ရွှေတွံတေးဆရာတော် အရှင်ဝါယမ တရားဟော(ဓမ္မကထိက)​ ရွှေတွံတေးဆရာတော် အရှင်ဝါယမသည် ( ၂ မတ် ၁၉၆၀ မွေးဖွား ) သည် မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါး ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်ခဲ့ပြီး ၊ လူငယ်နှင့် ကျောင်းသား ဒီမိုကရေစီ အင်အားစု ၈ ဖွဲ့၏ ဥက္ကဋ္ဌဟောင်း ၊ ရောင်နီသစ်စာပေ တည်ထောင်သူနှင့် ကဗျာရေးသားသူတစ်ဦးလည်း ဖြစ်သည်။ တရားဟော တရားပြ.. စာရေး စာပြ.. ပရဟိတလုပ်ငန်းများကို ကာလ ဒေသ နိုင်ငံ့အလိုလုပ်ဆောင်ကာ ရွှေတွံတေးဆရာတော် ဟုထင်ရှားပါသည်။ ရွှေတွံတေးဆရာတော်သည် ရန်ကုန်တက္ကသိုလ် ၊ ရန်ကုန်ဒေသကောလိပ် ၊ ရန်ကုန်စက်မှုတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ နှင့် အလွတ်သင်တန်းကျောင်း တို့ တွင်တက်ရောက်ပညာသင်ယူခဲ့သည်။ ရွှေတွံတေးဆရာတော်သည် ဗုဒ္ဓစာပေနှင့်ပိဋကတ်တော်များကို နိုင်ငံတော် သံဃမဟာနာယကနိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတအင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး- နိုင်ငံတော် သံဃာရန်ကုန်သိမ်တော်ကြီးဆရာတော်ကြီး နှင့် နိုင်ငံတော် သံဃာတနင်္သာရီတိုင်းထားဝယ်ကံပေါက် ဆရာတော်ကြီးများထံတွင်လေ့လာသင်ယူခဲ့သည်။ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ သဒ္ဓမ္မရံသီရိပ်သာဆရာတော်ကြီး - ဘာသန္တရဆေက အမြိုက်သင်္ကန်းဆရာတော်ကြီး များထံတွင် ဝိပဿနာတရားကို လေ့လာအားထုတ်ကာ ၊ အဓိဋ္ဌာန်စခန်းများကိုလည်း ရန်ကုန်တိုင်းဒေသကြီး တွံတေးတောကြီးတန်းတွင်ကျင့်ကြံအားထုတ်ခဲ့သည်။ ရွှေတွံတေးဆရာတော်သည် စာရေး ၊ စာချ၊ တရားဟော ၊ တရားပြ ဓမ္မကထိကနှင့် ကမ္မဋ္ဌာနာစရိယအဖြစ် မြန်မာ၊ ထိုင်း ၊ လာအို ၊ ကမ္ဘောဒီးယား ၊ သီရိလင်္ကာ၊ နီပေါ၊ စင်္ကာပူ ၊ မလေးရှား ၊ ဗီယက်နမ် ၊ အာရပ် UAE ၊ အိန္ဒိယ ၊ တရုတ် ၊ ဂျပန် ၊ အမေရိက၊ အီတလီ၊ ပြင်သစ်၊ဂျာမနီ၊ နော်ဝေ၊ ဆွီဒင်၊ နယ်သာလန်၊ ဂရိ၊ ဗာတီကန် စသည့် ( ၂ ၂ ) နိုင်ငံပြည်တွင်းပြည်ပ နိုင်ငံတကာသာသနာပြုလုပ်ငန်းများကိုဆောင်ရွက်လျက် ရှိသည်။ အရှေ့အလယ်ပိုင်း အာရပ်ကမ္ဘာ (UAE) နိုင်ငံတွင် ပထမဆုံးသာသနာပြု ကြွရောက်နိုင်ခဲ့သည်။ ရွှေတွံတေးဆရာတော်သည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှဗုဒ္ဓဘာသာဆရာ အဖြစ်အသိမှတ်ပြုခံရပြီး မြန်မာနိုင်ငံ (YMBA) အသင်းနှင့်လန်ဒန် (BOC) တို့ မှပေးအပ်သော “ဗုဒ္ဓစာပဒေသာဆု“ ကိုလည်းရရှိခဲ့သည်။ ရွှေတွံတေးဆရာတော်သည် ထိုင်းနိုင်ငံ မဟာချိုင်ဒေသတွင်သီတင်းသုံးနေထိုင်ရင်း တရားစခန်းများဖွင့်လှစ်ပြီး ဒုလ္လဘရဟန်းခံ ရှင်ပြု၊ သီလရှင်ဝတ်ပွဲများကို ၃၀ ကြိမ်တိုင်တိုင် သာသနာပြုပြီးဖြစ်သည်။ ရွှေတွံတေးဆရာတော်သည် ၂၀၀၈ ခုနှစ် နာဂစ်ဒုက္ခသည်များ ၊ ၂၀၀၉ ခုနှစ် ကရင် စစ်ပြေးဒုက္ခသည်များ ၊ ၂၀၁၀ ခုနှစ် ရခိုင်ဂီရိဒုက္ခသည်များ ၂၀၁၁ ခုနှစ် ထိုင်းနိုင်ငံ ရေဘေးဒုက္ခသည်များ ၊ ၂၀၁၂ ခုနှစ် ချင်းဒုက္ခသည်များနှင့်ကချင်စစ်ဘေးဒုက္ခသည်များ၊ ၂၀၁၃ ခုနှစ် ရခိုင်ပဋိပက္ခ ဒုက္ခသည်များ၊ မြန်မာရေဘေးဒုက္ခသည်များ ( ၂၀၁၅- ၂၀၁၉)ကိုကူညီစောင့်ရှောက်ခဲ့ပြီး.. ၂၀၁၄ ခုနှစ်မှစ၍ပရဟိတစာသင်ကျောင်း များဖွင့်လှစ်ပြီး အခြားလူမှုရေး ပရဟိတများကိုလည်းဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးတွံတေးမြို့ ကျောင်းသစ်ပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံးနေထိုင်လျက် သာသနာပြုလုပ်ငန်းများဆောင်ရွက်နေပါသည်။[၁][၂]

