ရွှေယင်မြော်စေတီတော် သည် မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့၏ အရှေ့ဘက် ၁၀ မိုင်အကွာတွင် တည်ရှီသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ စေတီတော်ကို တည်ထားကိုးကွယ်ခဲ့သူမှာ အသောကမင်းကြီး ဖြစ်သည်။ စေတီတော်သည် ကျော်လေးဆူတွင် တစ်ဆူအပါအဝင် ဖြစ်သည်။

စေတီတော်ကို ဘုရားရှင်၏ ဓာတ်တော်မွေတော်များ ဌာပနာကာ တည်ထားခဲ့သည်။ ခေတ်အဆက်ဆက် စေတီတော်ကို ပြုပြင်မွမ်းမံမှုသည် ၁၂ ကြိမ် ရှိခဲ့သည်။ ရှေးအချိန်က စေတီတော်၏ ဘွဲ့တော်ကို ရွှေမုဋ္ဌော ဟု ပေးခဲ့သည်။[]

ဘွဲ့တော်

ပြင်ဆင်ရန်

အနော်ရထာမင်းသည် မိတ္ထီလာကန်ကို ပြုပြင်ရင်း တိုင်းခန်းလှည့်လည်သောအခါ စေတီတော်ကို တွေ့ခဲ့၏။ ထိုအခါ ကြည်ညိုစိတ်များ ဖြစ်ပေါ်လာကာ နှလုံးတော်ဓာတ်မြတ်ကို ဌာပနာကို စေတီတော်ကို အသစ်ပြုပြင်ခဲ့သည်။ စေတီတော်တွင် ဒေါင်းငှက်ခန့် ပမာဏရှိသည့် ယင်ကောင်ကြီးသည် အရှေ့သို့ မျက်နှာမူကာ နားနေသည်ကို တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် စေတီတော်၏ ဘွဲ့တော်ကို ရွှေယင်မြော် ဟုသမုတ်ခဲ့သည်။[]

ပြုပြင်မွမ်းမံမှုများ

ပြင်ဆင်ရန်
  • ဘိုးတော်ဘုရားလက်ထက်တွင် ဖိနပ်တော်အဝန်း တစ်မျက်နှာလျှင်၂၄ တောင် ရှိ၍ ပတ်လည် ၉၆ တောင်၊ ဉာဏ်တော် ၃၀ တောင် အထိ တိုးမြှင့်ကာ တည်ခဲ့သည်။
  • သက္ကရာဇ် ၁၂၈၅ ခုနှစ်တွင် ပြည်သူပြည်သားများသည် စေတီတော်ကို ဖိနပ်တော် တစ်မျက်နှာလျှင် ၄၆ တောင် ၉ လက်မ၊ မြေမှ ငှက်ပျောဖူးအထိ ဉာဏ်တော် ၅၈ တောင်၊ ထီးတော်အမြင့် ၁၄ တောင်၊ စုစုပေါင်း ဉာဏ်တော် ၇၂ တောင်မြင့်အောင် ပြုပြင်ခဲ့သည်။[]

ဘုရားပွဲ

ပြင်ဆင်ရန်

စေတီတော်၏ ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ၈ ရက်နေ့မှ လပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။[]

အံ့ဖွယ်ကိုးပါး

ပြင်ဆင်ရန်
  1. ဆင်တော်သည် ကကြိုးတင် မခံခြင်း။
  2. ဆင်တော်ကို လွှတ်လျှင် စေတီ၏ အရှေ့တောင်အရပ်၌သာ ဝပ်ခြင်း။
  3. နှလုံးတော်ဓာတ်ကို ဌာပနာထားခြင်း။
  4. တောချုံများကို ရှင်းလင်းရာတွင် ရွှေယင် ပျံတက်သည်ကို တွေ့ရခြင်း။
  5. အနော်ရထာမင်း၏ နဂါးပါသိ ချွန်းရိုးတော်စိုက်လျှင် ညချင်း အညွန့်တက်ခြင်း။
  6. တဖန်ထပ်ကာ ချွန်းရိုးကို အဓိဋ္ဌာန်၌ စိုက်ပြန်လျှင် အညွန့်ပြန်ထွက်ခြင်း။
  7. ဌာပနာသော ပတ္တမြားငါးထောင်သည် ပူဇော်ရန်အလိုရှိ၍ အဓိဋ္ဌာန်ပြုလျှင် ပေါ်ပေါက်လာရခြင်း။
  8. ပတ္တမြားကို လောဘဖြင့် ယူသွားပါက တံတိုင်းအပြင်သို့ ရောက်သည့်အခါ ပတ္တမြားသည် မူလနေရာသို့ ပြန်ခြင်း။
  9. ဓာတ်တော်တို့သည် ကောင်းကင်၌ ရောင်ခြည်တော်လွှတ်ခြင်း။[]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၄၇၊ ၂၄၈၊ ၂၄၉။