တနင်္သာရီတိုင်းဒေသကြီး
တနင်္သာရီတိုင်းဒေသကြီး (အင်္ဂလိပ်: Tanintharyi Region၊ မွန်: ဏၚ်ကသဳ သို့မဟုတ် တနၚ်ဩဳ၊ ယခင်အမည် တနင်္သာရီတိုင်း) သည် မြန်မာနိုင်ငံ၏ တောင်ဘက်အကျဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ မြို့တော်မှာ ထားဝယ်မြို့ဖြစ်သည်။ လူဦးရေအများဆုံးနှင့် အကြီးဆုံးမြို့မှာ မြိတ်မြို့ဖြစ်သည်။ အခြားအရေးပါသည့် မြို့များမှာ မြိတ်မြို့နှင့် ကော့သောင်းမြို့များ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁,၄၀၈,၄၀၁[၁] ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး | |||
---|---|---|---|
တိုင်းဒေသကြီး | |||
| |||
မြန်မာနိုင်ငံတွင်း တနင်္သာရီတိုင်းဒေသကြီး၏ တည်နေရာ | |||
ကိုဩဒိနိတ်: 13°0′N 98°45′E / 13.000°N 98.750°Eကိုဩဒိနိတ်: 13°0′N 98°45′E / 13.000°N 98.750°E | |||
နိုင်ငံ | မြန်မာ | ||
ဒေသ | တောင်ပိုင်း | ||
မြို့တော် | ထားဝယ်မြို့ | ||
အစိုးရ | |||
• ဝန်ကြီးချုပ် | ဦးမြတ်ကို | ||
• အစိုးရအဖွဲ့ | တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ | ||
• ဥပဒေပြုလွှတ်တော် | တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် | ||
• တရားလွှတ်တော် | တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် | ||
ဧရိယာ | |||
• စုစုပေါင်း | ၄၃၃၄၄.၉ စတုရန်းကီလိုမီတာ (၁၆၇၃၅.၆ စတုရန်းမိုင်) | ||
ဧရိယာအဆင့် | ပဉ္စမ | ||
လူဦးရေ (၂၀၁၄)[၁] | |||
• စုစုပေါင်း | ၁,၄၀၈,၄၀၁ | ||
• အဆင့် | ၁၂ | ||
• သိပ်သည်းမှု | ၃၂/km၂ (၈၄/sq mi) | ||
Demographics | |||
• လူမျိုးစုများ | ထားဝယ်၊ ဗမာ၊ ဆလုံ၊ ရခိုင်၊ မွန်၊ ကရင်၊ ထိုင်း | ||
• ကိုးကွယ်မှု | ဗုဒ္ဓဘာသာ ၈၇.၅%၊ ခရစ်ယာန် ၇.၂%၊ အစ္စလာမ် ၅.၁%၊ ဟိန္ဒူ ၀.၁% | ||
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+06:30) | ||
ISO 3166 ကုဒ် | MM-05 | ||
ယာဉ်မှတ်ပုံတင် | TNI | ||
HDI (၂၀၁၇) | ၀.၅၅၂[၂] အလယ် · အဋ္ဌမ | ||
ဝက်ဘ်ဆိုဒ် | tniregion.gov.mm |
တည်နေရာနှင့် အကျယ်အဝန်း
ပြင်ဆင်ရန်တနင်္သာရီတိုင်းဒေသကြီးသည် ဧရိယာစုစုပေါင်း ၁၆,၇၃၆ စတုရန်းမိုင်ကျယ်ဝန်းသည်။ မြန်မာပြည်တောင်ပိုင်း တနင်္သာရီကမ်းမြှောင်ဒေသတွင်တည်ရှိပြီး၊ လူနေကျဲပါးသော ဒေသလည်းဖြစ်သည်။ ကပ္ပလီပင်လယ်၊ ထိုင်းနိုင်ငံ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၉ ဒီဂရီ ၃၀မိနစ် မှ ၁၅ ဒီဂရီ ၅မိနစ် အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၀မိနစ် မှ ၉၉ ဒီဂရီ ၄၀မိနစ် အတွင်း တည်ရှိသည်။