ရွှေတွံတေးဆရာတော် အရှင်ဝါယမ
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ပညာရေးရန်ကုန်တက္ကသိုလ်၊ GTI
RIT Yangon, Monastery of Kanbauk Kyaungthit, Insein Ywama, Pabedan Theindawgyi
အခြားအမည်များအရှင်ဝါယမ
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုးမြန်မာ
မွေးဖွား (1960-03-02) ၂ မတ်၊ ၁၉၆၀ (အသက် ၆၄)
ထားဝယ်မြို့နယ်တနင်္သာရီတိုင်း
ရာထူး တာဝန်
ဌာနရန်ကုန်မြို့မြန်မာနိုင်ငံ
ဂုဏ်ဒြပ်Founder of Social Fund in Myanmar.
ဘာသာရေးရာ
ဆရာ(များ)အင်းစိန်ရွာမဆရာတော် အရှင်တိလောက
pli name
pliVāyama
အရှင် ဝါယမ

ထေရုပ္ပတ္တိအကျဉ်း ပြင်ဆင်ရန်

 

အရှင်ဝါယမကို ဦးသိန်းညွန့်+ ဒေါ်ကျင်အေး တို့မှ ၁၉၆၀ မတ် ၂ တွင် မွေးဖွားခဲ့၍ ငယ်နာမည်မှာ ကိုထွေးဖြစ်သည်။ လန်ဒန် BOC, YMBA နှင့် နိုင်ငံတော်ကောင်စီတို့က ကျင်းပသော ဗုဒ္ဓစာပေပြိုင်ပွဲ၌ စာပဒေသာဆုရရှိခဲ့သည်။ ရတနာမွန်မဂ္ဂဇင်းတွင်အဖွဲ့ဝင်၊ စာပေပြိုင်ပွဲကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ရောင်နီသစ်စာပေနှင့် ဘဝတံခွန်စာပေကို ထူထောင်ခဲ့သည်။

နီပွန်ဖောင်ဒေးရှင်းတွေ့ဆုံ ပြင်ဆင်ရန်

ရွှေတွံတေးဆရာတော်နှင့် နီပွန်ဖောင်ဒေးရှင်းတွေ့ဆုံဆွေးနွေး ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်း ဥက္ကဠနှင့်အဖွဲ့သည် ရွှေတွံတေးဆရာတော်နှင့် ရန်ကုန်မြို့တွင် စက်တင်ဘာလက တွေ့ဆုံခဲ့ပြီး ယခု ထပ်မံဆွေးနွေးကြသည်။ နီပွန်ဖောင်ဒေးရှင်းအဖွဲ့သည် သမ္မတအဖွဲ့ဝန်ကြီးအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်းတွေ့ဆုံခဲ့ကြသည်။ မြန်မာနိုင်ငံရေး ရာသီဥ တု - နိုင်ငံရေးချိန် - လူမှုထောက်ကူအဖွဲ့များ - လူထုအခြေပြုအဖွဲ့နှင့် နိုင်ငံအပြောင်အလဲကိစ္စများကို ဆရာတော်နှင့် ဆွေးနွေးကြသည်။[၃]

သာသနာပြုနှင့်ပရဟိတလုပ်ငန်းများ ပြင်ဆင်ရန်

ရွှေတွံတေးဆရာတော်နှင့်မဟာချိုင်မိသားစုတို့ကြီးမှူးကျင်းပသော မဟာချိုင် မဟာသင်္ကြန် ၁၂ ကြိမ်းမြောက် ဝိပသ၁နာတရားစခန်းပွဲကို ၂၀၁၃ ဧပြီလ ၁၃ ရက်မှ ၂၁ ရက်နေ့ထိကျင်းပပြုလုပ်ရာ နိုင်ငံသားတိုင်းရင်းသား ၂၅၀၀ ကျော်တက်ရောက်ခဲ့ကြသည်။ ဒုလ္လဘ ၁၃၆ ပါး သီလရှင် ၄၀ ပါးနှင့် ယောဂီ ၅၀၀ ကျော် စုပေါင်းသာသနာပြုကုသိုလ်ပွဲ ကျင်းပခဲ့ကြသည်။ ထိုင်းနိုင်ငံ မဟာချိုင်တွင် ရွှေတွံတေးဆရာတော်သာသနာပြုရင်း ရှင်ပြု ရဟန်းခံ ဒုလ္လဘ ၁၀၀၀ ကျော် သီလရှင် ၄၀၀ ကျော် သာသနာ့အမွေခံခဲ့ကြပြီး ယောဂီ ၅၀၀၀ ကျော် ဝိပဿနာအားထုတ်ခဲ့ကြသည်။ [၄]

ကိုးကား ပြင်ဆင်ရန်