခြေအနေပေါ်တွင် အထင်ရှားဆုံး အထောက်အကူပေးနေသည်။ ရွှေ၊ကြေးနီ၊ ဇင့်၊ ခဲနှင့် အခြားသတ္တုများကို နေရာ ၅၄၀ ကျော်မျှ ရှာဖွေတွေ့ရှိစမ်းသပ်၍ တူးဖော်ထုတ်လုပ်လျှက် ရှိသည်။ [၁၁၇] ထိုမျှသာမက နိုင်ငံအတွင်း ရေအရင်းအမြစ်ပေါများ၍ တောင်ကုန်းထူထပ်သော မြေမျက်နှာပြင် အနေအထားအရ ရေအားလျှပ်စစ် စွမ်းအင် ပမာဏအများအပြားကို ထုတ်လုပ်ပြီး တင်ပို့ရောင်းချနိုင်သည်။ [၁၁၇] ဖြစ်တန်စွမ်းရှိသော ပမာဏမှာ ခန့်မှန်းခြေအားဖြင့် ၁၈,၀၀၀ မဂ္ဂါဝပ် ဖြစ်ပြီး ၈,၀၀၀ မဂ္ဂါဝပ်ခန့်ကို ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသို့ တင်ပို့ရောင်းချလျှက် ရှိသည်။ [၁၁၈] ၂၀၂၁ ခုနှစ်တွင် နိုင်ငံအတွင်း ဈေးချိုသော ရေအားလျှပ်စစ် ရရှိနိုင်သော်လည်း လာအိုနိုင်ငံအနေနှင့် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ အထူးသဖြင့် ကျောက်မီးသွေးကို ပြည်တွင်း လျှပ်စစ်ထုတ်လုပ်ရေး အတွက် ဆက်လက်မှီခိုနေဆဲပင် ဖြစ်သည်။ [၁၁၉]

၂၀၁၈ ခုနှစ်တွင် လာအိုနိုင်ငံသည် လူထုဖွံ့ဖြိုးရေးညွှန်းကိန်းတွင် အဆင့် ၁၃၉ မျှ ရှိသဖြင့် အလယ်အလတ်ဖွံ့ဖြိုးမှုကို ပြသနေသည်။ [၁၂၀] ကမ္ဘာ့ ဆာလောင်မှုညွှန်းကိန်း (၂၀၁၈) အရ လာအိုသည် အဆိုးဆုံး ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့နေရသည့် နိုင်ငံ ၅၂ နိုင်ငံတွင် အဆင့် ၃၆ မျှ ရှိသည်။[၁၂၁] ၂၀၁၉ ခုနှစ်တွင် ကုလသမဂ္ဂ၏ အလွန်အမင်း ဆင်းရဲမွဲတေမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်သည် လာအိုနိုင်ငံသို့ တရားဝင် အလည်အပတ်လာရောက်ခဲ့ပြီး သူ၏ တွေ့ရှိချက်အရ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး အတွက် နိုင်ငံ၏ အထက်မှ အောက်သို့သွားသော ပုံစံသည် "အမြဲလိုပင် အလုပ်မဖြစ်ဘဲ၊ ဆင်းရဲခြင်းသို့ ဦးတည်နေကာ ဆင်းရဲသားတို့၏ အခွင့်အရေးကို ဦးတည် ခြိမ်းခြောက်နေသည်။" ဟု ဆိုခဲ့သည်။ [၁၂၂]

နိုင်ငံ၏ လူသိများ အထင်ရှားဆုံးထုတ်ကုန်မှာ ဘီယာလာအို ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၂၀ ကျော်သို့ တင်ပို့ရောင်းချခဲ့သည်။ ၎င်းအား လာအိုဘီယာချက်ကုမ္ပဏီ မှ ထုတ်လုပ်သည်။ [၁၂၃]

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပြင်ဆင်

 
ဗတ်ဖိုး ဘုရားကျောင်း အစုအဝေး၏ အပေါ်ပိုင်းရှိ ထိန်းသိမ်းရေး နယ်မြေအနား။ မဲခေါင်မြစ်သို့ နောက်ပြန်ကြည့်နေပုံ

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် အလျှင်အမြန် တိုးတက်လျှက်ရှိပြီး ၁၉၉၀ ခုနှစ်တွင် နိုင်ငံတကာ ခရီးသည်ပေါင်း ၈၀,၀၀၀ မျှ ရှိရာမှ ၂၀၁၀ ခုနှစ်တွင် ၁.၈၇၆သန်း အထိ တိုးတက်လာခဲ့ကာ [၁၂၄]၂၀၂၀ ခုနှစ်တွင် ခရီးသည်ဦးရေ ၁.၅၈၅၇ သန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းရသည်။ ၂၀၁၀ ခုနှစ်တွင် အလုပ်အကိုင် ၁၁ ခုတိုင်းတွင် တစ်ခုမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် ဖြစ်သည်။ နိုင်ငံတကာခရီးသွားများထံမှ ပို့ကုန်အတွက်ရငွေ နှင့် ခရီးသွားလုပ်ငန်း လက်ဆောင်ပစ္စည်းများမှ ရရှိငွေသည် ၂၀၁၀ ခုနှစ်တွင် စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၁၆% သို့မဟုတ် အမေရိကန်ဒေါ်လာ ၂၇၀.၃ သန်း ရရှိမည်ဟု ခန့်မှန်းရပြီး ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈၄.၂ သန်း (စုစုပေါင်း၏ ၁၂.၅%) အထိ တိုးတက်လာမည် ဖြစ်သည်။[၁၂၅] ဥရောပ ကုန်သွယ်ရေးနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကောင်စီက ၂၀၁၃ ခုနှစ်တွင် လာအိုနိုင်ငံအား ဗိသုကာပညာနှင့် သမိုင်းအတွက် "ကမ္ဘာပေါ်တွင် အကောင်းဆုံး ခရီးသွား နေရာ" အဖြစ် ဆုချီးမြှင့်ခဲ့သည်။[၁၂၆]

လွမ်ပရာဘွမ်မြို့နှင့် ဗတ်ဖိုးတိုသည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာ ဒေသများ ဖြစ်သည်။ အဓိက ပွဲတော်များတွင် ဧပြီလ ၁၃ မှ ၁၅ ခန့်တွင် ဆင်နွှဲသော လာအိုနှစ်သစ်ကူးပွဲ ရေသဘင်ပွဲ ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် အခြား အရှေ့တောင်အာရှနိုင်ငံများနှင့် တူသော်လည်း ပိုမိုပျော့ပြောင်းသည်။

လာအို၏ အမျိုးသား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း စီမံခန့်ခွဲရေး အဖွဲ့၊ ၎င်းနှင့် ပတ်သက်သော အစိုးရ အေဂျင်စီများနှင့် ပုဂ္ဂလိက ကဏ္ဍတို့သည် အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အမျိုးသား ဂေဟခရီးသွားလုပ်ငန်း မဟာဗျူဟာနှင့် လုပ်ဆောင်ရန် အစီအစဉ်များအတွင်း မျှော်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်နေကြသည်။ ၎င်းတို့တွင် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုဆိုင်ရာ ရိုက်ခတ်မှုများကို လျှော့ချခြင်း၊ လူမျိုးစုများ နှင့် ဇီဝမျိုးကွဲများ၏ အရေးပါမှုကို ပိုမိုသိရှိနိုင်ရန် ကြိုးပမ်းခြင်း၊ လာအို၏ ထိန်းသိမ်းထားသော နယ်မြေကွန်ယက် နှင့် ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ်နေရာတို့ကို ထိန်းသိမ်းရန်၊ အစဉ်တဆက် ထိန်းသိမ်းနိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန် ငွေကြေး အရင်းအမြစ်ကို ပံ့ပိုးပေးခြင်း၊ ကမ္ဘာလှည့်ခရီးသွားဇုန် သတ်မှတ်ရန် လိုအပ်ခြင်းကို အာရုံစိုက် လုပ်ဆောင်ခြင်း၊ ဇီဝခရီးသွားလုပ်ငန်း နေရာအဖြစ် ဖော်ဆောင်မည့် နေရာများအတွက် စီမံခန့်ခွဲမှု အစီအစဉ်များ လိုအပ်ခြင်း တို့ ပါဝင်သည်။[၁၂၇]

အခြေခံအဆောက်အအုံပြင်ဆင်

 
မြစ်များသည် လာအိုအတွက် အရေးပါသော ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများ ဖြစ်သည်။

အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဗီယင်ကျန်းမြို့ရှိ ဝပ်တေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် လွမ်ပရာဘွမ် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ ဖြစ်ပြီး ပါ့ခ်စီအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်လည်း နိုင်ငံတကာ လေကြောင်းခရီးစဉ် အနည်းငယ် ရှိသည်။ နိုင်ငံတော် လေကြောင်းလိုင်းမှာ လာအိုလေကြောင်းလိုင်း ဖြစ်သည်။ နိုင်ငံအတွင်းသို့ ပျံသန်းသော အခြားလေကြောင်းလိုင်းများမှာ ဘန်ကောက်လေကြောင်းလိုင်း၊ ဗီယက်နမ် လေကြောင်းလိုင်း၊ အဲယားအေးရှား၊ ထိုင်း လေကြောင်းလိုင်း၊ တရုတ်အရှေ့ပိုင်း လေကြောင်းလိုင်းတို့ ဖြစ်သည်။

လာအိုနိုင်ငံ၏ အစိတ်အပိုင်းအတော်များများတွင် လုံလောက်သော အခြေခံ အဆောက်အအုံ မရှိပေ။ လာအိုနိုင်ငံ၏ မီးရထားလမ်းများတွင် ဗီယင်ကျန်းမှ ထိုင်းနိုင်ငံသို့ ထိုင်း-လာအို ချစ်ကြည်ရေးတံတားပေါ် မှ ဖြတ်သန်းသွားသော ရထားလမ်း အတိုလေး ရှိပြီး ချမ်ပါဆတ်ပြည်နယ် တွင် ပြင်သစ်တို့ တည်ဆောက်ခဲ့ပြီး ဒုံဒတ် နှင့် ဒုံခွန်တို့သို့ ဆက်သွယ်ထားသော လမ်းကျဉ်း ကုန်သယ် ရထားလမ်းဖြစ်သော ဒုံဒတ်-ဒုံခွန်ရထားလမ်း ရှိသည်။ သို့သော်လည်း ၁၉၄၀ ခုနှစ်များကတည်းက အသုံးမပြုတော့ပေ။ ၁၉၂၀ ခုနှစ်များနှောင်းပိုင်းတွင် ခမ်မိုးနီးပြည်နယ် သားခက်မှ ဗီယက်နမ်နိုင်ငံ တန်အပ်ဘူတာတို့ကို မူဂျားလှိုဏ်ခေါင်းကို ဖြတ်၍ ဆက်သွယ်မည့် သားခက်-တန်အပ် ရထားလမ်းကို စတင်တည်ဆောက်ခဲ့သသည်။ သို့သော်လည်း ၁၉၃၀ ခုနှစ်များတွင် အစီအစဉ်ကို ရပ်တန့်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ကြေငြာခဲ့သည်မှာ ၄၁၄ ကီလိုမီတာမျှ ရှည်လျားပြီး တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်ရှိ ကူမင်းမြို့မှ လာအိုမြို့တော် ဗီယင်ကျန်းမြို့သို့ ဆက်သွယ်မည့် အမြန်ရထားလိုင်းကို ဆောက်လုပ်ရန် ဖြစ်ပြီး ၂၀၂၀ နိုဝင်ဘာလတွင် ၉၀% မျှ ပြီးစီးပြီ ဖြစ်ကာ ရထားလမ်းများ နေရာချထားပြီး ဖြစ်၍ ၂၀၂၂ ခုနှစ်ထဲတွင် စတင်ပြေးဆွဲနိုင်မည်ဟု ခန့်မှန်းရသည်။[၁၂၈]

မြို့ပြဒေသများကို ဆက်သွယ်ထားသော အဓိကလမ်းများ အထူးသဖြင့် အဝေးပြေး လမ်းမ ၁၃ အား လတ်တလောနှစ်များတွင် သိသာစွာ အဆင့်မြှင့်တင်ခဲ့သည်။ သို့သော်လည်း အဓိကလမ်းမများမှ ဝေးကွာသော ကျေးရွာများကို ခင်းမထားသော လမ်းများဖြင့်သာ ရောက်ရှိနိုင်ပြီး ထိုလမ်းများကို တစ်နှစ်ပတ်လုံး အသုံးမပြုနိုင်ပေ။

ပြည်တွင်းနှင့် ပြည်ပသို့ တယ်လီဖုန်းဆက်သွယ်ရေးမှာ အကန့်အသတ်ရှိသည်။ သို့သော်လည်း မိုဘိုင်းဖုန်းများကို ကျယ်ပြန့်စွာ အသုံးပြုလာကြသည်။ အိမ်ထောင်စု ၉၃ ရာခိုင်နှုန်းတွင် တယ်လီဖုန်းရှိပြီး ကြိုးဖုန်း သို့မဟုတ် မိုဘိုင်းဖုန်း ဖြစ်သည်။[၁၂၉] လျှပ်စစ်သည် လူဦးရေ ၉၃% အတွက် ရရှိနိုင်သည်။ [၁၂၉] ဆောင်သဲရူး ဟု ခေါ်သော နောက်ပွင့် ပစ်ကပ် ဘတ်စ်ကားများကို ခရီးဝေးသွားရန်နှင့် မြို့တွင်းသွားလာရန် နိုင်ငံအတွင်း အသုံးပြုကြသည်။

ရေပေးဝေရေးပြင်ဆင်

၂၀၁၄ ခုနှစ်တွင် ရရှိသော ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ လာအိုနိုင်ငံသည် ယူနီဆက်/ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပေါင်းစပ် စောင့်ကြည့်အစီအစဉ်နှင့် ပတ်သက်၍ ရေနှင့် မိလ္လာနှင့် ပတ်သက်သော ထောင်စုနှစ်ဖွံ့ဖြိုးမှုပန်းတိုင် ရည်မှန်းချက်ကို ပြည့်မှီသည်။ သို့သော်လည်း ၂၀၁၈ ခုနှစ်အထိ လာအိုပြည်သူများတွင် ၁.၉ သန်းတို့သည် တိုးတက်လာသော ရေပေးဝေရေး စနစ်ကို သုံးစွဲခွင့် မရရှိပဲ ရှိသကဲ့သို့ ၂.၄ သန်းသော ပြည်သူတို့သည် တိုးတက်လာသော မိလ္လာစနစ်ကို သုံးစွဲခွင့် မရရှိကြပေ။ [၁၃၀]

လာအိုနိုင်ငံသည် အထူးသဖြင့် မိလ္လာစနစ်နှင့် ပတ်သက်၍ သုံးစွဲနိုင်ခွင့် တိုးတက်လာမှုသည် မှတ်တမ်းတင်စရာ အခြေအနေ ဖြစ်သည်။ [၁၃၁] လာအို၏ များသောအားဖြင့် ကျေးလက်နေထိုင်သော [၁၃၂] ပြည်သူတို့သည် မိလ္လာစနစ်အတွက် ရင်းနှီးမြှုပ်နှံ သုံးစွဲရသည်မှာ ခက်ခဲသည်။ ၁၉၉၀ ခုနှစ်တွင် ကျေးလက်နေပြည်သူတို့၏ ၈% မျှသာ တိုးတက်လာသော မိလ္လာစနစ်ကို သုံးစွဲနိုင်သည်။[၁၃၁] သုံးစွဲမှုသည် ၁၉၉၅ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းသို့ တိုးတက်လာပြီး ၂၀၀၈ ခုနှစ်တွင် ၃၈ ရာခိုင်နှုန်းသို့ တိုးတက်လာသည်။ ၁၉၉၅ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်းတွင် ခန့်မှန်းခြေအားဖြင့် လူဦးရေ ၁,၂၃၂,၉၀၀ ဦးတို့သည် ကျေးလက်ဒေသတွင် တိုးတက်လာသော မိလ္လာစနစ်ကို သုံးစွဲနိုင်လာကြသည်။ [၁၃၁] လာအို၏ တိုးတက်လာမှုသည် အလားတူ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သတိပြုစရာ ဖြစ်သည်။ [၁၃၁] လာအိုအာဏာပိုင်တို့သည် လတ်တလောတွင် ဆန်းသစ်တီထွင်ထားသော စည်းမျဉ်းစည်းကမ်း မူဘောင်ကို အကောင်အထည်ဖော်ခဲ့ပြီး လုပ်ငန်းသေးများနှင့် အစိုးရ-ပုဂ္ဂလိက ကန်ထရိုက်စာချုပ်များ လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံပိုင် ရေလုပ်ငန်းများ၏ သမာရိုးကျ စည်းမျဉ်းစည်းကမ်းများနှင့် အပြိုင် ဖြစ်သည်။[၁၃၃]

