ရွှေဓားဗိုလ် ဘွဲ့ရ ဦးမင်းပိုသည် သုံးထပ်အိုင်ရွာသူကြီးဖြစ်၍ ထိုဘွဲ့ကို သီပေါမင်း လက်ထက်၌ ရရှိခဲ့သည်။ တိုင်းပြည်အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ရွှေဓားဗိုလ်ခေါ် ဦးမင်းပိုသည် တောင်တွင်းကြီးနယ်တစ်ခွင်တွင် ထင်ရှားခဲ့သည်။

မျိုးရိုးဆက်စပ်ခြင်း ပြင်ဆင်ရန်

ပုဂံခေတ် မင်းသမီးအဆက်အနွယ်မှ ပင်းယမြို့သူကြီး ဦးမြတ်ကိုမွေးဖွားခဲ့သည်ဟု ဆိုကြသည်။ ပင်းယမြို့သူကြီးဦးမြတ်မှ သားနှစ်ယောက်မွေးဖွားခဲ့ရာ ဦးမင်းအောင်နှင့် ဦးမင်းပြို တို့ဖြစ်သည်။ ဦးမင်းအောင်၌ သားသမီးနှစ်ယောက်ရှိ၍ ဒေါ်ပုနှင့် ဦးရွှေဘိုတို့ဖြစ်ကြ၏။ ဒေါ်ပုသည် ဦးခြင်နှင့် အိမ်ထောင်ကျ၍ သားသမီးရှစ်ထွန်းကားခဲ့သည်။ ၎င်းတို့မှာ မောင်ဘွား (နောင်တရုတ်မြို့ဝန်)၊ မောင်ရွှေနီ -နတ်မောက်မြို့သူကြီး (သခင်အောင်ဆန်း၏ အဘီအရင်းဖြစ်သည်)၊ မောင်မင်းပို၊ မောင်ဝိုင်းကြီး၊ မဝင်း၊ မသစ် ၊ မဆောင် တို့ဖြစ်ကြသည်။

မင်းနှစ်ပါး ပါတော်မူပြီးနောက် နိုင်ငံကို အင်္ဂလိပ်တို့သိမ်းပိုက်ခဲ့ရာ ထိုကာလ၌ မြန်မာပြည်သူတို့ အလွန်ဆင်းရဲကြရသည်။ မျိုးချစ်စိတ်ပြင်းထန်သောကြောင့် မင်းသားအချို့သည် အင်္ဂလိပ်ကို ပြန်လှန်ခုခံရန် လက်နက်အင်အား၊ လူအင်အား စုဆောင်းနေခဲ့ကြသည်။ ထိုသို့စုဆောင်းခဲ့ရမှာ တောင်တွင်းကြီးနယ်တစ်ခွင်၌ ဓားထက်သော ရွှေဓားဗိုလ် ခေါ် ဦးမင်းပိုနှင့် တွေ့ဆုံဖြစ်ကြသည်။[၁]

သမိုင်းကြောင်း ပြင်ဆင်ရန်

သမိုင်းကို နောက်ကောက်ပြန်လျှင် ပုဂံမင်းသမီးအဆက်နွယ်မှ ဆင်းသက်လာသည့် မျိုးရိုးမှ ပေါက်ဖွားလာသူဖြစ်ပြီး မျိုးချစ်ပုဂ္ဂိုလ်ဖြစ်သည်။ ရွှေဓားဗိုလ်သည် တောင်တွင်းကြီးမှနေ၍ အင်္ဂလိပ်ကို တော်လှန်ခဲ့ပါသည်။[၂]

မျိုးဆက် ပြင်ဆင်ရန်

အင်္ဂလိပ်အစိုးရသည် ရွှေဓားဗိုလ်၏ အမျိုးအနွယ်များကို သတ်လေ့ရှိရာ ၎င်းမိသားစုမှာ ရွှေဓားဗိုလ်မရှိတော့သည့် နောက်ပိုင်း၌ အညာမှ အကြေအရပ်သို့ ပြောင်းရွှေ့ကာ ဇာတ်မြှုပ်ခဲ့ကြသည်။ အချို့မှာ မူရင်းနေရာအရပ်၌ ကျန်ရစ်ခဲ့ကြသည်။ ရွှေဓားဗိုလ်သည် သခင်အောင်ဆန်း၏ အဘေးဖြစ်သည်။

ရွှေဓားဗိုလ်၏ မျိုးဆက်သည် အင်္ဂလိပ်တို့၏ ရန်ကိုကြောက်၍ အောက်ပြည်သို့ဆင်းလာခဲ့ကြရာ ပဲခူးတိုင်းအနောက်ခြမ်းရှိ ကူဖြူရွာသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုမှတစ်ဖန် မဂဒူး မွန်မင်းသမီး၏ မျိုးရိုးမှ ဆင်းသက်လာသည့် မိသားစုနှင့် တွေ့ဆုံကြရာ မွန်အမျိုးသားတစ်ဦးနှင့် ရွှေဓားဗိုလ်မြစ် တော်စပ်သူတို့ လက်ထပ်ကြသည်။ မွန်မြန်မာသွေးပါသည့် သမီးလေးဦးထွန်းကားခဲ့သည်။။

ထိုသားသမီးလေးဦးအနက် ဒုတိယမြောက်သမီးနှင့် တတိယမြောက်သားတို့ကွယ်လွန်သွားခဲ့ပါသည်။ ထိုနည်းတူ ၂၀၁၉ခုနှစ်ကဆုန်လကွယ်နေ့၌ အကြီးဆုံးသမီးနှင့် အငယ်ဆုံးမောင်လေးသည် နာရီပိုင်းသာခြား၍ ကွယ်လွန်သွားပါသည်။ လက်ရှိအချိန်၌ မျိုးဆက်ကျန်ရှိနေသေးသည်။

ကိုးကား ပြင်ဆင်ရန်

  1. ၂။ ရွှေဓားဗိုလ်သမိုင်းကြောင်း
  2. ရွှေဓားဗိုလ်၏အစွမ်းသတ္တိ