ရွှေဘိုမင်းသမီး
မြန်မာနိုင်ငံထုတ် သဘာဝအလှပြင်ပစ္စည်း သနပ်ခါး အနှစ်ခဲ ဖြစ်သည်။ ၁၉၇၁ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ အစောပိုင်းတွင် သနပ်ခါးခဲ တစ်မျိုးတည်းကိုသာ ထုတ်လုပ်ရောင်းချခဲ့ပြီး၊ အမှတ်တံဆိပ်သက်တမ်း ၄၅ နှစ်ပြည့်ပြီးနောက်တွက် သနပ်ခါး အရည်၊ အမှုန့်၊ အစိုနှင့် ရေမွှေးတို့ကိုပါ ဈေးကွက်တင်ရောင်းချလာခဲ့သည်။
သနပ်ခါးအနှစ်ကို ပြန်လည်၍ အခဲပြလုပ်ထားသော သနပ်ခါးခဲများကို စက်သွေးသနပ်ခါး ဟု ခေါ်ကြသည်။ မူလထုတ် သနပ်ခါးခဲမှာ ရေနှင့်ဖျော်၍ သနပ်ခါးအနှစ်ဖြစ်အောင် ပြုလုပ်ပြီး လိမ်းခြယ်ရသော အမျိုးအစားဖြစ်သည်။ သနပ်ခါးစစ်စစ်နှင့် အတူဆုံးသော အထိအတွေ့ကို ခံစားရစေရန် သနပ်ခါးစစ်စစ်ကိုသာ သုံးပြီး ဓာတုပစ္စည်းမပါဝင်အောင် ပြုလုပ်ထားကြောင်း ဒါရိုက်တာက အင်တာဗျူးတွင် ဖြေဆိုထားသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ "မြန်မာ့ရိုးရာသနပ်ခါးကို ဘာမှမရောဘဲ ရောင်းပါတယ် ရွှေဘိုမင်းသမီးသနပ်ခါး ဒါရိုက်တာ ကိုပြည့်ဖြိုးကျော်နှင့် တွေ့ဆုံခြင်း"၊ ကုမုဒြာဂျာနယ်၊ 2 February 2018။ 17 Aug 2020 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]