လူဦးရေနှင့် ပျံ့နှံ့နေထိုင်မှုပြင်ဆင်

"လာအိုရှန်" ဆိုသော အသုံးအနှုန်းမှာ လာအိုဘာသာစကား၊ လာအိုလူမျိုး၊ ဘာသာစကား နှင့် ထုံးတမ်းစဉ်လာတို့ကို ရည်ညွှန်းသည် မဟုတ်ပေ။ ၎င်းသည် နိုင်ငံရေး အသုံးအနှုန်း တစ်ခု ဖြစ်ပြီး လာအိုနိုင်ငံ အတွင်းရှိ လာအိုလူမျိုးမဟုတ်သော လူမျိုးစု အဖွဲ့များလည်း ပါဝင်ပြီး ၎င်းတို့ကိုလည်း "လာအိုရှန်" ဟု သတ်မှတ်ကာ နိုင်ငံရေးအရ နိုင်ငံသား ဖြစ်ခြင်းကြောင့် ဖြစ်သည်။ လာအိုသည် အာရှတိုက် အတွင်း နိုင်ငံအားလုံးတွင် အသက်အငယ်ဆုံးသော ပြည်သူလူထု ရှိပြီး ပျမ်းမျှအသက်မှာ ၂၁.၆ နှစ် ဖြစ်သည်။ [၁၃၄]

လာအိုနိုင်ငံ၏ လူဦးရေမှာ ၂၀၂၀ ခုနှစ်တွင် ၇.၄၅ သန်း ရှိမည်ဟု ခန့်မှန်းရပြီး နိုင်ငံအနှံ့တွင် မညီမမျှ ပြန့်ကြဲလျှက် ရှိသည်။ လူအများစုမှာ မဲခေါင်မြစ် နှင့် ၎င်း၏ မြစ်လက်တက်များ၏ တောင်ကြားများတွင် နေထိုင်ကြသည်။ ဗီယင်ကျန်း ပရီဖက်ချာ၊ မြို့တော်နှင့် အကြီးဆုံးမြို့တွင် ၂၀၂၀ ခုနှစ်၌ လူဦးရေ ၆၈၃,၀၀၀ ခန့် ရှိသည်။[၁၃၄]


လူမျိုးများပြင်ဆင်

လာအိုရှိ ပြည်သူများကို ၎င်းတို့နေထိုင်ရာ အမြင့်ပေ ပေါ်မူတည်၍ အမျိုးအစားခွဲခြားကြကာ (မြေနိမ့်ပိုင်း၊ အလယ်ပိုင်းနှင့် ကုန်းမြင့်ပိုင်း) ထိုသို့ခွဲခြားခြင်းသည် လူမျိုးခွဲခြားခြင်းနှင့်လည်း ဆက်စပ်လျှက် ရှိသည်။ နိုင်ငံလူဦးရေ၏ တစ်ဝက်ကျော်မှာ လာအိုလူမျိုး များဖြစ်ပြီး မြေနိမ့်ပိုင်းတွင် အဓိက နေထိုင်ကြသူများ ဖြစ်ကာ လာအိုနိုင်ငံတွင် နိုင်ငံရေးနှင့် ယဉ်ကျေးမှုအရ ကြီးစိုးသော လူမျိုးများ ဖြစ်သည်။ [၁၃၅] လာအိုသည် တိုင်း ဘာသာစကား အစုအဝေးတွင် ပါဝင်ပြီး [၁၃၆] ၎င်းတို့သည် တရုတ်နိုင်ငံမှ အေဒီ ပထမ ထောင်စုနှစ်တွင် တောင်ဘက်သို့ စတင် ရွှေ့ပြောင်းလာကြသောသူများ ဖြစ်သည်။ [၁၃၇] ၁၀ ရာခိုင်နှုန်းမှာ အခြားသော မြေနိမ့်ပိုင်း လူမျိုးစုများဖြစ်ပြီး ၎င်းတို့အား လာအိုလူမျိုးတို့နှင့် ပေါင်းစပ်ကာ လာအိုလုံ (မြေနိမ့်ပိုင်းလူများ) ဟု ခေါ်သည်။ [၁၃၅]

အလယ်ပိုင်းနှင့် တောင်ပိုင်းတောင်တန်းများတွင် မွန်-ခမာ စကားပြောသော လာအိုသီယမ် ဟု ခေါ်သည့် ကုန်းလျှောအလယ်ပိုင်း လာအိုရှန်များ များပြားစွာ ရှိသည်။ လာအိုလုံတို့က သူတို့အား ခမူး၊ ခါမူး (ကမ်မူး) သို့မဟုတ် ခ ဟု သုံးနှုန်းလေ့ ရှိကြပြီး အော်စထရို-အာရှ ဘာသစကားနှင့် ဆက်နွယ်ခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ သို့သော်လည်း နောက်ဆုံး စကားလုံးကို မနှစ်မြို့ကြပဲ ကျွန် ဟု အဓိပ္ပာယ် ထွက်သောကြောင့် ဖြစ်သည်။ သူတို့သည် လာအိုနိုင်ငံမြောက်ပိုင်းရှိ ရှေးဦးနေထိုင်သူများ ဖြစ်သည်။ အချို့သော ဗီယက်နမ်လူမျိုးများ၊ လာအိုတရုတ်များ [၁၃၈] နှင့် ထိုင်းလူမျိုးများ လူနည်းစု ရှိပြီး အထူးသဖြင့် မြို့များတွင် နေထိုင်ကြသော်လည်း လွတ်လပ်ရေး ရပြီးနောက် ၁၉၄၀ ခုနှစ်များ နှောင်းပိုင်းတွင် ၎င်းတို့သည် လာအိုနိုင်ငံကို စွန့်ခွာပြီး အများစုမှာ ဗီယက်နမ်၊ ဟောင်ကောင် သို့မဟုတ် ပြင်သစ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ လာအိုသီယမ်တို့သည် လူဦးရေ၏ ၃၀% ခန့်မျှ ရှိသည်။[၁၃၉]

တောင်ကုန်းနေ လူမျိုးများ ဖြစ်ပြီး လာအိုရှိ လူနည်းစု ယဉ်ကျေးမှု ဖြစ်သော မုံလူမျိုးများ၊ ယောင်(မြန်) လူမျိုးများ၊ မုံ-မြန် လူမျိုးများ၊ ဒေါင်လူမျိုးများ၊ ရှမ်းလူမျိုးများ နှင့် အချို့သော တိဘက်-မြန်မာ စကားပြောသော လူမျိုးများသည် လာအိုနိုင်ငံရှိ သီးခြားဖြစ်သော ဒေသများတွင် နှစ်ပေါင်းများစွာ ကြာအောင် နေထိုင်ခဲ့ကြသည်။ လာအိုနိုင်ငံမြောက်ပိုင်းတွင် တောင်ကုန်းနှင့် တောင်တန်းနေ လူမျိုးများ ဖြစ်ပြီး ဘာသာစကားနှင့် ယဉ်ကျေးမှု ရောနှောပြီး အမွေဆက်ခံထားသော လူမျိုးစုများကိုလည်း တွေ့ရကာ ၎င်းတို့တွင် လွာ လူမျိုး၊ ခမူးလူမျိုးတို့ ပါဝင်ပြီး ၎င်းတို့သည် လာအိုရှိ ဒေသရင်း လူမျိုးများ ဖြစ်သည်။ ၎င်းတို့အား စုပေါင်း၍ လာအိုဆန် သို့မဟုတ် ကုန်းမြင့်လာအိုရှန်များ ဟု ခေါ်သည်။ လာအိုရှန်တို့သည် လူဦးရေ၏ ၁၀% ခန့်မျှ ရှိသည်။ [၃၈]

ဘာသာစကားများပြင်ဆင်

ရုံးသုံးဘာသာစကားနှင့် အများသုံး ဘာသာစကားမှာ လာအိုဘာသာစကား ဖြစ်ပြီး တိုင်း-ကဒိုင်း ဘာသာစကား မိသားစုဝင် ဘာသာစကား ဖြစ်သည်။ သို့သော်လည်း လူဦးရေ၏ တစ်ဝက်စွန်းရုံမျှသာ လာအိုဘာသာစကားကို ပြောဆိုအသုံးပြုကြသည်။ ကျန်ရှိသောသူများ အထူးသဖြင့် ကျေးလက်ဒေသများတွင် လူမျိုးစု ဘာသာစကားများကို အသုံးပြုကြသည်။ လာအိုအက္ခရာသည် ၁၃ ရာစု နှင့် ၁၄ရာစု ကြားတွင် ပေါ်ပေါက်ခဲ့ပြီး ရှေးဟောင်း ခမာစာအရေးအသားမှ ဆင်းသက်လာကာ ထိုင်းစာအရေးအသားနှင့် အလွန် ဆင်တူသည်။[၁၄၀] အော်စထရိုအာရှ ဘာသာစကားမိသားစုဖြစ်သော ခမူးဘာသာစကား နှင့် မုံ-မြန်ဘာသာစကား မိသားစုဖြစ်သော မုံဘာသာစကားတို့ကို လူနည်းစု လူမျိုးစုများမှ အသုံးပြုကြပြီး အထူးသဖြင့် အလယ်ပိုင်းနှင့် ကုန်းမြင့်ပိုင်းဒေသတို့တွင် ဖြစ်သည်။ မွေးကင်းစကတည်းက နားမကြားသူများ မွေးဖွားနှုန်း မြင့်မားသော နေရာများတွင် လာအိုလက်ဟန်ခြေဟန် ဘာသာစကားကို အသုံးပြုကြသည်။ [၃၈]

