ဦးရွှေဝိုင်းကို ညောင်လေးပင်အပိုင် တော်ဝိရွာတွင် ၁၅ ဩဂုတ် ၁၉၀၂ ၌ ဖွားမြင်သည်။ ၁၄ နှစ်အရွယ်အထိ ဘုန်းတော်ကြီးကျောင်းတွင် ပညာဆည်းပူးပြီး ၁၈ အရွယ်၌ တော်ဝိမှ ထွက်လာသည်။

ယေးတက္ကသိုလ် မြန်မာစာနည်းပြ
ဦးရွှေဝိုင်း
မွေးဖွား၁၅၊ ဩဂုတ်လ ၁၉၀၂
ညောင်လေးပင် အပိုင်၊ တော်ဝိရွာ
ဇာတိတော်ဝိရွာ

၁၉၂၁ တွင် ရန်ကုန်မှတဆင့် ပင်လယ်ကူးသင်္ဘော မီးထိုးအဖြစ် လိုက်ပါသွားရာ အနှစ် ၂၀ အတွင်း ကမ္ဘာ့နိုင်ငံ အနှံ့အပြားသို့ ရောက်ရှိသည်။ ၁၉၄၀ ပြည့်နှစ်တွင် အမေရိကသို့ ရောက်ပြီး၊ ၁၉၄၃ တွင် ယေးတက္ကသိုလ် ပထမဆုံး မြန်မာစာနည်းပြအဖြစ် ခန့်အပ်ခြင်း ခံရသည်။ အမေရိကန်ကျောင်းသားများကို မြန်မာဘာသာ သင်ကြားပေးခဲ့သူ ဖြစ်သည်။ ဒေါက်တာ ကော်နင်း (Dr.Cornyn) နှင့် အလွန် ခင်မင်ရင်းနှီးပြီး ဆရာရွှေဝိုင်း၏ နောက်ပိုင်း အခြေအနေကို မသိရ‌ချေ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၈၃။