ပထဝီဝင်အနေအထား
ပြင်ဆင်ရန်မြေမျက်နှာသွင်ပြင်
ပြင်ဆင်ရန်တနင်္သာရီတိုင်းဒေသကြီးသည် တောင်ကုန်း၊တောင်တန်း၊ တောင်စွယ် ပေါများပြီး အနောက်ဘက်တွင် ကပ္ပလီပင်လယ်ရှိ၍ အရှေ့ဘက်၌ တနင်္သာရီ တောင်တန်းနှင့် ဆက်စပ်လျက်ရှိသောကြောင့် ကမ်းရိုး တန်းလွင်ပြင်မှာ ကျဉ်းမြောင်းသည်။ တနင်္သာရီတောင်တန်းသည်ကမ်းရိုးတန်းနှင့်အပြိုင် တည်ရှိသည်။ ထားဝယ်မြစ်နှင့်တနင်္သာရီမြစ်တို့၏ ရေဝေကုန်းတန်း (Water Sheet)အဖြစ် တည်ရှိပြီး ထားဝယ်လွင်ပြင်နှင့် မြိတ်လွင်ပြင်မှာ တိုင်းဒေသကြီးအတွင်း အမြင့်ပေ(၅၀)အောက် နိမ့်ဆင်းသွားသော လွင်ပြင်များ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီးသည် ကမ်းလွန်ပြင်၌ ကျွန်းပေါင်း (၈၄၀) ကျွန်းရှိပြီး တနင်္သာရီမြို့နယ်ရှိ အင်းတော်ကြီးအင်းမှာ ထင်ရှားပြီး ရေတံခွန်ငယ်များ ရေပူစမ်းများ အမြောက်အမြားရှိသည်။
ရာသီဥတု
ပြင်ဆင်ရန်ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီးစွတ်စိုသော ရာသီဥတုရှိသည်။ အီကွေတာနှင့် နီးသောဒေသ ဖြစ်သည့် အတွက်လည်း အပူချိန်မြင့်သည်။ ပျှမ်းမျှ အပူချိန်မှာ ၈၃ဒီဂရီ မှ ၇၈ဒီဂရီ ဖာရင်ဟိုက်အတွင်းရှိသည်။ တစ်နှစ်လုံးနီးပါးမိုးရွာသွန်းသဖြင့် မိုးရေချိန်မှာ ၁၇၀ မှ ၂၁၀ လက်မထိရှိသည်။
အုပ်ချုပ်ရေး
ပြင်ဆင်ရန်မြို့တော်
ပြင်ဆင်ရန်တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်မှာ ထားဝယ်မြို့ဖြစ်သည်။
အုပ်ချုပ်ရေး
ပြင်ဆင်ရန်၂၀၁၁ခုနှစ်မှစတင်၍ ဝန်ကြီးချုပ်အမှူးပြုသော တိုင်းအစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ တိုင်းအစိုးရအဖွဲ့ရုံးသည် ထားဝယ်မြို့၌ တည်ရှိသည်။၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် တနင်္သာရီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။
ဥပဒေပြုရေး
ပြင်ဆင်ရန်၂၀၁၁ခုနှစ်မှစတင်ကာ တိုင်းဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။
တရားစီရင်ရေး
ပြင်ဆင်ရန်တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၂)ဦးဖြင့် ဖွဲ့စည်းထားသည်။ ပြည်နယ်တရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၃)ရုံး၊ မြို့နယ်တရားရုံး (၁၀)ရုံးရှိသည်။
ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ
ပြင်ဆင်ရန်ခရိုင်များ
ပြင်ဆင်ရန်တနင်္သာရီတိုင်းဒေသကြီးတွင် ခရိုင် (၄) ခုရှိသည်။[၃]