ပြင်သစ်ဘာသာစကားကို အစိုးရနှင့် ကုန်သွယ်ရေး တို့တွင် မကြာခဏ အသုံးပြုလေ့ ရှိကြသည်။ လာအိုသည် ပြင်သစ်စကားပြော နိုင်ငံများ အသင်းဖြစ်သော လာ ဖရန်ကိုဖုန်းနီ ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ အဖွဲ့၏ ခန့်မှန်းချက်အရ လာအိုနိုင်ငံတွင် ပြင်သစ်စကားပြောသူ ၁၇၃,၈၀၀ ဦး (၂၀၁၀ ခန့်မှန်းမှု) ခန့်မျှ ရှိမည်ဟု ခန့်မှန်းရသည်။ [၁၄၁]

အာဆီယံ၏ ဘာသာစကားဖြစ်သော အင်္ဂလိပ်ဘာသာစကားကို လတ်တလောနှစ်များတွင် သင်ကြားမှု များပြားလာခဲ့သည်။ [၁၄၂]

ကိုးကွယ်ယုံကြည်မှုပြင်ဆင်

 
ဗီယင်ကျန်းရှိ ဖာ့သတ်လွမ်။ ဗုဒ္ဓဘာသာဘုရားသည် လာအို၏ နိုင်ငံတော် ပြယုဂ် ဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် လာအိုနိုင်ငံသား ၆၆ ရာခိုင်နှုန်းမှာ ထေရဝါဒ ဗုဒ္ဓဘာသာဝင် များ ဖြစ်ပြီး ခရစ်ယာန် ၁.၅ ရာခိုင်နှုန်း၊ မွတ်စလင် ၀.၁ ရာခိုင်နှုန်း၊ ဂျူးဘာသာ ကိုးကွယ်သူ ၀.၁ ရာခိုင်နှုန်းနှင့် အခြားသော ၃၂.၃ ရာခိုင်နှုန်းမှာ အခြားဘာသာဝင်များ သို့မဟုတ် ရိုးရာနတ်ကိုးကွယ်သူများ (အများစုမှာ ဖီသာသနာ ခေါ် ထိုင်းရိုးရာနတ်ကိုးကွယ်မှု)ဖြစ်ကြသည်။ [၁၄၃][၁၄၄] ဗုဒ္ဓဘာသာသည် လာအိုနိုင်ငံရှိ အရေးပါသော လူမှုရေးဆိုင်ရာအားတစ်ခု ဖြစ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထေရဝါဒ ဗုဒ္ဓဘာသာသည် နိုင်ငံအတွင်းသို့ စတင်ဝင်ရောက်သည့် အချိန်မှစ၍ ဖီသာသနာ နှင့် အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲ၍ အတူရှိနေခဲ့သည်။[၃၈]

ကျန်းမာရေးပြင်ဆင်

 
ဗီယင်ကျန်းရှိ မာဟိုဆော့ဆေးရုံ

၂၀၁၇ ခုနှစ်တွင် အမျိုးသားတို့၏ မွေးစတွင် တွက်ချက်သော လူ့သက်တမ်းမှာ ၆၂.၆ နှစ်ဖြစ်ပြီး အမျိုးသမီးများအတွက် လူ့သက်တမ်းမှာ ၆၆.၇ နှစ် ဖြစ်သည်။[၁၄၄] ၂၀၀၇ ခုနှစ်တွင် ကျန်းမာသော သူတစ်ဦး၏ လူ့သက်တမ်းမှာ ၅၄ နှစ် ဖြစ်သည်။[၁၄၅] အစိုးရ၏ ကျန်းမာရေးအသုံးစရိတ်မှာ ဂျီဒီပီ၏ ၄ ရာခိုင်နှုန်း ဖြစ်ပြီး [၁၄၅] ၂၀၀၆ ခုနှစ်တွင် အမေရိကန် ၁၈ ဒေါ်လာ (ဝယ်ယူနိုင်စွမ်းအား ကွာခြားမှုနှုန်း ထည့်တွက်ပြီး) ဖြစ်သည်။[၁၄၅]

ပညာရေးပြင်ဆင်

 
ဗီယင်ကျန်းမြို့ရှိ လာအိုအမျိုးသားတက္ကသိုလ်

၂၀၁၇ ခုနှစ်တွင် လူကြီးများ စာတတ်မြောက်မှုနှုန်းမှာ အမျိုးသမီးများအတွက် ၆၂.၉% ဖြစ်ပြီး အမျိုးသားများအတွက် ၇၈.၁% ဖြစ်သည်။[၁၂၉]

၂၀၀၄ ခုနှစ်တွင် မူလတန်း ကျောင်းအပ်မှုနှုန်း စုစုပေါင်းမှာ ၈၄% ဖြစ်သည်။[၁၄၅] လာအိုအမျိုးသားတက္ကသိုလ်သည် လာအိုနိုင်ငံ၏ ပြည်သူပိုင် တက္ကသိုလ်ဖြစ်သည်။ ဝင်ငွေနည်းပါးသော နိုင်ငံဖြစ်သဖြင့် ပညာတတ် အများစုမှာ ဖွံ့ဖြိုးပြီးနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်ကြသဖြင့် လာအိုနိုင်ငံသည် ဦးနှောက်ယိုစီးမှု ပြဿနာနှင့် ရင်ဆိုင်နေရသည်။ ခန့်မှန်းခြေအားဖြင့် ပညာတတ် လာအိုနိုင်ငံသား ၃၇% သည် နိုင်ငံပြင်ပတွင် နေထိုင်ကြသည်။ [၁၄၆] လာအိုနိုင်ငံသည် ၂၀၂၀ ခုနှစ် ကမ္ဘာ့ဆန်းသစ်တီထွင်မှုညွှန်းကိန်းတွင် အဆင့် ၁၁၃ ရှိသည်။[၁၄၇][၁၄၈][၁၄၉][၁၅၀]

ယဉ်ကျေးမှုပြင်ဆင်

 
လာအိုဟင်းလျာ၏ ဥပမာတစ်ခု
 
လာအိုအမျိုးသမီးများ ဆင်းဝတ်စုံကို ဝတ်ဆင်ထားပုံ
 
နှစ်သစ်ကူးပွဲတော်တွင် တွေ့ရသော လာအိုကချေသည်များ

ထေရဝါဒ ဗုဒ္ဓဘာသာသည် လာအိုယဉ်ကျေးမှုတွင် ကြီးစွာသော လွှမ်းမိုးမှု ရှိသည်။ ထိုသက်သေများကို နိုင်ငံတဝှမ်းလုံးတွင် တွေ့ရပြီး ဘာသာစကား၊ ဘုရားပုထိုးများ ၊ အနုပညာ နှင့် စာပေတို့ဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။ လာအိုယဉ်ကျေးမှု၏ အစိတ်အပိုင်း အများအပြားသည် ဗုဒ္ဓဘာသာ မတိုင်ခင်က ပေါ်ထွန်းခဲ့သည်များ ရှိသည်။ လာအို ဂီတအား အမျိုးသား တူရိယာ ဖြစ်သော ခန်း တူရိယာက လွှမ်းမိုးထားပြီး ၎င်းမှာ လေမှုတ်တူရိယာဖြစ်ကာ သမိုင်းမတင်မီ ခေတ်ကတည်းက ပေါ်ပေါက်ခဲ့သည်။ ခန်းအား မော်လမ် ဟု ခေါ်သော အဆိုတော်ဖြင့် တွဲဖက်ဖျော်ဖြေပြီး ကျေးလက်ရိုးရာဂီတ၏ ထင်ရှားသော စတိုင်လ် ဖြစ်သည်။

ကောက်ညှင်းသည် အဓိကစားစရာ ဖြစ်ပြီး လာအိုလူမျိုးတို့အတွက် ယဉ်ကျေးမှုနှင့် ဘာသာရေးအရ အရေးပါမှု ရှိသည်။ ကောက်ညှင်းအား သာမန်ဆန်ထက် ပို၍ နှစ်သက်ကြပြီး ကောက်ညှင်းစိုက်ပျိုးခြင်းသည် လာအိုနိုင်ငံတွင် စတင်သည်ဟု ယူဆကြသည်။ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ လူမျိုးစုအများကြားနှင့် ကွဲပြားခြားနားသော ပတ်ဝန်းကျင်တို့ကြားတွင် များပြားလှစွာသော ရိုးရာနှင့် ရိုးရာလုပ်ထုံးများ ရှိကြသည်။ ဥပမာအားဖြင့် လွမ်ပရာဘွမ်ရှိ ခမ်မူး လယ်သမားများသည် ခေါင်ခမ် ဆန်အမျိုးအစားကို လယ်တောအိမ်၏ အနီးတွင် ကွယ်လွန်ပြီးသော မိဘများအား သတိရခြင်း အနေနှင့် အနည်းငယ် စိုက်ပျိုးလေ့ ရှိပြီး စပါးခင်း၏ အစပ်တွင် စိုက်ပျိုးသည် ဆိုပါက မိဘများ အသက်ရှင်ဆဲဟု အဓိပ္ပာယ်ရသည်။ [၁၅၁]

ဆင်း ဝတ်စုံသည် လာအိုအမျိုးသမီးတို့ နေ့စဉ် ဝတ်ဆင်သော ရိုးရာအဝတ်အစား ဖြစ်သည်။ ၎င်းသည် လက်ဖြင့် ယက်လုပ်သော ပိုးထည်ထမီ ဖြစ်ပြီး အမျိုးသမီးတို့၏ ဝတ်ဆင်ပုံကိုလိုက်၍ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုနိုင်သည်။

ရုပ်ရှင်ပြင်ဆင်

၁၉၇၅ ခုနှစ်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံကို စတင်တည်ထောင်သည့် အချိန်မှစ၍ လာအိုနိုင်ငံတွင် ထုတ်လုပ်သော ရုပ်ရှင် အနည်းငယ်မျှသာ ရှိသည်။ [၁၅၂] ဘုရင်စနစ်ကို ဖျက်သိမ်းပြီးနောက် ပထမဆုံး ရိုက်ကူးထုတ်လုပ်သော ဇာတ်ကားရှည် ရုပ်ရှင်မှာ "ဂျားလွင်ပြင်မှ သေနတ်သံများ" ဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် ဆွမ်ချစ် ဖိုလ်စီနာ က ရိုက်ကူးခဲ့ခြင်း ဖြစ်သော်လည်း ဆင်ဆာဘုတ်အဖွဲ့မှ ထုတ်ဝေ ဖြန့်ဖြူးခြင်းကို တားမြစ်ခဲ့သည်။ [၁၅၃] ပထမဆုံး စီးပွားဖြစ် ရုပ်ရှင်ဇာတ်လမ်းရှည်မှာ ၂၀၀၈ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်သော "ဆဘိုင်းဒီး လွမ် ပရာဘွမ်" ဖြစ်သည်။[၁၅၄] ၂၀၁၇ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်သော ဇာတ်လမ်းရုပ်ရှင် "သွေးလမ်းမ" မှာ လာအိုတွင် လာအိုအစိုးရ၏ အကူအညီဖြင့် ရိုက်ကူးထုတ်လုပ်ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၁၈ ခုနှစ်တွင် သတင်းနှင့် မှတ်တမ်း အမ်မီဆု ချီးမြှင့်ခြင်း ခံရသည်။[၁၅၅]

ဩစတြေးလျ ရုပ်ရှင်ရိုက်ကူးသူ ကင်မ် မော်ဒေါင့်၏ ပထမဆုံး ရုပ်ရှင်အား လာအိုတွင် ရိုက်ကူးပြီး မိခင်ဘာသာစကား ပြောကြားသော လာအိုသရုပ်ဆောင်များဖြင့် ရိုက်ကူးထားသည်။ ဇာတ်လမ်း၏ အမည်မှာ "ရော့ကက်" ဖြစ်ပြီး မဲလ်ဘုန်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ၂၀၁၃ ခုနှစ်၌ စတင်ပြသကာ ဘာလင်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ဆု ၃ ခု ရရှိခဲ့သည်။ [၁၅၆] ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီများမှ ရိုက်ကူးပြီး လာအိုအား အသားပေးရိုက်ကူးသော ရုပ်ရှင်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ခြင်းမှာ လာအိုနယူးဝေ့ဗ်စီနီမာ ကုမ္ပဏီ၏ အန်နီဆေး ကရိုလာ ရိုက်ကူးပြီး အုဇ်အာရှ ရုပ်ရှင်ပွဲတော်တွင် ပြသခဲ့သော "မိုးကုတ်စက်ဝိုင်း၌" ရုပ်ရှင် နှင့် [၁၅၇] လာအို အာ့တ်မီဒီယာ ကုမ္ပဏီ၏ မက်တီဒေါင် ရိုက်ကူးပြီး ၂၀၁၃ ခုနှစ် ဖန်တက်စတစ်ဖတ်ဇ် ပွဲတော်တွင် ပြသခဲ့သော "ချန်သာလီ" တို့ဖြစ်ကြသည်။ [၁၅၈][၁၅၉] ၂၀၁၇ စက်တင်ဘာလတွင် မက်တီဒေါင်၏ ဒုတိယ ရုပ်ရှင်ဖြစ်သော "အချစ်ရဆုံးသော ညီအစ်မ" ရုပ်ရှင်အား ၉၀ ကြိမ်မြောက် အကယ်ဒမီ ဆုပေးပွဲ (အော်စကာပွဲ) သို့ အကောင်းဆုံးနိုင်ငံခြားဘာသာစကား ရုပ်ရှင် အဖြစ် ရွေးချယ်မှုအတွက် စဉ်းစားနိုင်ရန် တင်သွင်းခဲ့သဖြင့် နိုင်ငံ၏ ပထမဆုံး အော်စကာဆုသို့ တင်သွင်းခြင်းအဖြစ် သတ်မှတ်နိုင်ခဲ့သည်။ [၁၆၀]

၂၀၁၈ ခုနှစ်တွင် လာအိုနိုင်ငံ၌ ရုပ်ရှင်ပြသရန် သီးသန့်ရည်ရွယ် လုပ်ငန်းလည်ပတ်နေသော ရုပ်ရှင်ရုံ ၃ ခု ရှိသည်။ [၁၆၁]

ပွဲတော်များပြင်ဆင်

လာအိုနိုင်ငံတွင် အများပြည်သူ ရုံးပိတ်ရက်၊ ပွဲတော်နှင့် အခမ်းအနား အချို့ ရှိသည်။

  • မုံနှစ်သစ်ကူးပွဲ (နိုပီဂျောင်)
  • ဘန်ဖာဝက်
  • မာဂါ ပူဂျာ
  • တရုတ်နှစ်သစ်ကူး
  • ဘွန်ခွန်ခေါင်း
  • ဘွန်ပီမိုင်း
  • ဗီဆာခါ ပူဂျာ
  • ပီမိုင်း/ ဆုံခရမ် (လာအိုနှစ်သစ်ကူးပွဲ)
  • ခေါင် ဖန်ဆာ
  • ဟော ခေါင် ပါဒပ်ဒင်
  • အော့ခ် ဖန်ဆာ
  • ဘန်နမ်း
  • လာအို အမျိုးသားနေ့ (ဒီဇင်ဘာ ၂) [၁၆၂][၁၆၃]

မီဒီယာပြင်ဆင်

နိုင်ငံခြား ဘာသာဖြင့် ထုတ်ဝေသော သတင်းစာနှစ်စောင်ဖြစ်သော နေ့စဉ်ထုတ် အင်္ဂလိပ်ဘာသာ "ဗီယင်ကျန်းတိုင်းမ်" သတင်းစာ နှင့် အပတ်စဉ်ထုတ် ပြင်သစ်ဘာသာ "လီ ရီနိုဗေတီယာ" အပါအဝင် သတင်းစာ အားလုံးကို အစိုးရမှ ထုတ်ဝေသည်။ ထို့ပြင် နိုင်ငံ၏ တရားဝင်သတင်းဌာန ဖြစ်သော ခေါင်ဆန်ပါသတ်လာအို သည် သူတို၏ နာမည်ပေးထားသော သတင်းစာများကို အင်္ဂလိပ်ဘာသာ ပြင်သစ်ဘာသာတို့ဖြင့် ထုတ်ဝေကြသည်။ လာအိုနိုင်ငံတွင် နေ့စဉ်ထုတ် သတင်းစာ ၉ စောင်၊ မဂ္ဂဇင်း ၉၀ ခု၊ ရေဒီယိုစတေရှင် ၄၃ ခု၊ တီဗွီစတေရှင် ၃၂ ခု တို့ နိုင်ငံတစ်ဝှမ်းတွင် လည်ပတ်လျှက် ရှိသည်။ ၂၀၁၁ခုနှစ် အထိ ဗီယက်နမ်၏ "နမ်ဒန်" ('ပြည်သူ') နှင့် စင်ဟွာသတင်းဌာနတို့သည် လာအိုတွင် ရုံးဖွင့်ခွင့်ရှိသော နိုင်ငံခြားသတင်းဌာနများ ဖြစ်ပြီး နှစ်ခုစလုံးသည် ဗီယင်ကျန်းတွင် ၂၀၁၁ ခုနှစ်၌ သတင်းဗြူရိုကို စတင်ဖွင့်လှစ်ခဲ့သည်။