ခရိုင်ရှိမြို့နယ်
ပြင်ဆင်ရန်မြို့ပေါင်း (၁၈)မြို့၊ ရပ်ကွက်ပေါင်း (၉၀) ကွက်၊ ကျေးရွာအုပ်စု (၂၆၇) အုပ်စုနှင့် ရွာပေါင်း (၁၂၃၈)ရွာ ရှိသည်။ [၄]
အခြား မြို့ရွာများ
ပြင်ဆင်ရန်- ပန်းဒလဲကျေးရွာအုပ်စု
- မင်းဒပ်
- ရငဲ
- ကျွဲမင်းကုန်း
- ကနက်သိရီ
- ကျောက်ခမောက်
- ကတွဲ
- ဘန်ကချွန်း
- လိပ်ဥတောင်
- ဘုတ်ပြင်း
- ချောင်းဝပြင်
- ချူပန်း
- ဟာမြင်းကြီး
- ဟိန္ဒား
- နှမ်းကြဲ
- အလယ်စခန်း
- လောင်းလုံးမြို့ ကထောင်းနီ
- ကလိန်အောင်
- ပလောက်မြို့ ဆင်ထိုး ဆင်ထိုးကြီး
- ကံပေါက်
- ဇာဒီ
- ကရသူရီ
- ကျောက်မဲတောင်
- ကျောက်တောင်
- တောင်သုံးလုံး
- ကျွဲကူး
- လောင်းလုံး
- လေညာ
- မလိဝမ်း
- ခမောက်ကြီးမြို့
- မိန်းမမြို့
- မရမ်း
- မောင်းမကန်
- မိကျောင်းလှောင်
- မြိတ်
- မေတ္တာ
- ပကာရီ
- ဇလွန်း
- နဘုလယ်
- နန်းသွန်
- နန်ဒင်
- နတ်ကြီးစင်
- အုန်းပင်ကွင်း
- ပလောက်
- ပုလော
- ပဲ
- ပလ စက်တော်ရာ မီးလောင်ချောင်း
- ပင်လယ်ကမ်း
- ပြင်ဘုံကြီး ခန္ဒတီ ဝါးကုန်း
- ပြည်ခြား လယ်ဖက် ထမင်းမစားရွာ
- ဆင်ဖြူတိုင်
- စုံစင်ဖျား
- ဆင်ကူး သရက်နှစ်ခွ ပိတိုင်
- သမုတ်
- တနင်္သာရီ
- တောင်ပျောက်
- သဘော့လိပ်
- သကျက်တော
- သမ်းလှ
- သရက်ချောင်း
- ကြာအင်းကျေးရွာ
- ညောင်ဇင်
- ဆင်ဖြူပြင်
- ဝဇွမ်းချောင်း
- ရတနာပုံ
- ရေဖြူနောက်ဖက်ကမ်း
- ဇလွတ်
- သာရဘွင်
- လဲရှောင်
- ထိန်ကြိး
- ပရဒတ်
- ကတ္တလူကျေးရွာအုပ်စု
- အင်းဇောက်ကျေးရွာအုပ်စု
- မကျွန်းမော်
- ဝဗျော
- ကုန်းဇရပ်
- မဲမော်
လူဦးရေ
ပြင်ဆင်ရန်သမိုင်းတစ်လျှောက် လူဦးရေများ | ||
---|---|---|
ခုနှစ် | လူဦးရေ | ±% |
၁၉၇၃ | ၇၁၉၄၄၁ | — |
၁၉၈၃ | ၉၁၇၂၄၇ | +27.5% |
၂၀၁၄ | ၁၄၀၈၄၀၁ | +53.5% |
၂၀၂၄ | ၄၅၀၇၆၄၇၅ | +3100.5% |
Source: ၂၀၁၄ သန်းခေါင်စာရင်း[၁] |
၂၀၁၄ သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်းဒေသကြီးတွင် လူဦးရေ ၁.၄သန်း နေထိုင်ကြသည်။ တိုင်းဒေသကြီးအတွင်း မဦးရေသည် ကျားဦးရေထက် အနည်းငယ် ပိုများသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၃၂.၅ဦးဖြစ်သည်။ တနင်္သာရီတိုင်းတွင် လူ၁၀၀လျှင် ၇၆ဦးသည် ကျေးလက်တွင် နေထိုင်ကြသည်။
ပညာရေး
ပြင်ဆင်ရန်ထင်ရှားသောနေရာများ
ပြင်ဆင်ရန်- မြိတ်ကျွန်းစု
- မောင်းမကန်ကမ်းခြေ
- ဆင်ခြေထောက်ကမ်းခြေ
- ဖိုးဖိုးကျောက်ကမ်းခြေ
- ကမ်းပနီကမ်းခြေ
- မျှော်ရစ်ကမ်းခြေ
- မြင်းခွာအော်ကမ်းခြေ
- ရှင်ကိုးရှင်ဘုရားဖူး
- Bamboo Garden