လာအိုအစိုးရသည် ၎င်းတို့၏ လုပ်ဆောင်မှုများကို ဝေဖန်ခြင်းအား ဟန့်တားနိုင်ရန် မီဒီယာ ထုတ်လွှင့်မှုဟူသမျှကို ထိန်းချုပ်ထားသည်။[၁၆၄] လာအိုအစိုးရအား ဝေဖန်သော လာအိုနိုင်ငံသားများသည် ရုတ်တရက် ပျောက်ကွယ်သွားခြင်း၊ တရားမစွဲဘဲ ဖမ်းဆီးခံရခြင်းနှင့် ညှင်းပန်းနှိပ်စက်ခံရခြင်း များ ရှိသည်။ [၁၆၅][၁၆၆]

အိမ်ထောင်ဖက် အများအပြားရှိခြင်းပြင်ဆင်

အိမ်ထောင်ဖက် အများအပြားရှိခြင်းသည် လာအိုနိုင်ငံ၌ ရာဇဝတ်မှု ဖြစ်သော်လည်း ပြစ်ဒဏ်မှာ အသေးအမွှားမျှသာ ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မိသားစု စည်းမျဉ်းတို့မှ အိမ်ထောင်ဖက် တစ်ဦးထက်ပို၍ ရှိခြင်းအား တရားဝင် သတ်မှတ်ခြင်းမှ တားမြစ်ထားပြီး တစ်လင်တစ်မယားစနစ်မှာ နိုင်ငံအတွင်း အိမ်ထောင်ပြုခြင်း၏ အဓိကပုံစံ ဖြစ်သည်ဟု ပြဌာန်းထားသည်။ [၁၆၇] သို့သော်လည်း အိမ်ထောင်ဖက် တစ်ဦးထက်ပို၍ ရှိခြင်းမှာ မုံလူမျိုးများကြားတွင် ထုံးတမ်းစဉ်လာ အဖြစ် ရှိနေဆဲ ဖြစ်သည်။ [၁၆၈] ၂၀၁၇ ခုနှစ်စာရင်း အရ အမျိုးသမီးများ၏ ၃.၅% နှင့် အမျိုးသားများ၏ ၂.၁% တို့တွင် အိမ်ထောင်ဖက် တစ်ဦးထပ်ပို၍ ရှိသော အိမ်ထောင်များတွင် ပါဝင်ပတ်သက်နေကြသည်။[၁၂၉]

အားကစားပြင်ဆင်

 
ဗီယင်ကျန်းရှိ လာအိုအမျိုးသားအားကစားရုံ အသစ်

အမျိုးသားအားကစားမှာ ကိုယ်ခံပညာတစ်ခုဖြစ်သော မြွေလာအို ဖြစ်ပြီး[၁၆၉] ထိုင်းတို့၏ မြွေထိုင်း၊ မြန်မာ့လက်ဝှေ့ နှင့် ကမ္ဘောဒီးယားတို့၏ ပရာဒယ် ဆီရေး တို့နှင့် ဆင်တူသော ကစ်ဘောက်ဆင် တစ်မျိုး ဖြစ်သည်။ [၁၇၀]

ဘောလုံးကစားခြင်းသည် လာအိုတွင် ရေပန်းစား လူကြိုက်အများဆုံး အားကစားနည်း ဖြစ်သည်။ [၁၇၁] လာအိုလိဂ်သည် နိုင်ငံအတွင်း ဘောလုံးကလပ်များ၏ ထိပ်ဆုံး ပရော်ဖက်ရှင်နယ် လိဂ် ကစားပွဲ ဖြစ်သည်။ [၁၇၂] လိဂ်ကစားပွဲစတင်သည့် အချိန်မှစ၍ လာအိုအာမီ အက်ဖ် စီ အသင်းသည် အအောင်မြင်ဆုံး အသင်းဖြစ်ပြီး ဖလား ၈ ကြိမ် ရရှိကာ ချန်ပီယံဆု အများဆုံး ရရှိခြင်း ဖြစ်သည်။ [၁၇၃]

လာအိုနိုင်ငံတွင် အဖွဲ့လိုက် အားကစားများနှင့် ပတ်သက်၍ အခြား ရိုးရာ မရှိပေ။ ၂၀၁၇ ခုနှစ်တွင် နိုင်ငံသည် ဆီးဂိမ်းသို့ ပထမဦးဆုံး အကြိမ် အဖြစ် အသင်းတစ်သင်း စေလွှတ်ခဲ့သည်။ လာအို အမျိုးသား ဘတ်စကက်ဘော အသင်းသည် ၂၀၁၇ ဆီးဂိမ်းတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအသင်းကိုသာ အနိုင်ရကာ ပြိုင်ပွဲတွင် အဆင့် ၈ ရရှိခဲ့သည်။ [၁၇၄]

ဆက်စပ်ကြည့်ရှုရန်ပြင်ဆင်

ကိုးကားပြင်ဆင်

  1. Laos
  2. Oxford Dictionaries, UK pronunciations
  3. Oxford Dictionaries, US pronunciations
  4. About Laos: Geography။ Government of Laos။ 16 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 September 2021 တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ Stuart-Fox၊ Martin (1998)။ The Lao Kingdom of Lan Xang: Rise and Decline။ White Lotus Press။ p. 49။ ISBN 974-8434-33-8
  6. Lao People's Democratic Republic and the WTO။ World Trade Organization။
  7. Janssen၊ Peter။ "China train project runs roughshod over Laos"၊ Asia Times 
  8. "Laos approves Xayaburi 'mega' dam on Mekong"၊ 5 November 2012။ 
  9. Lao PDR [Overview] (March 2018)။
  10. "Laos Securities Exchange to start trading"၊ Financial Times၊ 10 January 2011။ 
  11. ၁၁.၀ ၁၁.၁ How to Say "Laos"
  12. 10 Things You Need to Know Before Visiting Laos (4 April 2019)။
  13. Meaning of Laos in English
  14. Laos – definition and synonyms
  15. Definition of Laos by Merriam-Webster
  16. Kislenko၊ Arne (2009)။ Culture and customs of Laos။ ABC-CLIO။ p. 20။ ISBN 978-0-313-33977-6
  17. "Anatomically modern human in Southeast Asia (Laos) by 46 ka" (2012). Proceedings of the National Academy of Sciences 109 (36): 14375–14380. doi:10.1073/pnas.1208104109. PMID 22908291. Bibcode2012PNAS..10914375D. 
  18. "Archaeological Investigations in northern Laos: New contributions to Southeast Asian prehistory" (2009). Antiquity 83 (319). 
  19. Marwick၊ Ben; Bouasisengpaseuth၊ Bounheung (2017)။ "History and Practice of Archaeology in Laos"။ in Habu၊ Junko; Lape၊ Peter; Olsen၊ John (eds.)။ Handbook of East and Southeast Asian Archaeology။ Springer။
  20. Pittayaporn, Pittayawat (2014). Layers of Chinese Loanwords in Proto-Southwestern Tai as Evidence for the Dating of the Spread of Southwestern Tai Archived 27 June 2015 at the Wayback Machine.. MANUSYA: Journal of Humanities, Special Issue No 20: 47–64.
  21. Coedès၊ George (1968)။ Walter F. Vella (ed.)။ The Indianized States of Southeast Asia။ trans. Susan Brown Cowing။ University of Hawaii Press။ ISBN 978-0-8248-0368-1
  22. Fa Ngum
  23. Fa Ngum။ History.com။
  24. Sanda Simms, ch. 3, "Through Chaos to a New Order", in The Kingdoms of Laos (London: Taylor & Francis, 2013). ISBN 9781136863370
  25. Sanda Simms, ch. 6, "Seventy Years of Anarchy", in The Kingdoms of Laos (London: Taylor & Francis, 2013). ISBN 9781136863370; see also P.C. Sinha, ed., Encyclopaedia of South East and Far East Asia, vol. 3 (Anmol, 2006).
  26. Askew, Marc. (2010) [2007]။ Vientiane : transformations of a Lao landscape။ Logan, William Stewart, 1942–, Long, Colin, 1966–။ London: Routledge။ ISBN 978-0-415-59662-6OCLC 68416667
  27. Let's hope Laos hangs on to its identity။ Asianewsnet.net။
  28. Imperial Wars 1815–1914။ Showalter, Dennis။ London။ 17 September 2013။ ISBN 978-1-78274-125-1OCLC 1152285624CS1 maint: others (link)
  29. "Slavery in Nineteenth-Century Northern Thailand: Archival Anecdotes and Village Voices". The Kyoto Review of Southeast Asia
  30. Librios Semantic Environment (11 August 2006)။ Laos: Laos under the French။ Culturalprofiles.net။
  31. Carine Hahn, Le Laos, Karthala, 1999, pp. 69–72
  32. Cummings, Joe and Burke (2005)။ Laos။ Lonely Planet။ pp. 23–။ ISBN 978-1-74104-086-9
  33. History of Laos (9 August 1960)။
  34. History of Laos (9 August 1960)။
  35. ၃၅.၀ ၃၅.၁ ၃၅.၂ Stuart-Fox, Martin (1997). A History of Laos. Cambridge University Press, p. 51. ISBN 978-0-521-59746-3.
  36. Paul Lévy, ''Histoire du Laos'', PUF, 1974.
  37. ၃၇.၀ ၃၇.၁ Savada, Andrea Matles (editor) (1994) "Events in 1945" A Country Study: Laos Federal Research Division, Library of Congress
  38. ၃၈.၀ ၃၈.၁ ၃၈.၂ ၃၈.၃ ၃၈.၄ ၃၈.၅ ၃၈.၆ "Laos – Encyclopædia Britannica Overview"Encyclopædia Britannica23 January 2011 တွင် ပြန်စစ်ပြီး
  39. ၃၉.၀ ၃၉.၁ ၃၉.၂ ၃၉.၃ ၃၉.၄ ၃၉.၅ ၃၉.၆ ၃၉.၇ "Laos profile"၊ 9 January 2018။ 
  40. Making More Enemies than We Kill? Calculating U.S. Bomb Tonnages Dropped on Laos and Cambodia, and Weighing Their ImplicationsThe Asia-Pacific Journal (26 April 2015)။
  41. Making More Enemies than We Kill? Calculating U.S. Bomb Tonnages Dropped on Laos and Cambodia, and Weighing Their ImplicationsThe Asia-Pacific Journal (26 April 2015)။
  42. DisarmamentThe United Nations Office at Geneva။ United Nations (November 2011)။
  43. "Fifty years of violent war deaths from Vietnam to Bosnia: analysis of data from the world health survey programme" (2008). BMJ 336 (7659): 1482–1486. doi:10.1136/bmj.a137. PMID 18566045.  See Table 3.
  44. Stuart-Fox, Martin (1980). LAOS: The Vietnamese Connection. In Suryadinata, L (Ed.), Southeast Asian Affairs 1980. Singapore: Institute of Southeast Asian Stuides, p. 191.
  45. Kingsbury, Damien (2016). Politics in Contemporary Southeast Asia: Authority, Democracy and Political Change. Taylor & Francis, p. 50. ISBN 978-1-317-49628-1
  46. Savada, Andrea M. (1995). Laos: a country study. Federal Research Division, Library of Congress, p. 271. ISBN 0-8444-0832-8
  47. Prayaga, M. (2005). Renovation in Vietnam since 1988 a study in political, economic and social change (PhD thesis). Sri Venkateswara University. Chapter IV: The Metamorphosed Foreign Relations, p. 154.
  48. Laos (04/09). U.S. Department of State.[not in citation given]
  49. ၄၉.၀ ၄၉.၁ Nsc Lao Pdr။ Nsc.gov.la။
  50. "Anthropogenic modification of forests means only 40% of remaining forests have high ecosystem integrity" (2020). Nature Communications 11 (1). doi:10.1038/s41467-020-19493-3. ISSN 2041-1723. PMID 33293507. Bibcode2020NatCo..11.5978G. 
  51. Laos travel guides။ Indochinatrek.com။
  52. Mekong Divides Different Worlds In 'Golden Triangle'
  53. Opium Poppy Cultivation in South East Asia (October 2007)။
  54. ၅၄.၀ ၅၄.၁ Laos – Climate။ Countrystudies.us။
  55. East Asia/Southeast Asia :: Laos – The World Factbook – Central Intelligence Agency
  56. ABOUT XAYSOMBOUN။ 7 May 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 September 2021 တွင် ပြန်စစ်ပြီး။
  57. "Laos parliament elects new president"၊ 22 March 2021။ 
  58. "Laos promotes PM Thongloun as leader of communist party"၊ Nikkei Asia၊ 15 January 2021။ 
  59. Laos - Foreign Aid
  60. OEC – Laos (LAO) Exports, Imports, and Trade Partners (in en)။
  61. Lum, Thomas (5 February 2007). "Laos: Background and U.S. Relations". CRS Report for Congress. 
  62. Lum, Thomas (5 February 2007). "Laos: Background and U.S. Relations". CRS Report for Congress. 
  63. "Q+A – What is the East Asia Summit all about?" (in en)၊ Reuters၊ 24 October 2009။ 
  64. "Laos Deputy PM Douangchay Phichit dies in plane crash"၊ BBC News၊ 17 May 2014။ 
  65. Williams၊ Martin (17 May 2014)။ Laos plane crash kills defence minister and senior officialsthe Guardian
  66. "Lao Defense Chief Among Plane Crash Victims"၊ 18 May 2014။ 11 September 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 18 May 2014။ 
  67. ၆၇.၀ ၆၇.၁ "No way out"၊ The Times၊ 30 July 2006။ 
  68. "Laos agrees to voluntary repatriation of refugees in Thailand", U.P.I., 5 June 1991.
  69. "Lao Refugees Return Home Under European Union Repatriation Program", Associated Press Worldstream, 22 11, 1994. Karen J, "House Panel Hears Concerns About Hmong", States News Service, 26 April 1994.
  70. Hamilton-Merritt, Jane (1993). Tragic Mountains, Indiana University Press, pp. xix–xxi ISBN 0253207568.
  71. Hmong Leader's Vanishing In Laos Reverberates in U.S.
  72. ၇၂.၀ ၇၂.၁ Johns, Michael (23 October 1995) "Acts of Betrayal: Persecution of Hmong". National Review.
  73. Reports on results of investigations of allegations concerning the welfare of Hmong refugees and asylum seekers in Thailand and Laos Refugee and Migration Affairs Unit, United States Embassy (Thailand), 1992. Retrieved 27 July 2007
  74. Reports on results of investigations of allegations concerning the welfare of Hmong refugees and asylum seekers in Thailand and Laos Refugee and Migration Affairs Unit, United States Embassy (Thailand), 1992. Retrieved 27 July 2007
  75. "Laos refuses to take back Thai-based Hmong refugees", Deutsche Presse-Agentur, 20 August 1998.
  76. "Refugee Admissions Program for East Asia" Bureau of Population, Refugees, and Migration, 16 January 2004, archived 17 January 2009 from the original
  77. History of the Hmong Resettlement Task Force။ Hmong Resettlement Task Force (7 March 2012)။
  78. "Hmong refugees pleading to stay"၊ BBC News၊ 28 July 2005။ 
  79. Hunted like animals Archived 5 January 2011 at the Wayback Machine. Rebecca Sommer Film Clips