- မလိကျွန်းဘေးမဲ့တော
- သူဌေးကျွန်း (အက်ဒမန်ကလပ်)
- ဝိတိုရိယ အငူ
- လေးကျွန်းဆီမီးသိမ်တော်ကြီး
- ရွှေသာလျောင်း
- ဗူးဘုရား (မြိတ်)
- ကမ္ဘာလုံးစေတီ ကမ္ဘာ့အကြီးဆုံးနှီးဘုရား (တည်ဆဲ)
- ပေါ်တော်မူစေတီ
- မဟာသိဒ္ဓိဇယစေတီ
- လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ် မြိတ်ကျွန်းစု
- ပါဒစက်တော်ရာ
- နဘုလယ်ဗုဒ္ဓခြေတော်ရာ (လဲရှောင်)
စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့
ပြင်ဆင်ရန်စာပေ
ပြင်ဆင်ရန်ထားဝယ်လူမျိုး၊မြိတ်လူမျိုး ၊ ဆလုံလူမျိုး များသည် တနင်္သာရီတိုင်းတွင် နေထိုင်ကြသည့် ဌာနေလူမျိုးစုများ ဖြစ်ကြသည်။ အဆိုပါ လူမျိုးများ၏ ဘာသာကို အဓိက ထားပြောဆိုကြသည်။ စာပေအနေဖြင့် မော်ကင်းစာပေ တီထွင်ခဲ့ပြီး သင်ရိုးပြဋ္ဌာန်းစာများ ရေးဆွဲသတ်မှတ်ကာ သင်ကြားပို့ချပေးလျက်ရှိသည်။ ထားဝယ်စာပေအနေဖြင့် သင်ရိုးပြဋ္ဌာန်းစာများရေးဆွဲပြဋ္ဌာန်းနိုင်ရန် ထားဝယ်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကြိုးပမ်းအားထုတ်လျက်ရှိသည်။
ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့
ပြင်ဆင်ရန်ထားဝယ်၊ ဆလုံ လူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှုရှိကြသည်။ ကိုယ်ပိုင် ရိုးရာ ယဉ်ကျေးမှုများ၊ အဝတ်အစား ဝတ်ဆင်မှု နှင့် ရိုးရာ အကများသည် အလွန်နာမည်ကျော်ကြားသော အကများ ဖြစ်သည်။ ရေအိုးရွက်အကနှင့်ဒိန်းယိမ်းအကသည် ထားဝယ်လူမျိုး များ၏ထင်ရှားသောရိုးရာအကများဖြစ်သည်။
စီးပွားရေး
ပြင်ဆင်ရန်ဒေသထွက်ကုန်များ
ပြင်ဆင်ရန်- ဆန်-စပါး
- ရာဘာ
- ပုလဲ
- ဆီအုန်း
- ကွမ်းသီး
- ခဲမဖြူ
- အဖြိုက်နက်
- ငါး
- ပုဇွန်
- ငါးပိ
- ငါးခြောက်
- သစ်နှင့်သစ်တောထွက်ပစ္စည်း
- ဒူးရင်းသီး
- မင်းဂွတ်သီး
- ကြက်မောက်သီး
- ကျွဲကောသီး
- ငှက်သိုက်
- ကမ်းဇော်ဆီ
တွင်းထွက်များ
ပြင်ဆင်ရန်ခဲမဖြူ၊အဖြိုက်နက်၊ခနောက်စိမ်း နှင့် အခြားတွင်းထွက်များ ထွက်ရှိသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။
- ↑ Sub-national HDI - Area Database - Global Data Lab (in en)။ 2018-09-13 တွင် ပြန်စစ်ပြီး။
- ↑ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း။ 25 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 July 2022 တွင် ပြန်စစ်ပြီး။
- ↑ တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်(၁၆−၁၀−၂၀၁၉)
- ↑ မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ခုနစ်ထုတ်