  80. Report on the situation in the Xaysomboun Special Zone and 1100 Hmong-Lao refugees who escaped to Petchabun, Thailand during 2004–2005 Archived 6 April 2012 at the Wayback Machine. Rebecca Sommer, May 2006
  81. ၈၁.၀ ၈၁.၁ Thailand: EU Presidency Declaration on the situation of Hmong refugees EU@UN (1 February 2007)
  82. Hmong refugees facing removal from ThailandThe Wire (March 2007)။
  83. "Deportation of Hmong Lao refugees stopped in last minute Archived 24 February 2012 at the Wayback Machine.", Gesellschaft für bedrohte Völker, 30 January 2007
  84. "Hmong: UNHCR Protests Refugee Deportation", Unrepresented Nations and Peoples Organization, 5 February 2007
  85. "Thailand halts Hmong repatriation"၊ BBC News၊ 30 January 2007။ 
  86. Xiong၊ T။ "Bush Signs Law Excluding Hmong From Patriot Act."၊ Asianweek၊ 2008။ 
  87. Somsanga's Secrets | Arbitrary Detention, Physical Abuse, and Suicide inside a Lao Drug Detention Center (11 October 2011)။
  88. ၈၈.၀ ၈၈.၁ Laos 2017/2018
  89. "In charts: How the Philippines fares in Southeast Asia"၊ The Philippine Star (Philstar)၊ 11 November 2017။ 
  90. "Democracy Index 2016"၊ The Economist Intelligence Unit၊ 2017။ 
  91. Smith, Philip, Washington, D.C. (12 December 2014) CPPA – Center for Public Policy Analysis Archived 6 April 2008 at the Wayback Machine.
  92. 2003 Laos Constitution
  93. Lao PDR။ World Bank (14 July 2011)။
  94. Constitution of the Lao PDR
  95. ၉၅.၀ ၉၅.၁ ၉၅.၂ Amnesty International (May 2010)။ Submission to the UN Universal Periodic Review: Eighth session of the UPR Working Group of the Human Rights Council
  96. Human Rights Watch Concerns on Laos Submitted in advance of the EU-Laos Human Rights Dialogue October 2015 (2015)။
  97. Human Rights Abuses in Laos Must be Tackled Now (31 August 2016)။
  98. United States Bureau of Democracy, Human Rights and Labor။ Country Reports on Human Rights Practices for 2016
  99. Free former student leaders arbitrarily detained for 17 years (October 2016)။
  100. rsbtws (February 2017)။ Amnesty International Report 2016/17: Laos
  101. "Laos, Vietnam troops kill Hmong Christians"၊ The Telegraph၊ 16 April 2011။ 
  102. AFP (15 April 2011)။ Laos, Vietnam troops kill four Hmong Christians: NGO
  103. Laos, Peoples Democratic Republic (in en)။
  104. LAO PDR UN ACT
  105. Two teenagers rescued from forced prostitution in Laos (November 4, 2014)။
  106. Trafficking Racket Smashed (October 14, 2010)။
  107. Chinese marriage proposals become prostitution nightmares for some Lao girls (February 13, 2017)။
  108. Thomas Fuller။ "Communism and Capitalism Are Mixing in Laos"၊ The New York Times၊ 17 September 2009။ 
  109. "USA: Obama promotes Laos e Cambogia"၊ La Gazzetta del Mezzogiorno 
  110. Lowe၊ Sandra။ "Out of obscurity"၊ Asia Times၊ 10 December 2016။ 
  111. Field Listing – Land use, CIA World Factbook.
  112. About Greater Mekong Subregion at Asian Development Bank
  113. Kyophilavong, Phouphet, et al. "Effects of AFTA on poverty: Evidence from Laos." Journal of Economic Integration (2016): 353–376.
  114. Kyophilavong, Phouphet, et al. "Effects of AFTA on poverty: Evidence from Laos." Journal of Economic Integration (2016): 353–376.
  115. Barclay, Adam and Shrestha, Samjhana (April–June 2006) "Genuinely Lao", Rice Today.
  116. A Race Against Time
  117. ၁၁၇.၀ ၁၁၇.၁ Kyophilvong၊ Phouphet။ Mining Sector in Laos။ Institute of Developing Economies။
  118. Preparing the Cumulative Impact Assessment for the Nam Ngum 3 Hydropower Project: Financed by the Japan Special Fund
  119. "The ASEAN climate and energy paradox" (December 2021). Energy and Climate Change 2. doi:10.1016/j.egycc.2020.100019. 
  120. Briefing note for countries on the 2015 Human Development Report – Laos။ HDRO (Human Development Report Office) United Nations Development Programme။
  121. 2015 Global Hunger Index Archived 31 August 2018 at the Wayback Machine., International Food Policy Research Institute(IFPRI)
  122. UN expert: Lao PDR's economic strategy entrenches poverty။ Office of the United Nations High Commissioner for Human Rights (28 March 2019)။
  123. The Heart of ASEAN sets pulses racing (14 August 2017)။
  124. International visitor data။ World Travel & Tourism Council။
  125. Laos – Key Facts။ World Travel & Tourism Council။
  126. European Council On Tourism And Trade Delegation Visit To Laos-World Best Tourist Destination – European Council On Tourism And Trade. Ectt.webs.com. Retrieved on 5 July 2015.
  127. The Lao People's Democratic Republic's Vision for Ecotourism
  128. China's BRI and its High-Speed Railways to Nowhere
  129. ၁၂၉.၀ ၁၂၉.၁ ၁၂၉.၂ ၁၂၉.၃ Lao Social Indicator Survey II 2017, Survey Findings Report (PDF)။ Vientiane: Lao Statistics Bureau and UNICEF။ 2018။
  130. Water Supply and Sanitation in Lao PDR
  131. ၁၃၁.၀ ၁၃၁.၁ ၁၃၁.၂ ၁၃၁.၃ O'Meally, Simon (2010). Lao PDR's progress in rural sanitation Archived 17 January 2012 at the Wayback Machine.. London: Overseas Development Institute
  132. Department of Statistics, Ministry of Planning and Investment, 2009
  133. Laponche, Bernard (2008)။ Focales n° 8. Energy Efficiency Retrofitting of Buildings – Challenges and Methods (PDF)။ afd.fr။
  134. ၁၃၄.၀ ၁၃၄.၁ Laos (17 February 2019)။
  135. ၁၃၅.၀ ၁၃၅.၁ UN Demographic Yearbooks
  136. Diller, Anthony; Edmondson, Jerry; Luo, Yongxian (2004). The Tai-Kadai Languages. Routledge (2004), pp. 5–6. ISBN 1135791163.
  137. Pittayaporn, Pittayawat (2014). Layers of Chinese Loanwords in Proto-Southwestern Tai as Evidence for the Dating of the Spread of Southwestern Tai. MANUSYA: Journal of Humanities, Special Issue No 20: 47–64.
  138. Archived copy
  139. Khmu people of Laos. OMF International။ Omf.org။
  140. "Languages and Literatures of Indochina" (1947). The Far Eastern Quarterly 6 (4): 379–389. doi:10.2307/2049433. 
  141. Laos။ La Francophonie။
  142. Languages of Laos။ Laval University။
  143. Global Religious Landscape; Table: Religious Composition by Country (2010)။
  144. ၁၄၄.၀ ၁၄၄.၁ Laos. CIA – The World Factbook. Cia.gov. Retrieved on 28 July 2018.
  145. ၁၄၅.၀ ၁၄၅.၁ ၁၄၅.၂ ၁၄၅.၃ Human Development Report 2009. Lao People's Democratic Republic။ HDRstats.undp.org။
  146. Fielding, Tony (2015). Asian Migrations: Social and Geographical Mobilities in Southeast, East, and Northeast Asia. Routledge, p. 77. ISBN 978-1-317-95208-4.
  147. Release of the Global Innovation Index 2020: Who Will Finance Innovation? (in en)။
  148. Global Innovation Index 2019 (in en)။
  149. RTD - Item
  150. Global Innovation Index (in en) (2013-10-28)။
  151. Evaluation Synthesis of Rice in Lao PDR
  152. Bounchao Pichit, "Laos Cinema," in David Hanan, ed., Film in South East Asia: Views from the Region, Hanoi, Vietnam Film Institute, 2001, 83–91.
  153. "Starting an Asian Cinema: Laos Past and Present" (1999). Documentary Box 12. Yamagata International Documentary Film Festival. 
  154. Buncomb၊ Andrew။ "Good Good Morning, Luang Prabang – and hello to Laos's film industry"၊ The Independent၊ 10 June 2010။ 
  155. Blood Road2020-04-19 တွင် ပြန်စစ်ပြီး
  156. Q&A with director Kim Mordaunt (The Rocket)Melbourne International Film Festival။ MIFF (August 2013)။
  157. Catt၊ Georgia (22 August 2012)။ A tale of revenge in Laos challenges censors
  158. Chanthaly။ Fantastic Fest (2013)။
  159. Marsh၊ James (26 September 2013)။ Fantastic Fest 2013 Review: Chanthaly is A Haunting Portrait of Modern Day LaosScreenAnarchy
  160. Frater၊ Patrick။ "Laos Selects 'Dearest Sister' as First Foreign-Language Oscar Submission"၊ Variety၊ 19 September 2017။ 
  161. "Cannes: Southeast Asia Is Ready for Its Big-Screen Close-up"၊ The Hollywood Reporter၊ Valence Media၊ 9 May 2018။ 
  162. "Laos'un Festivalleri" (in tr)၊ Gezimanya၊ 11 November 2016။ 
  163. "Laos Festivals & Events"၊ visit-laos.com 
  164. Laos: Crony scheme in control of press and civil society (12 May 2014)။
  165. 2012 Human Rights Reports: Laos။ State.gov။
  166. "Off the air in Laos"၊ Asia Times Online 
  167. Social Discrimination in the Lao People's Democratic Republic
  168. Social Discrimination in the Lao People's Democratic Republic
  169. Graceffo။ Muay Lao, the forgotten art of kickboxing
  170. Thailand – Sports and recreation (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Encyclopædia Britannica။
  171. "Laos Stumbles on Path to Sporting Glory"၊ The New York Times၊ 5 October 2009။ 
  172. "Laos Stumbles on Path to Sporting Glory"၊ The New York Times၊ 5 October 2009။ 
  173. Laos – List of Champions။ RSSSF။
  174. FIBA LiveStats, FIBA.com, accessed 24 August 2017.

ပြင်ပလင့်ခ်များပြင်ဆင်